နစကဥက္ကဋ္ဌပြောဆိုသော အပိုင်းလိုက်ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲမှာ ၂၀၂၅ ခုနှစ် အတွင်း ဖြစ်လာနိုင်ဟု နိုင်ငံရေးပါတီများ မျှော်လင့်

 477

မြူနစ် (NP News) - ဧပြီ ၃

ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရန်ရှိ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ ပြီး အဆိုပါရွေးကောက်ပွဲသည် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်ဟု နိုင်ငံရေးပါတီများက သုံးသပ်မျှော်လင့် နေလျက်ရှိကြသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ပြီးခဲ့သောရက်ပိုင်းအတွင်း၌ ရုရှားနိုင်ငံမှ သတင်းဌာန TASS နှင့်တွေ့ဆုံစဉ် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပရန်ရှိကြောင်း ထုတ်ဖော်ပြောဆို ခဲ့ခြင်းဖြစ်သည်။

"လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ တစ်ခုပြန်လည်ကျင်းပရေးကတော့ ကျွန်တော်တို့ရဲ့နောက်ဆုံးရည်မှန်းချက်ဖြစ်ပါတယ်၊ အရေးပေါ်ကာ လဆိုင်ရာပြဋ္ဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ရွေး ကောက်ပွဲ ကျွန်တော်တို့ ပြန်လုပ်မှာ ဖြစ်ပါတယ်၊ အဲဒီတော့ ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေ ပြီးလို့ရှိရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို ကျွန်တော်တို့က အာဏာပြန်လွှဲမယ်၊ ပြန်လွှဲပြီးတော့ အဲဒီရဲ့ဦးဆောင်မှုနဲ့  (၆) လအတွင်းမှာ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါ တယ်၊ အဲဒီတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိ ကထားလုပ်ရမှာ၊ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ် ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ်ပါမယ်၊ ပြည့် စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာ နဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့ အညီ ကျွန်တော် တို့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွား ဖို့ရှိပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

ထိုသို့ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပရန်ရှိကြောင်း ထုတ်ဖော်ပြောဆိုမှုအပေါ် နိုင်ငံရေးပါတီများကလည်း ကြိုဆိုလက်ခံမှုများရှိနေသည်ကို တွေ့ရသည်။

"ကြိုဆိုတယ်။ ဘာကြောင့်ကြိုဆိုလဲဆိုတော့ ဒီအတိုင်းကြီး သွားနေလို့မရဘူး။ ဘာကြောင့်လဲဆို တော့ နိုင်ငံတကာက လက်ရှိအစိုးရအပေါ်မှာ တရား မဝင်ဘူး အာဏာကို ရယူထားတာလို့ပဲ သဘောထား တာလေ။ အဲဒီတော့ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် မဲဆန္ဒပေးပြီးတော့ ရွေးကောက်ပွဲလုပ်ပြီးတော့ တက် လာတဲ့အစိုးရမဟုတ်မချင်း တရားဝင်ဖြစ်တာမှ မဟုတ်ပဲ။ တစ်ချိန်ချိန်မှာတော့ ရွေးကောက်ပွဲ ပြန် လုပ်ပေးရမှာပဲ။ ရွေးကောက်ပွဲကတော့ မြန်မြန်လုပ် လေ ကြိုက်လေပဲ ကျွန်တော်တို့က}ဟု ပြည်သူ့ရှေ့ဆောင်ပါတီယာယီဥက္ကဋ္ဌဦးမြင့်မောင်ထွန်းက NP News ကို ပြောသည်။

နိုင်ငံအတွင်း၌ ယခုကဲ့သို့ ပဋိပက္ခများ ရှုပ်ထွေး နေချိန်တွင် ရွေးကောက်ပွဲသည် နိုင်ငံရေးထွက် ပေါက်တစ်ရပ်ဖြစ်ပြီး လက်ရှိအခြေအနေ ရွေး ကောက်ပွဲကို အပိုင်းလိုက်ကျင်းပရန် စဉ်းစားခြင်းသည် လက်တွေ့ကျသည်ဟုလည်း အမျိုးသားဒီမိုက ရေစီပါတီသစ်ဒုဥက္ကဋ္ဌ ဦးခိုင်မင်းက NP News ကို သုံးသပ်ပြောကြားသည်။

"ရွေးကောက်ပွဲလုပ်မယ့်ဟာကို နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ကကြိုဆိုတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲက မြန်မြန်လုပ်နိုင်လေ ကောင်းလေပဲ။ ရွေးကောက်ပွဲက နိုင်ငံရေးထွက်ပေါက်တစ်ခုပဲလေ။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်မယ့် ကိစ္စကို ကြိုဆိုပါတယ်။ အပိုင်းလိုက်ပဲ လုပ်နိုင်နိုင်၊ အားလုံးပဲ လုပ်နိုင်နိုင်။ လက်ရှိအခြေအနေအရ အပိုင်းလိုက်လုပ်တာက ပိုတောင်လက်တွေ့ကျသေး တယ်။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲတစ်ရပ်က တိုင်းပြည်အတွက်လိုတယ်။ ဒီရွေးကောက်ပွဲသည် ယခုလို ရှုပ်ထွေးနေတဲ့အချိန်မှာ နိုင်ငံရေးထွက်ပေါက် တစ်ခုပဲ တိုင်းပြည်အတွက်"ဟု ဦးခိုင်မင်းက ပြောသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျင်းပပေးမည့် ရွေးကောက်ပွဲသည် လာမည့် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးပါတီများက သုံးသပ်မျှော်လင့်နေလျက်ရှိကြသည်။

"အားလုံးခန့်မှန်းကြတာတော့ ၂၀၂၅ ခုနှစ်လို့ မှန်းကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၄ အောက်တိုဘာမှာ တစ်နိုင်ငံလုံးသန်းခေါင်စာရင်းကောက်မယ်။ အဲဒီသန်း ခေါင်စာရင်းကိုအခြေခံပြီးတော့ မဲစာရင်းကို အတည် ပြုမယ်ဆိုပြီး အဲဒီလိုမျိုး ပြောထားတာလည်း ရှိတယ်။ အကြမ်းဖျင်းကတော့ ၂၀၂၅ ထဲမှာ ဖြစ်မယ်လို့ ထင် တာပဲ"ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဒုဥက္ကဋ္ဌ ဦးခိုင်မင်းက ပြောသည်။

အလားတူ ပြည်သူ့ရှေ့ဆောင်ပါတီယာယီ ဥက္ကဋ္ဌဦးမြင့်မောင်ထွန်းကလည်း "ကျွန်တော်တို့ကတော့ အစောဆုံးဖြစ်စေချင်တာ။ ဒီနှစ်ထဲမှာတော့ နိုဝင်ဘာ၊ ဒီဇင်ဘာလောက် ဖြစ်နိုင်မလားပေါ့။ ဘာ ကြောင့်လဲဆိုတော့ ဒါတွေက အကုန်လုံးပြင်ဆင်ပြီး သား။ မဲစာရင်းတစ်ခုပဲ နောက်ဆုံးကျန်တာ။ မဲစာရင်းလည်း ပြီးခဲ့တဲ့ကာလတွေမှာ တတ်နိုင်သလောက် သူတို့လုပ်ပြီးသား။ သန်းခေါင်စာရင်းကောက်ပြီးရင် တော့ အဲဒီကရလဒ်တွေနဲ့ပေါင်းစပ်ပြီးတော့ ပြန်ပြီး တော့ ပြုစုလိုက်ရင် သိပ်မကြာခင်မှာ မဲစာရင်းအမှန် တွေ ရရှိလာမယ်။ အဲဒါကြောင့် အစောဆုံးတော့ ဒီ နှစ်ထဲမှာလို့ မျှော်မှန်းတယ်။ တကယ်လို့များ ဒီနှစ်ထဲ မှာ မဖြစ်နိုင်ဘူးဆိုရင်လည်း နောင်နှစ် ၂၀၂၅ ရဲ့ ခြောက်လအတွင်းမှာ ဖြစ်နိုင်မယ်လို့ မျှော်လင့်တယ်"ဟု ဆိုသည်။

နစကအစိုးရက ပြန်လည်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့သော ပါတီပေါင်း (၇၀)နီးပါးအနက် လက်ရှိတွင် (၄၅)ပါတီ သည် မှတ်ပုံတင်ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။

zawgyi version
နစကဥကၠ႒ေျပာဆိုေသာ အပိုင္းလိုက္က်င္းပရန္ရွိသည့္ ေ႐ြးေကာက္ပြဲမွာ ၂၀၂၅ ခုႏွစ္ အတြင္း ျဖစ္လာႏိုင္ဟု ႏိုင္ငံေရးပါတီမ်ား ေမွ်ာ္လင့္
ျမဴနစ္ (NP News) - ဧၿပီ ၃

ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္က်င္းပရန္ရွိ ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုခဲ့ ၿပီး အဆိုပါေ႐ြးေကာက္ပြဲသည္ ၂၀၂၅ ခုႏွစ္အတြင္း ျဖစ္လာႏိုင္ဟု ႏိုင္ငံေရးပါတီမ်ားက သုံးသပ္ေမွ်ာ္လင့္ ေနလ်က္ရွိၾကသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း၌ ႐ုရွားႏိုင္ငံမွ သတင္းဌာန TASS ႏွင့္ေတြ႕ဆုံစဥ္ ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပရန္ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆို ခဲ့ျခင္းျဖစ္သည္။

"လြတ္လပ္ၿပီးတရားမွ်တမႈရွိတဲ့ ေ႐ြးေကာက္ပြဲ တစ္ခုျပန္လည္က်င္းပေရးကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ေနာက္ဆုံးရည္မွန္းခ်က္ျဖစ္ပါတယ္၊ အေရးေပၚကာ လဆိုင္ရာျပ႒ာန္းခ်က္ေတြ ၿပီးသြားၿပီဆိုတာနဲ႔ေ႐ြး ေကာက္ပြဲ ကြၽန္ေတာ္တို႔ ျပန္လုပ္မွာ ျဖစ္ပါတယ္၊ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ဒီအေရးေပၚကာလေတြ ၿပီးလို႔ရွိရင္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီကို ကြၽန္ေတာ္တို႔က အာဏာျပန္လႊဲမယ္၊ ျပန္လႊဲၿပီးေတာ့ အဲဒီရဲ႕ဦးေဆာင္မႈနဲ႔  (၆) လအတြင္းမွာ ကြၽန္ေတာ္တို႔ေ႐ြးေကာက္ပြဲ ျပန္လုပ္ရမွာျဖစ္ပါ တယ္၊ အဲဒီေတာ့ ဒီေ႐ြးေကာက္ပြဲလုပ္ႏိုင္ဖို႔ဆိုရင္ မဲစာရင္းမွန္ကန္ေရးကိုလည္း ကြၽန္ေတာ္တို႔က အဓိ ကထားလုပ္ရမွာ၊ မဲစာရင္းမွန္ကန္ေရးကလည္း ဒီႏွစ္ ထဲမွာ အတတ္ႏိုင္ဆုံး ကြၽန္ေတာ္တို႔လုပ္ပါမယ္၊ ျပည့္ စုံၿပီးလို႔ရွိရင္ တိုင္းျပည္တည္ၿငိမ္မႈေကာင္းၿပီဆိုတာ နဲ႔ လုပ္ႏိုင္တဲ့အပိုင္းလိုက္ေပါ့ တစ္ၿပိဳင္နက္တည္း မဟုတ္ေတာင္မွ လုပ္ႏိုင္တဲ့အပိုင္းလိုက္ကို ဥပေဒနဲ႔ အညီ ကြၽန္ေတာ္ တို႔ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပႏိုင္ေရးအတြက္ ေဆာင္႐ြက္သြား ဖို႔ရွိပါတယ္" ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာသည္။

ထိုသို႔ ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပရန္ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈအေပၚ ႏိုင္ငံေရးပါတီမ်ားကလည္း ႀကိဳဆိုလက္ခံမႈမ်ားရွိေနသည္ကို ေတြ႕ရသည္။

"ႀကိဳဆိုတယ္။ ဘာေၾကာင့္ႀကိဳဆိုလဲဆိုေတာ့ ဒီအတိုင္းႀကီး သြားေနလို႔မရဘူး။ ဘာေၾကာင့္လဲဆို ေတာ့ ႏိုင္ငံတကာက လက္ရွိအစိုးရအေပၚမွာ တရား မဝင္ဘူး အာဏာကို ရယူထားတာလို႔ပဲ သေဘာထား တာေလ။ အဲဒီေတာ့ ဘယ္လိုအေၾကာင္းပဲျဖစ္ျဖစ္ မဲဆႏၵေပးၿပီးေတာ့ ေ႐ြးေကာက္ပြဲလုပ္ၿပီးေတာ့ တက္ လာတဲ့အစိုးရမဟုတ္မခ်င္း တရားဝင္ျဖစ္တာမွ မဟုတ္ပဲ။ တစ္ခ်ိန္ခ်ိန္မွာေတာ့ ေ႐ြးေကာက္ပြဲ ျပန္ လုပ္ေပးရမွာပဲ။ ေ႐ြးေကာက္ပြဲကေတာ့ ျမန္ျမန္လုပ္ ေလ ႀကိဳက္ေလပဲ ကြၽန္ေတာ္တို႔က}ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီယာယီဥကၠ႒ဦးျမင့္ေမာင္ထြန္းက NP News ကို ေျပာသည္။

ႏိုင္ငံအတြင္း၌ ယခုကဲ့သို႔ ပဋိပကၡမ်ား ရႈပ္ေထြး ေနခ်ိန္တြင္ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံေရးထြက္ ေပါက္တစ္ရပ္ျဖစ္ၿပီး လက္ရွိအေျခအေန ေ႐ြး ေကာက္ပြဲကို အပိုင္းလိုက္က်င္းပရန္ စဥ္းစားျခင္းသည္ လက္ေတြ႕က်သည္ဟုလည္း အမ်ိဳးသားဒီမိုက ေရစီပါတီသစ္ဒုဥကၠ႒ ဦးခိုင္မင္းက NP News ကို သုံးသပ္ေျပာၾကားသည္။

"ေ႐ြးေကာက္ပြဲလုပ္မယ့္ဟာကို ႏိုင္ငံေရးပါတီ တစ္ရပ္အေနနဲ႔ကႀကိဳဆိုတယ္။ ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲက ျမန္ျမန္လုပ္ႏိုင္ေလ ေကာင္းေလပဲ။ ေ႐ြးေကာက္ပြဲက ႏိုင္ငံေရးထြက္ေပါက္တစ္ခုပဲေလ။ ဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲလုပ္မယ့္ ကိစၥကို ႀကိဳဆိုပါတယ္။ အပိုင္းလိုက္ပဲ လုပ္ႏိုင္ႏိုင္၊ အားလုံးပဲ လုပ္ႏိုင္ႏိုင္။ လက္ရွိအေျခအေနအရ အပိုင္းလိုက္လုပ္တာက ပိုေတာင္လက္ေတြ႕က်ေသး တယ္။ ဘာပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲတစ္ရပ္က တိုင္းျပည္အတြက္လိုတယ္။ ဒီေ႐ြးေကာက္ပြဲသည္ ယခုလို ရႈပ္ေထြးေနတဲ့အခ်ိန္မွာ ႏိုင္ငံေရးထြက္ေပါက္ တစ္ခုပဲ တိုင္းျပည္အတြက္"ဟု ဦးခိုင္မင္းက ေျပာသည္။

ထို႔ျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက က်င္းပေပးမည့္ ေ႐ြးေကာက္ပြဲသည္ လာမည့္ ၂၀၂၅ ခုႏွစ္အတြင္း ျဖစ္ႏိုင္ေၾကာင္းလည္း ႏိုင္ငံေရးပါတီမ်ားက သုံးသပ္ေမွ်ာ္လင့္ေနလ်က္ရွိၾကသည္။

"အားလုံးခန႔္မွန္းၾကတာေတာ့ ၂၀၂၅ ခုႏွစ္လို႔ မွန္းၾကတာပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ၂၀၂၄ ေအာက္တိုဘာမွာ တစ္ႏိုင္ငံလုံးသန္းေခါင္စာရင္းေကာက္မယ္။ အဲဒီသန္း ေခါင္စာရင္းကိုအေျခခံၿပီးေတာ့ မဲစာရင္းကို အတည္ ျပဳမယ္ဆိုၿပီး အဲဒီလိုမ်ိဳး ေျပာထားတာလည္း ရွိတယ္။ အၾကမ္းဖ်င္းကေတာ့ ၂၀၂၅ ထဲမွာ ျဖစ္မယ္လို႔ ထင္ တာပဲ"ဟု အမ်ိဳးသားဒီမိုကေရစီပါတီသစ္ ဒုဥကၠ႒ ဦးခိုင္မင္းက ေျပာသည္။

အလားတူ ျပည္သူ႔ေရွ႕ေဆာင္ပါတီယာယီ ဥကၠ႒ဦးျမင့္ေမာင္ထြန္းကလည္း "ကြၽန္ေတာ္တို႔ကေတာ့ အေစာဆုံးျဖစ္ေစခ်င္တာ။ ဒီႏွစ္ထဲမွာေတာ့ ႏိုဝင္ဘာ၊ ဒီဇင္ဘာေလာက္ ျဖစ္ႏိုင္မလားေပါ့။ ဘာ ေၾကာင့္လဲဆိုေတာ့ ဒါေတြက အကုန္လုံးျပင္ဆင္ၿပီး သား။ မဲစာရင္းတစ္ခုပဲ ေနာက္ဆုံးက်န္တာ။ မဲစာရင္းလည္း ၿပီးခဲ့တဲ့ကာလေတြမွာ တတ္ႏိုင္သေလာက္ သူတို႔လုပ္ၿပီးသား။ သန္းေခါင္စာရင္းေကာက္ၿပီးရင္ ေတာ့ အဲဒီကရလဒ္ေတြနဲ႔ေပါင္းစပ္ၿပီးေတာ့ ျပန္ၿပီး ေတာ့ ျပဳစုလိုက္ရင္ သိပ္မၾကာခင္မွာ မဲစာရင္းအမွန္ ေတြ ရရွိလာမယ္။ အဲဒါေၾကာင့္ အေစာဆုံးေတာ့ ဒီ ႏွစ္ထဲမွာလို႔ ေမွ်ာ္မွန္းတယ္။ တကယ္လို႔မ်ား ဒီႏွစ္ထဲ မွာ မျဖစ္ႏိုင္ဘူးဆိုရင္လည္း ေနာင္ႏွစ္ ၂၀၂၅ ရဲ႕ ေျခာက္လအတြင္းမွာ ျဖစ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္"ဟု ဆိုသည္။

နစကအစိုးရက ျပန္လည္ဖြဲ႕စည္းခဲ့ေသာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံတြင္ ႏိုင္ငံေရး ပါတီအျဖစ္ မွတ္ပုံတင္ေလွ်ာက္ထားခဲ့ေသာ ပါတီေပါင္း (၇၀)နီးပါးအနက္ လက္ရွိတြင္ (၄၅)ပါတီ သည္ မွတ္ပုံတင္ခြင့္ျပဳခ်က္ ရရွိထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.