“မိတ်ဆွေတု/စစ် သိရှိခွင့်ရခဲ့တဲ့ ဂျွန်လွင်ရဲ့အဖြစ်အပျက်”

 204

အိဖြူ (NP News) - ဇွန် ၁၅

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “ဂျွန်လွင် ခေါ်ယူမေးမြန်းခံရမှု၊ ဇာတ်ကွက် အဟောင်းများကြားက ရုန်းထွက်မရနိုင်ကြတဲ့ မာယာကျားအဖွဲ့သားများ” စတဲ့ အနုပညာ ဆက်စပ်သတင်းများကို ဖော်ပြပေးသွားပါမယ်။
Stars & Models Agency တည်ထောင်သူ ဂျွန်လွင် စစ်ဆေးမေးမြန်းခံရခြင်းအကြောင်းရင်း
ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ Stars & Models အေဂျင်စီတည်ထောင်သူ ဂျွန်လွင် (၃)ရက်မြောက် အကြာမှာ နေအိမ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဇွန်လ(၆)ရက် ညနေပိုင်းကစပြီး ဂျွန်လွင် ဖမ်းဆီး ထိန်းသိမ်းခံရတဲ့သတင်းထွက်ပေါ်ခဲ့ပေမယ့် ၎င်းရဲ့ထောက်ပံ့မှုအကူအညီမလွတ်ကင်းခဲ့ကြတဲ့ နာမည် ကြီး အနုပညာရှင် တပည့်သားသမီးအရင်းတွေကိုယ်တိုင်က မသိကျိုးကျွံပြုခဲ့ပုံရပါတယ်။ ခေါ်ယူစစ်ဆေး မေးမြန်းခံရပြီးနောက် ဇွန်လ (၉) ရက်က နေအိမ်ကိုပြန်လည် ရောက်ရှိချိန်မှာ ဂျွန်လွင်ကိုယ်တိုင်က “အရမ်းချစ်တယ် ဆရာ၊ အရမ်းချစ်တယ် ဆရာ၊ အရမ်းချစ်တယ် ဆရာတို့ရေ ဆရာ အဆင်ပြေတယ် နော်” ဆိုတဲ့ ခနဲ့တဲ့တဲ့ စာသားပို့စ် တင်ဖော်ပြခဲ့မှုကိုကြည့်ရခြင်းအားဖြင့် တပည့်သားသမီးတချို့ရဲ့ လျစ်လျူရှုမှုကိုခံလိုက်ရတာ သိသာစေခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် အလင်းရောင်ကတော့ ဂျွန်လွင် ခေါ်ယူစစ်ဆေးခံနေရချိန် ၎င်းရဲ့ဖေ့စ်ဘွတ် ပေ့ချ်ကတစ်ဆင့် “စိတ်ကောင်းရှိပြီး မိဘအပေါ် အရမ်းသိတတ်တဲ့ဆရာ၊ တပည့်တွေအပေါ်လည်း အမြဲ ကောင်းပြီး သွန်သင်ပေးတဲ့ဆရာ အစစအရာရာအဆင်ပြေချောမွေ့ပါစေ” လို့ ဆုတောင်းစကား ရေးသား ခဲ့ကြပါတယ်။ ဂျွန်လွင်ကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ရ ကြောင်းလည်း ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရှိရပါတယ်။ ဂျွန်လွင် ထိန်းသိမ်းစစ်ဆေးခံရခြင်းရဲ့ အကြောင်းရင်း (၃) ချက်ခန့်ရှိနိုင်ပြီး ပထမအချက်အဖြစ် ပြည်ပြေးအဆိုတော် ချမ်းချမ်း ပြည်တွင်းကို တရားမဝင်တင်ပို့တဲ့ အွန် လိုင်းရှော့ပ်ပစ္စည်းရောင်းဝယ်မှုကတစ်ဆင့် အကြမ်းဖက်ထောက်ပံ့ရေးတွေမှာ ပါဝင်ခဲ့ခြင်း ရှိ/မရှိ၊ ဒုတိယအချက်က လူအများစုထင်ကြေးပေးနေကြသလို ခိုင်နှင်းဝေ (သို့) ခိုင်နှင်းဝေ မိသားစုက ၆၆(ဃ) နဲ့ တရားစွဲဆိုခြင်းကြောင့်လို့ဆိုကြပေမယ့် ဖြစ်နိုင်ခြေနည်းပါးလွန်းပါတယ်။ တတိ ယ အချက်ဖြစ်နိုင်ခြေရှိတာက လွန်ခဲ့တဲ့နှစ်ပိုင်းက ဂျွန်လွင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အိမ်ခြံမြေ၊ ကွန်ဒိုရောင်း/ဝယ်ပေးမှုကို ပွဲစားအဖြစ် အကြီးအကျယ်လုပ်ဆောင်လျက်ရှိခဲ့ပြီး ပြည်ပ အရောင်းအဝယ် ကိစ္စတွေမှာ နိုင်ငံခြားငွေဝင်ရောက်မှုကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ခေါ်ယူစစ်ဆေးမေးမြန်းခြင်းမျိုးလည်းဖြစ်နိုင်ကြောင်း တွက်ဆမိပါတယ်။
၎င်းအနေနဲ့ ပြည်ပြေးအဆိုတော်ချမ်းချမ်းနဲ့ချိတ်ဆက်ပြီး အကြမ်းဖက်ထောက်ပို့ကိစ္စတွေမှာ ပါဝင်ဆက်စပ်နေသလားနဲ့ အကြမ်းဖက်သမားတွေထံ ငွေလွှဲ/ပို့တွေ လုပ်ဆောင်ပေးနေသလားဆိုတဲ့ မေးခွန်းများစွာ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ခေါ်ယူစစ်ဆေး မေးမြန်း မှုကို ခံယူပြီးနောက် (၃) ရက်အကြာမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး တရားစွဲ အမှုဖွင့်ခံရခြင်း မျိုးမဟုတ် ခဲ့ဘဲ ခေါ်ယူမေးမြန်းခံရတဲ့ အဆင့်နဲ့တင် ကိစ္စအားလုံးပြီးမြောက်သွားတဲ့အတွက် ၎င်းရဲ့မိခင်အပါအဝင် မိသားစုဝင်တွေအားလုံး စိတ်အေးစေခဲ့ပါတယ်။
ဂျွန်လွင်ကို မြန်မာနိုင်ငံရဲ့နာမည်ကြီးအနုပညာရှင်များစွာ မွေးထုတ်ပေးသူ၊ မော်ဒယ်လောက တစ်ခွင်မှာ ဩဇာညောင်းသူအဖြစ် မြှောက်ပင့်ပြောဆိုလေ့ရှိကြပြီး သူ့ကိုချစ်ပါတယ်ဆိုတဲ့ တပည့်သား သမီးတွေနဲ့ အနုပညာလောကသားအားလုံးနီးပါး ဂျွန်လွင် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ အသံတိတ်သွားခဲ့ ကြတာကိုတော့ သတိပြုမိခဲ့ပါတယ်။ ဂျွန်လွင်အနေနဲ့လည်း ဒီအခင်းအကျင်းကနေ ဘယ်သူက မိတ်ဆွေ ကောင်း၊ တပည့်ကောင်းဆိုတာကို သိရှိခွင့်ရခဲ့လိမ့်မယ်လို့ ယူဆမိပါတယ်။

မာယာကျားထဲက ဝါရင့်သော်လည်း စေတနာမရင့်ကြတဲ့ အနုပညာရှင်ကြီးများ

ပြောင်းလဲလာခြင်းမရှိတဲ့ မြန်မာဇာတ်လမ်း၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေရဲ့သရုပ်ပြကွက်တွေ ကြောင့် မြန်မာ့ရုပ်ရှင်လောက မတိုးတက်တာ မထူးဆန်းလှပေ။ ဇွန်လ ဒုတိယပတ်အတွင်း ဆိုရှယ် မီဒီ ယာထက်မှာ မြင်တွေ့ခဲ့ရတဲ့ မာယာကျား ဇာတ်ကားက ွူြွှ အသိုင်းအဝိုင်းကို ချိုးနှိမ်ထားဟန် သဘောသက်ရောက်ပြီး၊ ဝါရင့်အနုပညာရှင်ကြီးတွေဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီမင်းသားကြီးဖြစ်တဲ့ ရန်အောင်နဲ့ ခင်လှိုင်တို့ကိုယ်တိုင်က မိန်းမလျာဇာတ်ရုပ်ကို လွန်ခဲ့တဲ့နှစ် (၂၀) ဝန်းကျင်က ရိုက်ကူး ပုံဖော်ခဲ့ကြတဲ့ သရုပ်ဖော်မှုပုံစံအတိုင်း လက်ခံရိုက်ကူးမြဲဖြစ်နေတာကိုမြင်တွေ့ရတာ စိတ်မကောင်းစရာ ပါ။
“တစ်ချိန်ကကိုယ့်ရည်းစားက ညီအစ်မတွေဖြစ်သွားကြတာပဲ” ဆိုတဲ့ စာသား အညွှန်းအပါအဝင် သရုပ်ဆောင်မှု ပြကွက်တွေကလည်း အတုခိုး/အတုယူစရာ အကျိုးကျေးဇူးမရနိုင်ပါ။ ဝါရင့်အနုပညာရှင် ကြီးတွေအနေနဲ့ ငွေရပြီးရော ရိုက်ကူးပုံဖော်ခြင်းမျိုး မလုပ်ဆောင်သင့်တော့ဘဲ ၎င်းတို့ရဲ့သရုပ်ဖော်မှု ကနေ ကြည့်ရှုမိသူတိုင်းအတွက် အသိပညာဗဟုသုတ တစ်စုံတစ်ရာပေးစွမ်းနိုင်မယ့် ဇာတ်လမ်းမျိုးကို သာ ပုံဖော်ရိုက်ကူးသင့်ကြောင်း ထောက်ပြသူများပြားလျက်ရှိပါတယ်။
မြန်မာ့ရုပ်ရှင်တွေမှာ မိန်းမလျာဇာတ်ရုပ်ထည့်သွင်းရိုက်ကူးမှုတွေမှာ “လက်တွေ့ဘဝက မိန်းမ လျာတွေရဲ့ ပြုမူနေထိုင်ပုံနဲ့ ကွာဟလွန်းကြောင်း၊ မိန်းမလျာတွေကို အိန္ဒြေသိက္ခာကျဆင်းစေအောင် ရိုက်ကူးမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဒါကြောင့် လူအများ မိန်းမလျာတွေ၊ LGBT တွေကို အထင်အမြင် မသေးစေဖို့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေကိုယ်တိုင်က လက်ခံမရိုက်ကူးကြဖို့” မိတ်ကပ် ပညာရှင်မထက်နဲ့ ဝါရင့်မိတ်ကပ်ပညာရှင်အများစုက မေတ္တာရပ်ခံထောက်ပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြန်မာမင်းသားအများစုက နာမည်မရရှိခင်မှာကတည်းက မိန်းမလျာဇာတ်ရုပ်ကို လက်ခံ ရိုက် ကူးလေ့ရှိကြပြီး၊ တချို့ဆိုရင် အဆိုပါဇာတ်ရုပ်ကြောင့် နာမည်ကြီးလာကြတာဖြစ်ကြောင်း၊ ဥပမာ ရန်အောင်ဆိုရင် မိန်းမလျာဇာတ်ရုပ်ကို ဇာတ်ကားအများစုမှာသရုပ်ဖော်လေ့ရှိပေမယ့် ၎င်းရဲ့သရုပ် ဆောင်မှုက လွန်ကဲလွန်းကြောင်း အမြဲတစေ ထောက်ပြခံခဲ့ရသူဖြစ်ပါတယ်။ အလားတူ ခင်လှိုင်၊ တိုင် ရွန်၊ ညီထွဋ်ခေါင်၊ ထက်အောင်ရှိုင်း၊ ညီနန္ဒ၊ ခြူးလေး၊ ဝေလာရီ၊ ယမုံမြင့်မြတ်တို့ပါဝင်ထားတဲ့ မာယာ ကျားလို အတုယူစရာမရှိတဲ့ဇာတ်ကားမျိုးတွေကို ကြည့်ရှုကြရမယ့် အနာဂတ် လူငယ်/ကလေးငယ်တွေ အတွက် ရင်လေးဖွယ်ကောင်းလှပါတယ်။ မာယာကျား ရုပ်ရှင်ဇာတ်ကားကို လာရောက်ကြည့်ရှုသူတိုင်း က ပါးစပ်မစိရ‌အောင် ပြုံးပျော်ရွှင်ရမယ်လို့ ပါဝင်ထားတဲ့အနုပညာရှင်တွေက ညွှန်းဆိုထားကြပေမယ့် ရုပ်ရှင်ဇာတ်ဝင်ခန်း အညွှန်းပြကွက်တွေကြည့်ရုံတင် ကြည့်ရှုသူတွေကို ‌အထင်အမြင်သေးစွာရိုက်ကူး ထားကြောင်း ခံစားစေမိတာအမှန်ပါ။
မြန်မာ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး၊ ဇာတ်òန်းရေးဆရာတို့အနေနဲ့ ရုပ်ရှင်ကြည့် ပရိသတ် တွေရဲ့စဉ်းစားတွေးခေါ်နိုင်မှုကို အဆင့်အတန်းလျှော့မတွက်သင့်တော့သလို မိမိတို့ဖန်တီးလိုက်တဲ့ ဇာတ်လမ်းက တိုင်းပြည်နဲ့ လူမျိုးအကျိုးဖြစ်ထွန်းကာ ဗဟုသုတရစေမယ့် ဇာတ်လမ်းမျိုးကိုသာ ဖန်တီး ကြစေလိုကြောင်း မေတ္တာတရားရှေ့ထားကာ ထောက်ပြဝေဖန်လိုက်ပါရစေ။ မာယာကျားရုပ်ရှင် ဇာတ်ကားကြီးကို ဇွန်လ(၁၃)ရက်က စတင်ပြီး တစ်ပြည်လုံးရုံတင်ပြသလျက်ရှိပါတယ်။

Miss Universe Myanmar 2025 ပြိုင်ပွဲကို ဇွန်လ နောက်ဆုံးပတ်မှာ ကျင်းပမယ်

Miss Universe Myanmar 2025 ပြိုင်ပွဲဝင်များအနက် လူစိတ်ဝင်စားမှုနဲ့ ဝေဖန်ခံရဆုံးအလှမယ် အဖြစ် ပဲခူးမြို့ကိုယ်စားပြုအလှမယ် အဆိုတော် ခင်ရတနာစိုးက ထိပ်ဆုံးကရပ်တည်နေပြီးသူ့အနေနဲ့ အိမ်ထောင်ကွဲအမျိုးသမီးတစ်ဦးဖြစ်တဲ့အပြင် အလှမယ်တစ်ဦးမှာရှိသင့်ရှိထိုက်တဲ့ အရပ် အမောင်း၊ အ ပြောအဆို၊ အပြင်အဆင် အားနည်းမှုတွေကိုထောက်ပြကာ တခြားပြိုင်ပွဲဝင်အလှမယ်တွေထက် ပိုမို ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။ Miss Universe Myanmar ရဲ့ The Quest For Glory Challenge ပွဲစဉ် ကို ဇွန်လ(၁၀)ရက်က Junction City Promotion Area မှာကျင်းပပြုလုပ်ခဲ့ရာ အကဲဖြတ်ဒိုင်အဖြစ် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်၊ မိတ်ကပ်လင်းလင်း၊ Miss Universe Myanmar (2024) သက်စံ Andrasan ၊ စိုင်းစည်တွမ်ခမ်းနဲ့ အဆိုတော် Jay တို့က တက်ရောက်ခဲ့ကြပါတယ်။ The Quest For Glory Challenge ပွဲမှာ Diamond Winner အဖြစ် ပဲခူးမြို့ကိုယ်စားပြုအလှမယ် ခင်ရတနာ စိုး၊ Gold Winner အဖြစ် မိတ္ထီလာမြို့ ကိုယ်စားပြုအလှမယ် ဂျူလိုင်ဝင့်ထည်၊ Silver Winner အဖြစ် ပုသိမ်မြို့ ကိုယ်စားပြုအလှမယ် Yan Yan တို့က အသီးသီးရရှိခဲ့ကြပါတယ်။ ခင်ရတနာစိုးက ဒိုင်တွေ မေး ခွန်းမေးမြန်းချိန် တုံ့ပြန်ဖြေကြားမှုသွင်ပြင်မှာ တည်ငြိမ်ကာ တိုတိုနဲ့လိုရင်းဖြေကြားနိုင်ခဲ့တာကြောင့် တစ်ဖန် ပြန်လည်ချီးကျူးခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာစင်မြင့်ထက်မှာသွားရောက်ယှဉ်ပြိုင်ဖို့ ကတော့ ခင်ရတနာစိုးအနေနဲ့ လိုအပ်ချက်တွေ များစွာရှိနေသေးကြောင်းလည်း ထောက်ပြနေသူတွေရှိ ပါတယ်။ လက်ရှိမှာ‌ ပြည်နယ်နဲ့တိုင်းဒေသကြီး ကိုယ်စားပြုအလှမယ်ကိုယ်စီက Grand Final ပြိုင်ပွဲ အ တွက် ပြင်ဆင်လျက်ရှိကြပြီး၊ ပဲခူးမြို့ကိုယ်စားပြုအလှမယ် ခင်ရတနာစိုး၊ မိတ္ထီလာမြို့ကိုယ်စားပြု အလှမယ် ဂျူလိုင်ဝင့်ထည်၊ ပုသိမ်မြို့ ကိုယ်စားပြုအလှမယ် Yan Yan ၊ ဟားခါးမြို့ ကိုယ်စားပြုအလှ မယ် NaNa ၊ (ခ) နန်းအဉ္ဇလီစတဲ့ အလှမယ်တွေက လူစိတ်ဝင်စားမှုအများဆုံး ရရှိလျက်ရှိပါတယ်။
National Custume ပြိုင်ပွဲကို ဇွန်လ (၁၈)ရက်မှာ ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်းကြားသိရပြီး၊ ၁၂ ကြိမ်မြောက် Miss Universe Myanmar (2025) ပြိုင်ပွဲကို ဇွန်လ (၂၇) ရက်မှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ Myanmar Expo မှာ ကျင်းပသွားမှာဖြစ်တယ် လို့သိရှိရပါတယ်။ (၇၄) ကြိမ်မြောက် Miss Universe International (2025) ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ကြောင်း ကနဦး သိထားရပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“မိတ္ေဆြတု/စစ္ သိရွိခြင့္ရခဲ့တဲ့ ဂြၽန္လြင္ရဲ႕အျဖစ္အပ်က္”
အိျဖဴ (NP News) - ဇြန္ ၁၅

NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ဂြၽန္လြင္ ေခၚယူေမးျမန္းခံရမႈ၊ ဇာတ္ကြက္ အေဟာင္းမ်ားၾကားက ႐ုန္းထြက္မရႏိုင္ၾကတဲ့ မာယာက်ားအဖြဲ႕သားမ်ား” စတဲ့ အႏုပညာ ဆက္စပ္သတင္းမ်ားကို ေဖာ္ျပေပးသြားပါမယ္။
Stars & Models Agency တည္ေထာင္သူ ဂြၽန္လြင္ စစ္ေဆးေမးျမန္းခံရျခင္းအေၾကာင္းရင္း
ေခၚယူစစ္ေဆးခံခဲ့ရတဲ့ Stars & Models ေအဂ်င္စီတည္ေထာင္သူ ဂြၽန္လြင္ (၃)ရက္ေျမာက္ အၾကာမွာ ေနအိမ္ကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။ ဇြန္လ(၆)ရက္ ညေနပိုင္းကစၿပီး ဂြၽန္လြင္ ဖမ္းဆီး ထိန္းသိမ္းခံရတဲ့သတင္းထြက္ေပၚခဲ့ေပမယ့္ ၎ရဲ႕ေထာက္ပံ့မႈအကူအညီမလြတ္ကင္းခဲ့ၾကတဲ့ နာမည္ ႀကီး အႏုပညာရွင္ တပည့္သားသမီးအရင္းေတြကိုယ္တိုင္က မသိက်ိဳးကြၽံျပဳခဲ့ပုံရပါတယ္။ ေခၚယူစစ္ေဆး ေမးျမန္းခံရၿပီးေနာက္ ဇြန္လ (၉) ရက္က ေနအိမ္ကိုျပန္လည္ ေရာက္ရွိခ်ိန္မွာ ဂြၽန္လြင္ကိုယ္တိုင္က “အရမ္းခ်စ္တယ္ ဆရာ၊ အရမ္းခ်စ္တယ္ ဆရာ၊ အရမ္းခ်စ္တယ္ ဆရာတို႔ေရ ဆရာ အဆင္ေျပတယ္ ေနာ္” ဆိုတဲ့ ခနဲ႔တဲ့တဲ့ စာသားပို႔စ္ တင္ေဖာ္ျပခဲ့မႈကိုၾကည့္ရျခင္းအားျဖင့္ တပည့္သားသမီးတခ်ိဳ႕ရဲ႕ လ်စ္လ်ဴရႈမႈကိုခံလိုက္ရတာ သိသာေစခဲ့ပါတယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ အလင္းေရာင္ကေတာ့ ဂြၽန္လြင္ ေခၚယူစစ္ေဆးခံေနရခ်ိန္ ၎ရဲ႕ေဖ့စ္ဘြတ္ ေပ့ခ်္ကတစ္ဆင့္ “စိတ္ေကာင္းရွိၿပီး မိဘအေပၚ အရမ္းသိတတ္တဲ့ဆရာ၊ တပည့္ေတြအေပၚလည္း အၿမဲ ေကာင္းၿပီး သြန္သင္ေပးတဲ့ဆရာ အစစအရာရာအဆင္ေျပေခ်ာေမြ႕ပါေစ” လို႔ ဆုေတာင္းစကား ေရးသား ခဲ့ၾကပါတယ္။ ဂြၽန္လြင္ကို သက္ဆိုင္ရာက ေခၚယူစစ္ေဆးခဲ့ၿပီးေနာက္ ခံဝန္ကတိလက္မွတ္ေရးထိုးခဲ့ရ ေၾကာင္းလည္း ထြက္ေပၚလာတဲ့သတင္းေတြအရ သိရွိရပါတယ္။ ဂြၽန္လြင္ ထိန္းသိမ္းစစ္ေဆးခံရျခင္းရဲ႕ အေၾကာင္းရင္း (၃) ခ်က္ခန႔္ရွိႏိုင္ၿပီး ပထမအခ်က္အျဖစ္ ျပည္ေျပးအဆိုေတာ္ ခ်မ္းခ်မ္း ျပည္တြင္းကို တရားမဝင္တင္ပို႔တဲ့ အြန္ လိုင္းေရွာ့ပ္ပစၥည္းေရာင္းဝယ္မႈကတစ္ဆင့္ အၾကမ္းဖက္ေထာက္ပံ့ေရးေတြမွာ ပါဝင္ခဲ့ျခင္း ရွိ/မရွိ၊ ဒုတိယအခ်က္က လူအမ်ားစုထင္ေၾကးေပးေနၾကသလို ခိုင္ႏွင္းေဝ (သို႔) ခိုင္ႏွင္းေဝ မိသားစုက ၆၆(ဃ) နဲ႔ တရားစြဲဆိုျခင္းေၾကာင့္လို႔ဆိုၾကေပမယ့္ ျဖစ္ႏိုင္ေျခနည္းပါးလြန္းပါတယ္။ တတိ ယ အခ်က္ျဖစ္ႏိုင္ေျခရွိတာက လြန္ခဲ့တဲ့ႏွစ္ပိုင္းက ဂြၽန္လြင္ဟာ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ အိမ္ၿခံေျမ၊ ကြန္ဒိုေရာင္း/ဝယ္ေပးမႈကို ပြဲစားအျဖစ္ အႀကီးအက်ယ္လုပ္ေဆာင္လ်က္ရွိခဲ့ၿပီး ျပည္ပ အေရာင္းအဝယ္ ကိစၥေတြမွာ ႏိုင္ငံျခားေငြဝင္ေရာက္မႈကိစၥေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အစိုးရက ေခၚယူစစ္ေဆးေမးျမန္းျခင္းမ်ိဳးလည္းျဖစ္ႏိုင္ေၾကာင္း တြက္ဆမိပါတယ္။
၎အေနနဲ႔ ျပည္ေျပးအဆိုေတာ္ခ်မ္းခ်မ္းနဲ႔ခ်ိတ္ဆက္ၿပီး အၾကမ္းဖက္ေထာက္ပို႔ကိစၥေတြမွာ ပါဝင္ဆက္စပ္ေနသလားနဲ႔ အၾကမ္းဖက္သမားေတြထံ ေငြလႊဲ/ပို႔ေတြ လုပ္ေဆာင္ေပးေနသလားဆိုတဲ့ ေမးခြန္းမ်ားစြာ ထြက္ေပၚလာခဲ့တာပါ။ ဒါေပမဲ့ သက္ဆိုင္ရာတာဝန္ရွိသူေတြရဲ႕ေခၚယူစစ္ေဆး ေမးျမန္း မႈကို ခံယူၿပီးေနာက္ (၃) ရက္အၾကာမွာ ျပန္လည္လြတ္ေျမာက္ခဲ့ၿပီး တရားစြဲ အမႈဖြင့္ခံရျခင္း မ်ိဳးမဟုတ္ ခဲ့ဘဲ ေခၚယူေမးျမန္းခံရတဲ့ အဆင့္နဲ႔တင္ ကိစၥအားလုံးၿပီးေျမာက္သြားတဲ့အတြက္ ၎ရဲ႕မိခင္အပါအဝင္ မိသားစုဝင္ေတြအားလုံး စိတ္ေအးေစခဲ့ပါတယ္။
ဂြၽန္လြင္ကို ျမန္မာႏိုင္ငံရဲ႕နာမည္ႀကီးအႏုပညာရွင္မ်ားစြာ ေမြးထုတ္ေပးသူ၊ ေမာ္ဒယ္ေလာက တစ္ခြင္မွာ ဩဇာေညာင္းသူအျဖစ္ ေျမႇာက္ပင့္ေျပာဆိုေလ့ရွိၾကၿပီး သူ႔ကိုခ်စ္ပါတယ္ဆိုတဲ့ တပည့္သား သမီးေတြနဲ႔ အႏုပညာေလာကသားအားလုံးနီးပါး ဂြၽန္လြင္ ဖမ္းဆီးထိန္းသိမ္းခံရခ်ိန္မွာ အသံတိတ္သြားခဲ့ ၾကတာကိုေတာ့ သတိျပဳမိခဲ့ပါတယ္။ ဂြၽန္လြင္အေနနဲ႔လည္း ဒီအခင္းအက်င္းကေန ဘယ္သူက မိတ္ေဆြ ေကာင္း၊ တပည့္ေကာင္းဆိုတာကို သိရွိခြင့္ရခဲ့လိမ့္မယ္လို႔ ယူဆမိပါတယ္။

မာယာက်ားထဲက ဝါရင့္ေသာ္လည္း ေစတနာမရင့္ၾကတဲ့ အႏုပညာရွင္ႀကီးမ်ား
ေျပာင္းလဲလာျခင္းမရွိတဲ့ ျမန္မာဇာတ္လမ္း၊ ဇာတ္ၫႊန္း၊ သ႐ုပ္ေဆာင္ေတြရဲ႕သ႐ုပ္ျပကြက္ေတြ ေၾကာင့္ ျမန္မာ့႐ုပ္ရွင္ေလာက မတိုးတက္တာ မထူးဆန္းလွေပ။ ဇြန္လ ဒုတိယပတ္အတြင္း ဆိုရွယ္ မီဒီ ယာထက္မွာ ျမင္ေတြ႕ခဲ့ရတဲ့ မာယာက်ား ဇာတ္ကားက ြဴျႊ အသိုင္းအဝိုင္းကို ခ်ိဳးႏွိမ္ထားဟန္ သေဘာသက္ေရာက္ၿပီး၊ ဝါရင့္အႏုပညာရွင္ႀကီးေတြျဖစ္တဲ့ ထပ္ဆင့္အကယ္ဒမီမင္းသားႀကီးျဖစ္တဲ့ ရန္ေအာင္နဲ႔ ခင္လႈိင္တို႔ကိုယ္တိုင္က မိန္းမလ်ာဇာတ္႐ုပ္ကို လြန္ခဲ့တဲ့ႏွစ္ (၂၀) ဝန္းက်င္က ႐ိုက္ကူး ပုံေဖာ္ခဲ့ၾကတဲ့ သ႐ုပ္ေဖာ္မႈပုံစံအတိုင္း လက္ခံ႐ိုက္ကူးၿမဲျဖစ္ေနတာကိုျမင္ေတြ႕ရတာ စိတ္မေကာင္းစရာ ပါ။
“တစ္ခ်ိန္ကကိုယ့္ရည္းစားက ညီအစ္မေတြျဖစ္သြားၾကတာပဲ” ဆိုတဲ့ စာသား အၫႊန္းအပါအဝင္ သ႐ုပ္ေဆာင္မႈ ျပကြက္ေတြကလည္း အတုခိုး/အတုယူစရာ အက်ိဳးေက်းဇူးမရႏိုင္ပါ။ ဝါရင့္အႏုပညာရွင္ ႀကီးေတြအေနနဲ႔ ေငြရၿပီးေရာ ႐ိုက္ကူးပုံေဖာ္ျခင္းမ်ိဳး မလုပ္ေဆာင္သင့္ေတာ့ဘဲ ၎တို႔ရဲ႕သ႐ုပ္ေဖာ္မႈ ကေန ၾကည့္ရႈမိသူတိုင္းအတြက္ အသိပညာဗဟုသုတ တစ္စုံတစ္ရာေပးစြမ္းႏိုင္မယ့္ ဇာတ္လမ္းမ်ိဳးကို သာ ပုံေဖာ္႐ိုက္ကူးသင့္ေၾကာင္း ေထာက္ျပသူမ်ားျပားလ်က္ရွိပါတယ္။
ျမန္မာ့႐ုပ္ရွင္ေတြမွာ မိန္းမလ်ာဇာတ္႐ုပ္ထည့္သြင္း႐ိုက္ကူးမႈေတြမွာ “လက္ေတြ႕ဘဝက မိန္းမ လ်ာေတြရဲ႕ ျပဳမူေနထိုင္ပုံနဲ႔ ကြာဟလြန္းေၾကာင္း၊ မိန္းမလ်ာေတြကို အိေျႏၵသိကၡာက်ဆင္းေစေအာင္ ႐ိုက္ကူးမႈအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ ဒါေၾကာင့္ လူအမ်ား မိန္းမလ်ာေတြ၊ LGBT ေတြကို အထင္အျမင္ မေသးေစဖို႔ ဒါ႐ိုက္တာေတြ၊ သ႐ုပ္ေဆာင္ေတြကိုယ္တိုင္က လက္ခံမ႐ိုက္ကူးၾကဖို႔” မိတ္ကပ္ ပညာရွင္မထက္နဲ႔ ဝါရင့္မိတ္ကပ္ပညာရွင္အမ်ားစုက ေမတၱာရပ္ခံေထာက္ျပခဲ့ဖူးပါတယ္။ ဒါေပမဲ့ ျမန္မာမင္းသားအမ်ားစုက နာမည္မရရွိခင္မွာကတည္းက မိန္းမလ်ာဇာတ္႐ုပ္ကို လက္ခံ ႐ိုက္ ကူးေလ့ရွိၾကၿပီး၊ တခ်ိဳ႕ဆိုရင္ အဆိုပါဇာတ္႐ုပ္ေၾကာင့္ နာမည္ႀကီးလာၾကတာျဖစ္ေၾကာင္း၊ ဥပမာ ရန္ေအာင္ဆိုရင္ မိန္းမလ်ာဇာတ္႐ုပ္ကို ဇာတ္ကားအမ်ားစုမွာသ႐ုပ္ေဖာ္ေလ့ရွိေပမယ့္ ၎ရဲ႕သ႐ုပ္ ေဆာင္မႈက လြန္ကဲလြန္းေၾကာင္း အၿမဲတေစ ေထာက္ျပခံခဲ့ရသူျဖစ္ပါတယ္။ အလားတူ ခင္လႈိင္၊ တိုင္ ႐ြန္၊ ညီထြဋ္ေခါင္၊ ထက္ေအာင္ရႈိင္း၊ ညီနႏၵ၊ ျခဴးေလး၊ ေဝလာရီ၊ ယမုံျမင့္ျမတ္တို႔ပါဝင္ထားတဲ့ မာယာ က်ားလို အတုယူစရာမရွိတဲ့ဇာတ္ကားမ်ိဳးေတြကို ၾကည့္ရႈၾကရမယ့္ အနာဂတ္ လူငယ္/ကေလးငယ္ေတြ အတြက္ ရင္ေလးဖြယ္ေကာင္းလွပါတယ္။ မာယာက်ား ႐ုပ္ရွင္ဇာတ္ကားကို လာေရာက္ၾကည့္ရႈသူတိုင္း က ပါးစပ္မစိရ‌ေအာင္ ၿပဳံးေပ်ာ္႐ႊင္ရမယ္လို႔ ပါဝင္ထားတဲ့အႏုပညာရွင္ေတြက ၫႊန္းဆိုထားၾကေပမယ့္ ႐ုပ္ရွင္ဇာတ္ဝင္ခန္း အၫႊန္းျပကြက္ေတြၾကည့္႐ုံတင္ ၾကည့္ရႈသူေတြကို ‌အထင္အျမင္ေသးစြာ႐ိုက္ကူး ထားေၾကာင္း ခံစားေစမိတာအမွန္ပါ။
ျမန္မာ ဒါ႐ိုက္တာ၊ မင္းသား၊ မင္းသမီး၊ ဇာတ္òန္းေရးဆရာတို႔အေနနဲ႔ ႐ုပ္ရွင္ၾကည့္ ပရိသတ္ ေတြရဲ႕စဥ္းစားေတြးေခၚႏိုင္မႈကို အဆင့္အတန္းေလွ်ာ့မတြက္သင့္ေတာ့သလို မိမိတို႔ဖန္တီးလိုက္တဲ့ ဇာတ္လမ္းက တိုင္းျပည္နဲ႔ လူမ်ိဳးအက်ိဳးျဖစ္ထြန္းကာ ဗဟုသုတရေစမယ့္ ဇာတ္လမ္းမ်ိဳးကိုသာ ဖန္တီး ၾကေစလိုေၾကာင္း ေမတၱာတရားေရွ႕ထားကာ ေထာက္ျပေဝဖန္လိုက္ပါရေစ။ မာယာက်ား႐ုပ္ရွင္ ဇာတ္ကားႀကီးကို ဇြန္လ(၁၃)ရက္က စတင္ၿပီး တစ္ျပည္လုံး႐ုံတင္ျပသလ်က္ရွိပါတယ္။

Miss Universe Myanmar 2025 ၿပိဳင္ပြဲကို ဇြန္လ ေနာက္ဆုံးပတ္မွာ က်င္းပမယ္

Miss Universe Myanmar 2025 ၿပိဳင္ပြဲဝင္မ်ားအနက္ လူစိတ္ဝင္စားမႈနဲ႔ ေဝဖန္ခံရဆုံးအလွမယ္ အျဖစ္ ပဲခူးၿမိဳ႕ကိုယ္စားျပဳအလွမယ္ အဆိုေတာ္ ခင္ရတနာစိုးက ထိပ္ဆုံးကရပ္တည္ေနၿပီးသူ႔အေနနဲ႔ အိမ္ေထာင္ကြဲအမ်ိဳးသမီးတစ္ဦးျဖစ္တဲ့အျပင္ အလွမယ္တစ္ဦးမွာရွိသင့္ရွိထိုက္တဲ့ အရပ္ အေမာင္း၊ အ ေျပာအဆို၊ အျပင္အဆင္ အားနည္းမႈေတြကိုေထာက္ျပကာ တျခားၿပိဳင္ပြဲဝင္အလွမယ္ေတြထက္ ပိုမို ေဝဖန္ခံေနရတာပဲျဖစ္ပါတယ္။ Miss Universe Myanmar ရဲ႕ The Quest For Glory Challenge ပြဲစဥ္ ကို ဇြန္လ(၁၀)ရက္က Junction City Promotion Area မွာက်င္းပျပဳလုပ္ခဲ့ရာ အကဲျဖတ္ဒိုင္အျဖစ္ သ႐ုပ္ေဆာင္ ထပ္ဆင့္အကယ္ဒမီ ခိုင္သင္းၾကည္၊ မိတ္ကပ္လင္းလင္း၊ Miss Universe Myanmar (2024) သက္စံ Andrasan ၊ စိုင္းစည္တြမ္ခမ္းနဲ႔ အဆိုေတာ္ Jay တို႔က တက္ေရာက္ခဲ့ၾကပါတယ္။ The Quest For Glory Challenge ပြဲမွာ Diamond Winner အျဖစ္ ပဲခူးၿမိဳ႕ကိုယ္စားျပဳအလွမယ္ ခင္ရတနာ စိုး၊ Gold Winner အျဖစ္ မိတၳီလာၿမိဳ႕ ကိုယ္စားျပဳအလွမယ္ ဂ်ဴလိုင္ဝင့္ထည္၊ Silver Winner အျဖစ္ ပုသိမ္ၿမိဳ႕ ကိုယ္စားျပဳအလွမယ္ Yan Yan တို႔က အသီးသီးရရွိခဲ့ၾကပါတယ္။ ခင္ရတနာစိုးက ဒိုင္ေတြ ေမး ခြန္းေမးျမန္းခ်ိန္ တုံ႔ျပန္ေျဖၾကားမႈသြင္ျပင္မွာ တည္ၿငိမ္ကာ တိုတိုနဲ႔လိုရင္းေျဖၾကားႏိုင္ခဲ့တာေၾကာင့္ တစ္ဖန္ ျပန္လည္ခ်ီးက်ဴးခံခဲ့ရပါတယ္။ ဒါေပမဲ့လည္း ႏိုင္ငံတကာစင္ျမင့္ထက္မွာသြားေရာက္ယွဥ္ၿပိဳင္ဖို႔ ကေတာ့ ခင္ရတနာစိုးအေနနဲ႔ လိုအပ္ခ်က္ေတြ မ်ားစြာရွိေနေသးေၾကာင္းလည္း ေထာက္ျပေနသူေတြရွိ ပါတယ္။ လက္ရွိမွာ‌ ျပည္နယ္နဲ႔တိုင္းေဒသႀကီး ကိုယ္စားျပဳအလွမယ္ကိုယ္စီက Grand Final ၿပိဳင္ပြဲ အ တြက္ ျပင္ဆင္လ်က္ရွိၾကၿပီး၊ ပဲခူးၿမိဳ႕ကိုယ္စားျပဳအလွမယ္ ခင္ရတနာစိုး၊ မိတၳီလာၿမိဳ႕ကိုယ္စားျပဳ အလွမယ္ ဂ်ဴလိုင္ဝင့္ထည္၊ ပုသိမ္ၿမိဳ႕ ကိုယ္စားျပဳအလွမယ္ Yan Yan ၊ ဟားခါးၿမိဳ႕ ကိုယ္စားျပဳအလွ မယ္ NaNa ၊ (ခ) နန္းအၪၨလီစတဲ့ အလွမယ္ေတြက လူစိတ္ဝင္စားမႈအမ်ားဆုံး ရရွိလ်က္ရွိပါတယ္။
National Custume ၿပိဳင္ပြဲကို ဇြန္လ (၁၈)ရက္မွာ ရန္ကုန္ၿမိဳ႕ရွိ ႏိုဗိုတယ္ဟိုတယ္မွာ ျပဳလုပ္ဖို႔ စီစဥ္ထားေၾကာင္းၾကားသိရၿပီး၊ ၁၂ ႀကိမ္ေျမာက္ Miss Universe Myanmar (2025) ၿပိဳင္ပြဲကို ဇြန္လ (၂၇) ရက္မွာ ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ရွိ Myanmar Expo မွာ က်င္းပသြားမွာျဖစ္တယ္ လို႔သိရွိရပါတယ္။ (၇၄) ႀကိမ္ေျမာက္ Miss Universe International (2025) ၿပိဳင္ပြဲကို ထိုင္းႏိုင္ငံမွာ က်င္းပသြားမွာျဖစ္ေၾကာင္း ကနဦး သိထားရပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.