တိုက်ကြီးမြို့နယ်၌ ထမင်းပေါင်းအိုးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၃)လုံး မီးလောင်ပျက်စီးဆုံးရှုံး

1074

စော (NP News) - မတ် ၃၀
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် ထမင်းပေါင်းအိုးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၃)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၃၀ ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ဘူတာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
“မီးစလောင်ရတဲ့အကြောင်းအရင်းကတော့ ထမင်းပေါင်းအိုးကနေ လောင်တယ်လို့ သိရပါတယ်။ နေအိမ်က (၃)လုံးပေါ့။ တစ်လုံးကတော့ လုံးဝကုန်သွားတယ်။ နှစ်လုံးကတော့ အကုန်ပြန်ဖျက်ပြီးပြင်ရမှာ”ဟု တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုအား တိုက်ကြီးမြို့နယ်မီးသတ်စခန်း၊ ဥက္ကံနယ်မြေမီးသတ်စခန်း၊ ဥက္ကံအရန်မီးသတ်စခန်း၊ မှော်ဘီမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာဒုံမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်များ၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းမှ မီးသတ်ယာဉ်များနှင့် မင်းမိသားစုမှ ရေသယ်ယာဉ်တို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် (၉)နာရီ (၄၆)မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် (၃)လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် နံနက် (၁၁)နာရီဝန်းကျင်အချိန်တွင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်တွင် တောမီးလောင်မှုဖြစ်ပွားခဲ့ရာ မိနစ်ပိုင်းအတွင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

zawgyi version
တိုက္ႀကီးၿမိဳ႕နယ္၌ ထမင္းေပါင္းအိုးမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္ (၃)လုံး မီးေလာင္ပ်က္စီးဆုံးရႈံး
ေစာ (NP News) - မတ္ ၃၀
ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္တြင္ ထမင္းေပါင္းအိုးမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္ (၃)လုံး မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း တိုက္ႀကီးၿမိဳ႕နယ္ မီးသတ္စခန္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၃၀ ရက္)၊ နံနက္ (၉)နာရီဝန္းက်င္အခ်ိန္တြင္ တိုက္ႀကီးၿမိဳ႕နယ္၊ ရွမ္းစုရပ္ကြက္၊ ဘူတာလမ္းတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနထံမွ သိရသည္။
“မီးစေလာင္ရတဲ့အေၾကာင္းအရင္းကေတာ့ ထမင္းေပါင္းအိုးကေန ေလာင္တယ္လို႔ သိရပါတယ္။ ေနအိမ္က (၃)လုံးေပါ့။ တစ္လုံးကေတာ့ လုံးဝကုန္သြားတယ္။ ႏွစ္လုံးကေတာ့ အကုန္ျပန္ဖ်က္ၿပီးျပင္ရမွာ”ဟု တိုက္ႀကီးၿမိဳ႕နယ္ မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါမီးေလာင္မႈအား တိုက္ႀကီးၿမိဳ႕နယ္မီးသတ္စခန္း၊ ဥကၠံနယ္ေျမမီးသတ္စခန္း၊ ဥကၠံအရန္မီးသတ္စခန္း၊ ေမွာ္ဘီၿမိဳ႕နယ္မီးသတ္စခန္း၊ မဂၤလာဒုံမီးသတ္စခန္းတို႔မွ မီးသတ္ယာဥ္မ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕မွ ေရသယ္ယာဥ္မ်ား၊ နိဗၺာန္ခ်မ္းသာမဂၤလာအသင္းမွ မီးသတ္ယာဥ္မ်ားႏွင့္ မင္းမိသားစုမွ ေရသယ္ယာဥ္တို႔ျဖင့္ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ရာ နံနက္ (၉)နာရီ (၄၆)မိနစ္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ လူေနအိမ္ (၃)လုံး မီးေလာင္ပ်က္စီးဆုံးရႈံးသြားခဲ့ၿပီး လူထိခိုက္ေသဆုံးမႈမရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ နံနက္ (၁၁)နာရီဝန္းက်င္အခ်ိန္တြင္ တိုက္ႀကီးၿမိဳ႕နယ္၊ မဂၤလာရပ္ကြက္တြင္ ေတာမီးေလာင္မႈျဖစ္ပြားခဲ့ရာ မိနစ္ပိုင္းအတြင္း မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနထံမွ သိရသည္။