Apple ကုမ္ပဏီက ဝန်ထမ်းပေါင်း (၆၀၀)ကျော်ကို အလုပ်မှထုတ်ပယ်

 3467

ရောင်နီ (NP News) - ဧပြီ ၆

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Apple ဟာ iPhone juggernaut ပြဿနာဖြစ်ပြီးတဲ့နောက် ဝန်ထမ်းအင်အား (၆၀၀) ကျော်ကို အလုပ်မှထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် အေဂျင်စီတစ်ခုမှ အချက်အလက်များအရ သိရပါတယ်။

ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီ Apple ဟာ COVID-19 ကပ်ရောဂါကာလအတွင်း Amazon၊ Meta၊ Google နဲ့ အခြား နည်းပညာကုမ္ပဏီကြီးတွေ ဝန်ထမ်းအင်အားလျှော့ချနေရချိန်မှာ တောင့်ခံနိုင်ခဲ့ပေမယ့် အခုတော့ အလုပ်သမား ညှိနှိုင်းမှုနှင့် ပြန်လည်လေ့ကျင့်ရေးဆိုင်ရာ အကြောင်းကြားချက် အက်ဥပဒေအရ မတ်လ ၂၇ ရက်နေ့မှာ ၎င်းရဲ့ ရုံးအများအပြားမှ အလုပ်သမား ၆၁၄ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ အခြားသတင်းဌာနရဲ့ အဆိုအရ Apple ရဲ့ အလုပ်အကိုင် ဖြတ်တောက်မှုတွေဟာ ကုမ္ပဏီရဲ့ ပြိုကျပျက်စီးနေတဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေး အစီအစဉ်နဲ့ ဆက်စပ်နေပြီး ၎င်းဟာ ဆယ်နှစ်ကြာ ရုန်းကန်နေရတဲ့ ပရောဂျက်ကို အဆုံးသတ်စေခဲ့တယ်လို့ ဆိုပါတယ်။

Apple ဟာ ၎င်းရဲ့ လျှို့ဝှက် EV ကားဖွံ့ဖြိုးတိုးတက်ရေးပရိုဂရမ်မှာ ဝန်ထမ်းပေါင်း ၂၀၀၀ နီးပါးကို ခန့်အပ်ထားပေမယ့်လည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လျှပ်စစ်ကား (EV) ကဏ္ဍနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုလို လျှော့ချမှုတွေ ပြုလုပ်လာရတာ ဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
Apple ကုမၸဏီက ဝန္ထမ္းေပါင္း (၆၀၀)ေက်ာ္ကို အလုပ္မွထုတ္ပယ္
ေရာင္နီ (NP News) - ဧၿပီ ၆

ကမာၻေက်ာ္ နည္းပညာကုမၸဏီ Apple ဟာ iPhone juggernaut ျပႆနာျဖစ္ၿပီးတဲ့ေနာက္ ဝန္ထမ္းအင္အား (၆၀၀) ေက်ာ္ကို အလုပ္မွထုတ္ပယ္လိုက္ၿပီျဖစ္တယ္လို႔ ကယ္လီဖိုးနီးယားျပည္နယ္ ေအဂ်င္စီတစ္ခုမွ အခ်က္အလက္မ်ားအရ သိရပါတယ္။

ကယ္လီဖိုးနီးယားအေျခစိုက္ ကုမၸဏီ Apple ဟာ COVID-19 ကပ္ေရာဂါကာလအတြင္း Amazon၊ Meta၊ Google နဲ႔ အျခား နည္းပညာကုမၸဏီႀကီးေတြ ဝန္ထမ္းအင္အားေလွ်ာ့ခ်ေနရခ်ိန္မွာ ေတာင့္ခံႏိုင္ခဲ့ေပမယ့္ အခုေတာ့ အလုပ္သမား ညႇိႏႈိင္းမႈႏွင့္ ျပန္လည္ေလ့က်င့္ေရးဆိုင္ရာ အေၾကာင္းၾကားခ်က္ အက္ဥပေဒအရ မတ္လ ၂၇ ရက္ေန႔မွာ ၎ရဲ႕ ႐ုံးအမ်ားအျပားမွ အလုပ္သမား ၆၁၄ ဦးကို အလုပ္မွ ထုတ္ပယ္ခဲ့တယ္လို႔ သိရပါတယ္။ အျခားသတင္းဌာနရဲ႕ အဆိုအရ Apple ရဲ႕ အလုပ္အကိုင္ ျဖတ္ေတာက္မႈေတြဟာ ကုမၸဏီရဲ႕ ၿပိဳက်ပ်က္စီးေနတဲ့ လွ်ပ္စစ္ကား ထုတ္လုပ္ေရး အစီအစဥ္နဲ႔ ဆက္စပ္ေနၿပီး ၎ဟာ ဆယ္ႏွစ္ၾကာ ႐ုန္းကန္ေနရတဲ့ ပေရာဂ်က္ကို အဆုံးသတ္ေစခဲ့တယ္လို႔ ဆိုပါတယ္။

Apple ဟာ ၎ရဲ႕ လွ်ိဳ႕ဝွက္ EV ကားဖြံ႕ၿဖိဳးတိုးတက္ေရးပ႐ိုဂရမ္မွာ ဝန္ထမ္းေပါင္း ၂၀၀၀ နီးပါးကို ခန္႔အပ္ထားေပမယ့္လည္း ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ လွ်ပ္စစ္ကား (EV) က႑နဲ႔ ရင္ဆိုင္ခဲ့ရၿပီး အခုလို ေလွ်ာ့ခ်မႈေတြ ျပဳလုပ္လာရတာ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.