ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာရ

 2898

သန့်ဇင် (NP News) - ဧပြီ ၁

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဧပြီ ၁ ရက်)၊ နံနက် ၆နာရီခွဲအချိန်ခန့်က လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“ဘယ်လိုကနေတိုက်တာလည်းတော့ အတိအကျမသိခဲ့ဘူး။ တိုက်တဲ့ကားတွေက တွဲကား (၂)စီးနဲ့ ကုန်တင်ကား(၁၄)ပေတစ်စီးတို့ တိုက်မိကြတာ။ ကားတွေထိခိုက်ပျက်စီးတာရှိတယ်။ တွဲကား(၂)စီးက ဘော်ဒီနဲ့ခေါင်းတွေထိတာရှိတယ်။ (၁၄)ပေကုန်ကားလည်း ပျက်စီးတာရှိခဲ့တယ်”ဟု ကရုဏာရှင်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၅၀)ကျော်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦးတွင်လည်း ဝဲဘက်ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို ကရုဏာရှင်လူမှုကူညီရေးအသင်းမှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးလမ္းေဟာင္းတြင္ ကား(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ တစ္ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဧၿပီ ၁

ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္းတြင္ ကား(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ တစ္ဦးထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း က႐ုဏာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဧၿပီ ၁ ရက္)၊ နံနက္ ၆နာရီခြဲအခ်ိန္ခန႔္က လွည္းကူးၿမိဳ႕နယ္၊ မင္းလြင္ကုန္ေက်း႐ြာအနီး၊ ရန္ကုန္-မႏၲေလး ကားလမ္းေဟာင္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။

“ဘယ္လိုကေနတိုက္တာလည္းေတာ့ အတိအက်မသိခဲ့ဘူး။ တိုက္တဲ့ကားေတြက တြဲကား (၂)စီးနဲ႔ ကုန္တင္ကား(၁၄)ေပတစ္စီးတို႔ တိုက္မိၾကတာ။ ကားေတြထိခိုက္ပ်က္စီးတာရွိတယ္။ တြဲကား(၂)စီးက ေဘာ္ဒီနဲ႔ေခါင္းေတြထိတာရွိတယ္။ (၁၄)ေပကုန္ကားလည္း ပ်က္စီးတာရွိခဲ့တယ္”ဟု က႐ုဏာရွင္လူမႈကူညီေရးအသင္း တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၅၀)ေက်ာ္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးတြင္လည္း ဝဲဘက္ေျခေထာက္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားကို က႐ုဏာရွင္လူမႈကူညီေရးအသင္းမွ လွည္းကူးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.