ချောက်မြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း(၅၆)နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန်စံချိန်ဟောင်းထက် ပိုမို မြင့်မားသည့် အပူချိန်စံချိန်သစ်ဖြစ်ပေါ်

 8517

ယွန်း (NP News) – ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း(၅၆)နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်းထက် ပိုမိုမြင့်မားသည့် အပူချိန်စံချိန်သစ်ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ယမန်နေ့(ဧပြီ ၆ ရက်) တွင် ချောက်မြို့ အပါအဝင် မြို့(၄)မြို့၌ အပူချိန် စံချိန်သစ် မြင့်တင်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် အမြင့်ဆုံးအပူချိန် (၄၇ ဒသမ ၄) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း (၅၆)နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း(၄၇ ဒသမ ဝ) ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန် သည့် အပူချိန်စံချိန်သစ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင်လည်း အမြင့်ဆုံးအပူချိန်စံချိန်(၄၅ ဒသမ ၂) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း(၅၉)နှစ်အတွင်း အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ပြီး ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့တွင်လည်း အပူချိန်(၃၇ ဒသမ ၈) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း(၄၅)နှစ်အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလ က ဆိုထားသည်။

အလားတူ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့တွင်လည်း အမြင့်ဆုံးအပူချိန်စံချိန်(၃၆ ဒသမ ၆) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း(၅၇)နှစ်အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဧပြီလမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့အပူချိန်များ မြှင့်တက်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးပြောကြားထားသည်။

Zawgyi Version;
ေခ်ာက္ၿမိဳ႕တြင္ လြန္ခဲ့သည့္ႏွစ္ေပါင္း(၅၆)ႏွစ္အတြင္းျဖစ္ေပၚခဲ့သည့္ အျမင့္ဆုံးအပူခ်ိန္စံခ်ိန္ေဟာင္းထက္ ပိုမို ျမင့္မားသည့္ အပူခ်ိန္စံခ်ိန္သစ္ျဖစ္ေပၚ
ယြန္း (NP News) – ဧၿပီ ၇

မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕တြင္ လြန္ခဲ့သည့္ႏွစ္ေပါင္း(၅၆)ႏွစ္အတြင္း ျဖစ္ေပၚခဲ့သည့္ အျမင့္ဆုံးအပူခ်ိန္ စံခ်ိန္ေဟာင္းထက္ ပိုမိုျမင့္မားသည့္ အပူခ်ိန္စံခ်ိန္သစ္ျဖစ္ေပၚခဲ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားသည္။

မိုးဇလ၏ ထုတ္ျပန္ခ်က္အရ ယမန္ေန႔(ဧၿပီ ၆ ရက္) တြင္ ေခ်ာက္ၿမိဳ႕ အပါအဝင္ ၿမိဳ႕(၄)ၿမိဳ႕၌ အပူခ်ိန္ စံခ်ိန္သစ္ ျမင့္တင္ခဲ့ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕တြင္ အျမင့္ဆုံးအပူခ်ိန္ (၄၇ ဒသမ ၄) ဒီဂရီစင္တီဂရိတ္ျဖင့္ လြန္ခဲ့ေသာႏွစ္ေပါင္း (၅၆)ႏွစ္အတြင္း ျဖစ္ေပၚခဲ့သည့္ အျမင့္ဆုံးအပူခ်ိန္စံခ်ိန္ေဟာင္း(၄၇ ဒသမ ဝ) ဒီဂရီစင္တီဂရိတ္ထက္ ေက်ာ္လြန္ သည့္ အပူခ်ိန္စံခ်ိန္သစ္ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕တြင္လည္း အျမင့္ဆုံးအပူခ်ိန္စံခ်ိန္(၄၅ ဒသမ ၂) ဒီဂရီစင္တီဂရိတ္ျဖင့္ လြန္ခဲ့ေသာႏွစ္ေပါင္း(၅၉)ႏွစ္အတြင္း အျမင့္ဆုံးစံခ်ိန္သစ္တင္ခဲ့ၿပီး ရွမ္းျပည္နယ္၊ ဟဲဟိုးၿမိဳ႕တြင္လည္း အပူခ်ိန္(၃၇ ဒသမ ၈) ဒီဂရီစင္တီဂရိတ္ျဖင့္ လြန္ခဲ့သည့္ႏွစ္ေပါင္း(၄၅)ႏွစ္အတြင္း အပူခ်ိန္ စံခ်ိန္သစ္တင္ခဲ့ေၾကာင္း မိုးဇလ က ဆိုထားသည္။

အလားတူ ရွမ္းျပည္နယ္၊ လြိဳင္လင္ၿမိဳ႕တြင္လည္း အျမင့္ဆုံးအပူခ်ိန္စံခ်ိန္(၃၆ ဒသမ ၆) ဒီဂရီစင္တီဂရိတ္ျဖင့္ လြန္ခဲ့ေသာႏွစ္ေပါင္း(၅၇)ႏွစ္အတြင္း အပူခ်ိန္ စံခ်ိန္သစ္တင္ခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္ ဧၿပီလမွစတင္ကာ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေန႔အပူခ်ိန္မ်ား ျမႇင့္တက္လာႏိုင္ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးေျပာၾကားထားသည္။

Related news

© 2021. All rights reserved.