သုခဒဂုံအိမ်ရာတွင် သူခိုး၏ ရန်ပြုမှုကြောင့် အိမ်ရှင်အမျိုးသား ပွဲချင်းပြီးသေဆုံး၊ ဇနီးသည် ထိခိုက်ဒဏ်ရာရ

 1066

မြတ် (NP News) - ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံအိမ်ရာတွင် ယနေ့ (ဇွန်လ ၂၁) ရက် နံနက်အစောပိုင်းက သူခိုးက ပြန်လည် ရန်ပြုသဖြင့် အိမ်ရှင် အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှာ အမှောင်ကို အကာအကွယ်ယူကာ သူခိုးက ဝရံတာမှကျော်တက်ပြီး အိမ်အတွင်း ဝင်ခိုးနေချိန်တွင် အိမ်ရှင်လင်မယား(၂)ဦးနှင့် ထိပ်တိုက်တွေ့ရာ ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦး သိရသည်။

“(သေဆုံးသူမှာ ထိုးသွင်း) ဒဏ်ရာ က ၂၃ ချက် ရတယ်” ဟု ယင်း သိရှိသူက ဆိုသည်။

အခင်းဖြစ်ပြီးနောက် လူမှုကူညီရေးအသင်းရောက်ရှိချိန်တွင် အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးနေကာ အမျိုးသမီးမှာ သတိမေ့မြောခြင်းမရှိသေးသော်လည်း စိုးရိမ်ရဒဏ်ရာ ရရှိထားသည်ကို တွေ့မြင်ရကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ကျူးလွန်သူကို ဖမ်းမိပြီဖြစ်ကြောင်း သိရသော်လည်း အသေးစိတ် အချက်အလက်များကို သိရခြင်း မရှိသေးပေ။

“ပြစ်မှုကျူးလွန်သူ သူခိုးကိုတော့ ဖမ်းမိသွားပါပြီ” ဟု ၎င်းက ပြောသည်။

စိုးရိမ်ရဒဏ်ရာရရှိသော ဇနီး နှင့် ခင်ပွန်းဖြစ်သူ၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
သုခဒဂုံအိမ္ရာတြင္ သူခိုး၏ ရန္ျပဳမႈေၾကာင့္ အိမ္ရွင္အမ်ိဳးသား ပြဲခ်င္းၿပီးေသဆုံး၊ ဇနီးသည္ ထိခိုက္ဒဏ္ရာရ
ျမတ္ (NP News) - ဇြန္ ၂၁

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ သုခဒဂုံအိမ္ရာတြင္ ယေန႔ (ဇြန္လ ၂၁) ရက္ နံနက္အေစာပိုင္းက သူခိုးက ျပန္လည္ ရန္ျပဳသျဖင့္ အိမ္ရွင္ အမ်ိဳးသားျဖစ္သူ ပြဲခ်င္းၿပီး ေသဆုံးကာ ဇနီးျဖစ္သူ ဒဏ္ရာရရွိခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက ေျပာသည္။

ျဖစ္စဥ္မွာ အေမွာင္ကို အကာအကြယ္ယူကာ သူခိုးက ဝရံတာမွေက်ာ္တက္ၿပီး အိမ္အတြင္း ဝင္ခိုးေနခ်ိန္တြင္ အိမ္ရွင္လင္မယား(၂)ဦးႏွင့္ ထိပ္တိုက္ေတြ႕ရာ ယင္းသို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ကနဦး သိရသည္။

“(ေသဆုံးသူမွာ ထိုးသြင္း) ဒဏ္ရာ က ၂၃ ခ်က္ ရတယ္” ဟု ယင္း သိရွိသူက ဆိုသည္။

အခင္းျဖစ္ၿပီးေနာက္ လူမႈကူညီေရးအသင္းေရာက္ရွိခ်ိန္တြင္ အမ်ိဳးသားျဖစ္သူမွာ ပြဲခ်င္းၿပီး ေသဆုံးေနကာ အမ်ိဳးသမီးမွာ သတိေမ့ေျမာျခင္းမရွိေသးေသာ္လည္း စိုးရိမ္ရဒဏ္ရာ ရရွိထားသည္ကို ေတြ႕ျမင္ရေၾကာင္းလည္း ၎က ဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူကို ဖမ္းမိၿပီျဖစ္ေၾကာင္း သိရေသာ္လည္း အေသးစိတ္ အခ်က္အလက္မ်ားကို သိရျခင္း မရွိေသးေပ။

“ျပစ္မႈက်ဴးလြန္သူ သူခိုးကိုေတာ့ ဖမ္းမိသြားပါၿပီ” ဟု ၎က ေျပာသည္။

စိုးရိမ္ရဒဏ္ရာရရွိေသာ ဇနီး ႏွင့္ ခင္ပြန္းျဖစ္သူ၏ ႐ုပ္အေလာင္းကို သဃၤန္းကြၽန္း စံျပေဆး႐ုံသို႔ပို႔ ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.