K-pop idol ဟောင်း Areum မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ခြင်းကြောင့် ဆေးရုံတင်ထားရ

 603

ရောင်နီ (NP News) - မတ် ၂၈

တောင်ကိုရီးယား K-pop မိန်းကလေးအဖွဲ့ T-ara ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Areum ဟာ မတ်လ ၂၇ ရက် နံနက်အစောပိုင်းက မိမိကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့ပြီး ဒဏ်ရာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

တောင်ကိုရီးယား မီဒီယာ Osen ရဲ့ အဆိုအရ Lee Areum ဟာ အဆိုပါကိစ္စ ကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရပေမယ့် သတိပြန်လည် မလာသေးဘူးလို့ သိရပါတယ်။ သူမဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ မကြိုးစားခင် သေတမ်းစာတစ်စောင် ရေးထားခဲ့တာတော့ရှိပြီး အခြားအသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အသက် ၂၉ နှစ်အရွယ် Areum ဟာ စီးပွားရေးသမား ကင်ယောင်းဂျယ်နဲ့ လက်ထပ်ခဲ့ပြီးနောက် ၄ နှစ်အတွင်း အိမ်တွင်းအကြမ်းဖက်မှု ခံခဲ့ရတယ်လို့ မကြာသေးခင်က သတင်းရင်းမြစ်များအရ သိရပါတယ်။ မတ်လ ၂၅ ရက်ကလည်း သူမက Instagram ပို့စ်တစ်ခုနဲ့အတူ ခင်ပွန်းဟောင်းဖြစ်သူ မစ္စတာကင်မ်ဟာ ငွေကြေးထောက်ပံ့ဖို့ ငြင်းဆန်ခြင်း၊ ကလေးတွေကို လျစ်လျူရှုခြင်း၊ လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ခြင်း၊ ကလေးတွေရှေ့ စော်ကားခြင်း၊ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာများ စတဲ့ သူမခံစားရသမျှ အကြောင်းအရာတွေကို ပရိသတ်တွေကို အသိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Areum ဟာ T-ara အဖွဲ့ကို ၂၀၁၂ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ နှုတ်ထွက်ခဲ့ပေမယ့် အဖွဲ့ရဲ့အရေးပါတဲ့ member တစ်ယောက် ဖြစ်ခဲ့ပါတယ်။

zawgyi version
K-pop idol ေဟာင္း Areum မိမိကိုယ္ကို သတ္ေသဖို႔ ႀကိဳးစားခဲ့ျခင္းေၾကာင့္ ေဆး႐ုံတင္ထားရ
ေရာင္နီ (NP News) - မတ္ ၂၈

ေတာင္ကိုရီးယား K-pop မိန္းကေလးအဖြဲ႕ T-ara ရဲ႕ အဖြဲ႕ဝင္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ Areum ဟာ မတ္လ ၂၇ ရက္ နံနက္အေစာပိုင္းက မိမိကိုယ္ကို သတ္ေသဖို႔ ႀကိဳးပမ္းခဲ့ၿပီး ဒဏ္ရာေၾကာင့္ ေဆး႐ုံတင္ထားရတယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယား မီဒီယာ Osen ရဲ႕ အဆိုအရ Lee Areum ဟာ အဆိုပါကိစၥ ေၾကာင့္ ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရေပမယ့္ သတိျပန္လည္ မလာေသးဘူးလို႔ သိရပါတယ္။ သူမဟာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ မႀကိဳးစားခင္ ေသတမ္းစာတစ္ေစာင္ ေရးထားခဲ့တာေတာ့ရွိၿပီး အျခားအေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ အသက္ ၂၉ ႏွစ္အ႐ြယ္ Areum ဟာ စီးပြားေရးသမား ကင္ေယာင္းဂ်ယ္နဲ႔ လက္ထပ္ခဲ့ၿပီးေနာက္ ၄ ႏွစ္အတြင္း အိမ္တြင္းအၾကမ္းဖက္မႈ ခံခဲ့ရတယ္လို႔ မၾကာေသးခင္က သတင္းရင္းျမစ္မ်ားအရ သိရပါတယ္။ မတ္လ ၂၅ ရက္ကလည္း သူမက Instagram ပို႔စ္တစ္ခုနဲ႔အတူ ခင္ပြန္းေဟာင္းျဖစ္သူ မစၥတာကင္မ္ဟာ ေငြေၾကးေထာက္ပံ့ဖို႔ ျငင္းဆန္ျခင္း၊ ကေလးေတြကို လ်စ္လ်ဴရႈျခင္း၊ ေလာင္းကစား၊ ျပည့္တန္ဆာလုပ္ငန္း လုပ္ျခင္း၊ ကေလးေတြေရွ႕ ေစာ္ကားျခင္း၊ ႏွိပ္စက္ခံထားရတဲ့ ဒဏ္ရာမ်ား စတဲ့ သူမခံစားရသမွ် အေၾကာင္းအရာေတြကို ပရိသတ္ေတြကို အသိေပး ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Areum ဟာ T-ara အဖြဲ႕ကို ၂၀၁၂ ခုႏွစ္မွာ ဝင္ေရာက္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွာ ႏႈတ္ထြက္ခဲ့ေပမယ့္ အဖြဲ႕ရဲ႕အေရးပါတဲ့ member တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.