ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေအကြောင်း တစေ့တစောင်း (ဘာသာပြန်ဆောင်းပါး)

 834

ALynn (NP News) - ဧပြီ ၅

မကြာသေးမီကာလအတွင်းကပင် ဟောင်ကောင်အစိုးရသည် ပြည်သူ့လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေတစ်ခုကို စတင်ကျင့်သုံးဖို့ကြိုးပမ်းလာသည်ကို တွေ့ရသည်။

အစိုးရက ဟောင်ကောင်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပုဒ်မ ၂၃ အရ အမျိုးသားလုံခြုံရေး ဥပဒေမှာ ပြဋ္ဌာန်းဖို့လို အပ်လျက်ရှိကြောင်း အကြောင်းပြချက်ပေးသည်။ ယခု အမျိုးသားလုံခြုံ‌ရေးဥပဒေသည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်မကြီး အစိုးရက ထုတ်ပြန်ခဲ့သော ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေအပေါ်အခြေခံနေသည်။

တရုတ်ပြည်မကြီးအနေဖြင့် ထိုကဲ့သို့ ပြဋ္ဌာန်းရခြင်းမှာလည်း ၂၀၁၉ ခုနှစ်က ဟောင်ကောင် မြို့တော်တစ်ဝန်းတွင် အုတ်အော်သောင်းတင်းဖြစ်စေခဲ့သော အပြင်းအထန်ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားခြင်း မရှိရအောင် ထိန်းသိမ်းရန် အလို့ငှာ ရည်ရွယ်ကြောင်း သိရသည်။ ဟောင်ကောင်သည် ၂၀ဝ၃ ခုနှစ်ကလည်း အမျိုးသားလုံခြုံရေးဥပဒေကို ပထမဆုံး အကြိမ်ပြဋ္ဌာန်းရန် ကြိုးပမ်းခဲ့သော်လည်း လူတစ်သန်းခွဲခန့် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ခြင်းကြောင့် အစိုးရက ထိုဥပဒေကို ပြန်လည်ရုပ်သိမ်းခဲ့ရဖူးသည်။

ထိုကဲ့သို့ အမျိုးသားလုံခြုံရေး ဥပဒေနှင့်ပတ်သက်၍ ထိလွယ်ရှလွယ် အခြေအနေရှိခဲ့သော် လည်းဟောင်ကောင် အစိုးရသည် ယခုနှစ် အစောပိုင်းမှစကာ အမျိုးသားလုံခြုံရေးဥပဒေကြမ်းအပေါ် ပြန်လည်အာရုံစိုက်လာပြီး ပြန်လည်ဆန်းစစ်ခြင်း နှင့် ညှိနှိုင်းဆွေးနွေးခြင်းလုပ်ငန်းစဉ်များကို တစ်လကြာ ဆောင်ရွက်ခဲ့သည်။
ညှိနှိုင်းကာလပြီးဆုံးပြီးနောက် ရှစ်ရက်အကြာ မတ်လ ၈ ရက်တွင် ဥပဒေပြုကောင်စီသို့ မူကြမ်း အပြည့်အစုံ ရောက်ရှိ လာပြီး အဆိုပြုထားသော ပြစ်မှုများနှင့် ဆက်စပ်ပြစ်ဒဏ်များကို ပြည်သူများအား အပြည့်အဝ သိရှိခွင့်ပြုခဲ့သည်။

၂၀၂၄ ဟောင်ကောင်ပြည်တွင်း အမျိုးသားလုံခြုံရေးဥပဒေ
၂၀၂၄ ဟောင်ကောင်ပြည်တွင်း အမျိုးသားလုံခြုံရေးဥပဒေကြမ်းသည် အစိုးရ၏ အုပ်ချုပ်ရေးအာဏာကို ပိုမိုချဲ့ထွင်နိုင်မည်ဖြစ်ကာ အနာဂတ်တွင် ၄င်းအားစိန်ခေါ်လာနိုင်သည့် သူလျှိုလုပ်ခြင်းများ၊ ပြင်ပ၏ဝင်ရောက်စွက်ဖက်မှုများနှင့် အခြားနိုင်ငံတော်လျှို့ဝှက်ချက်များကို အကာအကွယ်ပြု ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် ဆူပူအုံကြွရန် လှုံ့ဆော်မှုများအတွက်လည်း ပြင်းထန်သော ပြစ်ဒဏ် များချမှတ်နိုင်ရန် ဖော်ပြထားသည်။
ဝေဖန်သုံးသပ်သူများက ထိုဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် ဟောင်ကောင်၏ ဥပဒေမူဘောင်သည် တရုတ်ပြည်မကြီးနှင့် ပို၍ ဆင်တူလာနိုင်ပြီး အရပ်ဘက် လွတ်လပ်ခွင့်များ ဆုံးရှုံးလာနိုင်ခြေရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ဟောင်ကောင်ပြည်တွင်းဥပဒေသည် ၂၀ ၂၀ ပြည့်နှစ် ဇွန်လတွင် ပေကျင်းမှပြဋ္ဌာန်းခဲ့သော အမျိုးသားလုံခြုံရေးဥပဒေကို ဖြည့်စွက်ကာ မြို့တော်၏လုံခြုံရေးဆိုင်ရာ ဥပဒေမူဘောင်အတွင်း အခြားကွက်လပ်များကို ဖြည့်သွင်းသွားနိုင်မည်ဟု မျှော်လင့်ရ သည်။ ပြည်မကြီးဥပဒေသည် ခွဲထွက်ခြင်း၊ အဖျက်အမှောင့်၊ အကြမ်းဖက်ခြင်းနှင့် ပြည်ပအင် အားစုများနှင့် ပူးပေါင်းခြင်း စသည့် အဓိကပြစ်မှု လေးခုကိုသာ ပစ်မှတ်ထားသည်။
ဟောင်ကောင် ပြည်တွင်းဥပဒေမှာမူ (၁) နိုင်ငံတော် သစ္စာဖောက်မှု၊ (၂) ပုန်ကန်မှုနှင့် ပုန်ကန် ရန်သွေးထိုးလှုံ့ဆော်မှု၊ (၃) နိုင်ငံတော်လျှို့ဝှက်ချက် ခိုးယူမှုနှင့် သူလျှိုလုပ်မှု၊ (၄) နိုင်ငံတော်လုံခြုံရေးနှင့် ဆက်နွှယ်သောလုပ်ငန်းများကို အန္တရာယ်ဖြစ်စေ သော ဖျက်ဆီးမှုများနှင့် (၅) ပြင်ပ၏ ဝင်ရောက်စွက် ဖက်ခြင်းများကို အဓိကပစ်မှတ်ထား ရည်ရွယ်ပါသည်။
အဆိုပါဥပဒေသစ်အောက်တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အင်အားသုံး၍ နိုင်ငံကို ကျူးကျော်စေရန် လှုံ့ဆော်ပေးခြင်း ကို နိုင်ငံတော်သစ္စာဖောက်မှုဟုသတ်မှတ်ပြီး အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်သည်။ ထို့ပြင် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းကို ပုန်ကန်မှုအဖြစ်သတ်မှတ်ထားသည်။

အလားတူ ဆူပူအုံကြွမှုကျူးလွန်သူများကို ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်ပြီး ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည် သည့် ဆူပူမှုမျိုးဆိုလျှင် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။ ပြည်ပအင်အား စုများဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် နိုင်ငံခြား အ စိုးရများနှင့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာအဖွဲ့ အ စည်းများနှင့် ကုမ္ပဏီများပါဝင်နေသည်။
နိုင်ငံတော်လျှို့ဝှက်ချက်များအား ဥပဒေမဲ့ ရယူမှု၊ ဥပဒေမဲ့ လက်ဝယ်ထားရှိမှု သို့မဟုတ် ဥပဒေမဲ့ ထုတ်ဖော်မှုဖြင့် တရားစွဲခံရသူများအနေဖြင့် ဥပဒေကြမ်းတွင်’သတ်မှတ်ထားသော ထုတ်ဖော်မှု’ အချက်အလက်များနှင့်ကိုက်ညီပါက ခုခံကာကွယ်မှု ရယူနိုင်ပါသည်။ သတင်းအချက်အလက်ကို ထုတ်ဖော်ရခြင်း၏ရည်ရွယ်ချက်မှာ အစိုးရ၏လုပ်ငန်းဆောင်တာများကို ပြင်းထန်စွာ သက်ရောက်မှုရှိစေ နိုင်မည့်အခြေအနေများ သို့မဟုတ် အများပြည် သူဆိုင်ရာ စည်းမျဉ်းစည်းမျဉ်း၊ ပြည်သူ့လုံခြုံရေး သို့မဟုတ် ပြည်သူ့ကျန်းမာရေးအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှု ရှိစေမည့် အခြေအနေများကြောင့် ထုတ်ဖော်ရခြင်းဖြစ်ပါက ခုခံကာကွယ်နိုင်ပါသည်။

ကျယ်ပြန့်လာမည့် အာဏာပိုင်များ၏ လုပ်ပိုင်ခွင့် အာဏာ

ဟောင်ကောင်ပြည်တွင်း ဥပဒေသစ်အောက်တွင် အမျိုးသားလုံခြုံရေးချိုးဖောက်ရန် ကျူးလွန်သူများနှင့် အဖမ်းခံရသူ များအတွက် စည်းမျဉ်းအသစ်များလည်းပါဝင်လာသည်။ ယင်းတို့တွင် နိုင်ငံတော်လုံခြုံရေးအရ စွဲချက်မတင်ဘဲ ဖမ်းဆီးခံထားရ သူတစ်ဦးအား ထိန်းသိမ်းထားရန် ကာလကို ၄၈ နာရီ မှ ၁၄ ရက်အထိ တရားရုံး၏ ခွင့်ပြုချက်ဖြင့် ရဲအရာရှိက တိုးမြှင့်နိုင်သည်။
ရဲတပ်ဖွဲ့သည် အာမခံဖြင့် ဖမ်းဆီးခံရသူအတွက်’လှုပ်ရှားမှု ကန့်သတ်မိန့်’ကို ရာဇဝတ် တရားသူကြီးထံ လျှောက်ထား တောင်းခံနိုင်သည်။ ထို့ပြင် တပ်ဖွဲ့များသည် အဖမ်းခံထားရသော သံသယရှိသူကို အချို့သောရှေ့နေများနှင့် တိုင်ပင်ခြင်းမှ တားမြစ်ရန် ရာဇဝတ်တရားသူကြီးထံ လျှောက်ထားနိုင်သည်။
လုံခြုံရေးဝန်ကြီးသည် “သက်ဆိုင်ရာ ထွက်ပြေးတိမ်းရှောင်သူများ တစ်နည်းအားဖြင့် ဝရမ်းပြေးများ” ၏ နိုင်ငံကူး လက်မှတ်များကို ပယ်ဖျက်နိုင်ပြီး ၄င်းတို့ကို ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် ၄င်းတို့အား အိမ်ရာများငှားရမ်းခြင်းမှ တားမြစ်ထားနိုင်ပြီး ၄င်းတို့၏ အရည်အချင်းတစ်ခုခုကို ဆိုင်းငံ့ထားနိုင်သည်။
နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်ခြင်းကြောင့် ပြစ်ဒဏ်ကျခံသူများကို လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် ပြစ်ဒဏ် လျှော့ပေါ့ စောစီးစွာပြန်လွှတ် ပေးခြင်းတို့ကို တားဆီးနိုင်မည့် ဥပဒေများကို ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိပြီး အခြေခံဥပဒေပုဒ်မ ၂၃ ပါအတိုင်း အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခြင်း မပြီးမီ သို့မဟုတ် ပြဋ္ဌာန်းပြီးနောက် ချမှတ်သည့် ပြစ်ဒဏ်များသည် အကျဉ်းသား အားလုံးအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်သည်။
ထိုအချက်များအားလုံးသည် အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို ယခင်ကထက်ပိုပေးထားသည်ကို တွေ့ရှိရပြီး ပြဋ္ဌာန်း ချက်ပါ ဥပဒေများကို ချိုးဖောက် သူများအနေဖြင့် တရားခွင်ရင်ဆိုင်ရာတွင် လျှော့ပေါ့စေမည့် နည်းလမ်းများကလည်း အလွန်နည်းပါး နေကြောင်း တွေ့ရှိရပါသည်။
သက်ရောက်နိုင်မှုများ
ယခုအခါ နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိက သုတေသနလုပ်ငန်းများ၊ မီဒီယာများ၊ သံတမန်များနှင့် ပညာရှင်များက ထိုဥပဒေကြမ်း၏ ရှေ့ဆက်အလား အလာနှင့် သက်ရောက်နိုင်စွမ်းများကို စောင့်ကြည့်လေ့လာလျက်ရှိနေကြပါသည်။

အချို့က ၄င်းဥပဒေသည် ဟောင်ကောင်၏ လွတ်လပ်ခွင့်များကို ကန့်သတ်လာမည်လားဟု စိုးရိမ်ကြပြီး အချို့ကမူ နိုင်ငံတော်လျှို့ဝှက်ချက် ပြဋ္ဌာန်းများကြောင့် အချက်အလက်များထိန်းချုပ်ကန့်သတ်ခြင်းများလာပြီး သုတေသနလုပ်ငန်းများကို ထိခိုက် လာနိုင်မည့်အရေးအပေါ် စိုးရိမ်ကြောင့်ကြ ကြ သည်။
ဥပဒေအရ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမည့် ကွန်ပျူတာ သို့မဟုတ် အီလက်ထရွန် နစ်ပစ္စည်းများကို တရားမဝင် အသုံးပြု၍ အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်မည်ဆိုလျှင် ထောင်ဒဏ် အနှစ် ၂၀အထိ ချမှတ်ခံရနိုင်ပါသည်။ ဥပဒေ ကြမ်းတွင် ဖော်ပြချက်များအရ နိုင်ငံတော်လျှို့ဝှက်ချက်များသည် ကျယ်ပြန့်နေပြီး စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေးလျှို့ဝှက်ချက်များအပြင် လူမှုရေး၊ စီးပွားရေး၊ နည်းပညာနှင့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ကြား ဆက်ဆံရေးနှင့်သက်ဆိုင်သည့် အချက်အလက်များပါ ပါဝင်နေသောကြောင့် သုတေသန လုပ်ငန်းများတွင် အမှန်ပင် နှောင့်နှေးမှုများ၊ အချက် အလက် ကန့်သတ်ခြင်းများရှိလာနိုင်ပါသည်။ သို့သော် ဟောင်ကောင်အကြီးအကဲကမူ ယင်းဥပဒေသည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး ဟောင်ကောင်၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အကာအကွယ်ပေးသွားနိုင်မည်ဖြစ်ကြောင်း အာမခံချက်ပေးထားပါသည်။
ဟောင်ကောင်သည် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခြင်းနှင့်ပတ်သက်၍ အတိတ်တွင် အခက်အခဲ၊ အတားအဆီးမျိုးစုံ နှင့်ကြုံတွေ့ခဲ့ရသည်။ သို့သော် ယခုတစ်ကြိမ် ပြဋ္ဌာန်းသွားမည့် ၂၀၂၄ အမျိုးသားလုံခြုံရေးဥပဒေသစ်မှာမူ ယခုအချိန်ထိ ပြင်းပြင်း ထန်ထန်ကန့်ကွက်ခြင်းများတော့ မရှိသေးပေ။ ယခုဥပဒေသည် အာဏာပိုင်များနှင့် ဟောင်ကောင်အစိုးရအတွက် လုပ်ပိုင်ခွင့်များ ပိုပေးထားသည်ဖြစ်ရာ အကယ်၍ ၂၀၁၉ ခုနှစ်ကကဲ့သို့ ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့လျှင် အစိုးရက ထိထိရောက်ရောက် ထိန်းချုပ် သွားမည့် အနေအထားတွင် ရှိနေသည်။
ဟောင်ကောင်ကဲ့သို့သော အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသငယ်လေးတွင်ပင် အမျိုးသား လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းပြီး နိုင်ငံတော်အပေါ် သစ္စာဖောက်မှု၊ ပြည်ပ၏ ဝင်ရောက်စွက်ဖက်မှုနှင့် အကြမ်းဖက်ခြင်းလုပ်ရပ်များကို ထိထိရောက်ရောက် ကာကွယ်ဖို့ ကြိုးပမ်းနေသည်ဖြစ်ရာ ကျွနုပ်တို့နိုင်ငံကဲ့သို့ လက်နက်ကိုင်အုပ်စုများ၊ အကြမ်းဖက်လုပ်ရပ်များ၊ ဆူပူအုံကြွမှုများဖြင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်း‌ ရေးကို ပျက်ပြားအောင် လှုံ့ဆော်နေမှုများကို တား ဆီးကာကွယ်ဖို့အတွက်လည်း ထိုကဲ့သို့ ဥပဒေများ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

Zawgyi Version;
ေဟာင္ေကာင္ အမ်ိဳးသားလုံၿခဳံေရးဥပေဒအေၾကာင္း တေစ့တေစာင္း (ဘာသာျပန္ေဆာင္းပါး)
ALynn (NP News) - ဧၿပီ ၅

မၾကာေသးမီကာလအတြင္းကပင္ ေဟာင္ေကာင္အစိုးရသည္ ျပည္သူ႔လြတ္လပ္ခြင့္ႏွင့္ပတ္သက္ၿပီး အျငင္းပြားဖြယ္ အမ်ိဳးသားလုံၿခဳံေရးဥပေဒတစ္ခုကို စတင္က်င့္သုံးဖို႔ႀကိဳးပမ္းလာသည္ကို ေတြ႕ရသည္။

အစိုးရက ေဟာင္ေကာင္ဖြဲ႕စည္းပုံအေျခခံ ဥပေဒ၏ ပုဒ္မ ၂၃ အရ အမ်ိဳးသားလုံၿခဳံေရး ဥပေဒမွာ ျပ႒ာန္းဖို႔လို အပ္လ်က္ရွိေၾကာင္း အေၾကာင္းျပခ်က္ေပးသည္။ ယခု အမ်ိဳးသားလုံၿခဳံ‌ေရးဥပေဒသည္ ၂၀၂၀ ျပည့္ႏွစ္တြင္ တ႐ုတ္ျပည္မႀကီး အစိုးရက ထုတ္ျပန္ခဲ့ေသာ ေဟာင္ေကာင္ အမ်ိဳးသားလုံၿခဳံေရး ဥပေဒအေပၚအေျခခံေနသည္။

တ႐ုတ္ျပည္မႀကီးအေနျဖင့္ ထိုကဲ့သို႔ ျပ႒ာန္းရျခင္းမွာလည္း ၂၀၁၉ ခုႏွစ္က ေဟာင္ေကာင္ ၿမိဳ႕ေတာ္တစ္ဝန္းတြင္ အုတ္ေအာ္ေသာင္းတင္းျဖစ္ေစခဲ့ေသာ အျပင္းအထန္ဆႏၵျပပြဲမ်ား ထပ္မံျဖစ္ပြားျခင္း မရွိရေအာင္ ထိန္းသိမ္းရန္ အလို႔ငွာ ရည္႐ြယ္ေၾကာင္း သိရသည္။ ေဟာင္ေကာင္သည္ ၂၀ဝ၃ ခုႏွစ္ကလည္း အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ပထမဆုံး အႀကိမ္ျပ႒ာန္းရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း လူတစ္သန္းခြဲခန႔္ လမ္းမေပၚထြက္ ဆႏၵျပခဲ့ျခင္းေၾကာင့္ အစိုးရက ထိုဥပေဒကို ျပန္လည္႐ုပ္သိမ္းခဲ့ရဖူးသည္။

ထိုကဲ့သို႔ အမ်ိဳးသားလုံၿခဳံေရး ဥပေဒႏွင့္ပတ္သက္၍ ထိလြယ္ရွလြယ္ အေျခအေနရွိခဲ့ေသာ္ လည္းေဟာင္ေကာင္ အစိုးရသည္ ယခုႏွစ္ အေစာပိုင္းမွစကာ အမ်ိဳးသားလုံၿခဳံေရးဥပေဒၾကမ္းအေပၚ ျပန္လည္အာ႐ုံစိုက္လာၿပီး ျပန္လည္ဆန္းစစ္ျခင္း ႏွင့္ ညႇိႏႈိင္းေဆြးေႏြးျခင္းလုပ္ငန္းစဥ္မ်ားကို တစ္လၾကာ ေဆာင္႐ြက္ခဲ့သည္။
ညႇိႏႈိင္းကာလၿပီးဆုံးၿပီးေနာက္ ရွစ္ရက္အၾကာ မတ္လ ၈ ရက္တြင္ ဥပေဒျပဳေကာင္စီသို႔ မူၾကမ္း အျပည့္အစုံ ေရာက္ရွိ လာၿပီး အဆိုျပဳထားေသာ ျပစ္မႈမ်ားႏွင့္ ဆက္စပ္ျပစ္ဒဏ္မ်ားကို ျပည္သူမ်ားအား အျပည့္အဝ သိရွိခြင့္ျပဳခဲ့သည္။

၂၀၂၄ ေဟာင္ေကာင္ျပည္တြင္း အမ်ိဳးသားလုံၿခဳံေရးဥပေဒ
၂၀၂၄ ေဟာင္ေကာင္ျပည္တြင္း အမ်ိဳးသားလုံၿခဳံေရးဥပေဒၾကမ္းသည္ အစိုးရ၏ အုပ္ခ်ဳပ္ေရးအာဏာကို ပိုမိုခ်ဲ႕ထြင္ႏိုင္မည္ျဖစ္ကာ အနာဂတ္တြင္ ၄င္းအားစိန္ေခၚလာႏိုင္သည့္ သူလွ်ိဳလုပ္ျခင္းမ်ား၊ ျပင္ပ၏ဝင္ေရာက္စြက္ဖက္မႈမ်ားႏွင့္ အျခားႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္မ်ားကို အကာအကြယ္ျပဳ ေပးႏိုင္မည္ျဖစ္သည္။ ထို႔ျပင္ ဆူပူအုံႂကြရန္ လႈံ႕ေဆာ္မႈမ်ားအတြက္လည္း ျပင္းထန္ေသာ ျပစ္ဒဏ္ မ်ားခ်မွတ္ႏိုင္ရန္ ေဖာ္ျပထားသည္။
ေဝဖန္သုံးသပ္သူမ်ားက ထိုဥပေဒကို ျပ႒ာန္းျခင္းျဖင့္ ေဟာင္ေကာင္၏ ဥပေဒမူေဘာင္သည္ တ႐ုတ္ျပည္မႀကီးႏွင့္ ပို၍ ဆင္တူလာႏိုင္ၿပီး အရပ္ဘက္ လြတ္လပ္ခြင့္မ်ား ဆုံးရႈံးလာႏိုင္ေျခရွိေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။
ေဟာင္ေကာင္ျပည္တြင္းဥပေဒသည္ ၂၀ ၂၀ ျပည့္ႏွစ္ ဇြန္လတြင္ ေပက်င္းမွျပ႒ာန္းခဲ့ေသာ အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ျဖည့္စြက္ကာ ၿမိဳ႕ေတာ္၏လုံၿခဳံေရးဆိုင္ရာ ဥပေဒမူေဘာင္အတြင္း အျခားကြက္လပ္မ်ားကို ျဖည့္သြင္းသြားႏိုင္မည္ဟု ေမွ်ာ္လင့္ရ သည္။ ျပည္မႀကီးဥပေဒသည္ ခြဲထြက္ျခင္း၊ အဖ်က္အေမွာင့္၊ အၾကမ္းဖက္ျခင္းႏွင့္ ျပည္ပအင္ အားစုမ်ားႏွင့္ ပူးေပါင္းျခင္း စသည့္ အဓိကျပစ္မႈ ေလးခုကိုသာ ပစ္မွတ္ထားသည္။
ေဟာင္ေကာင္ ျပည္တြင္းဥပေဒမွာမူ (၁) ႏိုင္ငံေတာ္ သစၥာေဖာက္မႈ၊ (၂) ပုန္ကန္မႈႏွင့္ ပုန္ကန္ ရန္ေသြးထိုးလႈံ႕ေဆာ္မႈ၊ (၃) ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ ခိုးယူမႈႏွင့္ သူလွ်ိဳလုပ္မႈ၊ (၄) ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ဆက္ႏႊယ္ေသာလုပ္ငန္းမ်ားကို အႏၲရာယ္ျဖစ္ေစ ေသာ ဖ်က္ဆီးမႈမ်ားႏွင့္ (၅) ျပင္ပ၏ ဝင္ေရာက္စြက္ ဖက္ျခင္းမ်ားကို အဓိကပစ္မွတ္ထား ရည္႐ြယ္ပါသည္။
အဆိုပါဥပေဒသစ္ေအာက္တြင္ ႏိုင္ငံျခားတိုင္းျပည္တစ္ခုမွ အင္အားသုံး၍ ႏိုင္ငံကို က်ဴးေက်ာ္ေစရန္ လႈံ႕ေဆာ္ေပးျခင္း ကို ႏိုင္ငံေတာ္သစၥာေဖာက္မႈဟုသတ္မွတ္ၿပီး အျမင့္ဆုံးျပစ္ဒဏ္ တစ္သက္တစ္ကြၽန္းအထိခ်မွတ္ႏိုင္သည္။ ထို႔ျပင္ ျပည္သူမ်ား၏ ေဘးကင္းလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနသည့္ အၾကမ္းဖက္မႈမ်ား က်ဴးလြန္ျခင္းကို ပုန္ကန္မႈအျဖစ္သတ္မွတ္ထားသည္။

အလားတူ ဆူပူအုံႂကြမႈက်ဴးလြန္သူမ်ားကို ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ႏိုင္ၿပီး ျပည္ပအင္အားစုမ်ားႏွင့္ ပူးေပါင္းႀကံစည္ သည့္ ဆူပူမႈမ်ိဳးဆိုလွ်င္ ၁၀ ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္သည္။ ျပည္ပအင္အား စုမ်ားဟူေသာ အဓိပၸာယ္ဖြင့္ဆိုခ်က္တြင္ ႏိုင္ငံျခား အ စိုးရမ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ား၊ ႏိုင္ငံတကာအဖြဲ႕ အ စည္းမ်ားႏွင့္ ကုမၸဏီမ်ားပါဝင္ေနသည္။
ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္မ်ားအား ဥပေဒမဲ့ ရယူမႈ၊ ဥပေဒမဲ့ လက္ဝယ္ထားရွိမႈ သို႔မဟုတ္ ဥပေဒမဲ့ ထုတ္ေဖာ္မႈျဖင့္ တရားစြဲခံရသူမ်ားအေနျဖင့္ ဥပေဒၾကမ္းတြင္’သတ္မွတ္ထားေသာ ထုတ္ေဖာ္မႈ’ အခ်က္အလက္မ်ားႏွင့္ကိုက္ညီပါက ခုခံကာကြယ္မႈ ရယူႏိုင္ပါသည္။ သတင္းအခ်က္အလက္ကို ထုတ္ေဖာ္ရျခင္း၏ရည္႐ြယ္ခ်က္မွာ အစိုးရ၏လုပ္ငန္းေဆာင္တာမ်ားကို ျပင္းထန္စြာ သက္ေရာက္မႈရွိေစ ႏိုင္မည့္အေျခအေနမ်ား သို႔မဟုတ္ အမ်ားျပည္ သူဆိုင္ရာ စည္းမ်ဥ္းစည္းမ်ဥ္း၊ ျပည္သူ႔လုံၿခဳံေရး သို႔မဟုတ္ ျပည္သူ႔က်န္းမာေရးအေပၚ ျပင္းထန္ေသာ ၿခိမ္းေျခာက္မႈ ရွိေစမည့္ အေျခအေနမ်ားေၾကာင့္ ထုတ္ေဖာ္ရျခင္းျဖစ္ပါက ခုခံကာကြယ္ႏိုင္ပါသည္။

က်ယ္ျပန႔္လာမည့္ အာဏာပိုင္မ်ား၏ လုပ္ပိုင္ခြင့္ အာဏာ

ေဟာင္ေကာင္ျပည္တြင္း ဥပေဒသစ္ေအာက္တြင္ အမ်ိဳးသားလုံၿခဳံေရးခ်ိဳးေဖာက္ရန္ က်ဴးလြန္သူမ်ားႏွင့္ အဖမ္းခံရသူ မ်ားအတြက္ စည္းမ်ဥ္းအသစ္မ်ားလည္းပါဝင္လာသည္။ ယင္းတို႔တြင္ ႏိုင္ငံေတာ္လုံၿခဳံေရးအရ စြဲခ်က္မတင္ဘဲ ဖမ္းဆီးခံထားရ သူတစ္ဦးအား ထိန္းသိမ္းထားရန္ ကာလကို ၄၈ နာရီ မွ ၁၄ ရက္အထိ တရား႐ုံး၏ ခြင့္ျပဳခ်က္ျဖင့္ ရဲအရာရွိက တိုးျမႇင့္ႏိုင္သည္။
ရဲတပ္ဖြဲ႕သည္ အာမခံျဖင့္ ဖမ္းဆီးခံရသူအတြက္’လႈပ္ရွားမႈ ကန႔္သတ္မိန႔္’ကို ရာဇဝတ္ တရားသူႀကီးထံ ေလွ်ာက္ထား ေတာင္းခံႏိုင္သည္။ ထို႔ျပင္ တပ္ဖြဲ႕မ်ားသည္ အဖမ္းခံထားရေသာ သံသယရွိသူကို အခ်ိဳ႕ေသာေရွ႕ေနမ်ားႏွင့္ တိုင္ပင္ျခင္းမွ တားျမစ္ရန္ ရာဇဝတ္တရားသူႀကီးထံ ေလွ်ာက္ထားႏိုင္သည္။
လုံၿခဳံေရးဝန္ႀကီးသည္ “သက္ဆိုင္ရာ ထြက္ေျပးတိမ္းေရွာင္သူမ်ား တစ္နည္းအားျဖင့္ ဝရမ္းေျပးမ်ား” ၏ ႏိုင္ငံကူး လက္မွတ္မ်ားကို ပယ္ဖ်က္ႏိုင္ၿပီး ၄င္းတို႔ကို ေငြေၾကးေထာက္ပံ့ျခင္း သို႔မဟုတ္ ၄င္းတို႔အား အိမ္ရာမ်ားငွားရမ္းျခင္းမွ တားျမစ္ထားႏိုင္ၿပီး ၄င္းတို႔၏ အရည္အခ်င္းတစ္ခုခုကို ဆိုင္းငံ့ထားႏိုင္သည္။
ႏိုင္ငံေတာ္လုံၿခဳံေရးကို ၿခိမ္းေျခာက္ျခင္းေၾကာင့္ ျပစ္ဒဏ္က်ခံသူမ်ားကို လြတ္ၿငိမ္းခ်မ္းသာခြင့္ သို႔မဟုတ္ ျပစ္ဒဏ္ ေလွ်ာ့ေပါ့ ေစာစီးစြာျပန္လႊတ္ ေပးျခင္းတို႔ကို တားဆီးႏိုင္မည့္ ဥပေဒမ်ားကို ျပင္ဆင္ရန္ ႀကိဳးပမ္းလ်က္ရွိၿပီး အေျခခံဥပေဒပုဒ္မ ၂၃ ပါအတိုင္း အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ျပ႒ာန္းျခင္း မၿပီးမီ သို႔မဟုတ္ ျပ႒ာန္းၿပီးေနာက္ ခ်မွတ္သည့္ ျပစ္ဒဏ္မ်ားသည္ အက်ဥ္းသား အားလုံးအေပၚ အက်ိဳးသက္ေရာက္ေစမည္ျဖစ္သည္။
ထိုအခ်က္မ်ားအားလုံးသည္ အာဏာပိုင္မ်ား၏ လုပ္ပိုင္ခြင့္ကို ယခင္ကထက္ပိုေပးထားသည္ကို ေတြ႕ရွိရၿပီး ျပ႒ာန္း ခ်က္ပါ ဥပေဒမ်ားကို ခ်ိဳးေဖာက္ သူမ်ားအေနျဖင့္ တရားခြင္ရင္ဆိုင္ရာတြင္ ေလွ်ာ့ေပါ့ေစမည့္ နည္းလမ္းမ်ားကလည္း အလြန္နည္းပါး ေနေၾကာင္း ေတြ႕ရွိရပါသည္။
သက္ေရာက္ႏိုင္မႈမ်ား
ယခုအခါ ႏိုင္ငံျခားဘဏ္မ်ား၊ ပုဂၢလိက သုေတသနလုပ္ငန္းမ်ား၊ မီဒီယာမ်ား၊ သံတမန္မ်ားႏွင့္ ပညာရွင္မ်ားက ထိုဥပေဒၾကမ္း၏ ေရွ႕ဆက္အလား အလာႏွင့္ သက္ေရာက္ႏိုင္စြမ္းမ်ားကို ေစာင့္ၾကည့္ေလ့လာလ်က္ရွိေနၾကပါသည္။

အခ်ိဳ႕က ၄င္းဥပေဒသည္ ေဟာင္ေကာင္၏ လြတ္လပ္ခြင့္မ်ားကို ကန႔္သတ္လာမည္လားဟု စိုးရိမ္ၾကၿပီး အခ်ိဳ႕ကမူ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ ျပ႒ာန္းမ်ားေၾကာင့္ အခ်က္အလက္မ်ားထိန္းခ်ဳပ္ကန႔္သတ္ျခင္းမ်ားလာၿပီး သုေတသနလုပ္ငန္းမ်ားကို ထိခိုက္ လာႏိုင္မည့္အေရးအေပၚ စိုးရိမ္ေၾကာင့္ၾက ၾက သည္။
ဥပေဒအရ အမ်ိဳးသားလုံၿခဳံေရးကို ထိခိုက္ေစမည့္ ကြန္ပ်ဴတာ သို႔မဟုတ္ အီလက္ထ႐ြန္ နစ္ပစၥည္းမ်ားကို တရားမဝင္ အသုံးျပဳ၍ အဖ်က္အေမွာင့္လုပ္ငန္းမ်ားေဆာင္႐ြက္မည္ဆိုလွ်င္ ေထာင္ဒဏ္ အႏွစ္ ၂၀အထိ ခ်မွတ္ခံရႏိုင္ပါသည္။ ဥပေဒ ၾကမ္းတြင္ ေဖာ္ျပခ်က္မ်ားအရ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္မ်ားသည္ က်ယ္ျပန႔္ေနၿပီး စစ္ေရး၊ လုံၿခဳံေရး၊ သံတမန္ေရးလွ်ိဳ႕ဝွက္ခ်က္မ်ားအျပင္ လူမႈေရး၊ စီးပြားေရး၊ နည္းပညာႏွင့္ တ႐ုတ္ျပည္မႀကီးႏွင့္ ေဟာင္ေကာင္ၾကား ဆက္ဆံေရးႏွင့္သက္ဆိုင္သည့္ အခ်က္အလက္မ်ားပါ ပါဝင္ေနေသာေၾကာင့္ သုေတသန လုပ္ငန္းမ်ားတြင္ အမွန္ပင္ ေႏွာင့္ေႏွးမႈမ်ား၊ အခ်က္ အလက္ ကန႔္သတ္ျခင္းမ်ားရွိလာႏိုင္ပါသည္။ သို႔ေသာ္ ေဟာင္ေကာင္အႀကီးအကဲကမူ ယင္းဥပေဒသည္ ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္ကိုက္ညီၿပီး ေဟာင္ေကာင္၏ အခြင့္အေရးႏွင့္ လြတ္လပ္ခြင့္မ်ားကို အကာအကြယ္ေပးသြားႏိုင္မည္ျဖစ္ေၾကာင္း အာမခံခ်က္ေပးထားပါသည္။
ေဟာင္ေကာင္သည္ အမ်ိဳးသားလုံၿခဳံေရးဥပေဒျပ႒ာန္းျခင္းႏွင့္ပတ္သက္၍ အတိတ္တြင္ အခက္အခဲ၊ အတားအဆီးမ်ိဳးစုံ ႏွင့္ႀကဳံေတြ႕ခဲ့ရသည္။ သို႔ေသာ္ ယခုတစ္ႀကိမ္ ျပ႒ာန္းသြားမည့္ ၂၀၂၄ အမ်ိဳးသားလုံၿခဳံေရးဥပေဒသစ္မွာမူ ယခုအခ်ိန္ထိ ျပင္းျပင္း ထန္ထန္ကန႔္ကြက္ျခင္းမ်ားေတာ့ မရွိေသးေပ။ ယခုဥပေဒသည္ အာဏာပိုင္မ်ားႏွင့္ ေဟာင္ေကာင္အစိုးရအတြက္ လုပ္ပိုင္ခြင့္မ်ား ပိုေပးထားသည္ျဖစ္ရာ အကယ္၍ ၂၀၁၉ ခုႏွစ္ကကဲ့သို႔ ဆႏၵျပမႈမ်ားႏွင့္ ႀကဳံေတြ႕ခဲ့လွ်င္ အစိုးရက ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ သြားမည့္ အေနအထားတြင္ ရွိေနသည္။
ေဟာင္ေကာင္ကဲ့သို႔ေသာ အထူးကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသငယ္ေလးတြင္ပင္ အမ်ိဳးသား လုံၿခဳံေရးဥပေဒကို ျပ႒ာန္းၿပီး ႏိုင္ငံေတာ္အေပၚ သစၥာေဖာက္မႈ၊ ျပည္ပ၏ ဝင္ေရာက္စြက္ဖက္မႈႏွင့္ အၾကမ္းဖက္ျခင္းလုပ္ရပ္မ်ားကို ထိထိေရာက္ေရာက္ ကာကြယ္ဖို႔ ႀကိဳးပမ္းေနသည္ျဖစ္ရာ ကြၽႏုပ္တို႔ႏိုင္ငံကဲ့သို႔ လက္နက္ကိုင္အုပ္စုမ်ား၊ အၾကမ္းဖက္လုပ္ရပ္မ်ား၊ ဆူပူအုံႂကြမႈမ်ားျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအး ခ်မ္း‌ ေရးကို ပ်က္ျပားေအာင္ လႈံ႕ေဆာ္ေနမႈမ်ားကို တား ဆီးကာကြယ္ဖို႔အတြက္လည္း ထိုကဲ့သို႔ ဥပေဒမ်ား ခ်မွတ္ေဆာင္႐ြက္သင့္ပါေၾကာင္း အႀကံျပဳေရးသား လိုက္ရပါသည္။

Related news

© 2021. All rights reserved.