အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ပြောဆိုဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ဟုဆို

 264

Pika(NP News) - ဧပြီ ၃

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ပြောဆိုဆွေးနွေးမှုများကို ဧပြီလ(၂)ရက်တွင် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ရှီကျင့်ဖျင် နှင့် ဂျိုးဘိုင်ဒန်တို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တွေ့ဆုံပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ရိုက်ပြောဆိုဆွေးနွေးမှုများကို ယခုကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် လာမည့်မေလတွင်ပြုလုပ်မည့် ထိုင်ဝမ်သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ တင်းမာမှုမြင့်တက်လာခြင်းကို ရှောင်ရှားနိုင်ရန် ဂျိုးဘိုင်ဒန်က မျှော်လင့်နေကြောင်းလည်းသိရသည်။ ဂျိုးဘိုင်ဒန်သည် တရုတ်တစ်ပြည်တည်းမူဝါဒကို အမေရိကန်၏ထောက်ခံမှုများနှင့် ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့၏ အရေးပါမှုကို ထပ်မံအတည်ပြုလိမ့်မည်ဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုမတိုင်ခင် အမေရိကန်အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် ရှီကျင့်ဖျင်နှင့် ဂျိုးဘိုင်ဒန်တို့သည် နှစ်နိုင်ငံကြား စစ်ရေးအရ တိုက်ရိုက်ဆက်သွယ်မှုများကို ပြန်လည်ဖွင့်လှစ်ရန် နှင့် fentanyl မူးယစ်ဆေးဝါးထုတ်လုပ် မှုများကို တားဆီးရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ ရှီကျင့်ဖျင်နှင့်ဂျိုးဘိုင်ဒန်တို့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လကတည်းက ဖုန်းပြောဆိုခြင်းမျိုး မရှိခဲ့ကြကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လုပ်ဆောင်ခဲ့သော တွေ့ဆုံမှုအပြီးတွင် ဂျိုးဘိုင်ဒန်က ရှီကျင့်ဖျင်သည် အာဏာရှင်တစ်ဦးဖြစ်သည်ဆိုသည့် ၎င်း၏အမြင်မှာ မပြောင်းလဲကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ တရုတ်အစိုးရသည် ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့သည်။ သို့သော်လည်း တရုတ်အစိုးရ၏ပြောဆိုချက်များကို ထိုင်ဝမ်အစိုးရက ငြင်းဆန်ပယ်ချခဲ့ပြီး ပြည်သူများကသာ ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်နိုင်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။

zawgyi version
အေမရိကန္သမၼတႏွင့္ တ႐ုတ္သမၼတတို႔ ယခုႏွစ္အတြင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ေျပာဆိုေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္ခဲ့ဟုဆို
Pika(NP News) - ဧၿပီ ၃

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ႏွင့္ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔သည္ ယခုႏွစ္အတြင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ေျပာဆိုေဆြးေႏြးမႈမ်ားကို ဧၿပီလ(၂)ရက္တြင္ လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

ရွီက်င့္ဖ်င္ ႏွင့္ ဂ်ိဳးဘိုင္ဒန္တို႔သည္ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလတြင္ ေတြ႕ဆုံၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ေျပာဆိုေဆြးေႏြးမႈမ်ားကို ယခုကဲ့သို႔လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ထို႔ျပင္ လာမည့္ေမလတြင္ျပဳလုပ္မည့္ ထိုင္ဝမ္သမၼတ၏ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္မီ တင္းမာမႈျမင့္တက္လာျခင္းကို ေရွာင္ရွားႏိုင္ရန္ ဂ်ိဳးဘိုင္ဒန္က ေမွ်ာ္လင့္ေနေၾကာင္းလည္းသိရသည္။ ဂ်ိဳးဘိုင္ဒန္သည္ တ႐ုတ္တစ္ျပည္တည္းမူဝါဒကို အေမရိကန္၏ေထာက္ခံမႈမ်ားႏွင့္ ထိုင္ဝမ္ေရလက္ၾကားတြင္ ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးတို႔၏ အေရးပါမႈကို ထပ္မံအတည္ျပဳလိမ့္မည္ျဖစ္ေၾကာင္း ဖုန္းေခၚဆိုမႈမတိုင္ခင္ အေမရိကန္အႀကီးတန္းအုပ္ခ်ဳပ္ေရးအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ႏိုဝင္ဘာလတြင္ ရွီက်င့္ဖ်င္ႏွင့္ ဂ်ိဳးဘိုင္ဒန္တို႔သည္ ႏွစ္ႏိုင္ငံၾကား စစ္ေရးအရ တိုက္႐ိုက္ဆက္သြယ္မႈမ်ားကို ျပန္လည္ဖြင့္လွစ္ရန္ ႏွင့္ fentanyl မူးယစ္ေဆးဝါးထုတ္လုပ္ မႈမ်ားကို တားဆီးရန္အတြက္ ပူးေပါင္းေဆာင္႐ြက္ရန္ သေဘာတူညီခဲ့ၾကသည္။ ရွီက်င့္ဖ်င္ႏွင့္ဂ်ိဳးဘိုင္ဒန္တို႔သည္ ၂၀၂၂ ခုႏွစ္ ဇူလိုင္လကတည္းက ဖုန္းေျပာဆိုျခင္းမ်ိဳး မရွိခဲ့ၾကေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလက လုပ္ေဆာင္ခဲ့ေသာ ေတြ႕ဆုံမႈအၿပီးတြင္ ဂ်ိဳးဘိုင္ဒန္က ရွီက်င့္ဖ်င္သည္ အာဏာရွင္တစ္ဦးျဖစ္သည္ဆိုသည့္ ၎၏အျမင္မွာ မေျပာင္းလဲေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ တ႐ုတ္အစိုးရသည္ ထိုင္ဝမ္ကို ၎၏ ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းေရးအတြက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း တ႐ုတ္အစိုးရ၏ေျပာဆိုခ်က္မ်ားကို ထိုင္ဝမ္အစိုးရက ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ျပည္သူမ်ားကသာ ၎တို႔၏အနာဂတ္ကို ဆုံးျဖတ္ႏိုင္ေၾကာင္း ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.