AA ဖော်ဆောင်လိုက်တဲ့ စစ်ပွဲတွေကြားက မောင်တောမြို့ နောက်ဆုံးအခြေအနေ (အင်တာဗျူး)

 6490

သန့်ဇင် (NP News) - မတ် ၂၈

ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သောULA-AA သည် ရခိုင်ပြည်နယ်အတွင်း၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ တစ်ကျော့ပြန် တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။ ထိုသို့ တိုက်ပွဲဖော်ဆောင်ရာတွင် ရခိုင်ပြည်နယ်အတွင်း၌ မြို့နယ်ပေါင်း (၁၇)မြို့နယ်ရှိသည့်အနက် မြို့နယ်ပေါင်း (၈)မြို့နယ်ထက်မနည်းသော ဒေသများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ချ်နယ်စပ်အနီးရှိ မောင်တောမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားရန် နှစ်ဖက်စစ်ရေး တင်းမာနေလျက်ရှိသည်။ AA ဘက်က ဘူးသီးတောင်နှင့်မောင်တောရှိ တပ်မတော်သားများကို ၂၁ ရက်နေ့ နောက်ဆုံးထား၍ လက်နက်ချရန် သတိပေးစာပေးပို့ထားကြသည်။ လက်ရှိတွင် မောင်တောမြို့ခံများအနေဖြင့် စစ်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေလျက်ရှိနေပြီး စစ်ပွဲဖြစ်ပွားပါက ဒေသခံလူထုအနေဖြင့် မည်သည့်အရပ်ဒေသသို့ စစ်ဘေး ရှောင်ရမည်ကို လမ်းပျောက်နေသကဲ့သို့ စားဝတ်နေရပ် အခက်အခဲများဖြင့်လည်း ကြုံနေရလျက်ရှိသည်။ လတ်တလော၌ မောင်တောမြို့ခံများ ကြုံတွေ့ရနေရသည့်အခြေအနေများနှင့်ပတ်သက်၍ NP News က ယုံကြည်စိတ်ချရသည့် မောင်တောမြို့ခံတစ်ဦးအား မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

မေး - မောင်တောမြို့ရဲ့လက်ရှိအခြေအနေ ဘယ်လို ရှိလဲခင်ဗျ။
ဖြေ - မောင်တောမြို့ကတော့ လက်ရှိမြို့ပေါ်မှာတိုက် ပွဲတော့မဖြစ်ဘူး။ တည်ငြိမ်နေပါတယ်။ မြို့ခံတွေ ကတော့ ဘယ်နေ့ဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေနေရတာပါ။ တခြားမြို့တွေမှာလို စစ်ဘေးရှောင်ဖို့ ခက်တာလည်းပါတယ်။ ဘင်္ဂါလီတွေ ၉၇% ရှိသလို ပြေးစရာလည်း နယ်မြေမရှိသလောက်ပါပဲ။ ဘင်္ဂလားဒေရှ့်ဘက်ပြေးဖို့ကလည်း ARSA ရော ဘင်္ဂါလီတွေရောနဲ့ ဘယ်လိုမှ ရခိုင်လူမျိုးတွေအဖို့ အဆင်မပြေတော့ အားလုံးအကျပ်ဆိုက်နေသလိုပါပဲ။

မေး - မောင်တောမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေလား။ အရင်ကဖြစ်ခဲ့ဖူးတာတွေရှိတော့ နယ်မြေ အခြေ အနေကောဘယ်လိုရှိပါသလဲ။
ဖြေ - လက်ရှိအချိန်ထိ မြို့ပေါ်တိုက်ပွဲမဖြစ်ဘူး။ သို့သော် ဖေဖော်ဝါရီလကတော့ မြို့နဲ့အနီးက ဗောဓိကုန်းစခန်း တိုက်ပွဲကတော့ ပြင်းထန်ခဲ့ပါတယ်။ တိုက်လေယာဉ်၊ Mi-35 တို့နဲ့လေကြောင်းပစ်ကူပေးခဲ့ရတယ်။ စခန်းကတော့ ဆုတ်ပေးလိုက်ရပါတယ်။ မြို့ပေါ်မှာ အေးဆေးဆိုပေမယ့် လက်ရှိမောင်တော မြောက်ပိုင်းမှာတော့ တောင်ပြိုလက်ဝဲကျသွားအပြီးမှာ ကြိမ်ချောင်းအနီးတစ်ဝိုက်မှာတော့ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက်တင်းမာ နေဆဲပါ။ AA ဘက်ကတော့ နယ်ခြားစောင့်စခန်းကြီးနဲ့ စခန်းငယ်တွေကို ဝန်းရံ ပိတ်ဆို့တဲ့ပုံစံ လုပ်နေ တယ်လို့ သိရပါတယ်။ အားနည်းတဲ့စခန်းဆိုဝင်တိုက်မယ်။ နခခ ၇ လို စခန်းကြီးတွေကျတော့ ဘေးက ကာကင်းစခန်း တွေကျမှ စာပို့မယ်။လက်နက်မချဘူးဆိုမှ ဝင်တိုက်မယ်ဆိုတာမျိုးတွေ့ရပါတယ်။
မောင်တောမြောက်ပိုင်းမှာ ကြိမ်ချောင်းနဲ့ ကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ်လောက်ပဲ စခန်း ကြီးကျန်ပါတော့တယ်။ တောင်ပိုင်းဆို အင်းဒင်နဲ့ မောရဝတီဗျူဟာလိုမျိုးပေါ့နော်။ ဗဗဘက်ကတော့ ဘူးသီးတောင်မောင်တောကားလမ်းပိတ်ထားတော့ မောင်တော-စေတီပြင်လမ်းကို တောင်ကျော်လမ်း ဖောက်ပြီး အခွန်ကောက်ပြီးတော့ နှစ်ဘီးသမားတွေ နဲ့ ကုန်ကားတွေကို သွားလာခွင့်ပြုထားပါတယ်။

မေး - မောင်တောမြို့မှာ ဆက်သွယ်ရေးလိုင်းတွေမကောင်း ဘူးလို့သိရတယ်။ လက်ရှိကော ဘယ်လိုတွေ ဆက်သွယ်နေကြရလဲ။
ဖြေ - ဆက်သွယ်ရေးက အခက်အခဲရှိပါတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ လျှပ်စစ်မီးတွေအကုန် ပြတ်တောက်နေပါတယ်။ ဖုန်းလိုင်းဆိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ဖုန်းကတ်တွေနဲ့ သုံးနေရပါတယ်။ အင်တာနက်လည်း ဒီလိုပါပဲ။ ဒါ့ပြင် လမ်းတွေပိတ်ထားတော့ မှောင်ခိုသွင်းလာတဲ့ စားသောက်ကုန်တွေနဲ့ အသက်ဆက်နေရတဲ့သဘောပါ။ ကြက်ဥကအစ ဆီတွေအဆုံး ဘင်္ဂလားဒေ့ရှ်ဘက်ကဝင်လာတာကို စားသုံးနေရတာဖြစ်ပါတဟ်။ ဓာတ်ဆီကတော့ အရင်က တစ်လီတာ(၁၆၀ဝဝ)အထိရှိခဲ့ပြီး အခု(၁၃၀ဝဝ) ရှိပါတယ်။ ရှားပါးတာက ပြည်မက ကော်ဖီမစ်ဆို Premier Coffeemix တစ်ထုပ်ကို ၂ သောင်းကျော်သွားပါပြီ။ ဒီလိုပဲ Goody စားဆီ ၅ လီတာကို(၆၀ဝဝဝ)ကျော်ရှိပါတယ်။ ဆန်ကတော့ ဒေသထွက် ဆန်တစ်အိတ်ကို (၁၄၀ဝဝဝ)အနည်းဆုံးရှိပါတယ်။

မေး - ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ဝင်ငွေအ ခက်အခဲတွေ၊ စားဝတ်နေရေးအခတ်အခဲတွေ ဘယ် လိုကြုံတွေ့နေရလဲ ခင်ဗျ။
ဖြေ - တိုက်ပွဲကြောင့် အကုန်ထိခိုက်ပါတယ်။ စားသောက်ကုန်ကလွဲပြီး တခြားစီးပွားရေးတွေလည်ပတ်တာ လျော့သွားတယ်။ လမ်းပိတ်ထားတော့ ကုန်တင်ကုန်ချအလုပ်သမားတွေကအစ ဆိုင်ရှင်တွေ၊ ဝန်ထမ်းတွေ အဆုံး အကျိုးသက်ရောက်မှုရှိပါတယ်။ နယ်ဘက်တွေဆိုလည်း စပါးတွေကောင်းကောင်းရိတ် သိမ်းလို့မရဘူး။ အခက်အခဲကတော့ ဒီဧရိယာထဲအ ကုန်လုံးခံရတာပါပဲ။ ဆန်ဈေးကြီးမြင့်ပြီးတော့ တခြားအပိုအလျှံ ကုန်မယ့် ငွေတွေကိုမသုံးဘဲ စားဝတ်နေရေး အတွက်ပဲ သုံးစွဲနေရပါတယ်။

မေး - ပြီးတော့ နောက်တစ်ခုက အခုလို ကုန်ဈေးနှုန်းကြီးမြင့်နေတော့ အကျိုးဆက်တွေအနေနဲ့ ဒေသခံ တွေအနေနဲ့ ထမင်းတောင် နပ်မှန်အောင် မစား ရတဲ့ အခက်အခဲမျိုးတွေရှိနေလား။ အဲဒါတွေကို ဒေ သခံတွေ ဘယ်လိုဖြေရှင်းနေရလဲ။
ဖြေ - ရှိပါတယ်။ တစ်ရက်လုပ်မှ တစ်ရက်စားရမယ့် ကုန်တင်/ကုန်ချအလုပ်သမားတွေဆို ထမင်းစားဖို့က အခက်အခဲဖြစ်တော့ သူတို့လည်း ရရာအလုပ်ပြောင်း လုပ်ရတာမျိုးရှိတာပေါ့နော်။ တိုက်ပွဲတွေဖြစ်နေပေ မယ့် ဝမ်းဝဖို့အဓိကဖြေရှင်းနေရတာပေါ့ဗျာ။

မေး - မောင်တောင်မြို့ပေါ်မှာ တိုက်ပွဲတွေ မဖြစ်ပေမယ့် ဗုံးပေါက်ကွဲတာတို့၊ လုပ်ကြံသတ်ဖြတ်တာတို့ရှိ လား။ အဲဒါတွေကကော ဘယ်သူတွေကလုပ်တာလဲ။ ဘာကြောင့်လုပ်တာလဲ ခင်ဗျ။
ဖြေ - အဲဒီလိုမျိုးတော့မရှိဘူး။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာတော့ ဖေဖော်ဝါရီလထဲမှ မြို့ပေါ်ရက်ကွက်(၂) အုပ်ချုပ်ရေးမှူး ဦးလှသိန်း(ဘင်္ဂါလီ)ကို အိမ်ထိလာ ပြီး လူ(၂)ယောက်က သေနတ်နဲ့ပစ်ပြီးလုပ်ကြံမှုတစ်ခု တော့ရှိပါတယ်။ ပြီးတော့ မနှစ်က ခရိုင်ပညာရေးမှူး အမျိုးသမီးကို သူနေတဲ့ (၃)မိုင်ပညာရေးမှူးရုံးမှာ အမည်မသိလူ(၂)ယောက်က လုပ်ကြံသတ်ဖြတ်ခဲ့ တာမျိုးရှိတယ်။ နယ်ဘက်တွေမှာတော့ A A က စစ်တပ်နဲ့ ပတ်သက်ပြီး သတင်းပေးတယ်လို့ မသင်္ကာရင် နယ်ဘက်ရပ်ကွက်၊ ကျေးရွာဥက္ကဋ္ဌတွေကိုလာရောက် ဖမ်းဆီးတာမျိုးရှိခဲ့ပါတယ်။ ဆက်စပ်လို့ပြောရရင် ၁၉ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးက နုတ်ထွက်စာ တင်ပြီး ထွက်သွားတယ်လို့သိရတယ်။ သူဆိုရင် နှစ်ဖက်ကြားမှာညပ်နေလို့ ပင်စင်တင်တာကြာပြီ။ ပင်စင် မကျမယ့်အတူတူ နုတ်ထွက်ပစ်လိုက်တဲ့သဘောပါပဲ။

မေး - ဟုတ်ကဲ့ ရှေ့မှာပြောခဲ့သလို တိုက်ပွဲဖြစ်လာခဲ့ သည်ရှိသော် ဒေသခံတွေအနေနဲ့ကလည်း စစ်ဘေး ရှောင်ဖို့ အခက်အခဲရှိနေတယ်ဆိုတော့ အကယ်၍ တိုက်ပွဲတွေဖြစ်လာခဲ့ရင် ဘာတွေဆက်ဖြစ်လာနိုင်လဲခင်ဗျ။
ဖြေ - တိုက်ပွဲဖြစ်လာရင် မြို့ပေါ်ကလူတွေကတော့ အခုထိ ဘယ်ဘက်ကိုရှောင်ရမလဲဆိုတာ ဝေခွဲမရဖြစ် နေတုန်းလို့ပြောလို့ရတယ်။ တချို့ကတော့ ဘင်္ဂလား ဒေ့ရှ်ဘက်ကို အရဲစွန့်ပြီးပြေးကြမယ့်လူတွေရှိသလို နယ်စပ်ကရွာတွေဘက်ပြေးမယ်လို့ စဉ်းစားထားသူတွေလည်း အများကြီးပါပဲ။ တိုက်ပွဲဖြစ်ရင်ကတော့ ဒေသခံ ပြည်သူတွေထိခိုက်မယ်။ စားဝတ်နေရေး ပိုဆင်းရဲကျပ်တည်းမယ်။ ရုပ်ပိုင်းစိတ်ပိုင်းအများကြီး ဆိုးကျိုးခံစားရ ကြမှာပါ။

မေး - နောက်တစ်ခုက တိုက်ပွဲဖြစ်လာနိုင်ခြေပေါ့။ AA ဘက်က ထိုးစစ်စင်ပြီး မောင်တောမြို့ပေါ်ကို တိုက်ပွဲတွေ ဖော်ဆောင်လာနိုင်လား ခင်ဗျ။
ဖြေ - ဒါကတော့ နယ်စပ်မြို့ဖြစ်တာကြောင့် ပြောလို့မရပါဘူး။ ဒီမှာက လူဦးရေက ရခိုင်ချည်းပဲမဟုတ်တော့ ဘယ်သူမှ စစ်ရေးအခြေအနေနဲ့ရှင်သန်တာ မဖြစ်ချင်ကြပါဘူး။

မေး - ဒေသခံတွေ အခက်အခဲအကျပ်အတည်းဖြစ်နေ တယ်ဆိုတော့ ကျန်းမာရေးနဲ့ ပညာရေးကကော ဘယ်လိုမျိုးတွေဖြေရှင်းနေရလဲ။
ဖြေ - ကျန်းမာရေးကတော့ အဆိုးဆုံးအထိ အနေအထားရောက်နေပါတယ်။ ဆေးဝါးတွေ ဈေးတက်နေတယ်။ ခရိုင်ဆေးရုံကြီးကလည်း ဆေးရုံအုပ်ကြီးနဲ့ ဝန်ထမ်းတချို့ CDM လုပ်သွားပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပိတ်လိုက်တာ ကြောင့် ဒေသခံတွေအတွက် သာမန် ဖျားနာမှုလေးကိုတောင် ပြသဖို့ခက်ခဲတဲ့ အနေအထားပါ။ ခွဲစိတ်ရမယ့် လူနာတွေ ရောဂါရင့်တဲ့သူတွေဆို ဒီအတိုင်းထိုင်ပြီး သေရမယ့်အချိန်စောင့်နေရသလိုမျိုးဖြစ်နေပါတယ်။ ပညာရေးကတော့ ဒီနှစ်ကလေးတွေ စာမေးပွဲအကုန်ဖြေပြီးသွားတော့ နည်းနည်း တော်သေးတယ်လို့ပြောရ ပါမယ်။ G-12 (တက္ကသိုလ်ဝင်) စာမေးပွဲလည်း မြို့ပေါ်မှာ အခုစစ်နေပါတယ်။ တပ်နဲ့ရဲတွေ လုံခြုံရေးချထားပြီး ဖြေဆိုနေကြ တာတွေ့ရပါတယ်။

မေး - ရှေ့မှာ ပြောခဲ့တာပေါ့နော်။ ဘူးသီးတောင်၊ မောင်တောလမ်းကပိတ်ထားပြီး မောင်တော-စေတီ ပြင် လမ်းဖောက်တော့ အဲဒီနှစ်မြို့ကူးသန်းရေးက အဆင်ပြေရဲ့လားခင်ဗျ။
ဖြေ - ဘူးသီးတောင်-မောင်တောလမ်းက တပ်က ပိတ်ထားတာပါ။ AA က ရှောင်ကွင်းလမ်း ဖောက်တဲ့သဘောပေါ့။ မောင်တော-ညောင်ချောင်း-ဘူး တောင်လမ်းကနေ ဒီဘက်က ဆီတွေနဲ့ကုန်တွေ အသွားအလာလုပ်နေရပါတယ်။ ပုံမှန်ထက် ကုန်ကျစ ရိတ်များပေမယ့် မစားရမယ့်အတူတူ အသက်ရှူချောင်တယ်လို့ ပြောရမှာပေါ့နော်။ လမ်းမှာ AA ကို တော့ ကုန်သည်တွေအခွန်ဆောင်ရပါတယ်။

မေး - မြို့အနီးနားမှာလည်း တိုက်ပွဲတွေပြင်းထန်နေတော့ တိုက်ပွဲတွေကြားမှာ ဒေသခံတွေ ဘယ်လိုကြုံ တွေ့နေရလဲ။ တိုက်ပွဲကြောင့် ဒေသခံသေဆုံးတာ တွေရှိလား။ ပြီးတော့ တိုက်ပွဲတွေက ဘယ်လိုရာဇဝတ် မှုမျိုးတွေ ကျူးလွန်နေလဲ။
ဖြေ - လက်နက်ကြီးဒဏ်နဲ့ တစ်ဖက်နဲ့တစ်ဖက် မလုံခြုံမှု တွေ စိတ်ဒဏ်ရာတွေ အားလုံးခံနေကြရပါတယ်။ နှစ်ဖက်စလုံးက စစ်ရေးတင်းမာနေတော့ ဒေသခံတွေတောင် ဟိုစစ်ဆေးခံရ ဒီမှာလည်းစစ်ခံရနဲ့ဆိုတော့ မွန်းကျပ်နေရပါတယ်ဗျ။ ရွာတွေကလည်း ဒီဘက်မှာဖြစ်ရင် နောက်တစ်ရွာရှောင် အဲလိုမျိုး လုံခြုံမယ် ထင်ရတဲ့နေရာတွေ ရှောင်တိမ်းနေရတော့ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေပါတဲ့ မိသားစုတွေဆို စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ ကောင်းကောင်းမွန်မွန်မ နေရဘဲ အကြောက်တရားနဲ့ နေနေရတဲ့သဘောပါ။

မေး - မောင်တောမြို့မှာက ဘင်္ဂါလီ ၉၇%ရှိတော့ ကျန်တဲ့ ရခိုင် ၃%က ဘယ်လိုအခက်ခဲရှိလဲ တိုက် ပွဲပေါ် မူတည်ပြီး ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာနိုင်လဲ ခင်ဗျ။
ဖြေ - အဓိကက တိုက်ပွဲဖြစ်လာရင် ရခိုင်တွေလုံခြုံပါ့ မလားဆိုတဲ့အချက်ပါ။ ၂၀၁၂/၂၀၁၇ အရေးအခင်း ဖြစ်စဉ်တွေမှာကြုံဖူးထားကြတော့ ဒေသခံတွေအနေနဲ့က မြို့ပေါ်မှာသာတိုက်ပွဲဖြစ်ရင် ဘယ်လိုနေရမလဲ ဆိုတာကတော့ တကယ့် အကျပ်အတည်းကြီးတစ်ခုပါ။ AA ကလည်း နယ်မြေလုဖို့ အမြဲချောင်းနေတော့ မြို့ပေါ်ဝရုန်းသုန်းကားဖြစ်ရင် ဝင်လာပြီး ဇာတ်လမ်း ရှုပ်သွားမယ့်အနေအထားကို မြို့ခံလူထုအားလုံးက စိုးရိမ်ပူပန်နေကြတာပါ။ ဒါကြောင့် မြို့ ပေါ်မှာတိုက်ပွဲ မဖြစ်အောင်ပဲ ဆုတောင်းနေရတာပေါ့ဗျာ။

မေး - ဒီပုံစံအတိုင်းဆက်သွားရင် ဘာတွေဆက်ဖြစ် လာနိုင်လဲ။ နောက်ဆက်တွဲအကျိုးဆက်လေးလည်း သုံးသပ်ပေးပါဦး အစ်ကို။
ဖြေ - ဒီလိုဆက်သွားနေရင် အကျပ်အတည်းက ပိုကြီး မားလာဖို့ပဲရှိပါတယ်။ ဒါကြောင့် တိုက်ပွဲတွေမဖြစ်ဘဲ အမြန်ဆုံးငြိမ်းချမ်းဖို့ပဲ မောင်တောတစ်မြို့လုံးက ဆန္ဒ ရှိနေကြပါတယ်ဗျာ။ စိတ်မလုံခြုံဘဲ ဘယ်သူမှ မအိပ် ချင်ကြပါဘူး။ စစ်ဖြစ်လို့ ဆင်းရ ရှောင်မယ်ဆိုလည်း ကိုယ့်အိမ်ကထွက်ရင် အကုန်လုံး အဆင်မပြေတာမို့ ရုပ်ပိုင်းစိတ်ပိုင်း အကုန်ထိခိုက်ပါတယ်။ ဘဝတွေက ရှင်နေပေမယ့် ကိုယ်တစ်ပိုင်းသေနေသလိုပါပဲ။

zawgyi version
AA ေဖာ္ေဆာင္လိုက္တဲ့ စစ္ပြဲေတြၾကားက ေမာင္ေတာၿမိဳ႕ ေနာက္ဆုံးအေျခအေန (အင္တာဗ်ဴး)
သန႔္ဇင္ (NP News) - မတ္ ၂၈
ရခိုင္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာULA-AA သည္ ရခိုင္ျပည္နယ္အတြင္း၌ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာ ၁၃ ရက္မွစတင္ကာ တစ္ေက်ာ့ျပန္ တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့သည္။ ထိုသို႔ တိုက္ပြဲေဖာ္ေဆာင္ရာတြင္ ရခိုင္ျပည္နယ္အတြင္း၌ ၿမိဳ႕နယ္ေပါင္း (၁၇)ၿမိဳ႕နယ္ရွိသည့္အနက္ ၿမိဳ႕နယ္ေပါင္း (၈)ၿမိဳ႕နယ္ထက္မနည္းေသာ ေဒသမ်ားတြင္ တိုက္ပြဲမ်ား ျပင္းထန္ခဲ့သည္။ ထို႔ျပင္ ဘဂၤလားေဒ့ခ်္နယ္စပ္အနီးရွိ ေမာင္ေတာၿမိဳ႕တြင္လည္း တိုက္ပြဲမ်ားျဖစ္ပြားရန္ ႏွစ္ဖက္စစ္ေရး တင္းမာေနလ်က္ရွိသည္။ AA ဘက္က ဘူးသီးေတာင္ႏွင့္ေမာင္ေတာရွိ တပ္မေတာ္သားမ်ားကို ၂၁ ရက္ေန႔ ေနာက္ဆုံးထား၍ လက္နက္ခ်ရန္ သတိေပးစာေပးပို႔ထားၾကသည္။ လက္ရွိတြင္ ေမာင္ေတာၿမိဳ႕ခံမ်ားအေနျဖင့္ စစ္ပြဲမ်ားျဖစ္ပြားလာမည္ကို စိုးရိမ္ပူပန္ေနလ်က္ရွိေနၿပီး စစ္ပြဲျဖစ္ပြားပါက ေဒသခံလူထုအေနျဖင့္ မည္သည့္အရပ္ေဒသသို႔ စစ္ေဘး ေရွာင္ရမည္ကို လမ္းေပ်ာက္ေနသကဲ့သို႔ စားဝတ္ေနရပ္ အခက္အခဲမ်ားျဖင့္လည္း ႀကဳံေနရလ်က္ရွိသည္။ လတ္တေလာ၌ ေမာင္ေတာၿမိဳ႕ခံမ်ား ႀကဳံေတြ႕ရေနရသည့္အေျခအေနမ်ားႏွင့္ပတ္သက္၍ NP News က ယုံၾကည္စိတ္ခ်ရသည့္ ေမာင္ေတာၿမိဳ႕ခံတစ္ဦးအား ေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္။

ေမး - ေမာင္ေတာၿမိဳ႕ရဲ႕လက္ရွိအေျခအေန ဘယ္လို ရွိလဲခင္ဗ်။
ေျဖ - ေမာင္ေတာၿမိဳ႕ကေတာ့ လက္ရွိၿမိဳ႕ေပၚမွာတိုက္ ပြဲေတာ့မျဖစ္ဘူး။ တည္ၿငိမ္ေနပါတယ္။ ၿမိဳ႕ခံေတြ ကေတာ့ ဘယ္ေန႔ျဖစ္မလဲဆိုတဲ့ စိုးရိမ္စိတ္ေတြနဲ႔ ေနေနရတာပါ။ တျခားၿမိဳ႕ေတြမွာလို စစ္ေဘးေရွာင္ဖို႔ ခက္တာလည္းပါတယ္။ ဘဂၤါလီေတြ ၉၇% ရွိသလို ေျပးစရာလည္း နယ္ေျမမရွိသေလာက္ပါပဲ။ ဘဂၤလားေဒရွ႕္ဘက္ေျပးဖို႔ကလည္း ARSA ေရာ ဘဂၤါလီေတြေရာနဲ႔ ဘယ္လိုမွ ရခိုင္လူမ်ိဳးေတြအဖို႔ အဆင္မေျပေတာ့ အားလုံးအက်ပ္ဆိုက္ေနသလိုပါပဲ။

ေမး - ေမာင္ေတာၿမိဳ႕အနီးမွာ တိုက္ပြဲေတြ ျဖစ္ပြားေနလား။ အရင္ကျဖစ္ခဲ့ဖူးတာေတြရွိေတာ့ နယ္ေျမ အေျခ အေနေကာဘယ္လိုရွိပါသလဲ။
ေျဖ - လက္ရွိအခ်ိန္ထိ ၿမိဳ႕ေပၚတိုက္ပြဲမျဖစ္ဘူး။ သို႔ေသာ္ ေဖေဖာ္ဝါရီလကေတာ့ ၿမိဳ႕နဲ႔အနီးက ေဗာဓိကုန္းစခန္း တိုက္ပြဲကေတာ့ ျပင္းထန္ခဲ့ပါတယ္။ တိုက္ေလယာဥ္၊ Mi-35 တို႔နဲ႔ေလေၾကာင္းပစ္ကူေပးခဲ့ရတယ္။ စခန္းကေတာ့ ဆုတ္ေပးလိုက္ရပါတယ္။ ၿမိဳ႕ေပၚမွာ ေအးေဆးဆိုေပမယ့္ လက္ရွိေမာင္ေတာ ေျမာက္ပိုင္းမွာေတာ့ ေတာင္ၿပိဳလက္ဝဲက်သြားအၿပီးမွာ ႀကိမ္ေခ်ာင္းအနီးတစ္ဝိုက္မွာေတာ့ တိုက္ပြဲေတြျဖစ္ေနၿပီး ႏွစ္ဖက္တင္းမာ ေနဆဲပါ။ AA ဘက္ကေတာ့ နယ္ျခားေစာင့္စခန္းႀကီးနဲ႔ စခန္းငယ္ေတြကို ဝန္းရံ ပိတ္ဆို႔တဲ့ပုံစံ လုပ္ေန တယ္လို႔ သိရပါတယ္။ အားနည္းတဲ့စခန္းဆိုဝင္တိုက္မယ္။ နခခ ၇ လို စခန္းႀကီးေတြက်ေတာ့ ေဘးက ကာကင္းစခန္း ေတြက်မွ စာပို႔မယ္။လက္နက္မခ်ဘူးဆိုမွ ဝင္တိုက္မယ္ဆိုတာမ်ိဳးေတြ႕ရပါတယ္။
ေမာင္ေတာေျမာက္ပိုင္းမွာ ႀကိမ္ေခ်ာင္းနဲ႔ က်ီးကန္းျပင္နယ္ျခားေစာင့္ဌာနခ်ဳပ္ေလာက္ပဲ စခန္း ႀကီးက်န္ပါေတာ့တယ္။ ေတာင္ပိုင္းဆို အင္းဒင္နဲ႔ ေမာရဝတီဗ်ဴဟာလိုမ်ိဳးေပါ့ေနာ္။ ဗဗဘက္ကေတာ့ ဘူးသီးေတာင္ေမာင္ေတာကားလမ္းပိတ္ထားေတာ့ ေမာင္ေတာ-ေစတီျပင္လမ္းကို ေတာင္ေက်ာ္လမ္း ေဖာက္ၿပီး အခြန္ေကာက္ၿပီးေတာ့ ႏွစ္ဘီးသမားေတြ နဲ႔ ကုန္ကားေတြကို သြားလာခြင့္ျပဳထားပါတယ္။

ေမး - ေမာင္ေတာၿမိဳ႕မွာ ဆက္သြယ္ေရးလိုင္းေတြမေကာင္း ဘူးလို႔သိရတယ္။ လက္ရွိေကာ ဘယ္လိုေတြ ဆက္သြယ္ေနၾကရလဲ။
ေျဖ - ဆက္သြယ္ေရးက အခက္အခဲရွိပါတယ္။ ဖုန္းလိုင္း အင္တာနက္လိုင္းေတြ လွ်ပ္စစ္မီးေတြအကုန္ ျပတ္ေတာက္ေနပါတယ္။ ဖုန္းလိုင္းဆိုလည္း ဘဂၤလားေဒ့ရွ္ဘက္က ဖုန္းကတ္ေတြနဲ႔ သုံးေနရပါတယ္။ အင္တာနက္လည္း ဒီလိုပါပဲ။ ဒါ့ျပင္ လမ္းေတြပိတ္ထားေတာ့ ေမွာင္ခိုသြင္းလာတဲ့ စားေသာက္ကုန္ေတြနဲ႔ အသက္ဆက္ေနရတဲ့သေဘာပါ။ ၾကက္ဥကအစ ဆီေတြအဆုံး ဘဂၤလားေဒ့ရွ္ဘက္ကဝင္လာတာကို စားသုံးေနရတာျဖစ္ပါတဟ္။ ဓာတ္ဆီကေတာ့ အရင္က တစ္လီတာ(၁၆၀ဝဝ)အထိရွိခဲ့ၿပီး အခု(၁၃၀ဝဝ) ရွိပါတယ္။ ရွားပါးတာက ျပည္မက ေကာ္ဖီမစ္ဆို Premier Coffeemix တစ္ထုပ္ကို ၂ ေသာင္းေက်ာ္သြားပါၿပီ။ ဒီလိုပဲ Goody စားဆီ ၅ လီတာကို(၆၀ဝဝဝ)ေက်ာ္ရွိပါတယ္။ ဆန္ကေတာ့ ေဒသထြက္ ဆန္တစ္အိတ္ကို (၁၄၀ဝဝဝ)အနည္းဆုံးရွိပါတယ္။

ေမး - ဒီတိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ ဝင္ေငြအ ခက္အခဲေတြ၊ စားဝတ္ေနေရးအခတ္အခဲေတြ ဘယ္ လိုႀကဳံေတြ႕ေနရလဲ ခင္ဗ်။
ေျဖ - တိုက္ပြဲေၾကာင့္ အကုန္ထိခိုက္ပါတယ္။ စားေသာက္ကုန္ကလြဲၿပီး တျခားစီးပြားေရးေတြလည္ပတ္တာ ေလ်ာ့သြားတယ္။ လမ္းပိတ္ထားေတာ့ ကုန္တင္ကုန္ခ်အလုပ္သမားေတြကအစ ဆိုင္ရွင္ေတြ၊ ဝန္ထမ္းေတြ အဆုံး အက်ိဳးသက္ေရာက္မႈရွိပါတယ္။ နယ္ဘက္ေတြဆိုလည္း စပါးေတြေကာင္းေကာင္းရိတ္ သိမ္းလို႔မရဘူး။ အခက္အခဲကေတာ့ ဒီဧရိယာထဲအ ကုန္လုံးခံရတာပါပဲ။ ဆန္ေဈးႀကီးျမင့္ၿပီးေတာ့ တျခားအပိုအလွ်ံ ကုန္မယ့္ ေငြေတြကိုမသုံးဘဲ စားဝတ္ေနေရး အတြက္ပဲ သုံးစြဲေနရပါတယ္။

ေမး - ၿပီးေတာ့ ေနာက္တစ္ခုက အခုလို ကုန္ေဈးႏႈန္းႀကီးျမင့္ေနေတာ့ အက်ိဳးဆက္ေတြအေနနဲ႔ ေဒသခံ ေတြအေနနဲ႔ ထမင္းေတာင္ နပ္မွန္ေအာင္ မစား ရတဲ့ အခက္အခဲမ်ိဳးေတြရွိေနလား။ အဲဒါေတြကို ေဒ သခံေတြ ဘယ္လိုေျဖရွင္းေနရလဲ။
ေျဖ - ရွိပါတယ္။ တစ္ရက္လုပ္မွ တစ္ရက္စားရမယ့္ ကုန္တင္/ကုန္ခ်အလုပ္သမားေတြဆို ထမင္းစားဖို႔က အခက္အခဲျဖစ္ေတာ့ သူတို႔လည္း ရရာအလုပ္ေျပာင္း လုပ္ရတာမ်ိဳးရွိတာေပါ့ေနာ္။ တိုက္ပြဲေတြျဖစ္ေနေပ မယ့္ ဝမ္းဝဖို႔အဓိကေျဖရွင္းေနရတာေပါ့ဗ်ာ။

ေမး - ေမာင္ေတာင္ၿမိဳ႕ေပၚမွာ တိုက္ပြဲေတြ မျဖစ္ေပမယ့္ ဗုံးေပါက္ကြဲတာတို႔၊ လုပ္ႀကံသတ္ျဖတ္တာတို႔ရွိ လား။ အဲဒါေတြကေကာ ဘယ္သူေတြကလုပ္တာလဲ။ ဘာေၾကာင့္လုပ္တာလဲ ခင္ဗ်။
ေျဖ - အဲဒီလိုမ်ိဳးေတာ့မရွိဘူး။ တိုက္ပြဲျဖစ္ေနတဲ့အခ်ိန္မွာေတာ့ ေဖေဖာ္ဝါရီလထဲမွ ၿမိဳ႕ေပၚရက္ကြက္(၂) အုပ္ခ်ဳပ္ေရးမႉး ဦးလွသိန္း(ဘဂၤါလီ)ကို အိမ္ထိလာ ၿပီး လူ(၂)ေယာက္က ေသနတ္နဲ႔ပစ္ၿပီးလုပ္ႀကံမႈတစ္ခု ေတာ့ရွိပါတယ္။ ၿပီးေတာ့ မႏွစ္က ခ႐ိုင္ပညာေရးမႉး အမ်ိဳးသမီးကို သူေနတဲ့ (၃)မိုင္ပညာေရးမႉး႐ုံးမွာ အမည္မသိလူ(၂)ေယာက္က လုပ္ႀကံသတ္ျဖတ္ခဲ့ တာမ်ိဳးရွိတယ္။ နယ္ဘက္ေတြမွာေတာ့ A A က စစ္တပ္နဲ႔ ပတ္သက္ၿပီး သတင္းေပးတယ္လို႔ မသကၤာရင္ နယ္ဘက္ရပ္ကြက္၊ ေက်း႐ြာဥကၠ႒ေတြကိုလာေရာက္ ဖမ္းဆီးတာမ်ိဳးရွိခဲ့ပါတယ္။ ဆက္စပ္လို႔ေျပာရရင္ ၁၉ ရက္ေန႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ႏုတ္ထြက္စာ တင္ၿပီး ထြက္သြားတယ္လို႔သိရတယ္။ သူဆိုရင္ ႏွစ္ဖက္ၾကားမွာညပ္ေနလို႔ ပင္စင္တင္တာၾကာၿပီ။ ပင္စင္ မက်မယ့္အတူတူ ႏုတ္ထြက္ပစ္လိုက္တဲ့သေဘာပါပဲ။

ေမး - ဟုတ္ကဲ့ ေရွ႕မွာေျပာခဲ့သလို တိုက္ပြဲျဖစ္လာခဲ့ သည္ရွိေသာ္ ေဒသခံေတြအေနနဲ႔ကလည္း စစ္ေဘး ေရွာင္ဖို႔ အခက္အခဲရွိေနတယ္ဆိုေတာ့ အကယ္၍ တိုက္ပြဲေတြျဖစ္လာခဲ့ရင္ ဘာေတြဆက္ျဖစ္လာႏိုင္လဲခင္ဗ်။
ေျဖ - တိုက္ပြဲျဖစ္လာရင္ ၿမိဳ႕ေပၚကလူေတြကေတာ့ အခုထိ ဘယ္ဘက္ကိုေရွာင္ရမလဲဆိုတာ ေဝခြဲမရျဖစ္ ေနတုန္းလို႔ေျပာလို႔ရတယ္။ တခ်ိဳ႕ကေတာ့ ဘဂၤလား ေဒ့ရွ္ဘက္ကို အရဲစြန႔္ၿပီးေျပးၾကမယ့္လူေတြရွိသလို နယ္စပ္က႐ြာေတြဘက္ေျပးမယ္လို႔ စဥ္းစားထားသူေတြလည္း အမ်ားႀကီးပါပဲ။ တိုက္ပြဲျဖစ္ရင္ကေတာ့ ေဒသခံ ျပည္သူေတြထိခိုက္မယ္။ စားဝတ္ေနေရး ပိုဆင္းရဲက်ပ္တည္းမယ္။ ႐ုပ္ပိုင္းစိတ္ပိုင္းအမ်ားႀကီး ဆိုးက်ိဳးခံစားရ ၾကမွာပါ။

ေမး - ေနာက္တစ္ခုက တိုက္ပြဲျဖစ္လာႏိုင္ေျခေပါ့။ AA ဘက္က ထိုးစစ္စင္ၿပီး ေမာင္ေတာၿမိဳ႕ေပၚကို တိုက္ပြဲေတြ ေဖာ္ေဆာင္လာႏိုင္လား ခင္ဗ်။
ေျဖ - ဒါကေတာ့ နယ္စပ္ၿမိဳ႕ျဖစ္တာေၾကာင့္ ေျပာလို႔မရပါဘူး။ ဒီမွာက လူဦးေရက ရခိုင္ခ်ည္းပဲမဟုတ္ေတာ့ ဘယ္သူမွ စစ္ေရးအေျခအေနနဲ႔ရွင္သန္တာ မျဖစ္ခ်င္ၾကပါဘူး။

ေမး - ေဒသခံေတြ အခက္အခဲအက်ပ္အတည္းျဖစ္ေန တယ္ဆိုေတာ့ က်န္းမာေရးနဲ႔ ပညာေရးကေကာ ဘယ္လိုမ်ိဳးေတြေျဖရွင္းေနရလဲ။
ေျဖ - က်န္းမာေရးကေတာ့ အဆိုးဆုံးအထိ အေနအထားေရာက္ေနပါတယ္။ ေဆးဝါးေတြ ေဈးတက္ေနတယ္။ ခ႐ိုင္ေဆး႐ုံႀကီးကလည္း ေဆး႐ုံအုပ္ႀကီးနဲ႔ ဝန္ထမ္းတခ်ိဳ႕ CDM လုပ္သြားၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ပိတ္လိုက္တာ ေၾကာင့္ ေဒသခံေတြအတြက္ သာမန္ ဖ်ားနာမႈေလးကိုေတာင္ ျပသဖို႔ခက္ခဲတဲ့ အေနအထားပါ။ ခြဲစိတ္ရမယ့္ လူနာေတြ ေရာဂါရင့္တဲ့သူေတြဆို ဒီအတိုင္းထိုင္ၿပီး ေသရမယ့္အခ်ိန္ေစာင့္ေနရသလိုမ်ိဳးျဖစ္ေနပါတယ္။ ပညာေရးကေတာ့ ဒီႏွစ္ကေလးေတြ စာေမးပြဲအကုန္ေျဖၿပီးသြားေတာ့ နည္းနည္း ေတာ္ေသးတယ္လို႔ေျပာရ ပါမယ္။ G-12 (တကၠသိုလ္ဝင္) စာေမးပြဲလည္း ၿမိဳ႕ေပၚမွာ အခုစစ္ေနပါတယ္။ တပ္နဲ႔ရဲေတြ လုံၿခဳံေရးခ်ထားၿပီး ေျဖဆိုေနၾက တာေတြ႕ရပါတယ္။

ေမး - ေရွ႕မွာ ေျပာခဲ့တာေပါ့ေနာ္။ ဘူးသီးေတာင္၊ ေမာင္ေတာလမ္းကပိတ္ထားၿပီး ေမာင္ေတာ-ေစတီ ျပင္ လမ္းေဖာက္ေတာ့ အဲဒီႏွစ္ၿမိဳ႕ကူးသန္းေရးက အဆင္ေျပရဲ႕လားခင္ဗ်။
ေျဖ - ဘူးသီးေတာင္-ေမာင္ေတာလမ္းက တပ္က ပိတ္ထားတာပါ။ AA က ေရွာင္ကြင္းလမ္း ေဖာက္တဲ့သေဘာေပါ့။ ေမာင္ေတာ-ေညာင္ေခ်ာင္း-ဘူး ေတာင္လမ္းကေန ဒီဘက္က ဆီေတြနဲ႔ကုန္ေတြ အသြားအလာလုပ္ေနရပါတယ္။ ပုံမွန္ထက္ ကုန္က်စ ရိတ္မ်ားေပမယ့္ မစားရမယ့္အတူတူ အသက္ရႉေခ်ာင္တယ္လို႔ ေျပာရမွာေပါ့ေနာ္။ လမ္းမွာ AA ကို ေတာ့ ကုန္သည္ေတြအခြန္ေဆာင္ရပါတယ္။

ေမး - ၿမိဳ႕အနီးနားမွာလည္း တိုက္ပြဲေတြျပင္းထန္ေနေတာ့ တိုက္ပြဲေတြၾကားမွာ ေဒသခံေတြ ဘယ္လိုႀကဳံ ေတြ႕ေနရလဲ။ တိုက္ပြဲေၾကာင့္ ေဒသခံေသဆုံးတာ ေတြရွိလား။ ၿပီးေတာ့ တိုက္ပြဲေတြက ဘယ္လိုရာဇဝတ္ မႈမ်ိဳးေတြ က်ဴးလြန္ေနလဲ။
ေျဖ - လက္နက္ႀကီးဒဏ္နဲ႔ တစ္ဖက္နဲ႔တစ္ဖက္ မလုံၿခဳံမႈ ေတြ စိတ္ဒဏ္ရာေတြ အားလုံးခံေနၾကရပါတယ္။ ႏွစ္ဖက္စလုံးက စစ္ေရးတင္းမာေနေတာ့ ေဒသခံေတြေတာင္ ဟိုစစ္ေဆးခံရ ဒီမွာလည္းစစ္ခံရနဲ႔ဆိုေတာ့ မြန္းက်ပ္ေနရပါတယ္ဗ်။ ႐ြာေတြကလည္း ဒီဘက္မွာျဖစ္ရင္ ေနာက္တစ္႐ြာေရွာင္ အဲလိုမ်ိဳး လုံၿခဳံမယ္ ထင္ရတဲ့ေနရာေတြ ေရွာင္တိမ္းေနရေတာ့ သက္ႀကီး႐ြယ္အိုေတြ ကေလးငယ္ေတြပါတဲ့ မိသားစုေတြဆို စိတ္ဆင္းရဲကိုယ္ဆင္းရဲနဲ႔ ေကာင္းေကာင္းမြန္မြန္မ ေနရဘဲ အေၾကာက္တရားနဲ႔ ေနေနရတဲ့သေဘာပါ။

ေမး - ေမာင္ေတာၿမိဳ႕မွာက ဘဂၤါလီ ၉၇%ရွိေတာ့ က်န္တဲ့ ရခိုင္ ၃%က ဘယ္လိုအခက္ခဲရွိလဲ တိုက္ ပြဲေပၚ မူတည္ၿပီး ဘယ္လိုအက်ိဳးဆက္ေတြဆက္ျဖစ္လာႏိုင္လဲ ခင္ဗ်။
ေျဖ - အဓိကက တိုက္ပြဲျဖစ္လာရင္ ရခိုင္ေတြလုံၿခဳံပါ့ မလားဆိုတဲ့အခ်က္ပါ။ ၂၀၁၂/၂၀၁၇ အေရးအခင္း ျဖစ္စဥ္ေတြမွာႀကဳံဖူးထားၾကေတာ့ ေဒသခံေတြအေနနဲ႔က ၿမိဳ႕ေပၚမွာသာတိုက္ပြဲျဖစ္ရင္ ဘယ္လိုေနရမလဲ ဆိုတာကေတာ့ တကယ့္ အက်ပ္အတည္းႀကီးတစ္ခုပါ။ AA ကလည္း နယ္ေျမလုဖို႔ အၿမဲေခ်ာင္းေနေတာ့ ၿမိဳ႕ေပၚဝ႐ုန္းသုန္းကားျဖစ္ရင္ ဝင္လာၿပီး ဇာတ္လမ္း ရႈပ္သြားမယ့္အေနအထားကို ၿမိဳ႕ခံလူထုအားလုံးက စိုးရိမ္ပူပန္ေနၾကတာပါ။ ဒါေၾကာင့္ ၿမိဳ႕ ေပၚမွာတိုက္ပြဲ မျဖစ္ေအာင္ပဲ ဆုေတာင္းေနရတာေပါ့ဗ်ာ။

ေမး - ဒီပုံစံအတိုင္းဆက္သြားရင္ ဘာေတြဆက္ျဖစ္ လာႏိုင္လဲ။ ေနာက္ဆက္တြဲအက်ိဳးဆက္ေလးလည္း သုံးသပ္ေပးပါဦး အစ္ကို။
ေျဖ - ဒီလိုဆက္သြားေနရင္ အက်ပ္အတည္းက ပိုႀကီး မားလာဖို႔ပဲရွိပါတယ္။ ဒါေၾကာင့္ တိုက္ပြဲေတြမျဖစ္ဘဲ အျမန္ဆုံးၿငိမ္းခ်မ္းဖို႔ပဲ ေမာင္ေတာတစ္ၿမိဳ႕လုံးက ဆႏၵ ရွိေနၾကပါတယ္ဗ်ာ။ စိတ္မလုံၿခဳံဘဲ ဘယ္သူမွ မအိပ္ ခ်င္ၾကပါဘူး။ စစ္ျဖစ္လို႔ ဆင္းရ ေရွာင္မယ္ဆိုလည္း ကိုယ့္အိမ္ကထြက္ရင္ အကုန္လုံး အဆင္မေျပတာမို႔ ႐ုပ္ပိုင္းစိတ္ပိုင္း အကုန္ထိခိုက္ပါတယ္။ ဘဝေတြက ရွင္ေနေပမယ့္ ကိုယ္တစ္ပိုင္းေသေနသလိုပါပဲ။

Related news

© 2021. All rights reserved.