ဗဟုဝင်ရိုးကမ္ဘာနှင့်အတူ တိုးထွက်လာနေသည့် Global South အယူအဆ (ဘာသာပြန်ဆောင်းပါး)
447
NP News - ဧပြီ ၁
ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကတည်းက အမေရိကန်ဦးဆောင်သည့် အင်စတီကျူးရှင်း ကြီးများဖြစ်ကြသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် နေတိုးစစ်မဟာမိတ်အဖွဲ့ တို့သည်သာ ကမ္ဘာ့ဇာတ်ကောင်များ အဖြစ်ရပ်တည်ကာ ကမ္ဘာ့ အစီအစဉ်ကို ပုံဖော်လည်ပတ် လာခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အမေရိကန် ဦးဆောင်သည့် ဧကဝင်ရိုးကမ္ဘာအဖြစ်သာ ရပ်တည်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ ဧကဝင်ရိုးကမ္ဘာမှ ဗဟုဝင်ရိုးကမ္ဘာသို့ တဖြည်းဖြည်း ကူးပြောင်းလာပြီဖြစ်ရာ အခြားအရေးပါသည့်ဇာတ်ကောင်များလည်း ပေါ်ထွက် လာခဲ့သည်။ အဆိုပါဇာတ်ကောင်များအနက် Global South မှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။
ကမ္ဘာ့အရေးအရာများကို ဆုံးဖြတ်ရာတွင် Global South ၏ သဘောထားများကို ထည့်သွင်း စဉ်းစားရန်လိုအပ် ကြောင်း သမ္မတလူဝစ်ဇ်အင်နာစီယို လူလာဒီဆေးဗားလ်က ဘရာဇီးနိုင်ငံက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရသည့် စက်မှုထိပ်သီးနိုင်ငံ G20 အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ထို့ပြင် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုနှင့် နှစ်ပေါင်း ၈၀ ကြာနေပြီဖြစ်သည့် ကုလသမဂ္ဂစနစ်ကိုလည်း ပြုပြင်ပြောင်း လဲရန် တိုက်တွန်းသွားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင်တည်ထောင်ခဲ့သည့် ဘဏ္ဍာရေးအင်စတီကျူး ရှင်းများဖြစ်ကြသည့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)နှင့် ကမ္ဘာ့ဘဏ်(World Bank)အပါအဝင် နိုင်ငံစုံစနစ် (multilateral system) တွင် Global South ၏ ကိုယ်စားပြုမှု ပိုမိုပါဝင်နိုင်ရေးကိုလည်း သမ္မတ လူလာဒီဆေးဗားလ်က လိုလားနေခြင်းဖြစ်သည်။
Global South ဆိုသည်မှာ အဓိကအားဖြင့် အာဖရိက၊ အာရှနှင့် လက်တင်အမေရိက နိုင်ငံများ အစုအဖွဲ့ဖြစ်ပြီး ရံဖန်ရံခါတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအဖြစ် ဖော်ပြလေ့ရှိသည်။ အဆိုပါနိုင်ငံများတွင်ဆင်း ရဲနွမ်းပါးမှုအဆင့်မြင့်မားခြင်း၊ ဝင်ငွေအချိုးမညီခြင်း၊ မျှော်မှန်းသက်တမ်းတိုခြင်း၊ Global South ရှိ ဖွံ့ ဖြိုးပြီးနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လူနေမှု အဆင့်အတန်းနိမ့်ကျခြင်းတို့ကို တွေ့နိုင်သည်။ Global South ကို ပထဝီအနေအထားအရ တိတိကျကျ သတ်မှတ်ထားခြင်းမဟုတ်ဘဲ နိုင်ငံများကြား နိုင်ငံရေး၊ ပထဝီ နိုင်ငံရေးနှင့် စီးပွားရေးအတန်းအစား နီးစပ်မှုအရ ခွဲခြားသတ်မှတ်ထားခြင်းဖြစ်သည်။
ပထဝီ အနေအထားအရ နိုင်ငံပေါင်း ၃၂ နိုင်ငံသည် တောင်ကမ္ဘာခြမ်းတွင်ရှိပြီး ၅၄ နိုင်ငံသည် မြောက်ကမ္ဘာခြမ်း တွင် ရှိသည်။ ကမ္ဘာတွင် လူဦးရေအများဆုံး နိုင်ငံဟုဆိုသည့်အိန္ဒိယနိုင်ငံနှင့် ဒုတိယအများဆုံး နိုင်ငံဆိုသည့် တရုတ်နိုင်ငံတို့သည် Global South တွင် ခေါင်းဆောင်မှုနေရာအတွက် ယှဉ်ပြိုင်နေကြသည်။ နှစ်နိုင်ငံလုံးသည် မြောက်ကမ္ဘာခြမ်းတွင် ရှိကြသည်။ Global South ရှိ နိုင်ငံအများစုသည် နယ်ချဲ့ဝါဒနှင့် ကိုလိုနီ အုပ်ချုပ်ရေးသမိုင်း ကြောင်း ရှိကြသည့်နိုင်ငံများဖြစ်ပြီး အနောက်ကမ္ဘာနှင့် ကျန်ကမ္ဘာကြား ဆက်ဆံရေးအပေါ်တွင် မတူကွဲပြားသည့် အမြင်များလည်းရှိကြသည်။ Global South ရှိ နိုင်ငံအများစုသည် ကမ္ဘာ့စင်မြင့်တွင် နေရာရလာကြသည်။ Global South အနေဖြင့် ဩဇာလွှမ်းမိုးမှု တဖြည်းဖြည်း မြင့်တက်လာသကဲ့သို့ အစဉ်အလာရှိပါဝါဒိုင်းနမစ်များကိုလည်း စိန်ခေါ်ရဲသည့်စွမ်းရည်များရှိလာ ပြီဖြစ်ရာ စီးပွားရေးနှင့် နိုင်ငံရေးအရွေ့အကြောင်း ပြောဆိုရာတွင်လည်း အာရှ ရာစု ဟုလည်းကောင်း၊ အ နောက်ကမ္ဘာလွန်ဟု လည်းကောင်း ခေါ်ဆိုလာကြရသည်။
အပယ်ခံဘဝမှသည် အမေရိကန်နှင့် ၎င်း၏အနောက်မဟာမိတ်များသည် ဒုတိယကမ္ဘာစစ်ပြီး ကတည်းက ကမ္ဘာ့ အစီအမံနှင့်စီးပွားရေးစည်းမျဉ်းများကိုရေးဆွဲခဲ့သည်။ ၎င်းတို့စီမံသည့်အတိုင်း၊ ချမှတ်သည့် စည်းမျဉ်းအတိုင်း အခြားနိုင်ငံများက လိုက်ပါခဲ့ကြရသည်။ ယခုအခါ Global South ဟု ခေါ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် အဆိုပါ အစီအမံများနှင့်စည်းမျဉ်းများကို တိတ်တဆိတ်ပြန်ပြီး သုံး သပ်နေကြပြီဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကိုလိုနီခေတ်က ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ကာ ၎င်းတို့၏အရင်းအမြစ်များကို ၎င်းတို့၏အစီအစဉ်ဖြင့် စီမံခန့်ခွဲနိုင်ရန် ကြိုးပမ်းလာကြသည်။ နမီဘီးယား နှင့် ဇင်ဘာဘွေနိုင်ငံတို့နည်းတူ ဂါနာနိုင်ငံသည်လည်း လျှပ်စစ်ကားအတွက် အရေးကြီးသော လီသီယမ်တင်ပို့မှုကိုပိတ်ပင်ရန် ပြင်ဆင်နေသည်။ အင်ဒိုနီးရှားနိုင်ငံ ကလည်း နီကယ်သတ္တုရိုင်းများ တင်ပို့မှုကိုပိတ်ပင်ခဲ့သည်။ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ချီလီနှင့် အင်ဒိုနီးရှား နိုင်ငံတို့ကလည်း အမေရိကန်နိုင်ငံထက် တရုတ်နိုင်ငံမှ လျှပ်စစ်ဘက်ထရီစက်ရုံများတွင် ရင်းနှီးမြှုပ်နှံခြင်းကို ကြိုဆိုနေကြသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် ပထဝီနိုင်ငံရေး အားပြိုင်မှုများကြားတွင် တစ်ဖက်ဖက်ကို ရွေးချယ် ခြင်းမျိုးကို ရှောင်ရှား လာကြသည်။ ဥပမာအားဖြင့် အမေရိကန်နှင့်တရုတ်ကြား သို့မဟုတ် အမေရိကန် နှင့် ရုရှားကြား ရွေးချယ်ခြင်း မပြုလုပ်ကြတော့ပါ။ နိုင်ငံပေါင်း(၃၂)နိုင်ငံသည် ဖေဖော်ဝါရီလအတွင်းက ကုလသမဂ္ဂအစည်းအဝေးတွင် ရုရှား တပ်ဖွဲ့ဝင်များကို ယူကရိန်းနိုင်ငံမှထွက်ခွာရန် တောင်းဆိုချက်နှင့် ပတ်သက်၍ မဲမပေးဘဲနေခဲ့ကြသည်။
ဥရောပမူဝါဒရေးဆွဲသူများသည် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကြားတွင် အာရှ၊ အာဖရိက နှင့် လက်တင် အမေရိကနိုင်ငံများကို အရေးမပါသည့်နိုင်ငံများအဖြစ် ဘေးချိတ်ထားခဲ့ကြဖူးသည်။ အမှန် မှာ အဆိုပါနိုင်ငံများတွင် ဆွဲဆောင်မှုရှိသည့် ဈေးကွက်များရှိပြီး ကုန်ကြမ်းများလည်း ထွက်ရှိသည်။ သို့သော် အဆိုပါဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘောထားများ နှင့် စိုးရိမ်မှုအများမှာ အနောက်ကမ္ဘာက ဦးဆောင်ရေးဆွဲထားသည့် နိုင်ငံတကာအစီအမံတွင် အလေးဂရုပြုခြင်းမခံခဲ့ရပါ။ ခေတ်စနစ်များ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရာ Global South မှာလည်း နိုင်ငံတကာအစီအစဉ်တွင် တဖြည်းဖြည်း နေရာရလာခဲ့သည်။ ယူကရိန်းကိုတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ရုရှားကို လူသိရှင်ကြားပြစ်တင်ရှုတ်ချရန် တောင်းဆိုရာတွင်လည်း Global South ရှိနိုင်ငံများသည် လက်ရှောင်နေခဲ့ကြ သည်။ ရုရှားနှင့် ထိတွေ့ ဆက်ဆံမှုမဖြတ်တောက်ခဲ့ကြသကဲ့သို့ အနောက်နိုင်ငံများနှင့်တရုတ်နိုင်ငံတို့၏ ပထဝီ နိုင်ငံရေးနှင့် ပထဝီစီးပွားရေးအား ပြိုင်မှုများတွင်လည်း တစ်ဖက်ဖက်က ဝင်ပါခြင်းမျိုးကို ရှောင်ရှားခဲ့ကြသည်။
ဗဟုဝင်ရိုးကမ္ဘာတွင် Global South နှင့် နေထိုင်ရမည့် အီးယူနိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အကြီးအကဲ Josep Borrell က ၂၀၂၂ ခုနှစ်တွင် အီးယူ လူငယ်သံတမန်များကိုပြောကြားခဲ့သည့် အကြောင်းအရာတချို့မှာ စိတ်ဝင်စား စရာကောင်းသည်။ ဥရောပကို နိုင်ငံရေးလွတ်လပ်ခွင့်၊ စီးပွားရေး ကြွယ်ဝချမ်းသာမှုနှင့် လူသားတို့တည်ဆောက်နေ သည့် လူမှုသဟဇာတဖြစ်မှုတို့ဖြင့် အကောင်းဆုံး ပေါင်းစပ်တည်ရှိရာ ဥယျာဉ်တစ်ခုနှင့်တူပြီး ကမ္ဘာ့ကျန်နေရာများ သည် တောအုပ်တစ်အုပ်ကဲ့သို့ဖြစ်နေ ရာ တောအုပ်မှာ ဥယျာဉ်ဘက် ကျူးကျော်လာနိုင်သည်ဟု Josep Borrell က နှိုင်းယှဉ်ပြောဆိုခဲ့သည်။
ရုရှားက ယူကရိန်းကိုတိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး ရုရှားကိုရှုတ်ချရန်ကြိုးပမ်းရာတွင် Global South နိုင်ငံများ သည် ခြံစည်းရိုးခွထိုင်နေကြသည်ဟုလည်း ၎င်းကပြစ်တင်ပြောဆိုခဲ့သည်။ သို့သော် ဂျာမနီဝန်ကြီးချုပ် အိုလက်စခိုးလ်ကမူ Global South နိုင်ငံများသည် နိုင်ငံတကာစည်းမျဉ်းများတွင် တန်းတူရည်တူမရခြင်းနှင့် ထိုက်တန်သည့် ကိုယ်စားပြုမှုမရခြင်းတို့ကြောင့် ကျေနပ်မှုမရှိကြသည်ကို သိရှိကြောင်း၊ ၎င်းတို့၏ ကုန်ကြမ်းများကိုသာ စိတ်ဝင်စားပြီး ကုလသမဂ္ဂဆုံးဖြတ်ချက်များတွင် ၎င်းတို့၏ ထောက်ခံမှုမရသည်မှာ အံ့ဩစရာမဟုတ်ကြောင်းနှင့် အနောက်နိုင်ငံများ၏ စံနှုန်းနှစ်မျိုး (double standards) ကျင့်သုံးနေမှုကိုလည်း အဆုံးသတ်ရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ Global South နိုင်ငံများအပေါ် ဂျာမနီဝန်ကြီးချုပ် အိုလက်စခိုးလ်၏အမြင်မှာ မျှတပြီးစာနာမှုရှိသည်ဟု ဆိုနိုင်သည်။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ယနေ့ ကမ္ဘာမှာ ဗဟုဝင်ရိုးကမ္ဘာဖြစ်သည်။ ဂျာမနီဝန်ကြီး ချုပ်အိုလက်စခိုးလ်၊ ပြင်သစ်သမ္မတမက်ခရွန်နှင့် အီး ယူနိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒအကြီးအကဲ Josep Borrell တို့သည် ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်သည်ဆိုသည့် အချက်ကိုလက်ခံထားကြသည်။ ဂျာမနီဝန်ကြီးချုပ် အိုလက်စခိုးလ်ဆိုလျှင် ဗဟုဝင်ရိုးကမ္ဘာ၏ စရိုက်လက္ခဏာများကိုပင်လျင် အလေးပေးပြောကြားခဲ့ သည်များရှိသည်။ သို့သော် တစ်ဖက်တွင်လည်း ဗဟုဝင်ရိုးကမ္ဘာကိုလက်ခံခြင်းသည် ရုရှားနှင့်တရုတ်ကို လက်ခံပြီး အမေရိကန်ကိုဆန့်ကျင်ခြင်းဖြစ်သည် ဟူသည့် အယူအဆအမှားအချို့ကလည်းရှိနေပြန် သည်။ တရုတ်နှင့် ရုရှားတို့သည် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက တို့တွင် ၎င်းတို့၏ ခြေတံ လက် တံများ ဆန့်တန်းနိုင်ရန် အရှိန်မြှင့်ဆောင်ရွက်နေကြသည်။ အလားတူ အမေရိကန်၊ ဗြိတိန်နှင့်အီးယူ တို့ ကလည်း အပြိုင်ကြိုးပမ်းနေကြသည်။
တရုတ်နိုင်ငံသည် ၎င်းကို Global South အကျိုးစီးပွား၏ချန်ပီယံအဖြစ် လက်ခံလာစေရန် နည်းလမ်းရှာနေသည်။ သို့သော် အိန္ဒိယနိုင်ငံသာမက ဘရာဇီးလ်၊ တောင်ကိုရီးယား၊ တောင်အာဖရိက နှင့် အင်ဒိုနီးရှားနိုင်ငံတို့က မသိမသာ ပြန်တွန်းနေသည်။ ယနေ့အချိန်အထိ Global South တွင် ခေါင်း ဆောင်ဟူ၍ မရှိသေးပါ။ အနာဂတ်တွင်လည်း ခေါင်းဆောင်ဟူ၍ ပေါ်လာရန် မမြင်သေးပါ။
အမေရိကန်နိုင်ငံသည် ယနေ့အချိန်ထိ ကမ္ဘာတွင် စစ်အင်အားအကောင်းဆုံးနိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်သည်။ အမေရိကန်၏ Soft Power မှာ ယနေ့ထိတိုင် နှိုင်းယှဉ်၍မရသေးဘဲ ဩဇာကြီးနေဆဲဖြစ်သည်။ သို့သော် Global South နိုင်ငံများအနေဖြင့် အမေရိကန်၊ အီးယူတို့၏ မျက်နှာကိုချည်း ကြည့်နေကြခြင်းမျိုးမဟုတ်ဘဲ တရုတ် အပါအဝင် အခြားမိတ်ဖက်နိုင်ငံများဘက်သို့လည်း လှည့်လာကြသည်။ နိုင်ငံအများစုသည် အမြဲတမ်းမဟာမိတ် ဆိုပြီး ထားရှိခြင်းမျိုးကို မလိုလားကြတော့ဘဲ ကိစ္စရပ်တစ်ခု ချင်းစီကိုအခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုမျိုးကို ရွေးချယ်လာကြသည်။
စိန်ခေါ်မှုများနှင့် ရှုပ်ထွေးမှုများရှိသည့်တိုင် အီးယူသည် ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းလဲမှုများ ကိုချိန်ညှိပေးရာ တွင် နေရာကောင်းတွင်ရှိနေသည်။ အီးယူမူဝါဒရေးဆွဲသူများတွင် အရှုပ်ထုပ်များကို ရှင်း နိုင်သည့်အတွေ့အကြုံများ ရှိသည်။ အီးယူသည်သာ ၎င်း၏ Card ကို မှန်မှန်ကန်ကန် ထုတ်ပြီးသုံးတတ်ပါ က ဗဟုဝင်ရိုးကမ္ဘာတွင် ကောင်းကောင်းရှင်သန်နိုင်သည်။ သို့သော် လုပ်စရာအလုပ်များရှိနေသည်။ အီးယူအနေဖြင့် အနောက်ကမ္ဘာအပေါ် အခြေပြုပြီး အသွင်ပြောင်းသည့် မူဘောင်ကိုကျော်လွန်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အမှန်တကယ်ထိတွေ့ဆက်ဆံရန် လိုအပ်သည်။ ဆိုလိုသည်မှာ အီးယူအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ၎င်း၏ အတတ်ပညာများနှင့် အတွေ့အကြုံများ မျှဝေပေးရန် လိုအပ်သည်။ သို့သော် ဆရာ ကြီးလုပ် လက်ချာပေးပြီး အပေါ်စီးဖြင့် ပြောဆိုခြင်းမျိုး မဖြစ်ရန် လိုသည်။ ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်သည့်အစိုးရများကို အရေးယူရမည်ဖြစ်သည်။ သို့သော် နိုင်ငံတိုင်းကို တူညီသောစံနှုန်းဖြင့် ထိန်းကျောင်းနိုင်ခြင်းမရှိဘဲ စည်းမျဉ်းအခြေပြုနိုင်ငံတကာ အစီအစဉ်ကို ထိန်းသိမ်း စောင့်ရှောက်ရန် ဖိအားပေးခြင်းသည် အခြေအမြစ် မရှိလှပါ။ အီးယူအနေဖြင့် Global South နိုင်ငံများ၏ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် စီမံခန့်ခွဲမှု အားနည်းချက်များကို ထောက်ပြနိုင်သည်။ သို့သော် ပထဝီနိုင်ငံရေး အားပြိုင်မှုများကြားတွင် လူ့အခွင့်အရေးကို လက်နက်တစ်ခုသဖွယ် အသုံးပြုခြင်းမျိုးမဖြစ်စေရေး သတိပြုရန် လိုအပ်သည်။ တရားဝင်ထုတ်ပြန်ထားသည့် အီးယူ၏စိုးရိမ်မှုမှာ ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးမှု အားကောင်းစေရေးပင်ဖြစ်သည်။ သို့သော် ကိုယ်တိုင်အား ကောင်းအောင် ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ အခြားနိုင်ငံကိုချည်းဝေဖန်နေပါက အလုပ်ဖြစ်နိုင်မည် မဟုတ်ပါ။ အီးယူအတွင်းမှာပင် လူမျိုးရေး ခွဲခြားမှုများ မြင့်မားလာခြင်း၊ လက်ယာစွန်းရောက်ပါတီများ လူကြိုက်များမှုမြင့်မားလာခြင်းနှင့်ပေါ်ပြူလစ်များ အာဏာရရှိလာခြင်းသည် အီးယူ၏တန်ဖိုးများအပေါ် ခိုင်မာသည့်ရပ်တည်ချက်မှာ လှောင်ပြောင်စရာ ဖြစ်လာနေပါသည်။ အနောက်ကမ္ဘာနိုင်ငံအများစုသည် ဧကဝင်ရိုးအထိုင်ကို ပိုမို နှစ်ခြိုက်နေဆဲဖြစ်သည်။ သို့သော် ရွေးချယ်စရာမရှိတော့ပါ။ ကမ္ဘာ့အထိုင်သည် တအိအိရွေ့လျားနေသည်။ အကယ်၍ အီးယူအနေ ဖြင့် ၎င်းကို ကမ္ဘာလုံးဆိုင်ရာဇာတ်လိုက်အဖြစ် ဆက် လက်ထိန်းသိမ်းထားလိုပါက ကိုယ့်ကမ္ဘာထဲတွင်ပဲနေ၍မရတော့ဘဲ အနာဂတ်ကို မဖြစ်မနေ ထွေးပွေ့ရတော့မည်။ ဗဟုဝင်ရိုးကမ္ဘာအတွက်လိုအပ်သည့် ကျွမ်းကျင်မှုများရှိရန် ပြင်ဆင်ပြီး Global South နှင့်ယှဉ်တွဲနေထိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ စီမံခန့်ခွဲမှု ကောင်းကောင်းပြုလုပ်ပြီး အခြေအနေနှင့်အတူ လိုက်ပါပြောင်းလဲနိုင်ခြင်းမရှိပါက Josep Borrell အထက်တွင် ပြောဆိုခဲ့သကဲ့သို့ ယူရိုပီယံဥယျာဉ်ကြီးမှာ သာယာကြည်နူးဖွယ်ကောင်းတော့မည်မဟုတ်ပါ။ သို့သော် အီးယူအနေဖြင့် အလုပ်အရမ်းများပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့်တောအုပ်ကြီးအတွင်း စွန့်စားသွားရောက်ခြင်းဖြင့် အကျိုး အမြတ်များများ ရနိုင်ပြီး ဆုံးရှုံးစရာမရှိနိုင်ပါ။
Global South ၏ အနာဂတ် ၂၀၃၀ ပြည့်နှစ်ရောက်လျှင် ကမ္ဘာတွင် အဖွံ့ဖြိုးဆုံး လေးနိုင်ငံထဲမှ သုံးနိုင်ငံမှာ Global South မှ ဖြစ်လိမ့်မည်ဟု ခန့်မှန်းတွက်ချက်နေကြပြီဖြစ်သည်။ အဖွံ့ဖြိုးဆုံး လေးနိုင်ငံ ကို အစဉ်လိုက်ကြည့်ပါက တရုတ်၊ အိန္ဒိယ၊ အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်သည် ဟုလည်း ဆိုသည်။ Global South လွှမ်းမိုးသည့် ဘရစ်နိုင်ငံများ(ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင် အာဖရိက)တို့၏ ဝယ်နိုင်စွမ်းအားမှာလည်း Global North ရှိ စက်မှုထိပ်သီးခုနစ် နိုင်ငံ (G7) အုပ်စုကို ကျော်တက်သွားမည်ဟုလည်း ဆိုပါသည်။ ယခုပင်လျှင် နယူးယောက်ထက် ပေကျင်းတွင် သန်းကြွယ်သူ ဌေးပိုများသည်။ Global South ရှိနိုင်ငံများသည် ကမ္ဘာ့စင်မြင့်တွင် အခိုင်အမာနေရာ ရလာနေကြသည်။
Global South နိုင်ငံများသည် ခေါင်းဆောင်နေရာအတွက်အားပြိုင်နေကြပြီး ယနေ့အထိ ခေါင်းဆောင်ဟူ၍ မရှိသေးပါ။ သို့သော် ရှိနှင့်ပြီးဖြစ်သည့် ကမ္ဘာ့အင်စတီကျူးရှင်းများသည် ကမ္ဘာ့စင် မြင့်တွင် Global South ၏အခန်းကဏ္ဍကို အသိအမှတ်ပြုလာကြရပြီဖြစ်ရာ ထိုက်တန်သည့် ကိုယ်စား ပြုမှု ပေးကြရတော့မည်ဖြစ်သည်။ အနောက်ကမ္ဘာသည်လည်း ဧကဝင်ရိုးအထိုင်ပေါ်တွင် ယစ်မူးနေ၍ မရတော့ဘဲ ရှေ့ကိုအတင်းထိုးထွက်လာသည့် Global South နှင့်အတူ ဗဟိုဝင်ရိုးကမ္ဘာတွင် နေ ထိုင်ရပ်တည်ရတော့မည်ဖြစ်သည်။
Zawgyi Version;
ဗဟုဝင္႐ိုးကမာၻႏွင့္အတူ တိုးထြက္လာေနသည့္ Global South အယူအဆ (ဘာသာျပန္ေဆာင္းပါး)
NP News - ဧၿပီ ၁
ဒုတိယကမာၻစစ္ၿပီးဆုံးခ်ိန္ကတည္းက အေမရိကန္ဦးေဆာင္သည့္ အင္စတီက်ဴးရွင္း ႀကီးမ်ားျဖစ္ၾကသည့္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕၊ ကမာၻ႔ဘဏ္ႏွင့္ ေနတိုးစစ္မဟာမိတ္အဖြဲ႕ တို႔သည္သာ ကမာၻ႔ဇာတ္ေကာင္မ်ား အျဖစ္ရပ္တည္ကာ ကမာၻ႔ အစီအစဥ္ကို ပုံေဖာ္လည္ပတ္ လာခဲ့ျခင္းျဖစ္သည္။ တစ္နည္းအားျဖင့္ အေမရိကန္ ဦးေဆာင္သည့္ ဧကဝင္႐ိုးကမာၻအျဖစ္သာ ရပ္တည္လာခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ယခုအခါ ဧကဝင္႐ိုးကမာၻမွ ဗဟုဝင္႐ိုးကမာၻသို႔ တျဖည္းျဖည္း ကူးေျပာင္းလာၿပီျဖစ္ရာ အျခားအေရးပါသည့္ဇာတ္ေကာင္မ်ားလည္း ေပၚထြက္ လာခဲ့သည္။ အဆိုပါဇာတ္ေကာင္မ်ားအနက္ Global South မွာလည္း တစ္ခုအပါအဝင္ ျဖစ္သည္။
ကမာၻ႔အေရးအရာမ်ားကို ဆုံးျဖတ္ရာတြင္ Global South ၏ သေဘာထားမ်ားကို ထည့္သြင္း စဥ္းစားရန္လိုအပ္ ေၾကာင္း သမၼတလူဝစ္ဇ္အင္နာစီယို လူလာဒီေဆးဗားလ္က ဘရာဇီးႏိုင္ငံက ဥကၠ႒ အျဖစ္ ေဆာင္႐ြက္ရသည့္ စက္မႈထိပ္သီးႏိုင္ငံ G20 အစည္းအေဝးတြင္ ထုတ္ေဖာ္ေျပာဆိုသြားခဲ့သည္။ထို႔ျပင္ ကမာၻလုံးဆိုင္ရာစီမံခန႔္ခြဲမႈႏွင့္ ႏွစ္ေပါင္း ၈၀ ၾကာေနၿပီျဖစ္သည့္ ကုလသမဂၢစနစ္ကိုလည္း ျပဳျပင္ေျပာင္း လဲရန္ တိုက္တြန္းသြားခဲ့သည္။ ဒုတိယ ကမာၻစစ္အၿပီးတြင္တည္ေထာင္ခဲ့သည့္ ဘ႑ာေရးအင္စတီက်ဴး ရွင္းမ်ားျဖစ္ၾကသည့္ ႏိုင္ငံတကာေငြေၾကး ရန္ပုံေငြအဖြဲ႕(IMF)ႏွင့္ ကမာၻ႔ဘဏ္(World Bank)အပါအဝင္ ႏိုင္ငံစုံစနစ္ (multilateral system) တြင္ Global South ၏ ကိုယ္စားျပဳမႈ ပိုမိုပါဝင္ႏိုင္ေရးကိုလည္း သမၼတ လူလာဒီေဆးဗားလ္က လိုလားေနျခင္းျဖစ္သည္။
Global South ဆိုသည္မွာ အဓိကအားျဖင့္ အာဖရိက၊ အာရွႏွင့္ လက္တင္အေမရိက ႏိုင္ငံမ်ား အစုအဖြဲ႕ျဖစ္ၿပီး ရံဖန္ရံခါတြင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအျဖစ္ ေဖာ္ျပေလ့ရွိသည္။ အဆိုပါႏိုင္ငံမ်ားတြင္ဆင္း ရဲႏြမ္းပါးမႈအဆင့္ျမင့္မားျခင္း၊ ဝင္ေငြအခ်ိဳးမညီျခင္း၊ ေမွ်ာ္မွန္းသက္တမ္းတိုျခင္း၊ Global South ရွိ ဖြံ႕ ၿဖိဳးၿပီးႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္ပါက လူေနမႈ အဆင့္အတန္းနိမ့္က်ျခင္းတို႔ကို ေတြ႕ႏိုင္သည္။ Global South ကို ပထဝီအေနအထားအရ တိတိက်က် သတ္မွတ္ထားျခင္းမဟုတ္ဘဲ ႏိုင္ငံမ်ားၾကား ႏိုင္ငံေရး၊ ပထဝီ ႏိုင္ငံေရးႏွင့္ စီးပြားေရးအတန္းအစား နီးစပ္မႈအရ ခြဲျခားသတ္မွတ္ထားျခင္းျဖစ္သည္။
ပထဝီ အေနအထားအရ ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံသည္ ေတာင္ကမာၻျခမ္းတြင္ရွိၿပီး ၅၄ ႏိုင္ငံသည္ ေျမာက္ကမာၻျခမ္း တြင္ ရွိသည္။ ကမာၻတြင္ လူဦးေရအမ်ားဆုံး ႏိုင္ငံဟုဆိုသည့္အိႏၵိယႏိုင္ငံႏွင့္ ဒုတိယအမ်ားဆုံး ႏိုင္ငံဆိုသည့္ တ႐ုတ္ႏိုင္ငံတို႔သည္ Global South တြင္ ေခါင္းေဆာင္မႈေနရာအတြက္ ယွဥ္ၿပိဳင္ေနၾကသည္။ ႏွစ္ႏိုင္ငံလုံးသည္ ေျမာက္ကမာၻျခမ္းတြင္ ရွိၾကသည္။ Global South ရွိ ႏိုင္ငံအမ်ားစုသည္ နယ္ခ်ဲ႕ဝါဒႏွင့္ ကိုလိုနီ အုပ္ခ်ဳပ္ေရးသမိုင္း ေၾကာင္း ရွိၾကသည့္ႏိုင္ငံမ်ားျဖစ္ၿပီး အေနာက္ကမာၻႏွင့္ က်န္ကမာၻၾကား ဆက္ဆံေရးအေပၚတြင္ မတူကြဲျပားသည့္ အျမင္မ်ားလည္းရွိၾကသည္။ Global South ရွိ ႏိုင္ငံအမ်ားစုသည္ ကမာၻ႔စင္ျမင့္တြင္ ေနရာရလာၾကသည္။ Global South အေနျဖင့္ ဩဇာလႊမ္းမိုးမႈ တျဖည္းျဖည္း ျမင့္တက္လာသကဲ့သို႔ အစဥ္အလာရွိပါဝါဒိုင္းနမစ္မ်ားကိုလည္း စိန္ေခၚရဲသည့္စြမ္းရည္မ်ားရွိလာ ၿပီျဖစ္ရာ စီးပြားေရးႏွင့္ ႏိုင္ငံေရးအေ႐ြ႕အေၾကာင္း ေျပာဆိုရာတြင္လည္း အာရွ ရာစု ဟုလည္းေကာင္း၊ အ ေနာက္ကမာၻလြန္ဟု လည္းေကာင္း ေခၚဆိုလာၾကရသည္။
အပယ္ခံဘဝမွသည္ အေမရိကန္ႏွင့္ ၎၏အေနာက္မဟာမိတ္မ်ားသည္ ဒုတိယကမာၻစစ္ၿပီး ကတည္းက ကမာၻ႔ အစီအမံႏွင့္စီးပြားေရးစည္းမ်ဥ္းမ်ားကိုေရးဆြဲခဲ့သည္။ ၎တို႔စီမံသည့္အတိုင္း၊ ခ်မွတ္သည့္ စည္းမ်ဥ္းအတိုင္း အျခားႏိုင္ငံမ်ားက လိုက္ပါခဲ့ၾကရသည္။ ယခုအခါ Global South ဟု ေခၚသည့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသည္ အဆိုပါ အစီအမံမ်ားႏွင့္စည္းမ်ဥ္းမ်ားကို တိတ္တဆိတ္ျပန္ၿပီး သုံး သပ္ေနၾကၿပီျဖစ္သည္။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသည္ ကိုလိုနီေခတ္က ဆက္ဆံေရးကို ျပန္လည္ျပင္ဆင္ကာ ၎တို႔၏အရင္းအျမစ္မ်ားကို ၎တို႔၏အစီအစဥ္ျဖင့္ စီမံခန႔္ခြဲႏိုင္ရန္ ႀကိဳးပမ္းလာၾကသည္။ နမီဘီးယား ႏွင့္ ဇင္ဘာေဘြႏိုင္ငံတို႔နည္းတူ ဂါနာႏိုင္ငံသည္လည္း လွ်ပ္စစ္ကားအတြက္ အေရးႀကီးေသာ လီသီယမ္တင္ပို႔မႈကိုပိတ္ပင္ရန္ ျပင္ဆင္ေနသည္။ အင္ဒိုနီးရွားႏိုင္ငံ ကလည္း နီကယ္သတၱဳ႐ိုင္းမ်ား တင္ပို႔မႈကိုပိတ္ပင္ခဲ့သည္။ အာဂ်င္တီးနား၊ ဘရာဇီးလ္၊ ခ်ီလီႏွင့္ အင္ဒိုနီးရွား ႏိုင္ငံတို႔ကလည္း အေမရိကန္ႏိုင္ငံထက္ တ႐ုတ္ႏိုင္ငံမွ လွ်ပ္စစ္ဘက္ထရီစက္႐ုံမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံျခင္းကို ႀကိဳဆိုေနၾကသည္။
ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသည္ ပထဝီႏိုင္ငံေရး အားၿပိဳင္မႈမ်ားၾကားတြင္ တစ္ဖက္ဖက္ကို ေ႐ြးခ်ယ္ ျခင္းမ်ိဳးကို ေရွာင္ရွား လာၾကသည္။ ဥပမာအားျဖင့္ အေမရိကန္ႏွင့္တ႐ုတ္ၾကား သို႔မဟုတ္ အေမရိကန္ ႏွင့္ ႐ုရွားၾကား ေ႐ြးခ်ယ္ျခင္း မျပဳလုပ္ၾကေတာ့ပါ။ ႏိုင္ငံေပါင္း(၃၂)ႏိုင္ငံသည္ ေဖေဖာ္ဝါရီလအတြင္းက ကုလသမဂၢအစည္းအေဝးတြင္ ႐ုရွား တပ္ဖြဲ႕ဝင္မ်ားကို ယူကရိန္းႏိုင္ငံမွထြက္ခြာရန္ ေတာင္းဆိုခ်က္ႏွင့္ ပတ္သက္၍ မဲမေပးဘဲေနခဲ့ၾကသည္။
ဥေရာပမူဝါဒေရးဆြဲသူမ်ားသည္ အင္အားႀကီးႏိုင္ငံမ်ား၏ အားၿပိဳင္မႈၾကားတြင္ အာရွ၊ အာဖရိက ႏွင့္ လက္တင္ အေမရိကႏိုင္ငံမ်ားကို အေရးမပါသည့္ႏိုင္ငံမ်ားအျဖစ္ ေဘးခ်ိတ္ထားခဲ့ၾကဖူးသည္။ အမွန္ မွာ အဆိုပါႏိုင္ငံမ်ားတြင္ ဆြဲေဆာင္မႈရွိသည့္ ေဈးကြက္မ်ားရွိၿပီး ကုန္ၾကမ္းမ်ားလည္း ထြက္ရွိသည္။ သို႔ေသာ္ အဆိုပါဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ သေဘာထားမ်ား ႏွင့္ စိုးရိမ္မႈအမ်ားမွာ အေနာက္ကမာၻက ဦးေဆာင္ေရးဆြဲထားသည့္ ႏိုင္ငံတကာအစီအမံတြင္ အေလးဂ႐ုျပဳျခင္းမခံခဲ့ရပါ။ ေခတ္စနစ္မ်ား တျဖည္းျဖည္း ေျပာင္းလဲလာခဲ့ရာ Global South မွာလည္း ႏိုင္ငံတကာအစီအစဥ္တြင္ တျဖည္းျဖည္း ေနရာရလာခဲ့သည္။ ယူကရိန္းကိုတိုက္ခိုက္ျခင္းႏွင့္ပတ္သက္၍ ႐ုရွားကို လူသိရွင္ၾကားျပစ္တင္ရႈတ္ခ်ရန္ ေတာင္းဆိုရာတြင္လည္း Global South ရွိႏိုင္ငံမ်ားသည္ လက္ေရွာင္ေနခဲ့ၾက သည္။ ႐ုရွားႏွင့္ ထိေတြ႕ ဆက္ဆံမႈမျဖတ္ေတာက္ခဲ့ၾကသကဲ့သို႔ အေနာက္ႏိုင္ငံမ်ားႏွင့္တ႐ုတ္ႏိုင္ငံတို႔၏ ပထဝီ ႏိုင္ငံေရးႏွင့္ ပထဝီစီးပြားေရးအား ၿပိဳင္မႈမ်ားတြင္လည္း တစ္ဖက္ဖက္က ဝင္ပါျခင္းမ်ိဳးကို ေရွာင္ရွားခဲ့ၾကသည္။
ဗဟုဝင္႐ိုးကမာၻတြင္ Global South ႏွင့္ ေနထိုင္ရမည့္ အီးယူႏိုင္ငံျခားေရးႏွင့္ လုံၿခဳံေရးမူဝါဒ အႀကီးအကဲ Josep Borrell က ၂၀၂၂ ခုႏွစ္တြင္ အီးယူ လူငယ္သံတမန္မ်ားကိုေျပာၾကားခဲ့သည့္ အေၾကာင္းအရာတခ်ိဳ႕မွာ စိတ္ဝင္စား စရာေကာင္းသည္။ ဥေရာပကို ႏိုင္ငံေရးလြတ္လပ္ခြင့္၊ စီးပြားေရး ႂကြယ္ဝခ်မ္းသာမႈႏွင့္ လူသားတို႔တည္ေဆာက္ေန သည့္ လူမႈသဟဇာတျဖစ္မႈတို႔ျဖင့္ အေကာင္းဆုံး ေပါင္းစပ္တည္ရွိရာ ဥယ်ာဥ္တစ္ခုႏွင့္တူၿပီး ကမာၻ႔က်န္ေနရာမ်ား သည္ ေတာအုပ္တစ္အုပ္ကဲ့သို႔ျဖစ္ေန ရာ ေတာအုပ္မွာ ဥယ်ာဥ္ဘက္ က်ဴးေက်ာ္လာႏိုင္သည္ဟု Josep Borrell က ႏႈိင္းယွဥ္ေျပာဆိုခဲ့သည္။
႐ုရွားက ယူကရိန္းကိုတိုက္ခိုက္ျခင္းႏွင့္ပတ္သက္ၿပီး ႐ုရွားကိုရႈတ္ခ်ရန္ႀကိဳးပမ္းရာတြင္ Global South ႏိုင္ငံမ်ား သည္ ၿခံစည္း႐ိုးခြထိုင္ေနၾကသည္ဟုလည္း ၎ကျပစ္တင္ေျပာဆိုခဲ့သည္။ သို႔ေသာ္ ဂ်ာမနီဝန္ႀကီးခ်ဳပ္ အိုလက္စခိုးလ္ကမူ Global South ႏိုင္ငံမ်ားသည္ ႏိုင္ငံတကာစည္းမ်ဥ္းမ်ားတြင္ တန္းတူရည္တူမရျခင္းႏွင့္ ထိုက္တန္သည့္ ကိုယ္စားျပဳမႈမရျခင္းတို႔ေၾကာင့္ ေက်နပ္မႈမရွိၾကသည္ကို သိရွိေၾကာင္း၊ ၎တို႔၏ ကုန္ၾကမ္းမ်ားကိုသာ စိတ္ဝင္စားၿပီး ကုလသမဂၢဆုံးျဖတ္ခ်က္မ်ားတြင္ ၎တို႔၏ ေထာက္ခံမႈမရသည္မွာ အံ့ဩစရာမဟုတ္ေၾကာင္းႏွင့္ အေနာက္ႏိုင္ငံမ်ား၏ စံႏႈန္းႏွစ္မ်ိဳး (double standards) က်င့္သုံးေနမႈကိုလည္း အဆုံးသတ္ရန္လိုအပ္ေၾကာင္း ေျပာဆိုခဲ့သည္။ Global South ႏိုင္ငံမ်ားအေပၚ ဂ်ာမနီဝန္ႀကီးခ်ဳပ္ အိုလက္စခိုးလ္၏အျမင္မွာ မွ်တၿပီးစာနာမႈရွိသည္ဟု ဆိုႏိုင္သည္။
ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ၊ လက္ခံသည္ျဖစ္ေစ၊ လက္မခံသည္ျဖစ္ေစ ယေန႔ ကမာၻမွာ ဗဟုဝင္႐ိုးကမာၻျဖစ္သည္။ ဂ်ာမနီဝန္ႀကီး ခ်ဳပ္အိုလက္စခိုးလ္၊ ျပင္သစ္သမၼတမက္ခ႐ြန္ႏွင့္ အီး ယူႏိုင္ငံျခားေရးႏွင့္ လုံၿခဳံေရးမူဝါဒအႀကီးအကဲ Josep Borrell တို႔သည္ ကမာၻလုံးဆိုင္ရာအေျပာင္းအလဲႏွင့္ လိုက္ေလ်ာညီေထြျဖစ္ရန္ လိုအပ္သည္ဆိုသည့္ အခ်က္ကိုလက္ခံထားၾကသည္။ ဂ်ာမနီဝန္ႀကီးခ်ဳပ္ အိုလက္စခိုးလ္ဆိုလွ်င္ ဗဟုဝင္႐ိုးကမာၻ၏ စ႐ိုက္လကၡဏာမ်ားကိုပင္လ်င္ အေလးေပးေျပာၾကားခဲ့ သည္မ်ားရွိသည္။ သို႔ေသာ္ တစ္ဖက္တြင္လည္း ဗဟုဝင္႐ိုးကမာၻကိုလက္ခံျခင္းသည္ ႐ုရွားႏွင့္တ႐ုတ္ကို လက္ခံၿပီး အေမရိကန္ကိုဆန႔္က်င္ျခင္းျဖစ္သည္ ဟူသည့္ အယူအဆအမွားအခ်ိဳ႕ကလည္းရွိေနျပန္ သည္။ တ႐ုတ္ႏွင့္ ႐ုရွားတို႔သည္ အာရွ၊ အာဖရိကႏွင့္ လက္တင္အေမရိက တို႔တြင္ ၎တို႔၏ ေျခတံ လက္ တံမ်ား ဆန႔္တန္းႏိုင္ရန္ အရွိန္ျမႇင့္ေဆာင္႐ြက္ေနၾကသည္။ အလားတူ အေမရိကန္၊ ၿဗိတိန္ႏွင့္အီးယူ တို႔ ကလည္း အၿပိဳင္ႀကိဳးပမ္းေနၾကသည္။
တ႐ုတ္ႏိုင္ငံသည္ ၎ကို Global South အက်ိဳးစီးပြား၏ခ်န္ပီယံအျဖစ္ လက္ခံလာေစရန္ နည္းလမ္းရွာေနသည္။ သို႔ေသာ္ အိႏၵိယႏိုင္ငံသာမက ဘရာဇီးလ္၊ ေတာင္ကိုရီးယား၊ ေတာင္အာဖရိက ႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔က မသိမသာ ျပန္တြန္းေနသည္။ ယေန႔အခ်ိန္အထိ Global South တြင္ ေခါင္း ေဆာင္ဟူ၍ မရွိေသးပါ။ အနာဂတ္တြင္လည္း ေခါင္းေဆာင္ဟူ၍ ေပၚလာရန္ မျမင္ေသးပါ။
အေမရိကန္ႏိုင္ငံသည္ ယေန႔အခ်ိန္ထိ ကမာၻတြင္ စစ္အင္အားအေကာင္းဆုံးႏိုင္ငံအျဖစ္ ရွိေနဆဲ ျဖစ္သည္။ အေမရိကန္၏ Soft Power မွာ ယေန႔ထိတိုင္ ႏႈိင္းယွဥ္၍မရေသးဘဲ ဩဇာႀကီးေနဆဲျဖစ္သည္။ သို႔ေသာ္ Global South ႏိုင္ငံမ်ားအေနျဖင့္ အေမရိကန္၊ အီးယူတို႔၏ မ်က္ႏွာကိုခ်ည္း ၾကည့္ေနၾကျခင္းမ်ိဳးမဟုတ္ဘဲ တ႐ုတ္ အပါအဝင္ အျခားမိတ္ဖက္ႏိုင္ငံမ်ားဘက္သို႔လည္း လွည့္လာၾကသည္။ ႏိုင္ငံအမ်ားစုသည္ အၿမဲတမ္းမဟာမိတ္ ဆိုၿပီး ထားရွိျခင္းမ်ိဳးကို မလိုလားၾကေတာ့ဘဲ ကိစၥရပ္တစ္ခု ခ်င္းစီကိုအေျခခံသည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ိဳးကို ေ႐ြးခ်ယ္လာၾကသည္။
စိန္ေခၚမႈမ်ားႏွင့္ ရႈပ္ေထြးမႈမ်ားရွိသည့္တိုင္ အီးယူသည္ ကမာၻလုံးဆိုင္ရာ အသြင္ေျပာင္းလဲမႈမ်ား ကိုခ်ိန္ညႇိေပးရာ တြင္ ေနရာေကာင္းတြင္ရွိေနသည္။ အီးယူမူဝါဒေရးဆြဲသူမ်ားတြင္ အရႈပ္ထုပ္မ်ားကို ရွင္း ႏိုင္သည့္အေတြ႕အႀကဳံမ်ား ရွိသည္။ အီးယူသည္သာ ၎၏ Card ကို မွန္မွန္ကန္ကန္ ထုတ္ၿပီးသုံးတတ္ပါ က ဗဟုဝင္႐ိုးကမာၻတြင္ ေကာင္းေကာင္းရွင္သန္ႏိုင္သည္။ သို႔ေသာ္ လုပ္စရာအလုပ္မ်ားရွိေနသည္။ အီးယူအေနျဖင့္ အေနာက္ကမာၻအေပၚ အေျချပဳၿပီး အသြင္ေျပာင္းသည့္ မူေဘာင္ကိုေက်ာ္လြန္ကာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားႏွင့္ အမွန္တကယ္ထိေတြ႕ဆက္ဆံရန္ လိုအပ္သည္။ ဆိုလိုသည္မွာ အီးယူအေနျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအား ၎၏ အတတ္ပညာမ်ားႏွင့္ အေတြ႕အႀကဳံမ်ား မွ်ေဝေပးရန္ လိုအပ္သည္။ သို႔ေသာ္ ဆရာ ႀကီးလုပ္ လက္ခ်ာေပးၿပီး အေပၚစီးျဖင့္ ေျပာဆိုျခင္းမ်ိဳး မျဖစ္ရန္ လိုသည္။ ကုလသမဂၢပဋိညာဥ္ကို ခ်ိဳးေဖာက္သည့္အစိုးရမ်ားကို အေရးယူရမည္ျဖစ္သည္။ သို႔ေသာ္ ႏိုင္ငံတိုင္းကို တူညီေသာစံႏႈန္းျဖင့္ ထိန္းေက်ာင္းႏိုင္ျခင္းမရွိဘဲ စည္းမ်ဥ္းအေျချပဳႏိုင္ငံတကာ အစီအစဥ္ကို ထိန္းသိမ္း ေစာင့္ေရွာက္ရန္ ဖိအားေပးျခင္းသည္ အေျခအျမစ္ မရွိလွပါ။ အီးယူအေနျဖင့္ Global South ႏိုင္ငံမ်ား၏ လူ႔အခြင့္ အေရးခ်ိဳးေဖာက္မႈမ်ားႏွင့္ စီမံခန႔္ခြဲမႈ အားနည္းခ်က္မ်ားကို ေထာက္ျပႏိုင္သည္။ သို႔ေသာ္ ပထဝီႏိုင္ငံေရး အားၿပိဳင္မႈမ်ားၾကားတြင္ လူ႔အခြင့္အေရးကို လက္နက္တစ္ခုသဖြယ္ အသုံးျပဳျခင္းမ်ိဳးမျဖစ္ေစေရး သတိျပဳရန္ လိုအပ္သည္။ တရားဝင္ထုတ္ျပန္ထားသည့္ အီးယူ၏စိုးရိမ္မႈမွာ ကမာၻတစ္ဝန္း လူ႔အခြင့္အေရး၊ ဒီမိုကေရစီေရးႏွင့္ တရားဥပေဒစိုးမိုးမႈ အားေကာင္းေစေရးပင္ျဖစ္သည္။ သို႔ေသာ္ ကိုယ္တိုင္အား ေကာင္းေအာင္ ျပဳလုပ္ႏိုင္ျခင္း မရွိေသးဘဲ အျခားႏိုင္ငံကိုခ်ည္းေဝဖန္ေနပါက အလုပ္ျဖစ္ႏိုင္မည္ မဟုတ္ပါ။ အီးယူအတြင္းမွာပင္ လူမ်ိဳးေရး ခြဲျခားမႈမ်ား ျမင့္မားလာျခင္း၊ လက္ယာစြန္းေရာက္ပါတီမ်ား လူႀကိဳက္မ်ားမႈျမင့္မားလာျခင္းႏွင့္ေပၚျပဴလစ္မ်ား အာဏာရရွိလာျခင္းသည္ အီးယူ၏တန္ဖိုးမ်ားအေပၚ ခိုင္မာသည့္ရပ္တည္ခ်က္မွာ ေလွာင္ေျပာင္စရာ ျဖစ္လာေနပါသည္။ အေနာက္ကမာၻႏိုင္ငံအမ်ားစုသည္ ဧကဝင္႐ိုးအထိုင္ကို ပိုမို ႏွစ္ၿခိဳက္ေနဆဲျဖစ္သည္။ သို႔ေသာ္ ေ႐ြးခ်ယ္စရာမရွိေတာ့ပါ။ ကမာၻ႔အထိုင္သည္ တအိအိေ႐ြ႕လ်ားေနသည္။ အကယ္၍ အီးယူအေန ျဖင့္ ၎ကို ကမာၻလုံးဆိုင္ရာဇာတ္လိုက္အျဖစ္ ဆက္ လက္ထိန္းသိမ္းထားလိုပါက ကိုယ့္ကမာၻထဲတြင္ပဲေန၍မရေတာ့ဘဲ အနာဂတ္ကို မျဖစ္မေန ေထြးေပြ႕ရေတာ့မည္။ ဗဟုဝင္႐ိုးကမာၻအတြက္လိုအပ္သည့္ ကြၽမ္းက်င္မႈမ်ားရွိရန္ ျပင္ဆင္ၿပီး Global South ႏွင့္ယွဥ္တြဲေနထိုင္ရန္ ႀကိဳးပမ္းရမည္ျဖစ္သည္။ စီမံခန႔္ခြဲမႈ ေကာင္းေကာင္းျပဳလုပ္ၿပီး အေျခအေနႏွင့္အတူ လိုက္ပါေျပာင္းလဲႏိုင္ျခင္းမရွိပါက Josep Borrell အထက္တြင္ ေျပာဆိုခဲ့သကဲ့သို႔ ယူ႐ိုပီယံဥယ်ာဥ္ႀကီးမွာ သာယာၾကည္ႏူးဖြယ္ေကာင္းေတာ့မည္မဟုတ္ပါ။ သို႔ေသာ္ အီးယူအေနျဖင့္ အလုပ္အရမ္းမ်ားၿပီး စိတ္လႈပ္ရွားဖြယ္ေကာင္းသည့္ေတာအုပ္ႀကီးအတြင္း စြန႔္စားသြားေရာက္ျခင္းျဖင့္ အက်ိဳး အျမတ္မ်ားမ်ား ရႏိုင္ၿပီး ဆုံးရႈံးစရာမရွိႏိုင္ပါ။
Global South ၏ အနာဂတ္ ၂၀၃၀ ျပည့္ႏွစ္ေရာက္လွ်င္ ကမာၻတြင္ အဖြံ႕ၿဖိဳးဆုံး ေလးႏိုင္ငံထဲမွ သုံးႏိုင္ငံမွာ Global South မွ ျဖစ္လိမ့္မည္ဟု ခန႔္မွန္းတြက္ခ်က္ေနၾကၿပီျဖစ္သည္။ အဖြံ႕ၿဖိဳးဆုံး ေလးႏိုင္ငံ ကို အစဥ္လိုက္ၾကည့္ပါက တ႐ုတ္၊ အိႏၵိယ၊ အေမရိကန္ႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔ျဖစ္သည္ ဟုလည္း ဆိုသည္။ Global South လႊမ္းမိုးသည့္ ဘရစ္ႏိုင္ငံမ်ား(ဘရာဇီးလ္၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ႏွင့္ ေတာင္ အာဖရိက)တို႔၏ ဝယ္ႏိုင္စြမ္းအားမွာလည္း Global North ရွိ စက္မႈထိပ္သီးခုနစ္ ႏိုင္ငံ (G7) အုပ္စုကို ေက်ာ္တက္သြားမည္ဟုလည္း ဆိုပါသည္။ ယခုပင္လွ်င္ နယူးေယာက္ထက္ ေပက်င္းတြင္ သန္းႂကြယ္သူ ေဌးပိုမ်ားသည္။ Global South ရွိႏိုင္ငံမ်ားသည္ ကမာၻ႔စင္ျမင့္တြင္ အခိုင္အမာေနရာ ရလာေနၾကသည္။
Global South ႏိုင္ငံမ်ားသည္ ေခါင္းေဆာင္ေနရာအတြက္အားၿပိဳင္ေနၾကၿပီး ယေန႔အထိ ေခါင္းေဆာင္ဟူ၍ မရွိေသးပါ။ သို႔ေသာ္ ရွိႏွင့္ၿပီးျဖစ္သည့္ ကမာၻ႔အင္စတီက်ဴးရွင္းမ်ားသည္ ကမာၻ႔စင္ ျမင့္တြင္ Global South ၏အခန္းက႑ကို အသိအမွတ္ျပဳလာၾကရၿပီျဖစ္ရာ ထိုက္တန္သည့္ ကိုယ္စား ျပဳမႈ ေပးၾကရေတာ့မည္ျဖစ္သည္။ အေနာက္ကမာၻသည္လည္း ဧကဝင္႐ိုးအထိုင္ေပၚတြင္ ယစ္မူးေန၍ မရေတာ့ဘဲ ေရွ႕ကိုအတင္းထိုးထြက္လာသည့္ Global South ႏွင့္အတူ ဗဟိုဝင္႐ိုးကမာၻတြင္ ေန ထိုင္ရပ္တည္ရေတာ့မည္ျဖစ္သည္။