မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများက မြန်မာပြည်သူများအပြင် ဒေသတွင်းနိုင်ငံများအပေါ် သက်ရောက်မှုများဖြစ်စေခဲ့ဟု ကုလသမဂ္ဂဝန်ခံ

 3608

Pika (NP News) - ဧပြီ ၅

မြန်မာနိုင်ငံတွင် (၃)နှစ်ကျော်ကြာ ဖြစ်ပွားနေသော ပဋိပက္ခသည် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂအကြီးတန်းအရာရှိနှစ်ဦးက ဧပြီလ(၄)ရက်နေ့က ကျင်းပသော လုံခြုံရေးကောင်စီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူမှုအသိုင်းအဝိုင်းများ၏ အခြေခံလိုအပ်ချက်များနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ဆုံးရှုံးခဲ့ရပြီး လူ့အခွင်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် ဆိုးရွားသော သက်ရောက်မှုများရှိခဲ့ကြောင်း ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Khalid Khiari က ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပထမဆုံးအကြိမ်ပြုလုပ်သော ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသမ္မတဟောင်း ဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းချခံထားရသော အခြားသူများကို လွှတ်ပေးရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုခဲ့ကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် နယ်စပ်ဖြတ်ကျော်လုံခြုံရေးကို အားနည်းစေပြီး တရားဥပဒေစိုးမိုးရေးပျက်ပြားမှုတို့ကြောင့် တရားမဝင်စီးပွားရေးလုပ်ငန်းများ ကြီးထွားလာမှုနှင့်အတူ မြန်မာနိုင်ငံ၏ အကျပ်အတည်းမှာ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း Khalid Khiari က ပြောကြားခဲ့သည်။ နယ်စပ်ဒေသများတွင် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများ လျင်မြန်စွာတိုးချဲ့လာမှုနှင့်အတူ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် စိတ်ကြွဆေးနှင့် ဘိန်းထုတ်လုပ်မှုတို့၏ အဓိကအချက်အချာနေရာတစ်ခုဖြစ်လာကြောင်း Khalid Khiari က ထပ်မံပြောဆိုခဲ့သည်။

Khalid Khiari က 'ရှားပါးတဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေနဲ့အတူ ရာဇဝတ်မှုဆိုင်ရာကွန်ရက်တွေဟာ အားနည်းတဲ့လူတွေအပေါ်မှာ အခွင့်ကောင်းယူတာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီကိစ္စတွေဟာ အရှေ့တောင်အာရှမှာ ဒေသတွင်းဆိုင်ရာ ရာဇဝတ်မှုခြိမ်းခြောက်မှုတစ်ခုအဖြစ် စတင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ဂယက်ရိုက်မှုတွေနဲ့အတူ လူကုန်ကူးမှုနဲ့ တရားမဝင်ကုန်သွယ်မှု အကျပ်အတည်းအထိ ဖြစ်လာပါပြီ'ဟု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံရှိ ပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်နေထိုင်ရန် ကုလသမဂ္ဂ၏ ကတိဝတ်ကို Khalid Khiari ကထောက်ခံခဲ့ကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး နိုင်ငံတကာစည်းလုံးညီညွတ်မှုနှင့် ပံ့ပိုးကူညီပေးမှုများ ပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း Khalid Khiari ကအလေးပေးပြောကြားခဲ့သည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂသည် အာဆီယံအပြင် အခြားပါဝင်ပတ်သက်သူအားလုံးနှင့် တက်ကြွစွာလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Khalid Khiari က ပြောဆိုခဲ့သည်။ ၎င်းက 'မြန်မာနိုင်ငံအရေးဟာ ကာလရှည်ကြာအကျပ်အတည်းတစ်ခုဖြစ်လာတာနဲ့အမျှ နိုင်ငံတကာက စည်းလုံးညီညွတ်တဲ့ တုံ့ပြန်မှုတစ်ခုလုပ်ဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုထားပါတယ်။ပြီးတော့ နိုင်ငံတကာစည်းမျဉ်းတွေနဲ့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်း ကြောင်းတွေ ဖွင့်ပေးဖို့အတွက် သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုတွေကို အသုံးပြုဖို့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး မြန်မာနိုင်ငံအတွက် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းတဲ့အနာဂတ်ကို ဦးတည်စေမယ့် ပြီးပြည့်စုံတဲ့နိုင်ငံရေးအဖြေကို ရှာဖို့လည်း တိုက်တွန်းထားပါတယ်'ဟု ပြောဆိုခဲ့သည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနေသာ ပဋိပကၡမ်ားက ျမန္မာျပည္သူမ်ားအျပင္ ေဒသတြင္းႏိုင္ငံမ်ားအေပၚ သက္ေရာက္မႈမ်ားျဖစ္ေစခဲ့ဟု ကုလသမဂၢဝန္ခံ
Pika (NP News) - ဧၿပီ ၅

ျမန္မာႏိုင္ငံတြင္ (၃)ႏွစ္ေက်ာ္ၾကာ ျဖစ္ပြားေနေသာ ပဋိပကၡသည္ ႏိုင္ငံတစ္ဝွမ္းရွိ ျပည္သူမ်ားအေပၚ ထိခိုက္ေစခဲ့ေၾကာင္း ကုလသမဂၢအႀကီးတန္းအရာရွိႏွစ္ဦးက ဧၿပီလ(၄)ရက္ေန႔က က်င္းပေသာ လုံၿခဳံေရးေကာင္စီအစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံတစ္ဝွမ္းတြင္ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားေၾကာင့္ လူမႈအသိုင္းအဝိုင္းမ်ား၏ အေျခခံလိုအပ္ခ်က္မ်ားႏွင့္ မရွိမျဖစ္လိုအပ္ေသာ ဝန္ေဆာင္မႈမ်ားကို ဆုံးရႈံးခဲ့ရၿပီး လူ႔အခြင္အေရးႏွင့္ အေျခခံလြတ္လပ္ခြင့္မ်ားအေပၚ ဆိုး႐ြားေသာ သက္ေရာက္မႈမ်ားရွိခဲ့ေၾကာင္း ကုလသမဂၢ လက္ေထာက္အေထြေထြအတြင္းေရးမႉးခ်ဳပ္ Khalid Khiari က ေျပာၾကားခဲ့သည္။ အဆိုပါေဆြးေႏြးပြဲသည္ ျမန္မာႏိုင္ငံအေရးႏွင့္ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ပထမဆုံးအႀကိမ္ျပဳလုပ္ေသာ ပြင့္ပြင့္လင္းလင္း ေတြ႕ဆုံေဆြးေႏြးမႈတစ္ခုျဖစ္သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံသမၼတေဟာင္း ဦးဝင္းျမင့္၊ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အက်ဥ္းခ်ခံထားရေသာ အျခားသူမ်ားကို လႊတ္ေပးရန္ ကုလသမဂၢအေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္က ေတာင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။

ျမန္မာႏိုင္ငံ နယ္စပ္ေဒသမ်ားတြင္ ျဖစ္ပြားေနေသာ ပဋိပကၡမ်ားသည္ နယ္စပ္ျဖတ္ေက်ာ္လုံၿခဳံေရးကို အားနည္းေစၿပီး တရားဥပေဒစိုးမိုးေရးပ်က္ျပားမႈတို႔ေၾကာင့္ တရားမဝင္စီးပြားေရးလုပ္ငန္းမ်ား ႀကီးထြားလာမႈႏွင့္အတူ ျမန္မာႏိုင္ငံ၏ အက်ပ္အတည္းမွာ ဆက္လက္ပ်ံ႕ႏွံ႔ေနဆဲျဖစ္ေၾကာင္း Khalid Khiari က ေျပာၾကားခဲ့သည္။ နယ္စပ္ေဒသမ်ားတြင္ ကမာၻလုံးဆိုင္ရာ ဆိုက္ဘာလိမ္လည္မႈလုပ္ငန္းမ်ား လ်င္ျမန္စြာတိုးခ်ဲ႕လာမႈႏွင့္အတူ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံသည္ စိတ္ႂကြေဆးႏွင့္ ဘိန္းထုတ္လုပ္မႈတို႔၏ အဓိကအခ်က္အခ်ာေနရာတစ္ခုျဖစ္လာေၾကာင္း Khalid Khiari က ထပ္မံေျပာဆိုခဲ့သည္။

Khalid Khiari က 'ရွားပါးတဲ့ အသက္ေမြးဝမ္းေက်ာင္း အခြင့္အလမ္းေတြနဲ႔အတူ ရာဇဝတ္မႈဆိုင္ရာကြန္ရက္ေတြဟာ အားနည္းတဲ့လူေတြအေပၚမွာ အခြင့္ေကာင္းယူတာေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ဒီကိစၥေတြဟာ အေရွ႕ေတာင္အာရွမွာ ေဒသတြင္းဆိုင္ရာ ရာဇဝတ္မႈၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ စတင္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ကမာၻလုံးဆိုင္ရာ ဂယက္႐ိုက္မႈေတြနဲ႔အတူ လူကုန္ကူးမႈနဲ႔ တရားမဝင္ကုန္သြယ္မႈ အက်ပ္အတည္းအထိ ျဖစ္လာပါၿပီ'ဟု ေျပာဆိုခဲ့သည္။ ျမန္မာႏိုင္ငံရွိ ျပည္သူမ်ားႏွင့္ စည္းလုံးညီၫြတ္စြာ ရပ္တည္ေနထိုင္ရန္ ကုလသမဂၢ၏ ကတိဝတ္ကို Khalid Khiari ကေထာက္ခံခဲ့ေၾကာင္းလည္းသိရသည္။ ျမန္မာႏိုင္ငံႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာစည္းလုံးညီၫြတ္မႈႏွင့္ ပံ့ပိုးကူညီေပးမႈမ်ား ပိုမိုလုပ္ေဆာင္ရန္လိုအပ္ေၾကာင္း Khalid Khiari ကအေလးေပးေျပာၾကားခဲ့သည္။ ျမန္မာႏိုင္ငံအေရးႏွင့္ပတ္သက္ၿပီး ကုလသမဂၢသည္ အာဆီယံအျပင္ အျခားပါဝင္ပတ္သက္သူအားလုံးႏွင့္ တက္ႂကြစြာလက္တြဲလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း Khalid Khiari က ေျပာဆိုခဲ့သည္။ ၎က 'ျမန္မာႏိုင္ငံအေရးဟာ ကာလရွည္ၾကာအက်ပ္အတည္းတစ္ခုျဖစ္လာတာနဲ႔အမွ် ႏိုင္ငံတကာက စည္းလုံးညီၫြတ္တဲ့ တုံ႔ျပန္မႈတစ္ခုလုပ္ဖို႔ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္က ေတာင္းဆိုထားပါတယ္။ၿပီးေတာ့ ႏိုင္ငံတကာစည္းမ်ဥ္းေတြနဲ႔အတူ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ လမ္း ေၾကာင္းေတြ ဖြင့္ေပးဖို႔အတြက္ သူတို႔ရဲ႕ ဩဇာလႊမ္းမိုးမႈေတြကို အသုံးျပဳဖို႔ အိမ္နီးခ်င္းႏိုင္ငံေတြကို တိုက္တြန္းထားပါတယ္။ အၾကမ္းဖက္မႈေတြကို အဆုံးသတ္ၿပီး ျမန္မာႏိုင္ငံအတြက္ အားလုံးပါဝင္တဲ့ ၿငိမ္းခ်မ္းတဲ့အနာဂတ္ကို ဦးတည္ေစမယ့္ ၿပီးျပည့္စုံတဲ့ႏိုင္ငံေရးအေျဖကို ရွာဖို႔လည္း တိုက္တြန္းထားပါတယ္'ဟု ေျပာဆိုခဲ့သည္။

Picture

heintay zar

05/04/2024 22:46

မင်းတို့ပထွေး အစ္စရေး ယူကရိန်းအရေးပဲပြီးအောင်လုပ် ပါဦး။စောက် ကုလားသမဂ္ဂရယ်

Related news

© 2021. All rights reserved.