အင်ဒိုပစိဖိတ်ဒေသ ပေကျင်း၏ ခြိမ်းခြောက်မှု နှင့် နယူးဒေလီ၏ အပြောင်းအလဲ (ဘာသာပြန်ဆောင်းပါး)

 627

Htay Oung (NP News) - ဧပြီ ၂

ယခုအခါ အနောက်နိုင်ငံများအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း ဖြတ်သန်းသွားလာနေတဲ့ သူတို့ရဲ့စစ်သင်္ဘော များကို ပြုပြင်ထိန်းသိမ်းရာမှာ အိန္ဒိယအပေါ် ပိုမိုအားကိုးလာကြောင်း တွေ့ရှိရပါတယ်။ ဒေသတွင်းသို့မထွက်ခွာမီ လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုများကို လုပ်ဆောင်မယ့် ပထမဆုံး ဗြိတိန်စစ်သင်္ဘောနှစ်စင်းဟာ အိန္ဒိယ ဆိပ်ကမ်းမြို့မှာ ဆိုက်ကပ်တဲ့အထိဖြစ်လာကြောင်း သိရှိရတယ်လို့ နျူကလီယာ၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးရာ လေ့လာသုံးသပ်သူ ရီတူ_ရှားမားက (မတ်-၂၉၊၂၀၂၄) ယူရေးရှားတိုင်းမ် သတင်းစာမှာ ရေးသားခဲ့ပါတယ်

အင်ဒိုပစိတ်လို့ အများခေါ်ဝေါ်နေကြတဲ့ဒေသကြီးဟာ တရုပ်၊ ဂျပန်၊ ကိုရီးယားကျွန်းဆွယ်နဲ့ သြစတေးလျ၊ နယူးဇီလန် စသဖြင့် ပစိဖိတ်ကျွန်းနိုင်ငံများအစ အာဆီယံတိုင်းပြည်များအလယ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါ ကစ္စတန်အဆုံး နိုင်ငံပေါင်း ၄ဝ ကျော်ပါဝင်နေပါတယ်။ အဲဒီဒေသကြီးအတွင်း စစ်သင်္ဘောများနဲ့ ကင်းလှည့်နေတဲ့ အနောက်နိုင်ငံများအတွက် ပြုပြင်ထိန်းသိမ်းရေးကိစ္စကို အချိန်မီ ဆောင်ရွက်နိုင်ဖို့အရေးဟာ အတော်ငွေကုန် အချိန်ပေး စီစဉ်နေရပါတယ်။ ကုန်ကျစရိတ်များ ကြီးမြင့်လာတဲ့အတွက် အမေရိကန်စစ်သင်္ဘောများဟာ ခုတ်မောင်းချိန် လျော့ချနေရပါတယ်။ အမေရိကန်ဟာ တရုတ်ရဲ့အရေအတွက် တိုးပွားလာတဲ့ စစ်ရေယာဉ်စုများနဲ့ လိုက်လျောညီထွေဖြစ်အောင်မနည်းကြိူးစား ရုန်းကန်နေရပြီး ရုရှား အပါအဝင် အခြားပင်လယ်ပြင် ပြိုင်ဘက်တို့နဲ့ လည်း ရင်ဆိုင်နေရတဲ့အတွက် စိတ်မသက်သာစရာ အဖုအထစ်တစ်ခုဖြစ်နေခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်ရဲ့လျင်မြန်စွာကြီးထွားဖွံ့ဖြိုးလာနေတဲ့ သင်္ဘောတည်ဆောက်မှုစွမ်းရည်များနဲ့ ကိုက်ညီ စေရန် ကျားကုတ်ကျားခဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပုံကို ယခင်ဖော်ပြခဲ့ပြီးပါပြီ။ အသုံးမလိုတော့ဘူးလို့ တစ်ချိန် က ယူဆထားခဲ့တဲ့ သင်္ဘောကျင်းများကို ပြန်လည်အသက်သွင်းရေးအကူအညီပေးဖို့ သူ့ရဲ့အာရှမဟာမိတ်များ ဖြစ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားတို့အပေါ် ဖိအားပေးလျက်ရှိပါတယ်။ အမေရိကန်ရေတပ်အနေနဲ့ ဂျပန်နိုင်ငံအတွင်း ကိုယ်ပိုင်သင်္ဘောကျင်းများ အသုံးပြုရေးကိုလည်း လေ့လာနေပြီး သူ့ရဲ့စစ်သင်္ဘောများကို ထိန်းသိမ်းရေး၊ ပြင်ဆင်ရေးနဲ့ အလုံးစုံစစ်ဆေးပြုပြင်ဖို့အတွက် နေရပ်ပြန်လည်ခေါ်ယူရခြင်းမျိုးကို လျော့ချနိုင်ဖို့ အားထုတ်နေပါ တယ်။ အဲဒီအစီအစဉ်ကို တောင်ကိုရီးယား၊ စင်ကာပူ နဲ့ ဖိလစ်ပိုင်နိုင်ငံများအထိ ကျယ်ပြန့်သွားဖွယ်ရှိနေပါတယ်။

ဒီဖြစ်ရပ်ဟာ ဘိုးဘိုးအောင် ဝလုံးလို အတောမသတ် အရေအတွက် တိုးပွားလာနေတဲ့ တရုတ်စစ်သင်္ဘောများကို တန်ပြန်ရန်အတွက် စိတ်တူသဘောတူနိုင်ငံများ စုစည်းလာခြင်းကို အမှတ်အသားပြုနေပါတယ်။ မလက္ကာ ရေလက်ကြား ဆည်ဝမှာ ဗျိုင်းစောင့်သလို အနေအထားရှိနေတဲ့ အိန္ဒိယဟာ တောင်တရုတ်ပင်လယ်အတွင်း အနောက်နိုင်ငံများရဲ့ စစ်ဆင်ရေးများကို ကျားကန်ပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။

စစ်အေးကာလတစ်လျှောက် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုမရှိသလောက် ခပ်ကင်းကင်းဖြစ်ခဲ့တဲ့ သူတို့ရဲ့ တစ်ချိန် က စစ်အေးဝန်ထုပ်ဝန်ပိုးများကို အမေရိကန်ရော အိန္ဒိယတို့ပါ နိဂုံးချုပ် ခဝါချလိုက်ကြပါတယ်။ အမေရိကန် ရေတပ် စစ်သင်္ဘောများနဲ့ စစ်လေယာဉ်များရဲ့ ရိက္ခာနဲ့လောင်စာဆီဖြည့်တင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ အိန္ဒိယ ဟာ အချက်အချာကျတဲ့ စခန်းသစ်တစ်ခုဖြစ်လာပါတယ်။ အိန္ဒိယနိုင်ငံ ချန်နိုင်း (ယခင် မဒရပ်) မြို့ရှိ “လားဆင်နဲ့ တော်ဘရို (L&T) “သင်္ဘောကျင်းနှစ်ခုကို အမေရိကန်က သူရဲ့စစ်သင်္ဘောများ လွန်းတင်ပြင်ဆင်ဖို့အတွက် ငါးနှစ် ကြာ သင်္ဘောကျင်းပြုပြင်ရေးသဘောတူညီချက် (MSRA) ကို လက်မှတ်ရေးထိုးလိုက်ကြတဲ့အထိ နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုခြေလှမ်းများဟာ နယ်ပယ်ကျယ်ပြန့်လာပါတယ်။

အတိတ်ကာလ ၁၇ ရာစု ဝိဇယနဂါအင်ပါယာအတွင်း တံငါရွာလေးသာဖြစ်ခဲ့တဲ့ ချန်နိုင်းကို အပိုင်စားရရှိသူ စစ် သူကြီး “ဒါမာလာ_ချန်နာပါ_နာယတ်ကာ” ထံမှ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီက ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက် “မဒရပ်” ဆိပ်ကမ်းမြို့အဖြစ် ပြောင်းလဲခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း ဗြိတိသျှတို့ရဲ့ ပထမဆုံးခံတပ်ဖြစ်တဲ့ “ စိန့်ဂျော့ဂျ်” ကို တည်ဆောက်ခဲ့ပါတယ်။ အိန္ဒိယတိုက်ငယ်မှာ တောင်ဘက်အကျဆုံးဖြစ်တဲ့ တမီလ်နာဒူးပြည်နယ်ရှိ မဒရပ်ဟာ ကိုလိုနီခေတ် ဗြိတိသျှအစိုးရရဲ့ဆောင်းရာသီ ရုံးစိုက်ရာဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်ကိုအပေါ်စီးမှ လှမ်းမျှော် ကြည့်နေသယောင်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့တောင်ဘက်တံခါးပေါက်အဖြစ်လည်း တင်စားခြင်း ခံရပါတယ်။
..
၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း၊ တမီနာဒူးပြည်နယ် မြိုံတော်ဖြစ်လာပြီး ၁၉၉၆ ခုနှစ်မှာ မူလအမည် ချန်နိုင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ချန်နိုင်းအနီး ကတ်တူပါလီမြို့ရှိ L&T သင်္ဘောကျင်းဟာ အမေရိကန်ရေတပ်မတော် အင်အားဖြည့်တင်းမှုနဲ့ စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေး ရေကြောင်းဌာနချုပ် (MSC) လက်အောက်ရှိ စစ်သင်္ဘောများပြုပြင်မွန်းမံရေးကို ဆောင်ရွက်နေပြီး လက်ရှိအမေရိကန်ရေ တပ်သင်္ဘော များကို ပြုပြင်ရန်အတွက် အချက်အချာနေရာတစ်ခုဖြစ်လာခဲ့ပါပြီ။

သန့်ရှင်းသပ်ယပ်ပြီး ဆေးဝါးကုသမှုခံယူဖို့ ပြည်ပခရီးသွားများ အများဆုံးလာရောက်လေ့ရှိတဲ့အတွက် “ကျန်းမာ ရေးမြို့တော်” အဖြစ် လူသိများတဲ့ ချန်နိုင်းနဲ့ L&T သင်္ဘောကျင်းရှိ ဆိပ်ကမ်းအခြေခံအဆောက်အအုံနှစ်ခုစလုံးဟာ သိပ်သည်းနက်နဲပြီး လိုအပ်ချက်များပြားတဲ့ အမေရိကန်စစ်ရေယာဉ်များအတွက် သင်္ဘောပြုပြင်ရေး နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ ပထမဆုံး ပြုပြင်ဖို့ရောက်ရှိလာတဲ့ အမေရိကန် စစ်သင်္ဘောကတော့ “ယူ အက်စ်အင်န်အက်စ်_ဆေလ်ဗာ” ဖြစ်ပြီး ဧရာအောက်ပိုင်း သံမဏိပြားများ အသစ်လဲလှယ်ဖို့ဖြစ်တယ်လို့ ဆိုပါ တယ်။

အလားတူ L&T သင်္ဘောကျင်းမှာ ရောက်ရှိနေတာက ဗြိတိသျှရေယာဉ်များပဲဖြစ်ပါတယ်။ လန်ဒန် ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံ တော်ဝင်ရေတပ်မတော် အရန်ရေယာဉ်အုပ်စု (RFA) မှ အာရ်အက်ဖ်အေ_အား ဂတ်စ် နဲ့ လိုင်းမ်ဘေးတို့ဖြစ်ပြီး လိုအပ်ချက်သလို လွန်းတင်ပြင်ဆင်မှာဖြစ်ကြောင်း သိရှိရပါတယ်။ ယခုအစီအစဉ်ဟာ တော်ဝင်ရေတပ်သင်္ဘောတစ်စင်းအနေနဲ့ အိန္ဒိယသင်္ဘောကျင်းမှာ ပထမဆုံးအကြိမ် ပြုပြင်ထိန်းသိမ်းမှုဖြစ်ပြီး ၂၀၂၂ ခုနှစ် ဗြိတိန်နဲ့ အိန္ဒိယတို့အကြား ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာသဘောတူညီချက်ရဲ့ တိုက်ရိုက်ရလဒ်ဖြစ်ပါ တယ်။

ပြုပြင်ထိန်းသိမ်းမှုပြီးဆုံးတဲ့အခါ လာရောက်လည်ပတ်တဲ့သင်္ဘောများဟာ ချန်နိုင်းကမ်းလွန် ဘင်္ဂလားပင်လယ် အော်နဲ့ အာရေဗျပင်လယ်တို့မှာ ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယရေတပ်နဲ့ပူးတွဲပြီး ရေကြောင်းလေ့ကျင့်မှုကို ပြုလုပ် ဖို့ စီစဉ်ထားပါတယ်။

နယူးဒေလီကတော့ အမေရိကန်အနေနဲ့ အိန္ဒိယ-ပစိဖိတ်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ သူ့ရဲ့ရေတပ်ဆိုင် ရာပိုင်ဆိုင်မှုများအတွက် ဝါရှင်တန်က ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုပေးရန်၊ အိန္ဒိယရဲ့အခြေခံအဆောက်အ အုံများ ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီမှု တိုးချဲ့လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ခွင့်ပြုငွေ အမေရိကန်ဒေါ်လာ ၁၃.၉ ဘီလျံရရှိထားတဲ့ အမေရိ ကန်ရေတပ်ဟာ ပြုပြင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရာမှာ အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။ ရေတပ်မတော် ရဲ့ ပင်မရေပြင်သွား “အားလီ_ဘတ်ခ်” အတန်းအစား ပဲထိန်းဒုံးကျည်တင်ဖျက်သင်္ဘောကြီးဟာ ပုံမှန် ပြုပြင် ထိန်းသိမ်းရေးအတွက် ပျမ်းမျှ ၂၆-ရက် နှောင့်နှေးခဲ့ကြောင်း အမေရိကန်စာရင်းစစ်ရုံး အစိုးရ အစီရင်ခံစာ အရ သိရှိရပါတယ်။

လုပ်ငန်းလည်ပတ်မှုနဲ့ ပံ့ပိုးမှုကုန်ကျစရိတ်များဟာ သင်္ဘောအတန်းအစား ၁၀ မျိုးမှာ ဒေါ်လာ ၂.၅ ဘီလျံခန့် တိုးမြင့် လာပြီး သွားလာခုတ်မောင်း (သို့မဟုတ်) လေ့ကျင့်ရေးနာရီများအတွက် ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်မှာ ၁၀ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားပါတယ်။

အမေရိကန် ရေပြင်သွားစစ်သင်္ဘောများ ပြုပြင်ထိန်းသိမ်းမှုကို ပုဂ္ဂလိက သင်္ဘောကျင်းနှစ်ခုဖြစ်တဲ့ “ဂျင်နရယ် ဒိုင်းနမစ် အမျိုးသား သံမဏိနဲ့ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ” နဲ့ “ဘီအေအီး_စစ်စတမ်သင်္ဘောပြုပြင်ရေး” တို့က တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ အဲဒီကုမ္ပဏီနှစ်ခုအနက် တစ်ခုခုကသာ နှုတ်ထွက်ကြောင်း ဆုံးဖြတ်ခဲ့လျှင် အမေရိကန်ရေတပ်မတော်အနေနဲ့ အခြားဝန်ဆောင်မှုပေးသူများကို ရှာဖွေရမယ်ဆိုရင်တောင် အချိန် လိုအပ်နေပါတယ်။

အမေရိကန်ရေတပ်မတော်အနေနဲ့ လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရတဲ့ ပြည်တွင်း သင်္ဘောကျင်းများ အတွက် ဝန်ထုပ်ဝန်ပိုးကို အတတ်နိုင်ဆုံး ဖြေလျှော့ပေးရပါလိမ့်မယ်။ ဒီအတွက် ဒေသတွင်းခုတ်မောင်းသွား လာနေတဲ့ စစ်သင်္ဘောတွေကို ရေတိုထိန်းသိမ်းမှုသာပြုလုပ်ရတဲ့အထိ ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

ဒီအတိုင်းဆိုလျှင် အနာဂတ်ကာလ အမေရိကန် ဖျက်သင်္ဘောများ၊ ကုန်းရေနှစ်သွယ်သွား စစ်သင်္ဘောများနဲ့ အခြားသင်္ဘောကြီးများအထိ အဲဒီအစီအစဉ်မှာ အကျုံးဝင်သွားဖွယ်ရှိနေပါတယ်။ လေယာဉ်တင်သင်္ဘောများနဲ့ ရေငုပ်သင်္ဘောတို့လို နျူကလီးယားစွမ်းအင်သုံးရေယာဉ်များအတွက်ကတော့ သီးခြားစဉ်းစားရပါလိမ့်မယ်။

အဲဒီ အားနည်းချက်ကို ဖြည့်ဆည်းဖို့ ရှာဖွေနေခိုက် တရုတ်ရဲ့ခြိမ်းခြောက်မှုကြောင့် အိန္ဒိယဟာ ရေကြောင်း ပြုပြင် ထိန်းသိမ်းရေး ဗဟိုချက်မအဖြစ် အလိုလိုပေါ်ထွန်းလာသလို ဖြစ်သွားပါတယ်။ ရှေးယခင်ကတည်းက အိန္ဒိယပညာရှင်တွေဟာ အက်ဒမန်နဲ့ နီကိုဘာကျွန်းစုတို့ကို ဒေသတွင်း အချက်အချာကျနေရာ တစ်ခုအဖြစ် ဖော်ဆောင်ရန် အကြံပြုခဲ့ကြပါတယ်။ ကျွန်းစုတွေဟာ တောင်တရုတ်ပင်လယ်မှာ အရေးပါ ဝင်ပေါက်ဖြစ်တဲ့ မလက္ကာရေလက်ကြားရဲ့ နှုတ်ခမ်းဝမှာ တည်ရှိနေပါတယ်။ ကနဦး အမေရိကန်ဟာ “လောင်စာဆီဖြည့် _အမြန် ပြန်ထွက်ရေး” အတွက် ကျွန်းများကို အသုံးပြုနေခဲ့ပါတယ်။

၂ဝ၂ဝ ပြည့်နှစ် အိန္ဒိယနဲ့တရုတ်တို့အကြား တင်းမာမှု အထွတ်အထိပ်ရောက်ရှိချိန် အမေရိကန် ရေတပ် တာဝေး ခရီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်နည်းဗျူဟာနဲ့ ရေကြောင်းထောက်လှမ်းရေး “ပီ-အိတ် ပိုဆိုက်ဒွန်” လေ ယာဉ်ဟာ အိန္ဒိယရဲ့မဟာဗျူဟာမြောက် အန်ဒမန်နဲ့ နီကိုဘာ ကျွန်းစုများမှာ အသေးစား လောင်စာဆီ ဖြည့် တင်းခြင်းကို လုပ်ဆောင်ခဲ့ပြီး ခရီးဆက်လက်ထွက်ခွာသွားခြင်းနဲ့ တိုက်ဆိုင်နေခဲ့ဖူးပါတယ်။

၂၀၂၃ ခုနှစ် အမေရိကန်ရေတပ်သင်္ဘောတစ်စီးဟာ လွန်းတင်ပြုပြင်ရေးအတွက် အိန္ဒိယနိုင်ငံအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲ့ဒီအလားအလာတွေကိုကြည့်ပြီး ဖိလစ်ပိုင်နဲ့ စင်္ကာပူတို့အပြင် အခြားအာရှနိုင်ငံတွေ မှာလည်း ဖြစ်နိုင်လိမ့်မယ်လို့ အမေရိကန်က မျှော်လင့်နေပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍမှာ စားနပ်ရိက္ခာနဲ့ သောက်ရေဖြည့်တင်းခြင်း၊ ခေတ္တအနားယူခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ အဝတ်အထည် စက်ဆီ ချောဆီ အပါအဝင် လောင်စာဆီဖြည့်တင်းခြင်း၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု များရယူခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ လေ့ကျင့်ရေး၊ အပိုပစ္စည်းနဲ့ အစိတ်အပိုင်းများ၊ အခြားထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ဝန်ဆောင်မှုများ ပါဝင်မှာဖြစ်ပါတယ်။

ကျွန်းပေါင်း ၅၇၁ ကျွန်းတည်ရှိနေတဲ့ အာရှပစိဖိတ်ဒေသကြီးဟာ အမေရိကန်နဲ့ အနောက်အုပ်စုအတွက် အိန္ဒိယနည်းတူ “နစ်မြှုပ်၍ မရသော လေယာဉ်တင်သင်္ဘောကြီး” အဖြစ် တင်စားနိုင်ပါလိမ့်မယ်။ နိုင်ငံရဲ့တစ်ခု တည်းသော လုပ်ငန်းလည်ပတ်မှုမှာ ပူးတွဲဝန်ဆောင်ကွပ်ကဲမှုဖြစ်ပြီး အဲဒီနေရာမှာ အခြေခံအဆောက်အအုံတို့ကို အဆင့်မြှင့်တင်ရန် အစီအစဉ်များရိုနေပါတယ်။ ထို့အပြင် ပထဝီနိုင်ငံရေး အနေအထားအရ အမေရိကန်အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း လက်လှမ်းမီမှုကိုလည်း တိုးမြင့်လာစေပါလိမ့်မယ်။

(Eurasia Times., 29 March 2024,” China Threat Makes India A Maritime Maintenance Centre; US, UK Warships Dock In Chennai For Faster Repairs” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အင္ဒိုပစိဖိတ္ေဒသ ေပက်င္း၏ ၿခိမ္းေျခာက္မႈ ႏွင့္ နယူးေဒလီ၏ အေျပာင္းအလဲ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဧၿပီ ၂

ယခုအခါ အေနာက္ႏိုင္ငံမ်ားအေနနဲ႔ အင္ဒို-ပစိဖိတ္ေဒသအတြင္း ျဖတ္သန္းသြားလာေနတဲ့ သူတို႔ရဲ႕စစ္သေဘၤာ မ်ားကို ျပဳျပင္ထိန္းသိမ္းရာမွာ အိႏၵိယအေပၚ ပိုမိုအားကိုးလာေၾကာင္း ေတြ႕ရွိရပါတယ္။ ေဒသတြင္းသို႔မထြက္ခြာမီ လိုအပ္တဲ့ျပဳျပင္ထိန္းသိမ္းမႈမ်ားကို လုပ္ေဆာင္မယ့္ ပထမဆုံး ၿဗိတိန္စစ္သေဘၤာႏွစ္စင္းဟာ အိႏၵိယ ဆိပ္ကမ္းၿမိဳ႕မွာ ဆိုက္ကပ္တဲ့အထိျဖစ္လာေၾကာင္း သိရွိရတယ္လို႔ န်ဴကလီယာ၊ ကာကြယ္ေရးနဲ႔ ႏိုင္ငံျခားေရးရာ ေလ့လာသုံးသပ္သူ ရီတူ_ရွားမားက (မတ္-၂၉၊၂၀၂၄) ယူေရးရွားတိုင္းမ္ သတင္းစာမွာ ေရးသားခဲ့ပါတယ္

အင္ဒိုပစိတ္လို႔ အမ်ားေခၚေဝၚေနၾကတဲ့ေဒသႀကီးဟာ တ႐ုပ္၊ ဂ်ပန္၊ ကိုရီးယားကြၽန္းဆြယ္နဲ႔ ၾသစေတးလ်၊ နယူးဇီလန္ စသျဖင့္ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားအစ အာဆီယံတိုင္းျပည္မ်ားအလယ္၊ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ ပါ ကစၥတန္အဆုံး ႏိုင္ငံေပါင္း ၄ဝ ေက်ာ္ပါဝင္ေနပါတယ္။ အဲဒီေဒသႀကီးအတြင္း စစ္သေဘၤာမ်ားနဲ႔ ကင္းလွည့္ေနတဲ့ အေနာက္ႏိုင္ငံမ်ားအတြက္ ျပဳျပင္ထိန္းသိမ္းေရးကိစၥကို အခ်ိန္မီ ေဆာင္႐ြက္ႏိုင္ဖို႔အေရးဟာ အေတာ္ေငြကုန္ အခ်ိန္ေပး စီစဥ္ေနရပါတယ္။ ကုန္က်စရိတ္မ်ား ႀကီးျမင့္လာတဲ့အတြက္ အေမရိကန္စစ္သေဘၤာမ်ားဟာ ခုတ္ေမာင္းခ်ိန္ ေလ်ာ့ခ်ေနရပါတယ္။ အေမရိကန္ဟာ တ႐ုတ္ရဲ႕အေရအတြက္ တိုးပြားလာတဲ့ စစ္ေရယာဥ္စုမ်ားနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္မနည္းႀကိဴးစား ႐ုန္းကန္ေနရၿပီး ႐ုရွား အပါအဝင္ အျခားပင္လယ္ျပင္ ၿပိဳင္ဘက္တို႔နဲ႔ လည္း ရင္ဆိုင္ေနရတဲ့အတြက္ စိတ္မသက္သာစရာ အဖုအထစ္တစ္ခုျဖစ္ေနခဲ့ပါတယ္။

အေမရိကန္ဟာ တ႐ုတ္ရဲ႕လ်င္ျမန္စြာႀကီးထြားဖြံ႕ၿဖိဳးလာေနတဲ့ သေဘၤာတည္ေဆာက္မႈစြမ္းရည္မ်ားနဲ႔ ကိုက္ညီ ေစရန္ က်ားကုတ္က်ားခဲ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပုံကို ယခင္ေဖာ္ျပခဲ့ၿပီးပါၿပီ။ အသုံးမလိုေတာ့ဘူးလို႔ တစ္ခ်ိန္ က ယူဆထားခဲ့တဲ့ သေဘၤာက်င္းမ်ားကို ျပန္လည္အသက္သြင္းေရးအကူအညီေပးဖို႔ သူ႔ရဲ႕အာရွမဟာမိတ္မ်ား ျဖစ္တဲ့ ဂ်ပန္နဲ႔ေတာင္ကိုရီးယားတို႔အေပၚ ဖိအားေပးလ်က္ရွိပါတယ္။ အေမရိကန္ေရတပ္အေနနဲ႔ ဂ်ပန္ႏိုင္ငံအတြင္း ကိုယ္ပိုင္သေဘၤာက်င္းမ်ား အသုံးျပဳေရးကိုလည္း ေလ့လာေနၿပီး သူ႔ရဲ႕စစ္သေဘၤာမ်ားကို ထိန္းသိမ္းေရး၊ ျပင္ဆင္ေရးနဲ႔ အလုံးစုံစစ္ေဆးျပဳျပင္ဖို႔အတြက္ ေနရပ္ျပန္လည္ေခၚယူရျခင္းမ်ိဳးကို ေလ်ာ့ခ်ႏိုင္ဖို႔ အားထုတ္ေနပါ တယ္။ အဲဒီအစီအစဥ္ကို ေတာင္ကိုရီးယား၊ စင္ကာပူ နဲ႔ ဖိလစ္ပိုင္ႏိုင္ငံမ်ားအထိ က်ယ္ျပန႔္သြားဖြယ္ရွိေနပါတယ္။

ဒီျဖစ္ရပ္ဟာ ဘိုးဘိုးေအာင္ ဝလုံးလို အေတာမသတ္ အေရအတြက္ တိုးပြားလာေနတဲ့ တ႐ုတ္စစ္သေဘၤာမ်ားကို တန္ျပန္ရန္အတြက္ စိတ္တူသေဘာတူႏိုင္ငံမ်ား စုစည္းလာျခင္းကို အမွတ္အသားျပဳေနပါတယ္။ မလကၠာ ေရလက္ၾကား ဆည္ဝမွာ ဗ်ိဳင္းေစာင့္သလို အေနအထားရွိေနတဲ့ အိႏၵိယဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း အေနာက္ႏိုင္ငံမ်ားရဲ႕ စစ္ဆင္ေရးမ်ားကို က်ားကန္ေပးရာမွာ အေရးပါတဲ့ အခန္းက႑မွာ ပါဝင္လာပါတယ္။

စစ္ေအးကာလတစ္ေလွ်ာက္ စစ္ဘက္ပူးေပါင္းေဆာင္႐ြက္မႈမရွိသေလာက္ ခပ္ကင္းကင္းျဖစ္ခဲ့တဲ့ သူတို႔ရဲ႕ တစ္ခ်ိန္ က စစ္ေအးဝန္ထုပ္ဝန္ပိုးမ်ားကို အေမရိကန္ေရာ အိႏၵိယတို႔ပါ နိဂုံးခ်ဳပ္ ခဝါခ်လိုက္ၾကပါတယ္။ အေမရိကန္ ေရတပ္ စစ္သေဘၤာမ်ားနဲ႔ စစ္ေလယာဥ္မ်ားရဲ႕ ရိကၡာနဲ႔ေလာင္စာဆီျဖည့္တင္းေရး၊ ျပဳျပင္ထိန္းသိမ္းေရးမွာ အိႏၵိယ ဟာ အခ်က္အခ်ာက်တဲ့ စခန္းသစ္တစ္ခုျဖစ္လာပါတယ္။ အိႏၵိယႏိုင္ငံ ခ်န္ႏိုင္း (ယခင္ မဒရပ္) ၿမိဳ႕ရွိ “လားဆင္နဲ႔ ေတာ္ဘ႐ို (L&T) “သေဘၤာက်င္းႏွစ္ခုကို အေမရိကန္က သူရဲ႕စစ္သေဘၤာမ်ား လြန္းတင္ျပင္ဆင္ဖို႔အတြက္ ငါးႏွစ္ ၾကာ သေဘၤာက်င္းျပဳျပင္ေရးသေဘာတူညီခ်က္ (MSRA) ကို လက္မွတ္ေရးထိုးလိုက္ၾကတဲ့အထိ ႏွစ္ႏိုင္ငံ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈေျခလွမ္းမ်ားဟာ နယ္ပယ္က်ယ္ျပန႔္လာပါတယ္။

အတိတ္ကာလ ၁၇ ရာစု ဝိဇယနဂါအင္ပါယာအတြင္း တံငါ႐ြာေလးသာျဖစ္ခဲ့တဲ့ ခ်န္ႏိုင္းကို အပိုင္စားရရွိသူ စစ္ သူႀကီး “ဒါမာလာ_ခ်န္နာပါ_နာယတ္ကာ” ထံမွ ၿဗိတိသွ် အေရွ႕အိႏၵိယကုမၸဏီက ဝယ္ယူခဲ့ပါတယ္။ အဲဒီေနာက္ “မဒရပ္” ဆိပ္ကမ္းၿမိဳ႕အျဖစ္ ေျပာင္းလဲခဲ့ၿပီး အိႏၵိယႏိုင္ငံအတြင္း ၿဗိတိသွ်တို႔ရဲ႕ ပထမဆုံးခံတပ္ျဖစ္တဲ့ “ စိန႔္ေဂ်ာ့ဂ်္” ကို တည္ေဆာက္ခဲ့ပါတယ္။ အိႏၵိယတိုက္ငယ္မွာ ေတာင္ဘက္အက်ဆုံးျဖစ္တဲ့ တမီလ္နာဒူးျပည္နယ္ရွိ မဒရပ္ဟာ ကိုလိုနီေခတ္ ၿဗိတိသွ်အစိုးရရဲ႕ေဆာင္းရာသီ ႐ုံးစိုက္ရာျဖစ္ၿပီး ဘဂၤလားပင္လယ္ေအာ္ကိုအေပၚစီးမွ လွမ္းေမွ်ာ္ ၾကည့္ေနသေယာင္ရွိပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ေတာင္ဘက္တံခါးေပါက္အျဖစ္လည္း တင္စားျခင္း ခံရပါတယ္။
..
၁၉၄၇ ခုႏွစ္ အိႏၵိယႏိုင္ငံ လြတ္လပ္ေရး ရရွိၿပီးေနာက္ပိုင္း၊ တမီနာဒူးျပည္နယ္ ၿမိဳံေတာ္ျဖစ္လာၿပီး ၁၉၉၆ ခုႏွစ္မွာ မူလအမည္ ခ်န္ႏိုင္းအျဖစ္ ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။ ခ်န္ႏိုင္းအနီး ကတ္တူပါလီၿမိဳ႕ရွိ L&T သေဘၤာက်င္းဟာ အေမရိကန္ေရတပ္မေတာ္ အင္အားျဖည့္တင္းမႈနဲ႔ စစ္ဘက္ဆိုင္ရာသယ္ယူပို႔ေဆာင္ေရး ေရေၾကာင္းဌာနခ်ဳပ္ (MSC) လက္ေအာက္ရွိ စစ္သေဘၤာမ်ားျပဳျပင္မြန္းမံေရးကို ေဆာင္႐ြက္ေနၿပီး လက္ရွိအေမရိကန္ေရ တပ္သေဘၤာ မ်ားကို ျပဳျပင္ရန္အတြက္ အခ်က္အခ်ာေနရာတစ္ခုျဖစ္လာခဲ့ပါၿပီ။

သန႔္ရွင္းသပ္ယပ္ၿပီး ေဆးဝါးကုသမႈခံယူဖို႔ ျပည္ပခရီးသြားမ်ား အမ်ားဆုံးလာေရာက္ေလ့ရွိတဲ့အတြက္ “က်န္းမာ ေရးၿမိဳ႕ေတာ္” အျဖစ္ လူသိမ်ားတဲ့ ခ်န္ႏိုင္းနဲ႔ L&T သေဘၤာက်င္းရွိ ဆိပ္ကမ္းအေျခခံအေဆာက္အအုံႏွစ္ခုစလုံးဟာ သိပ္သည္းနက္နဲၿပီး လိုအပ္ခ်က္မ်ားျပားတဲ့ အေမရိကန္စစ္ေရယာဥ္မ်ားအတြက္ သေဘၤာျပဳျပင္ေရး ေနရာေကာင္းတစ္ခုပဲျဖစ္ပါတယ္။ ပထမဆုံး ျပဳျပင္ဖို႔ေရာက္ရွိလာတဲ့ အေမရိကန္ စစ္သေဘၤာကေတာ့ “ယူ အက္စ္အင္န္အက္စ္_ေဆလ္ဗာ” ျဖစ္ၿပီး ဧရာေအာက္ပိုင္း သံမဏိျပားမ်ား အသစ္လဲလွယ္ဖို႔ျဖစ္တယ္လို႔ ဆိုပါ တယ္။

အလားတူ L&T သေဘၤာက်င္းမွာ ေရာက္ရွိေနတာက ၿဗိတိသွ်ေရယာဥ္မ်ားပဲျဖစ္ပါတယ္။ လန္ဒန္ ကာကြယ္ေရး ဝန္ႀကီးဌာနလက္ေအာက္ခံ ေတာ္ဝင္ေရတပ္မေတာ္ အရန္ေရယာဥ္အုပ္စု (RFA) မွ အာရ္အက္ဖ္ေအ_အား ဂတ္စ္ နဲ႔ လိုင္းမ္ေဘးတို႔ျဖစ္ၿပီး လိုအပ္ခ်က္သလို လြန္းတင္ျပင္ဆင္မွာျဖစ္ေၾကာင္း သိရွိရပါတယ္။ ယခုအစီအစဥ္ဟာ ေတာ္ဝင္ေရတပ္သေဘၤာတစ္စင္းအေနနဲ႔ အိႏၵိယသေဘၤာက်င္းမွာ ပထမဆုံးအႀကိမ္ ျပဳျပင္ထိန္းသိမ္းမႈျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ ၿဗိတိန္နဲ႔ အိႏၵိယတို႔အၾကား ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာသေဘာတူညီခ်က္ရဲ႕ တိုက္႐ိုက္ရလဒ္ျဖစ္ပါ တယ္။

ျပဳျပင္ထိန္းသိမ္းမႈၿပီးဆုံးတဲ့အခါ လာေရာက္လည္ပတ္တဲ့သေဘၤာမ်ားဟာ ခ်န္ႏိုင္းကမ္းလြန္ ဘဂၤလားပင္လယ္ ေအာ္နဲ႔ အာေရဗ်ပင္လယ္တို႔မွာ ပထမဆုံးအႀကိမ္အျဖစ္ အိႏၵိယေရတပ္နဲ႔ပူးတြဲၿပီး ေရေၾကာင္းေလ့က်င့္မႈကို ျပဳလုပ္ ဖို႔ စီစဥ္ထားပါတယ္။

နယူးေဒလီကေတာ့ အေမရိကန္အေနနဲ႔ အိႏၵိယ-ပစိဖိတ္ေဒသမွာ တာဝန္ထမ္းေဆာင္ေနတဲ့ သူ႔ရဲ႕ေရတပ္ဆိုင္ ရာပိုင္ဆိုင္မႈမ်ားအတြက္ ဝါရွင္တန္က ေထာက္ပံ့ပို႔ေဆာင္ေရး ပံ့ပိုးမႈေပးရန္၊ အိႏၵိယရဲ႕အေျခခံအေဆာက္အ အုံမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ပံ့ပိုးကူညီမႈ တိုးခ်ဲ႕လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

၂၀၂၄ ခုႏွစ္ ဘ႑ာေရးႏွစ္အတြက္ ဘတ္ဂ်က္ခြင့္ျပဳေငြ အေမရိကန္ေဒၚလာ ၁၃.၉ ဘီလ်ံရရွိထားတဲ့ အေမရိ ကန္ေရတပ္ဟာ ျပဳျပင္မႈ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းရာမွာ အခက္အခဲနဲ႔ရင္ဆိုင္ေနရပါတယ္။ ေရတပ္မေတာ္ ရဲ႕ ပင္မေရျပင္သြား “အားလီ_ဘတ္ခ္” အတန္းအစား ပဲထိန္းဒုံးက်ည္တင္ဖ်က္သေဘၤာႀကီးဟာ ပုံမွန္ ျပဳျပင္ ထိန္းသိမ္းေရးအတြက္ ပ်မ္းမွ် ၂၆-ရက္ ေႏွာင့္ေႏွးခဲ့ေၾကာင္း အေမရိကန္စာရင္းစစ္႐ုံး အစိုးရ အစီရင္ခံစာ အရ သိရွိရပါတယ္။

လုပ္ငန္းလည္ပတ္မႈနဲ႔ ပံ့ပိုးမႈကုန္က်စရိတ္မ်ားဟာ သေဘၤာအတန္းအစား ၁၀ မ်ိဳးမွာ ေဒၚလာ ၂.၅ ဘီလ်ံခန႔္ တိုးျမင့္ လာၿပီး သြားလာခုတ္ေမာင္း (သို႔မဟုတ္) ေလ့က်င့္ေရးနာရီမ်ားအတြက္ ၂၀၂၁ ခုႏွစ္ ဘ႑ာေရးႏွစ္ ကုန္ဆုံးခ်ိန္မွာ ၁၀ ႏွစ္တာ ကာလအတြင္း အနိမ့္ဆုံးအဆင့္ထိ က်ဆင္းသြားပါတယ္။

အေမရိကန္ ေရျပင္သြားစစ္သေဘၤာမ်ား ျပဳျပင္ထိန္းသိမ္းမႈကို ပုဂၢလိက သေဘၤာက်င္းႏွစ္ခုျဖစ္တဲ့ “ဂ်င္နရယ္ ဒိုင္းနမစ္ အမ်ိဳးသား သံမဏိနဲ႔ သေဘၤာတည္ေဆာက္ေရးကုမၸဏီ” နဲ႔ “ဘီေအအီး_စစ္စတမ္သေဘၤာျပဳျပင္ေရး” တို႔က တာဝန္ယူေဆာင္႐ြက္ေပးေနျခင္းျဖစ္ပါတယ္။ အဲဒီကုမၸဏီႏွစ္ခုအနက္ တစ္ခုခုကသာ ႏႈတ္ထြက္ေၾကာင္း ဆုံးျဖတ္ခဲ့လွ်င္ အေမရိကန္ေရတပ္မေတာ္အေနနဲ႔ အျခားဝန္ေဆာင္မႈေပးသူမ်ားကို ရွာေဖြရမယ္ဆိုရင္ေတာင္ အခ်ိန္ လိုအပ္ေနပါတယ္။

အေမရိကန္ေရတပ္မေတာ္အေနနဲ႔ လုပ္သားရွားပါးမႈျပႆနာ ႀကဳံေတြ႕ေနရတဲ့ ျပည္တြင္း သေဘၤာက်င္းမ်ား အတြက္ ဝန္ထုပ္ဝန္ပိုးကို အတတ္ႏိုင္ဆုံး ေျဖေလွ်ာ့ေပးရပါလိမ့္မယ္။ ဒီအတြက္ ေဒသတြင္းခုတ္ေမာင္းသြား လာေနတဲ့ စစ္သေဘၤာေတြကို ေရတိုထိန္းသိမ္းမႈသာျပဳလုပ္ရတဲ့အထိ ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။

ဒီအတိုင္းဆိုလွ်င္ အနာဂတ္ကာလ အေမရိကန္ ဖ်က္သေဘၤာမ်ား၊ ကုန္းေရႏွစ္သြယ္သြား စစ္သေဘၤာမ်ားနဲ႔ အျခားသေဘၤာႀကီးမ်ားအထိ အဲဒီအစီအစဥ္မွာ အက်ဳံးဝင္သြားဖြယ္ရွိေနပါတယ္။ ေလယာဥ္တင္သေဘၤာမ်ားနဲ႔ ေရငုပ္သေဘၤာတို႔လို န်ဴကလီးယားစြမ္းအင္သုံးေရယာဥ္မ်ားအတြက္ကေတာ့ သီးျခားစဥ္းစားရပါလိမ့္မယ္။

အဲဒီ အားနည္းခ်က္ကို ျဖည့္ဆည္းဖို႔ ရွာေဖြေနခိုက္ တ႐ုတ္ရဲ႕ၿခိမ္းေျခာက္မႈေၾကာင့္ အိႏၵိယဟာ ေရေၾကာင္း ျပဳျပင္ ထိန္းသိမ္းေရး ဗဟိုခ်က္မအျဖစ္ အလိုလိုေပၚထြန္းလာသလို ျဖစ္သြားပါတယ္။ ေရွးယခင္ကတည္းက အိႏၵိယပညာရွင္ေတြဟာ အက္ဒမန္နဲ႔ နီကိုဘာကြၽန္းစုတို႔ကို ေဒသတြင္း အခ်က္အခ်ာက်ေနရာ တစ္ခုအျဖစ္ ေဖာ္ေဆာင္ရန္ အႀကံျပဳခဲ့ၾကပါတယ္။ ကြၽန္းစုေတြဟာ ေတာင္တ႐ုတ္ပင္လယ္မွာ အေရးပါ ဝင္ေပါက္ျဖစ္တဲ့ မလကၠာေရလက္ၾကားရဲ႕ ႏႈတ္ခမ္းဝမွာ တည္ရွိေနပါတယ္။ ကနဦး အေမရိကန္ဟာ “ေလာင္စာဆီျဖည့္ _အျမန္ ျပန္ထြက္ေရး” အတြက္ ကြၽန္းမ်ားကို အသုံးျပဳေနခဲ့ပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္ အိႏၵိယနဲ႔တ႐ုတ္တို႔အၾကား တင္းမာမႈ အထြတ္အထိပ္ေရာက္ရွိခ်ိန္ အေမရိကန္ ေရတပ္ တာေဝး ခရီး ေရငုပ္သေဘၤာတိုက္ဖ်က္ေရးစစ္နည္းဗ်ဴဟာနဲ႔ ေရေၾကာင္းေထာက္လွမ္းေရး “ပီ-အိတ္ ပိုဆိုက္ဒြန္” ေလ ယာဥ္ဟာ အိႏၵိယရဲ႕မဟာဗ်ဴဟာေျမာက္ အန္ဒမန္နဲ႔ နီကိုဘာ ကြၽန္းစုမ်ားမွာ အေသးစား ေလာင္စာဆီ ျဖည့္ တင္းျခင္းကို လုပ္ေဆာင္ခဲ့ၿပီး ခရီးဆက္လက္ထြက္ခြာသြားျခင္းနဲ႔ တိုက္ဆိုင္ေနခဲ့ဖူးပါတယ္။

၂၀၂၃ ခုႏွစ္ အေမရိကန္ေရတပ္သေဘၤာတစ္စီးဟာ လြန္းတင္ျပဳျပင္ေရးအတြက္ အိႏၵိယႏိုင္ငံအတြင္း ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီအလားအလာေတြကိုၾကည့္ၿပီး ဖိလစ္ပိုင္နဲ႔ စကၤာပူတို႔အျပင္ အျခားအာရွႏိုင္ငံေတြ မွာလည္း ျဖစ္ႏိုင္လိမ့္မယ္လို႔ အေမရိကန္က ေမွ်ာ္လင့္ေနပါတယ္။

ေထာက္ပံ့ပို႔ေဆာင္ေရးက႑မွာ စားနပ္ရိကၡာနဲ႔ ေသာက္ေရျဖည့္တင္းျခင္း၊ ေခတၱအနားယူျခင္း၊ သယ္ယူပို႔ေဆာင္ ျခင္း၊ အဝတ္အထည္ စက္ဆီ ေခ်ာဆီ အပါအဝင္ ေလာင္စာဆီျဖည့္တင္းျခင္း၊ ေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈ မ်ားရယူျခင္း၊ ျပဳျပင္ထိန္းသိမ္းျခင္း၊ ေလ့က်င့္ေရး၊ အပိုပစၥည္းနဲ႔ အစိတ္အပိုင္းမ်ား၊ အျခားေထာက္ပံ့ ပို႔ေဆာင္ေရး ဆိုင္ရာ ဝန္ေဆာင္မႈမ်ား ပါဝင္မွာျဖစ္ပါတယ္။

ကြၽန္းေပါင္း ၅၇၁ ကြၽန္းတည္ရွိေနတဲ့ အာရွပစိဖိတ္ေဒသႀကီးဟာ အေမရိကန္နဲ႔ အေနာက္အုပ္စုအတြက္ အိႏၵိယနည္းတူ “နစ္ျမႇဳပ္၍ မရေသာ ေလယာဥ္တင္သေဘၤာႀကီး” အျဖစ္ တင္စားႏိုင္ပါလိမ့္မယ္။ ႏိုင္ငံရဲ႕တစ္ခု တည္းေသာ လုပ္ငန္းလည္ပတ္မႈမွာ ပူးတြဲဝန္ေဆာင္ကြပ္ကဲမႈျဖစ္ၿပီး အဲဒီေနရာမွာ အေျခခံအေဆာက္အအုံတို႔ကို အဆင့္ျမႇင့္တင္ရန္ အစီအစဥ္မ်ား႐ိုေနပါတယ္။ ထို႔အျပင္ ပထဝီႏိုင္ငံေရး အေနအထားအရ အေမရိကန္အေနနဲ႔ အင္ဒို-ပစိဖိတ္ေဒသအတြင္း လက္လွမ္းမီမႈကိုလည္း တိုးျမင့္လာေစပါလိမ့္မယ္။

(Eurasia Times., 29 March 2024,” China Threat Makes India A Maritime Maintenance Centre; US, UK Warships Dock In Chennai For Faster Repairs” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.