ရုံတင်ပြသခွင့်ရရန် စောင့်ဆိုင်းနေသည့် ဇာတ်ကားပေါင်း (၂၅၀)ထက်မနည်းရှိနေသော်လည်း ဝန်ကြီးဌာနက ဝင်ကူရန်ခက်သည်အထိ ရုပ်ရှင်လောက ရုံတင်စနစ် ရှုပ်ထွေးနေ

 1263

အေဝိုင်အီး (NP News) - ဧပြီ ၅

ရုပ်ရှင်ရုံများတွင် ရုံတင်ပြသခွင့်ရရှိရန် ဆယ်စုနှစ်နီးပါးအထိစောင့်ဆိုင်းနေသော ဇာတ်ကားပေါင်း (၂၅၀)ထက် မနည်းရှိနေပြီး ရုံတင်ပြသခွင့်ကို လူတစ်စုက လိုသလိုခြယ်လှယ်နေသည့်ဖြစ်ရပ်များအပေါ် မျှမျှတတဖြစ်စေရန် စီစဉ်ပေးနိုင်မည့်သူ မပေါ်ပေါက်ဘဲဖြစ်နေကြောင်း ရုပ်ရှင်လောကမှ သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရုပ်ရှင်ဇာတ်ကားများ ရုံတင်စနစ်မှာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ စီမံခန့်ခွဲမှု အောက်တွင်ရှိမနေဘဲ လူတစ်စု၏ လိုသလို စီမံခန့်ခွဲနိုင်သော စနစ်အောက်တွင်သာရှိနေပြီး ပင်စည်ထက် ကိုင်းဖျား ကိုင်းနားက ပိုကြီးနေသော သဘောမျိုးဖြစ်ကြောင်း ရုပ်ရှင်လောကသားအချို့က ဝေဖန်ထောက်ပြလာသည်။

“ရုံတင်စနစ်ကို လူတစ်စုကပဲ လိုသလို စီမံခန့်ခွဲနေတာ။ ပြသခွင့်ရဖို့စောင့်ဆိုင်းနေရတဲ့ ဇာတ်ကားပေါင်း (၂၅၀) ထက်မနည်းရှိတယ်။ အဲဒီအထဲက အဆင့်မမီလို့ ဖယ်မယ်ဆိုရင် တောင်ရာဂဏန်းလောက် ကျန်ဦးမယ်။ အဲဒီအထဲ က တချို့ဇာတ်ကားတွေက ရိုက်ထားတာ (၁၀)နှစ်လောက်ရှိတယ်။ အဲဒီလိုဇာတ်ကားတွေကိုကျော်ပြီး မနေ့ တစ်နေ့ကမှ ရိုက်တဲ့ဇာတ်ကားတွေက ရုံတင်ခွင့်ရရုံတင်မဟုတ်ဘူး အဆိုတော်နေဝင်းဆိုရင် အကယ်ဒမီတောင် ရသွားသေးတယ်’’ ဟု ရုပ်ရှင်လောကသားတစ်ဦးက NP News ကို ပြောသည်။
ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ဒါရိုက်တာ ပြည်ဟိန်းသီဟကလည်း အလားတူဖြစ်စဉ်များကို ယူကျု့မှ တစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းရုပ်သံထဲ၌ ဘိုဆန်းနှင့် ဦးဇော်မင်းဟူသော နာမည်များကို ထည့်သွင်း ပြောကြားထားသည်။ သို့သော်လည်း အဆိုပါရုပ်သံကို နှစ်ရက်ခန့်အကြာတွင် ယူကျုပေါ်မှ ပြန်လည်ဖြုတ်ချခဲ့ပြီး အခြားသောအစားထိုး ရုပ်သံတစ်ခုဖြင့် ပြန်လည်ပြောကြားထားသည်ကို အံ့အားသင့်ဖွယ်တွေ့ရပြန်သည်။ ပြည်ဟိန်းသီဟက မြန်မာနိုင်ငံမှ ထွက်မပြေးမီကာလ၌ ရိုက်ကူးပေးခဲ့သော ဇာတ်ကားပေါင်း(၁၀)ကား ထက်မနည်းရှိနေပြီး အဆိုပါဇာတ်ကားများအတွက် ထုတ်လုပ်သူများက ခေါင်းကိုက်နေကြကြောင်းလည်း ပြန်လည်ကြားသိရသည်။

အထူးသဖြင့် ပြည်ဟိန်းသီဟကို နစက အစိုးရက ၅၀၅ ထုတ်မည်ဟု သတင်းများ ထွက်ပေါ်ထားသည့်အတွက် ၄င်းရိုက်ကူးခဲ့သောဇာတ်ကားများကို ရုံတင်ပြသရန်မှာ အခက်အခဲရှိနေသည့် သဘောမျိုးလည်းဖြစ်သည်။ ‘‘ထုတ်လုပ်သူတွေ ခေါင်းခဲနေတာပေါ့။ သူရိုက်သွားတာက သိန်းပေါင်း သုံးလေးသောင်းဖိုးမကဘူးလေ။ ပြခွင့်ပေးရ မလား၊ မပေးရဘူးလားဆိုတာ သက်ဆိုင်သူတွေ စဉ်းစားရကျပ်ကုန်ပြီ” ဟု ရုပ်ရှင်လောကသားတစ်ဦးက ပြော သည်။
ရုပ်ရှင်ရုံတင်ခွင့်ဇာတ်ကားများကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းမှုတွင် ဝန်ကြီးဌာနကိုပါ ရုံပိုင်ရှင်များက ပြန်ချည်သည့်သဘောမျိုး တင်ပြချက်များရှိသည်ဟု ဆိုသည်။ အထူးသဖြင့် ရုပ်ရှင်ကားတစ်ကားကို ရုံတင်ပြသမည်ဆိုပါက လျှပ်စစ်မီး မမှန်ခြင်းကြောင့် မီးစက်မဖြစ်မနေမောင်းရမည်ဖြစ်ကြောင်း၊ မီးစက်မောင်း၍ ပြသသောဇာတ်ကားကို ကြည့်ရှုသူမရှိပါက ရုံပိုင်ရှင် အရှုံးဖြင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ရှုံးပါက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မည်ကဲ့သို့တာဝန်ယူပေးနိုင် မည်နည်းဆိုသော သဘောမျိုးအထိ ပြန်ချည်ခဲ့ခြင်းမျိုးဟု ကြားသိရသည်။

‘‘မီးစက်မောင်းလို့ ကုန်ကျတဲ့ စာရွက်ကြီး ယူလာပြတယ်ဗျာ။ ဒီတော့ဝန်ကြီးဌာနကလည်း လျှပ်စစ်မီးကိစ္စနဲ့ ပြန်အချည်ခံရသလို ဖြစ်နေပြန်ရော’’ ဟု ဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။ ရုံတင်ပြသခွင့်ရရှိရန် စောင့်ဆိုင်းနေရသော ဇာတ်ကားပေါင်း(၂၅၀)ထက် မနည်းတွင်လည်း အချို့သော ဇာတ်ကားများမှာ ဗီဒီယိုဇာတ်ကား ဆန်ဆန် ရိုက်ကူးထားသည့်အပြင် ရုံတင်ပြသရန် အသံဖြစ်စေ၊ ရုပ်ပိုင်းဖြစ်စေ အရည်အသွေးမမီသည့် ဇာတ်ကားများ ပါဝင်နေကြောင်းလည်း ကြားသိရသည်။ သို့သော်လည်း ဝန်ကြီးဌာန အနေဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ ရုံပိုင်ရှင်နှင့် ဇာတ်ကားပိုင်ရှင် ထုတ်လုပ်သူများအကြား စေ့စပ်ညှိနှိုင်းပေးရန် ပြင်ဆင်ထားကြောင်းဆိုသည်။ “မှားနေတာက ရုံတင်စနစ်ပဲ။ ကျွန်တော်တို့ အဘိုးတွေခေတ်က တစ်နှစ်ကို ကားတစ်ကား ရုံတင်ခွင့်ချပေးတယ်။ ဖလင်တွေ ထုတ်ပေးတယ်။ ရုပ်ရှင်ကားတစ်ကားမှာ မင်းသား အားနည်း တယ်၊ မင်းသမီး အားနည်း တယ်ဆိုတာတွေက ရုံရှင်က ဆုံးဖြတ်ပေးရတာ မဟုတ်ဘူး။ ပရိသတ်က ဆုံးဖြတ်ပေး ရတာ။ ပရိသတ်က မကြိုက်လို့ မကြည့်ဘူးဆိုရင် ထုတ်လုပ်ရေးက နားလည်ပေးတယ်။ အဓိကက ရုံတင်ခွင့်အထိကို မရခဲ့တာ။ လူစွဲတွေ ပုဂ္ဂိုလ်စွဲတွေနဲ့ ဝေစားမျှစားနဲ့ ခွဲစားခဲ့ကြလို့ ဒီလိုတွေဖြစ်ကုန်တာ” ဟု ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောသည်။

ရုံတင်ရက်များနှင့်ပတ်သက်၍ တစ်နှစ်လျှင် (၅၂)ပတ်သာရှိသည့်အတွက် အမှန်တကယ် ရိုက်ကူးသင့်သော ဇာတ်ကားအရေအတွက်မှာလည်း ဇာတ်ကားပေါင်း(၅၀)ထက် ပိုမများသင့်ကြောင်း၊ အချို့သောထုတ်လုပ်ရေးများ မှာ မည်သည့်နေရာမှ ရရှိ ထားသည် မဖော်ပြနိုင်သော ငွေကြေးများဖြင့် ရုပ်ရှင်လောကထဲ၌ ဇာတ်ကားများစွာကို ရိုက်ကူး၍ ရုံတင်ခွင့်၊ အကယ်ဒမီ တန်းဝင်ခွင့်၊ အကယ်ဒမီဆုတစ်ခုခု ရရှိခွင့်အတွက် မျှော်လင့်နေကြကြောင်းလည်း ကြားသိရသည်။ သို့သော် လွန်ခဲ့သော(၁၀)နှစ်ခန့်က တည်းက ရိုက်ကူးထားသည့် ဇာတ်ကားများ၏အလှည့် ရောက်၊ မရောက်မသေချာသော်လည်း လူပုဂ္ဂိုလ်အချို့၏ ဇာတ်ကားများမှာ လပိုင်း အတွင်း ရိုက်ပြီးနောက် လပိုင်းအတွင်းမှာပင် ရုံတင်ခွင့်ရရှိနေသည်ကို သိသိသာသာ မြင်တွေ့နေရသည်။

Zawgyi Version;
႐ုံတင္ျပသခြင့္ရရန္ ေစာင့္ဆိုင္းေနသည့္ ဇာတ္ကားေပါင္း (၂၅၀)ထက္မနည္းရွိေနေသာ္လည္း ဝန္ႀကီးဌာနက ဝင္ကူရန္ခက္သည္အထိ ႐ုပ္ရွင္ေလာက ႐ုံတင္စနစ္ ရႈပ္ေထြးေန
ေအဝိုင္အီး (NP News) - ဧၿပီ ၅

႐ုပ္ရွင္႐ုံမ်ားတြင္ ႐ုံတင္ျပသခြင့္ရရွိရန္ ဆယ္စုႏွစ္နီးပါးအထိေစာင့္ဆိုင္းေနေသာ ဇာတ္ကားေပါင္း (၂၅၀)ထက္ မနည္းရွိေနၿပီး ႐ုံတင္ျပသခြင့္ကို လူတစ္စုက လိုသလိုျခယ္လွယ္ေနသည့္ျဖစ္ရပ္မ်ားအေပၚ မွ်မွ်တတျဖစ္ေစရန္ စီစဥ္ေပးႏိုင္မည့္သူ မေပၚေပါက္ဘဲျဖစ္ေနေၾကာင္း ႐ုပ္ရွင္ေလာကမွ သတင္းရရွိသည္။

ျမန္မာႏိုင္ငံ၏ ႐ုပ္ရွင္ဇာတ္ကားမ်ား ႐ုံတင္စနစ္မွာ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျမန္မာ့႐ုပ္ရွင္လုပ္ငန္း၏ စီမံခန႔္ခြဲမႈ ေအာက္တြင္ရွိမေနဘဲ လူတစ္စု၏ လိုသလို စီမံခန႔္ခြဲႏိုင္ေသာ စနစ္ေအာက္တြင္သာရွိေနၿပီး ပင္စည္ထက္ ကိုင္းဖ်ား ကိုင္းနားက ပိုႀကီးေနေသာ သေဘာမ်ိဳးျဖစ္ေၾကာင္း ႐ုပ္ရွင္ေလာကသားအခ်ိဳ႕က ေဝဖန္ေထာက္ျပလာသည္။

“႐ုံတင္စနစ္ကို လူတစ္စုကပဲ လိုသလို စီမံခန႔္ခြဲေနတာ။ ျပသခြင့္ရဖို႔ေစာင့္ဆိုင္းေနရတဲ့ ဇာတ္ကားေပါင္း (၂၅၀) ထက္မနည္းရွိတယ္။ အဲဒီအထဲက အဆင့္မမီလို႔ ဖယ္မယ္ဆိုရင္ ေတာင္ရာဂဏန္းေလာက္ က်န္ဦးမယ္။ အဲဒီအထဲ က တခ်ိဳ႕ဇာတ္ကားေတြက ႐ိုက္ထားတာ (၁၀)ႏွစ္ေလာက္ရွိတယ္။ အဲဒီလိုဇာတ္ကားေတြကိုေက်ာ္ၿပီး မေန႔ တစ္ေန႔ကမွ ႐ိုက္တဲ့ဇာတ္ကားေတြက ႐ုံတင္ခြင့္ရ႐ုံတင္မဟုတ္ဘူး အဆိုေတာ္ေနဝင္းဆိုရင္ အကယ္ဒမီေတာင္ ရသြားေသးတယ္’’ ဟု ႐ုပ္ရွင္ေလာကသားတစ္ဦးက NP News ကို ေျပာသည္။
ျပည္ပသို႔ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ေသာ ဒါ႐ိုက္တာ ျပည္ဟိန္းသီဟကလည္း အလားတူျဖစ္စဥ္မ်ားကို ယူက်ဳ႕မွ တစ္ဆင့္ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ယင္း႐ုပ္သံထဲ၌ ဘိုဆန္းႏွင့္ ဦးေဇာ္မင္းဟူေသာ နာမည္မ်ားကို ထည့္သြင္း ေျပာၾကားထားသည္။ သို႔ေသာ္လည္း အဆိုပါ႐ုပ္သံကို ႏွစ္ရက္ခန႔္အၾကာတြင္ ယူက်ဳေပၚမွ ျပန္လည္ျဖဳတ္ခ်ခဲ့ၿပီး အျခားေသာအစားထိုး ႐ုပ္သံတစ္ခုျဖင့္ ျပန္လည္ေျပာၾကားထားသည္ကို အံ့အားသင့္ဖြယ္ေတြ႕ရျပန္သည္။ ျပည္ဟိန္းသီဟက ျမန္မာႏိုင္ငံမွ ထြက္မေျပးမီကာလ၌ ႐ိုက္ကူးေပးခဲ့ေသာ ဇာတ္ကားေပါင္း(၁၀)ကား ထက္မနည္းရွိေနၿပီး အဆိုပါဇာတ္ကားမ်ားအတြက္ ထုတ္လုပ္သူမ်ားက ေခါင္းကိုက္ေနၾကေၾကာင္းလည္း ျပန္လည္ၾကားသိရသည္။

အထူးသျဖင့္ ျပည္ဟိန္းသီဟကို နစက အစိုးရက ၅၀၅ ထုတ္မည္ဟု သတင္းမ်ား ထြက္ေပၚထားသည့္အတြက္ ၄င္း႐ိုက္ကူးခဲ့ေသာဇာတ္ကားမ်ားကို ႐ုံတင္ျပသရန္မွာ အခက္အခဲရွိေနသည့္ သေဘာမ်ိဳးလည္းျဖစ္သည္။ ‘‘ထုတ္လုပ္သူေတြ ေခါင္းခဲေနတာေပါ့။ သူ႐ိုက္သြားတာက သိန္းေပါင္း သုံးေလးေသာင္းဖိုးမကဘူးေလ။ ျပခြင့္ေပးရ မလား၊ မေပးရဘူးလားဆိုတာ သက္ဆိုင္သူေတြ စဥ္းစားရက်ပ္ကုန္ၿပီ” ဟု ႐ုပ္ရွင္ေလာကသားတစ္ဦးက ေျပာ သည္။
႐ုပ္ရွင္႐ုံတင္ခြင့္ဇာတ္ကားမ်ားကိစၥႏွင့္ပတ္သက္၍ ျပန္ၾကားေရးဝန္ႀကီးဌာနဘက္မွ တာဝန္ရွိသူတစ္ဦးထံ ဆက္သြယ္ေမးျမန္းမႈတြင္ ဝန္ႀကီးဌာနကိုပါ ႐ုံပိုင္ရွင္မ်ားက ျပန္ခ်ည္သည့္သေဘာမ်ိဳး တင္ျပခ်က္မ်ားရွိသည္ဟု ဆိုသည္။ အထူးသျဖင့္ ႐ုပ္ရွင္ကားတစ္ကားကို ႐ုံတင္ျပသမည္ဆိုပါက လွ်ပ္စစ္မီး မမွန္ျခင္းေၾကာင့္ မီးစက္မျဖစ္မေနေမာင္းရမည္ျဖစ္ေၾကာင္း၊ မီးစက္ေမာင္း၍ ျပသေသာဇာတ္ကားကို ၾကည့္ရႈသူမရွိပါက ႐ုံပိုင္ရွင္ အရႈံးျဖင့္ရင္ဆိုင္ရမည္ျဖစ္ၿပီး ယင္းကဲ့သို႔ရႈံးပါက ျပန္ၾကားေရးဝန္ႀကီးဌာန အေနျဖင့္ မည္ကဲ့သို႔တာဝန္ယူေပးႏိုင္ မည္နည္းဆိုေသာ သေဘာမ်ိဳးအထိ ျပန္ခ်ည္ခဲ့ျခင္းမ်ိဳးဟု ၾကားသိရသည္။

‘‘မီးစက္ေမာင္းလို႔ ကုန္က်တဲ့ စာ႐ြက္ႀကီး ယူလာျပတယ္ဗ်ာ။ ဒီေတာ့ဝန္ႀကီးဌာနကလည္း လွ်ပ္စစ္မီးကိစၥနဲ႔ ျပန္အခ်ည္ခံရသလို ျဖစ္ေနျပန္ေရာ’’ ဟု ဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။ ႐ုံတင္ျပသခြင့္ရရွိရန္ ေစာင့္ဆိုင္းေနရေသာ ဇာတ္ကားေပါင္း(၂၅၀)ထက္ မနည္းတြင္လည္း အခ်ိဳ႕ေသာ ဇာတ္ကားမ်ားမွာ ဗီဒီယိုဇာတ္ကား ဆန္ဆန္ ႐ိုက္ကူးထားသည့္အျပင္ ႐ုံတင္ျပသရန္ အသံျဖစ္ေစ၊ ႐ုပ္ပိုင္းျဖစ္ေစ အရည္အေသြးမမီသည့္ ဇာတ္ကားမ်ား ပါဝင္ေနေၾကာင္းလည္း ၾကားသိရသည္။ သို႔ေသာ္လည္း ဝန္ႀကီးဌာန အေနျဖင့္ တတ္ႏိုင္သည့္ဘက္မွေန၍ ႐ုံပိုင္ရွင္ႏွင့္ ဇာတ္ကားပိုင္ရွင္ ထုတ္လုပ္သူမ်ားအၾကား ေစ့စပ္ညႇိႏႈိင္းေပးရန္ ျပင္ဆင္ထားေၾကာင္းဆိုသည္။ “မွားေနတာက ႐ုံတင္စနစ္ပဲ။ ကြၽန္ေတာ္တို႔ အဘိုးေတြေခတ္က တစ္ႏွစ္ကို ကားတစ္ကား ႐ုံတင္ခြင့္ခ်ေပးတယ္။ ဖလင္ေတြ ထုတ္ေပးတယ္။ ႐ုပ္ရွင္ကားတစ္ကားမွာ မင္းသား အားနည္း တယ္၊ မင္းသမီး အားနည္း တယ္ဆိုတာေတြက ႐ုံရွင္က ဆုံးျဖတ္ေပးရတာ မဟုတ္ဘူး။ ပရိသတ္က ဆုံးျဖတ္ေပး ရတာ။ ပရိသတ္က မႀကိဳက္လို႔ မၾကည့္ဘူးဆိုရင္ ထုတ္လုပ္ေရးက နားလည္ေပးတယ္။ အဓိကက ႐ုံတင္ခြင့္အထိကို မရခဲ့တာ။ လူစြဲေတြ ပုဂၢိဳလ္စြဲေတြနဲ႔ ေဝစားမွ်စားနဲ႔ ခြဲစားခဲ့ၾကလို႔ ဒီလိုေတြျဖစ္ကုန္တာ” ဟု ဒါ႐ိုက္တာ ျပည္ဟိန္းသီဟက ေျပာသည္။

႐ုံတင္ရက္မ်ားႏွင့္ပတ္သက္၍ တစ္ႏွစ္လွ်င္ (၅၂)ပတ္သာရွိသည့္အတြက္ အမွန္တကယ္ ႐ိုက္ကူးသင့္ေသာ ဇာတ္ကားအေရအတြက္မွာလည္း ဇာတ္ကားေပါင္း(၅၀)ထက္ ပိုမမ်ားသင့္ေၾကာင္း၊ အခ်ိဳ႕ေသာထုတ္လုပ္ေရးမ်ား မွာ မည္သည့္ေနရာမွ ရရွိ ထားသည္ မေဖာ္ျပႏိုင္ေသာ ေငြေၾကးမ်ားျဖင့္ ႐ုပ္ရွင္ေလာကထဲ၌ ဇာတ္ကားမ်ားစြာကို ႐ိုက္ကူး၍ ႐ုံတင္ခြင့္၊ အကယ္ဒမီ တန္းဝင္ခြင့္၊ အကယ္ဒမီဆုတစ္ခုခု ရရွိခြင့္အတြက္ ေမွ်ာ္လင့္ေနၾကေၾကာင္းလည္း ၾကားသိရသည္။ သို႔ေသာ္ လြန္ခဲ့ေသာ(၁၀)ႏွစ္ခန႔္က တည္းက ႐ိုက္ကူးထားသည့္ ဇာတ္ကားမ်ား၏အလွည့္ ေရာက္၊ မေရာက္မေသခ်ာေသာ္လည္း လူပုဂၢိဳလ္အခ်ိဳ႕၏ ဇာတ္ကားမ်ားမွာ လပိုင္း အတြင္း ႐ိုက္ၿပီးေနာက္ လပိုင္းအတြင္းမွာပင္ ႐ုံတင္ခြင့္ရရွိေနသည္ကို သိသိသာသာ ျမင္ေတြ႕ေနရသည္။

Related news

© 2021. All rights reserved.