မန္တလေးတွင် (၅)ရက်အတွင်း ငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

 237

သန့်ဇင် (NP News) - ဧပြီ ၁

မန္တလေးတိုင်းဒေသကြီးတွင် (၅)ရက်အတွင်း ငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀)သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လ ၂၃ရက်၊ ည ၉နာရီအချိန်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် စတင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပါဝင်သောပူးပေါင်းအဖွဲ့က ပိုင်စိုးမောင်းနှင်ကာ မအိအိမွန်လိုက်ပါလာသည့် ဆိုင်ကယ်ကိုစစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား(၄၀၀၀၀)ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားကျေးရွာရှိ ပိုင်စိုး၏နေအိမ်နှင့် အမရပူရမြို့နယ်၊ တောတွင်းကျေးရွာရှိ မအိအိမွန်တို့၏နေအိမ်များမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၈၀၀၀)ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ မတ်လ ၂၄ ရက်တွင် မဟာအောင်မြေမြို့နယ်၌ မစိန်(ခ)သက်ထားအားလည်းကောင်း၊ မတ်လ ၂၆ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ရပ်ကွက်၌ ဝိုင်အောင်မြင့်ကို ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း ၊ ပုသိမ်ကြီးမြို့နယ်၊ ကွေ့ကြီးကျေးရွာသွားလမ်း၌ ကျော်ရဲသူကို ဆိုင်ကယ်တစ်စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀၀)နှင့်လည်းကောင်း၊ ဂေါ်ယုံဆင်းကို ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄လမ်း၊ ၁၀၉(B)နှင့် ၁၁၀ လမ်းကြားရှိ ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ဝိုင်အောင်မြင့် ငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်း ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၈၆၀၀၀၀)ကို ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။ ထို့ကြောင့် မန္တ‌လေးတိုင်းတွင် (၅)ရက်အတွင်း စုစုပေါင်းငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်နှင့် အတူ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့(၆)ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မႏၲေလးတြင္ (၅)ရက္အတြင္း ေငြက်ပ္ ၂ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဧၿပီ ၁

မႏၲေလးတိုင္းေဒသႀကီးတြင္ (၅)ရက္အတြင္း ေငြက်ပ္ ၂ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၀)သိန္းေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ မတ္လ ၂၃ရက္၊ ည ၉နာရီအခ်ိန္က ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ေခ်ာေက်း႐ြာအနီးတြင္ စတင္ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာအနီးတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ပါဝင္ေသာပူးေပါင္းအဖြဲ႕က ပိုင္စိုးေမာင္းႏွင္ကာ မအိအိမြန္လိုက္ပါလာသည့္ ဆိုင္ကယ္ကိုစစ္ေဆးရွာေဖြခဲ့ရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၄၀၀၀၀)ဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးခ်က္အရ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ကြၽဲနဖားေက်း႐ြာရွိ ပိုင္စိုး၏ေနအိမ္ႏွင့္ အမရပူရၿမိဳ႕နယ္၊ ေတာတြင္းေက်း႐ြာရွိ မအိအိမြန္တို႔၏ေနအိမ္မ်ားမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅၈၀၀၀)ကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ မတ္လ ၂၄ ရက္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၌ မစိန္(ခ)သက္ထားအားလည္းေကာင္း၊ မတ္လ ၂၆ရက္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ ရပ္ကြက္၌ ဝိုင္ေအာင္ျမင့္ကို ဆိုင္ကယ္တစ္စီးႏွင့္လည္းေကာင္း ၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေကြ႕ႀကီးေက်း႐ြာသြားလမ္း၌ ေက်ာ္ရဲသူကို ဆိုင္ကယ္တစ္စီးႏွင့္အတူ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၀၀၀၀၀)ႏွင့္လည္းေကာင္း၊ ေဂၚယုံဆင္းကို ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ထြန္တုံးရပ္ကြက္၊ ၅၄လမ္း၊ ၁၀၉(B)ႏွင့္ ၁၁၀ လမ္းၾကားရွိ ၎၏ေနအိမ္၌လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မတ္လ ၂၇ ရက္၊ နံနက္ ၁၀ နာရီအခ်ိန္တြင္ ဝိုင္ေအာင္ျမင့္ ငွားရမ္းေနထိုင္သည့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ေငြေတာ္ၾကည္ကုန္း ရပ္ကြက္ရွိေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၈၆၀၀၀၀)ကို ထပ္မံသိမ္းဆည္းရမိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ မႏၲ‌ေလးတိုင္းတြင္ (၅)ရက္အတြင္း စုစုေပါင္းေငြက်ပ္ ၂ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၀ သိန္းေက်ာ္ႏွင့္ အတူ ကြင္းဆက္တရားခံမ်ား ဖမ္းဆီးရမိခဲ့ၿပီး အဆိုပါဖမ္းဆီးရမိခဲ့သည့္ စိတ္ႂကြ႐ူသြပ္ေဆးျပားမ်ားကို ရွမ္းျပည္နယ္မွ မႏၲေလးတိုင္းသို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔(၆)ဦးကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရအမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.