မန္တလေးမှ စစ်ကိုင်းသို့ ဘိန်းဖြူသယ်ယူ ရောင်းချသူများကိုဖမ်းဆီးရမိပြီး ၎င်းတို့ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းရန်ဆောင်ရွက်နေ

770

ခတ္တာဦး (NP News)- ဇွန်၂၂
မန္တလေးမှ စစ်ကိုင်းသို့ ဘိန်းဖြူသယ်ယူ ရောင်းချသူများကိုဖမ်းဆီးရမိပြီး ၎င်းတို့ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းရန်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် ဇွန်လ(၁၀)ရက် ည(၈)နာရီခန့်က စစ်ကိုင်းမြို့၊တကောင်းရပ်ကွက်အနီး၊ မန္တလေးမှ ကလေးသို့ ကျော်စွာလင်း မောင်းနှင်လာသည့် PAJERO မော်တော်ယာဉ်အား မူးယစ််ေဆးဝါးတားဆီးနှိမ်နင်းရေးရဲ့တပ်ဖွဲ့က သတင်းအရ စစ်ဆေးရာ ဘိန်းဖြူမှုန့်အလေးချိန် (၆)ဒသမ (၉၃)ကီလို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ကွင်းဆက် စစ်ဆေး ဖော်ထုတ်ချက်အရ ယင်းနေ့ ည(၉)နာရီခွဲခန့်တွင် အဆိုပါမူးယစ်ဆေးဝါးများ တင်ပေးခဲ့သူ ကျော်ကြီး(ခ)ကျော်မင်းအောင်အား မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၈၈)(A)လမ်း၊(၂၂× ၂၃)လမ်းကြားရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ပြီးခဲ့သည့် ဇွန်လ(၁၁)ရက် နံနက်(၉)နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊မဟာမြိုင် (၂)ရပ်ကွက်၊ (၆၁)လမ်း ၊ (၄၂× ၄၃)လမ်းကြားရှိ သန်းသန်းမိုး၏ နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူမှုန့် အလေးချိန် (၁၇)ဒသမ (၄၂၄)ကီလို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေ(၅)နာရီခန့်က မူးယစ်ဆေးဝါးများ လာရောက်ပို့ပေးခဲ့သူ မအေးမြင့်(ခ) မလုအား ဆက်လက်ဖမ်းဆီရမိခဲ့ကြောင်းသိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ မန္တလေးမှ ကလေးသို့ ဘိန်းဖြူများ တင်ပို့ရောင်းချသူ ဒေါ်တင်ဦး(ခ)ဒေါ်အုန်းအား ပြီးခဲ့သည့် ဇွန်လ(၁၄)ရက် ညနေ(၅)နာရီခန့်က ချမ်းမြသာစည်မြို့နယ် (၆၇)လမ်း၊ (၁၀၅× ၁၀၆)လမ်းကြားတွင် ဖမ်းဆီးရမိခဲ့ကာ ၎င်း၏ သားဖြစ်သူ ဟိန်းလတ်နှင့် အေးအေးအောင် (ခ)မပိ တို့ သုံးဦးမှာ အုန်းချော နယ်မြေရဲစခန်းမှ မူးယစ်အမှုဖြင့် အလိုရှိ သူများ ဖြစ်ကြောင်းသိရသည်။
အဆိုပါမူးယစ်ဆေးဝါးများဖမ်းဆီးရရှိမှုဖြစ်စဉ်တွင် မန္တလေးမှ ကလေးသို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများကို ငွေကျပ် သိန်း(၉၂၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူ (၂၄)ဒသမ (၃၅)ကီလိုကျော်နှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အားဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
ထို့အပြင် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဉပဒေဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Zawgyi Version:
မႏၲေလးမွ စစ္ကိုင္းသို႔ ဘိန္းျဖဴသယ္ယူ ေရာင္းခ်သူမ်ားကိုဖမ္းဆီးရမိၿပီး ၎တို႔ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္သိမ္းရန္ေဆာင္႐ြက္ေန
ခတၱာဦး (NP News)- ဇြန္၂၂
မႏၲေလးမွ စစ္ကိုင္းသို႔ ဘိန္းျဖဴသယ္ယူ ေရာင္းခ်သူမ်ားကိုဖမ္းဆီးရမိၿပီး ၎တို႔ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္သိမ္းရန္ေဆာင္႐ြက္ေနေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရသိရသည္။
ၿပီးခဲ့သည့္ ဇြန္လ(၁၀)ရက္ ည(၈)နာရီခန႔္က စစ္ကိုင္းၿမိဳ႕၊တေကာင္းရပ္ကြက္အနီး၊ မႏၲေလးမွ ကေလးသို႔ ေက်ာ္စြာလင္း ေမာင္းႏွင္လာသည့္ PAJERO ေမာ္ေတာ္ယာဥ္အား မူးယစ္္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲ႕တပ္ဖြဲ႕က သတင္းအရ စစ္ေဆးရာ ဘိန္းျဖဴမႈန႔္အေလးခ်ိန္ (၆)ဒသမ (၉၃)ကီလို ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ကြင္းဆက္ စစ္ေဆး ေဖာ္ထုတ္ခ်က္အရ ယင္းေန႔ ည(၉)နာရီခြဲခန႔္တြင္ အဆိုပါမူးယစ္ေဆးဝါးမ်ား တင္ေပးခဲ့သူ ေက်ာ္ႀကီး(ခ)ေက်ာ္မင္းေအာင္အား မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ (၈၈)(A)လမ္း၊(၂၂× ၂၃)လမ္းၾကားရွိ ကားဂိတ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ၿပီးခဲ့သည့္ ဇြန္လ(၁၁)ရက္ နံနက္(၉)နာရီခန႔္က မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊မဟာၿမိဳင္ (၂)ရပ္ကြက္၊ (၆၁)လမ္း ၊ (၄၂× ၄၃)လမ္းၾကားရွိ သန္းသန္းမိုး၏ ေနအိမ္ကို ရွာေဖြရာ ဘိန္းျဖဴမႈန႔္ အေလးခ်ိန္ (၁၇)ဒသမ (၄၂၄)ကီလို ထပ္မံဖမ္းဆီးရမိခဲ့ၿပီး ယင္းေန႔ ညေန(၅)နာရီခန႔္က မူးယစ္ေဆးဝါးမ်ား လာေရာက္ပို႔ေပးခဲ့သူ မေအးျမင့္(ခ) မလုအား ဆက္လက္ဖမ္းဆီရမိခဲ့ေၾကာင္းသိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ မႏၲေလးမွ ကေလးသို႔ ဘိန္းျဖဴမ်ား တင္ပို႔ေရာင္းခ်သူ ေဒၚတင္ဦး(ခ)ေဒၚအုန္းအား ၿပီးခဲ့သည့္ ဇြန္လ(၁၄)ရက္ ညေန(၅)နာရီခန႔္က ခ်မ္းျမသာစည္ၿမိဳ႕နယ္ (၆၇)လမ္း၊ (၁၀၅× ၁၀၆)လမ္းၾကားတြင္ ဖမ္းဆီးရမိခဲ့ကာ ၎၏ သားျဖစ္သူ ဟိန္းလတ္ႏွင့္ ေအးေအးေအာင္ (ခ)မပိ တို႔ သုံးဦးမွာ အုန္းေခ်ာ နယ္ေျမရဲစခန္းမွ မူးယစ္အမႈျဖင့္ အလိုရွိ သူမ်ား ျဖစ္ေၾကာင္းသိရသည္။
အဆိုပါမူးယစ္ေဆးဝါးမ်ားဖမ္းဆီးရရွိမႈျဖစ္စဥ္တြင္ မႏၲေလးမွ ကေလးသို႔ ဘိန္းျဖဴသယ္ေဆာင္ေရာင္းဝယ္သူမ်ားကို ေငြက်ပ္ သိန္း(၉၂၀၀)ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴ (၂၄)ဒသမ (၃၅)ကီလိုေက်ာ္ႏွင့္အတူဖမ္းဆီးရမိခဲ့သျဖင့္ ၎တို႔အားဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္းသိရသည္။
ထို႔အျပင္ ၎တို႔၏ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဉပေဒျဖင့္ အေရးယူႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပန္ၾကားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။