TWICE အဖွဲ့ဝင် ချယ်ယောင်း dating သတင်း အတည်ပြု

937
ရောင်နီ (NP News) - ဧပြီ ၆
တောင်ကိုရီးယား အမျိုးသမီး K POP အဖွဲ့ TWICE အဖွဲ့ရဲ့အဖွဲ့ဝင် ချယ်ယောင်း နဲ့ အဆိုတော် Zion.T တို့ dating သတင်း ဧပြီ ၅ ရက်မှာ အတည်ပြုလာခဲ့ပါတယ်။
ဧပြီလ ၅ ရက်မှာ JYP Entertainment မှ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာ ဒိတ်နေတာ ခြောက်လလောက် ရှိနေပြီဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းဌာနတစ်ခုက ဆိုပါတယ်။
တခြား အစီရင်ခံစာတစ်ခုကလည်း ချယ်ယောင်းနဲ့ Zion.T တို့ဟာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံမှုတစ်ခုကနေ ခင်မင်ခဲ့ ကြပြီး အချစ်ဇာတ်လမ်းအဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ချယ်ယောင်းရဲ့ အေဂျင်စီ JYP Entertainment နဲ့ Zion.T ရဲ့ အေဂျင်စီ THEBLACKLABEL တို့ကလည်း ဒီ dating သတင်းကို ဧပြီလ ၅ ရက်က အတည်ပြုခဲ့ပါတယ်။
ချယ်ယောင်းဟာ Twice အဖွဲ့ရဲ့ ဒုတိယ အငယ်ဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Zian.T ကတော့ R & B singer တစ်ယောက်ဖြစ်ပါတယ်။
Zawgyi Version;
ရောင်နီ (NP News) - ဧပြီ ၆