တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြားများ ဖမ်းဆီးရမိ

 1089

Pearl (NP News) - မေ ၂

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စိတ်ပြောင်းဆေးဝါးများကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့၊ နံနက် ၁၀ အချိန်ခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့(၂)လမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့(၂)လမ်းတွင် စိုင်းဝန်းခမ်း(ခ)အိုက်စိုင်း မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေစဉ် ယာဉ်ပေါ်မှစိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စိုင်းဝန်းခမ်း(ခ)အိုက်စိုင်း(၃၇)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္သိန္း ၅၀၀၀ တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး အက္တက္စီေဆးျပားမ်ား ဖမ္းဆီးရမိ

Pearl (NP News) - ေမ ၂

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္သိန္း ၅၀၀၀ တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး အက္တက္စီေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါ စိတ္ေျပာင္းေဆးဝါးမ်ားကို ၿပီးခဲ့သည့္ ဧၿပီလ ၃၀ ရက္ေန႔၊ နံနက္ ၁၀ အခ်ိန္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ပုံလို႔(၂)လမ္းတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ ဆန္ဆိုင္း(က)ရပ္ကြက္၊ ပုံလို႔(၂)လမ္းတြင္ စိုင္းဝန္းခမ္း(ခ)အိုက္စိုင္း ေမာင္းႏွင္လာသည့္ TOYOTA CROWN အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြစဥ္ ယာဥ္ေပၚမွစိတ္ေျပာင္းေဆးဝါး အက္တက္စီေဆးျပား ၂၀၀၀၀ ျပား(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္သိန္း ၅၀၀၀)ႏွင့္ လက္ကိုင္ဖုန္း ၁ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ စိုင္းဝန္းခမ္း(ခ)အိုက္စိုင္း(၃၇)ႏွစ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.