ဘီးလင်းမြို့နယ်၌ ခရီးသည်တင်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရ၍ လူတစ်ဦး သေဆုံး

 1035

မြူနစ် (NP News) - ဧပြီ ၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ၍ လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

NUG လက်အောက်ခံ PDF အဖွဲ့သည် ဧပြီ ၄ ရက်တွင် ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ရန်ကုန်-ရေး ပြေးဆွဲနေသည့် အောင်ကျော်မိုးခရီးသည်တင်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများသည် သထုံမြို့နယ်ပြည်သူ့ဆေးရုံး၌ ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ PDF အဖွဲ့၏ လုပ်ရပ်သည် စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာနေသည့်ပြည်သူများကို တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း နစကမှ ဆိုသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အထက်ပါ PDF အဖွဲ့ဝင်များကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ဘီးလင္းၿမိဳ႕နယ္၌ ခရီးသည္တင္ကားတစ္စီး မိုင္းခြဲတိုက္ခိုက္ခံခဲ့ရ၍ လူတစ္ဦး ေသဆုံး
ျမဴနစ္ (NP News) - ဧၿပီ ၆

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္တြင္ ခရီးသည္တင္ကားတစ္စီး မိုင္းခြဲတိုက္ခိုက္ခံရ၍ လူတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

NUG လက္ေအာက္ခံ PDF အဖြဲ႕သည္ ဧၿပီ ၄ ရက္တြင္ ဘီးလင္းၿမိဳ႕နယ္၊ ေဒါင္း႐ြာေက်း႐ြာအနီးရွိ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚတြင္ ရန္ကုန္-ေရး ေျပးဆြဲေနသည့္ ေအာင္ေက်ာ္မိုးခရီးသည္တင္ယာဥ္ကို မိုင္းဆြဲတိုက္ခိုက္ၿပီးေနာက္ ေသနတ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔တိုက္ခိုက္ခံရမႈေၾကာင့္ အျပစ္မဲ့ခရီးသြားျပည္သူ အမ်ိဳးသား တစ္ဦး ေသဆုံးခဲ့ၿပီး အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦးတြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားသည္ သထုံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံး၌ ေဆးကုသမႈခံယူေနလ်က္ရွိေၾကာင္း သိရသည္။

ထိုကဲ့သို႔ PDF အဖြဲ႕၏ လုပ္ရပ္သည္ စစ္ေရးႏွင့္မသက္ဆိုင္ဘဲ ေအးခ်မ္းစြာ ခရီးသြားလာေနသည့္ျပည္သူမ်ားကို တိုက္ခိုက္ျခင္းျဖစ္သည့္အတြက္ ဂ်ီနီဗာကြန္ဗန္းရွင္းမ်ားႏွင့္ အျပည္ျပည္ဆိုင္ရာဥပေဒတို႔အရ စစ္ရာဇဝတ္မႈ က်ဴးလြန္ျခင္းပင္ျဖစ္ေၾကာင္း နစကမွ ဆိုသည္။

ထို႔ျပင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္လည္း အထက္ပါ PDF အဖြဲ႕ဝင္မ်ားကို အျမန္ဆုံးေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.