သထုံမြို့နယ်တွင် ဓားဒဏ်ရာအချက်(၄၀)ကျော်ဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

 2673

သန့်ဇင် (NP News) - မတ် ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဓားဒဏ်ရာအချက်(၄၀)ကျော်ဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

အဆိုပါအမျိုးသားအလောင်းကို ယနေ့(မတ်လ ၃၀ ရက်)၊ နံနက် ၄နာရီအချိန်တွင် သထုံမြို့၊ “အကောင်းကြိုက်”လက်ဖက်ရည်ဆိုင် အနောက်ဘက်၊ သက္ကာဘုရားတောင်တက်လမ်းဘေးရှိ ခြုံအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးတဲ့သူက သုဝဏ္ဏဝတီမြို့ကပါ။ သူက အုတ်၊သဲ၊ကျောက်တို့ကို ကန်ထရိုက်လုပ်တာဆိုတော့ မနေ့က ညနေ(၄)နာရီလောက်က ပိုက်ဆံသွားရှင်းမလို့ “အကောင်းကြိုက်” လက်ဖက်ရည်ဆိုင်မှာလူတစ်ယောက်နဲ့ချိန်းထားတယ်ဆိုပြီးထွက်သွားတာ။ ညရောက်တော့ ပြန်မလာတာနဲ့ သူ့မိသားစုက စိတ်ပူပြီး လိုက်ရှာတာပေါ့။ မနက် ၄နာရီထိုးတော့ ခြုံထဲမှာ ဓားဒဏ်ရာအများကြီးနဲ့ အသတ်ခံထားရတဲ့ အလောင်းကိုပြန်တွေ့တာပါ”ဟု ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူအမျိုသားမှာ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ သာသနာလမ်းတွင်နေထိုင်သည့် အသက်(၄၃)နှစ်အရွယ် ကိုရဲဝင်းထွန်းဖြစ်ပြီး ၎င်း၏အလောင်းကိုပြန်တွေ့စဉ် ဓားဒဏ်ရာအချက်(၄၀)ဖြင့်သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြန်တွေ့တော့ တစ်ကိုယ်လုံးအနှံ့ဓားဒဏ်ရာအချက်(၄၀)ကျော်နဲ့သေနေတာ။ ခေါင်းမှာလည်း ဓားနဲ့အထိုးခံထားရတော့ ကြေမွနေတာပဲ။ စစ်ဆေးချက်တွေအရတော့ ဖုန်းနဲ့ ပိုက်ဆံအိတ်ပျောက်နေတယ်လို့ သိရတယ်။ ဒီမှာက အရင်ကလည်း ဖုန်းတို့ပိုက်ဆံအိတ်လုတာတို့က ခဏခဏရှိတယ်။ လူသတ်တာမျိုးကတော့တော်တော်ကြာပြီမဖြစ်တာ”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးအသင်းက သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
သထုံၿမိဳ႕နယ္တြင္ ဓားဒဏ္ရာအခ်က္(၄၀)ေက်ာ္ျဖင့္ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိ
သန႔္ဇင္ (NP News) - မတ္ ၃၀

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္တြင္ ဓားဒဏ္ရာအခ်က္(၄၀)ေက်ာ္ျဖင့္ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း ပီတိႏွလုံးသား လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

အဆိုပါအမ်ိဳးသားအေလာင္းကို ယေန႔(မတ္လ ၃၀ ရက္)၊ နံနက္ ၄နာရီအခ်ိန္တြင္ သထုံၿမိဳ႕၊ “အေကာင္းႀကိဳက္”လက္ဖက္ရည္ဆိုင္ အေနာက္ဘက္၊ သကၠာဘုရားေတာင္တက္လမ္းေဘးရွိ ၿခဳံအတြင္း၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေသဆုံးတဲ့သူက သုဝဏၰဝတီၿမိဳ႕ကပါ။ သူက အုတ္၊သဲ၊ေက်ာက္တို႔ကို ကန္ထ႐ိုက္လုပ္တာဆိုေတာ့ မေန႔က ညေန(၄)နာရီေလာက္က ပိုက္ဆံသြားရွင္းမလို႔ “အေကာင္းႀကိဳက္” လက္ဖက္ရည္ဆိုင္မွာလူတစ္ေယာက္နဲ႔ခ်ိန္းထားတယ္ဆိုၿပီးထြက္သြားတာ။ ညေရာက္ေတာ့ ျပန္မလာတာနဲ႔ သူ႔မိသားစုက စိတ္ပူၿပီး လိုက္ရွာတာေပါ့။ မနက္ ၄နာရီထိုးေတာ့ ၿခဳံထဲမွာ ဓားဒဏ္ရာအမ်ားႀကီးနဲ႔ အသတ္ခံထားရတဲ့ အေလာင္းကိုျပန္ေတြ႕တာပါ”ဟု ပီတိႏွလုံးသား လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူအမ်ိဳသားမွာ သုဝဏၰဝတီၿမိဳ႕၊ သိမ္ဆိပ္ရပ္ကြက္၊ သာသနာလမ္းတြင္ေနထိုင္သည့္ အသက္(၄၃)ႏွစ္အ႐ြယ္ ကိုရဲဝင္းထြန္းျဖစ္ၿပီး ၎၏အေလာင္းကိုျပန္ေတြ႕စဥ္ ဓားဒဏ္ရာအခ်က္(၄၀)ျဖင့္ေသဆုံးေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပန္ေတြ႕ေတာ့ တစ္ကိုယ္လုံးအႏွံ႔ဓားဒဏ္ရာအခ်က္(၄၀)ေက်ာ္နဲ႔ေသေနတာ။ ေခါင္းမွာလည္း ဓားနဲ႔အထိုးခံထားရေတာ့ ေၾကမြေနတာပဲ။ စစ္ေဆးခ်က္ေတြအရေတာ့ ဖုန္းနဲ႔ ပိုက္ဆံအိတ္ေပ်ာက္ေနတယ္လို႔ သိရတယ္။ ဒီမွာက အရင္ကလည္း ဖုန္းတို႔ပိုက္ဆံအိတ္လုတာတို႔က ခဏခဏရွိတယ္။ လူသတ္တာမ်ိဳးကေတာ့ေတာ္ေတာ္ၾကာၿပီမျဖစ္တာ”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ပီတိႏွလုံးသားလူမႈကယ္ဆယ္ေရးအသင္းက သိမ္ဆိပ္တိုက္နယ္ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.