“မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းပေးဖို့ တောင်းဆိုခံထားရတယ်’’

 2142

ဂျန်ဇက် (NP News) - ဧပြီ ၈

ထိုင်းစီးပွားရေးလုပ်ငန်းရှင် ဆာရက်သာတာဗီဆင်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်းစစ်တပ်ရဲ့နိုင်ငံရေးမှာ ၉ နှစ်ကြာ လွှမ်းမိုးမှုတွေလည်း အဆုံး သတ်ခဲ့ရပါတယ်။ ဆာရက်သာတာဗီဆင်ဟာ ထိုင်းနိုင်ငံမှာ ၉ နှစ်အတွင်း ဝန်ကြီးချုပ်အဖြစ် ပထမဆုံးတာဝန်ယူခွင့်ရတဲ့ အရပ်သား တစ်ဦးဖြစ်လာခဲ့ပြီး ပြင်သစ်အခြေစိုက် FRANCE 24 သတင်းဌာနနဲ့ မတ်လ ( ၂၉ ) ရက်က အင်တာဗျူးကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး- ထိုင်းနိုင်ငံမှာ ထိုင်းစစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာကို ၉ နှစ်ကြာအောင် ထိန်း သိမ်းခဲ့တယ်။ အခုဆိုရင် ခင်ဗျားဟာ ဝန်ကြီးချုပ် အဖြစ် ခြောက်လကျော်ကြာ တာဝန်ထမ်းဆောင်နိုင် ခဲ့တယ်။ ၉ နှစ်ကျော်ကာလအတွင်းမှာ ထိုင်းနိုင်ငံရဲ့ပထမဆုံးအရပ်သားဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့် ရတဲ့အပေါ် ဘယ်လိုမျိုးခံစားရသလဲ။
ဖြေ-ကျွန်တော်တို့အစိုးရအဖွဲ့တာဝန်ယူချိန်ကာလအတွင်း အုပ်ချုပ်ရေးကာလ ပထမနှစ်လအတွင်းမှာ စီးပွားရေးနဲ့ပတ်သက်ပြီး လျစ်လျူရှုလိုက်သလိုမျိုးဖြစ်ခဲ့ရတယ်။ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့အပါအ ဝင် အရေးကြီးဆုံးအရာဖြစ်တဲ့ နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုဝင်ရောက်ခြင်းလိုမျိုး ရေရှည်စီမံကိန်းချ မှတ်ပြီး စီးပွားရေးနှိုးဆွမှုအစီအစဉ်တွေကို အာရုံစိုက် သင့်ခဲ့တယ်လို့ထင်ပါတယ်။ အစိုးရအဖွဲ့ ဖွဲ့စည်းပြီး နှစ်လကျော်ကြာကာလအတွင်းမှာ စီးပွာရေး အစီအ စဉ်တွေကို ဂရုစိုက်သင့်တယ်။

မေး- ခင်ဗျားအနေနဲ့ ထိုင်းနိုင်ငံရဲ့အနာဂတ်ဟာ ဒီမို ကရေစီ ပိုမိုရရှိမယ်လို့ ယုံကြည်ထားသလား။
ဖြေ- ဟုတ်ကဲ့ ကျွန်တော်ယုံကြည်ထားပါတယ်။ ကျွန် တော်ဒီမှာထိုင်နေပေမယ့် ပြောင်းလဲနေတဲ့ ဒီမိုကရေ စီပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို ရွေးကောက်ပွဲတစ်ခု လိုမျိုး ပြီးမြောက်အောင်လုပ်ဆောင်လို့မရဘူး။

မေး- ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုနှစ်နောက်ပိုင်းတည်းက အာဏာသိမ်းမှု မကြာခဏဖြစ်ပွားခဲ့တယ်။ ထိုင်းစစ် တပ်ဟာ အရပ်သားဝန်ကြီးချုပ်အသီးသီးကို ရာထူး ကဖြုတ်ချပြီး အာဏာသိမ်းမှု ၁၂ ကြိမ်လုပ်ဆောင်ခဲ့ ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲမှု အကြိမ် ၂၀ လုပ်ဆောင်ခဲ့တယ်။ ခင်ဗျားအနေနဲ့ကော လက်ရှိအ ချိန်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းခံရမှာ ဒါမှမဟုတ် ဖြုတ်ချခံရတာမျိုး ရင်ဆိုင်ရမှာ မစိုးရိမ်ဘူးလား။
ဖြေ-ကျွန်တော့်အနေနဲ့ ကြိုတင်မသိနိုင်တဲ့အရာတွေ အတွက် မစိုးရိမ်ဘူး၊ ဒါပေမဲ့ ကျွန်တော်ဟာ လက် ရှိအချိန်မှာ သိမြင်ထိန်းသိမ်းလို့ရမယ့်အရာရာတိုင်းကို အာရုံစိုက်နေတယ်။
ဒါ့ပြင် လက်ရှိအချိန်မှာအရင်အစိုးရတွေ တုန်းကလုပ်ဆောင်ခဲ့တဲ့အမှားတွေကို လေ့လာသင် ယူနေပြီး အရာရာတိုင်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကိုင်နိုင်ဖို့ အာရုံစိုက်ထားတယ်။ ကျွန်တော်ရဲ့ ရည်မှန်းချက်က အရမ်းရိုးရှင်းပါတယ်။ အဲဒါကတော့ ပြည်သူတွေရဲ့ဘဝရှင်သန်နေထိုင်မှုတွေကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ဖို့ဖြစ်ပါတယ်။

မေး - ခင်ဗျားဟာ အရင်တုန်းက အရမ်းအောင်မြင်
တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့သလို နှစ်ပေါင်း များစွာ အိမ်ခြံမြေသူဌေးကြီးလည်းဖြစ်ခဲ့တယ်။ ခင် ဗျားဟာ ၂၀၂၂ ခုနှစ်မှာ ထိုင်းအာဏာရပါတီဖြစ်တဲ့ ဖြူထိုင်းပါတီကို ဝင်ရောက်မှုနဲ့အတူ နိုင်ငံရေးသမားပထမဆုံးဖြစ်လာခဲ့တယ်။ အဲဒီလိုမျိုး နိုင်ငံရေးသမား ဖြစ်လာခဲ့ပြီးနောက် ခင်ဗျားဟာ ကမ္ဘာမှာအခက်ခဲဆုံး အလုပ်ဖြစ်တဲ့ အလုပ်ကိုလုပ်ကိုင်ခဲ့တယ်။ အဲဒီအ ခြေအနေတွေနဲ့ပတ်သက်ပြီး ပြောပေးပါဦး။
ဖြေ- ဟုတ်ကဲ့ ဝန်ကြီးချုပ်ရာထူးဟာ ကမ္ဘာမှာအခက် ခဲဆုံးအလုပ်တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။ နိုင်ငံ ရေးသမားတစ်ဦးရဲ့ထိပ်ဆုံးမှာရှိနေခြင်းရဟာ တာဝန် ယူခြင်းတာဝန်ခံခြင်း အများကြီးရှိနေတယ်လို့ ဆိုလို ချင်တာပါ။ ပုဂ္ဂလိကကုမ္ပဏီကြီးတွေရဲ့စီအီးအိုဖြစ်ခဲ့တုန်းက ရှယ်ယာရှင်တွေ၊ ဖောက်သည်တွေအတွက် လူမူရေးဆိုင်ရာတာဝန်ယူခြင်း တာဝန်ခံခြင်းတွေရှိခဲ့ တယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ် ဖြစ်လာတော့ ဆက်နွှယ်လုပ်ကိုင်ရသူအများကြီးရှိ လာပြီး တာဝန်ခံခြင်းတွေနဲ့ တာဝန်ယူခြင်းတွေအများ ကြီးရှိလာခဲ့တယ်။ ဒီအလုပ်က အလွန်ကြီးမားတဲ့ အလုပ်တစ်ခုပါ၊

မေး- မကြာသေးခင်က ခင်ဗျားပြောခဲ့ဖူးတယ်။ ထိုင်း ဝန်ကြီးချုပ်ရဲ့ပါဝါက ကန့်သတ်ခံရသလိုမျိုး ရှိနေ တယ်လို့ပြောခဲ့တယ်။ ဝန်ကြီးချုပ်ရဲ့လုပ်ပိုင်ခွင့်ပါဝါ ကန့်သတ်ခံရတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အံ အားသင့်မိလို့ ကျေးဇူးပြုပြီးရှင်းပြပေးပါဦး။
ဖြေ- တွေ့ကြုံရတဲ့ကန့်သတ်ချက်တွေကိုပြောပါရစေ၊ ကျွန်တော်ရရှိတဲ့ ဝန်ကြီးချုပ်ရဲ့ပါဝါ လုပ်ပိုင်ခွင့် ပမာဏကိုအံဩမိတယ်။ ဒါပေမဲ့ အများစုကတော့ ဝန်ကြီးချုပ်ဖြစ်ခွင့်မရှိတာ အံ့ဩစရာပါပဲ။ ဝန်ကြီးချုပ် က အရမ်းအားကောင်းတဲ့ရာထူးတစ်ခုဖြစ်ပြီး တချို့ ကိစ္စတွေမှာ လုပ်ပိုင်ခွင့်ပါဝါအများကြီးရှိတယ်လို့ခံ စားမိပေမယ့် တချို့ကိစ္စတွေ အထူးသဖြင့် စည်းမျဉ်း ဥပဒေအသစ်ထုတ်ပြန်ရေးနဲ့ပတ်သက်ပြီးတော့ လုပ် ပိုင်ခွင့်ပါဝါ ကန့်သတ်ခံရတာမျိုးတွေရှိတယ်လို့ ခံစားမိတယ်။

မေး-ခင်ဗျားဟာ ပြီးခဲ့တဲ့မတ်လတုန်းက ပြင်သစ်ကို ရောက်ရှိခဲ့တယ်။ ပြင်သစ်ရောက်တာ အချိန်ပိုကြာတယ်လို့လည်းပြောခဲ့တယ်။ ပြင်သစ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေတွေကို ပြောပေး ပါဦး။
ဖြေ- ပြင်သစ်သမ္မတနဲ့ ဧည့်ခန်းထဲမှာထိုင်နေရတာ ထက် ပိုကြီးမားတဲ့ ရည်မှန်းချက်ရှိနေခဲ့တယ်။ ပြင် သစ်သမ္မတပြောနေတာတွေက ကမ္ဘာကြီးကိုအရမ်းဂရုစိုက်နေတာသိသာပါတယ်။ အဲဒီဆွေးနွေးမှုအတွင်း ထိုင်းနိုင်ငံနဲ့ ပြင်သစ်နိုင်ငံကြားဆက်ဆံရေး အကြောင်း တွေပြောဖြစ်ခဲ့တယ်။
ပြင်သစ်ဟာ နှစ်ပေါင်း ၃၀ဝ ကျော်အတွင်း မှာ ထိုင်းနိုင်ငံအတွက် အချိန်အကြာဆုံး ကုန်သွယ် ဖက်နိုင်ငံတစ်နိုင်ငံပါ။ ပြင်သစ်နိုင်ငံဟာ ဥရောပကို ဗီဇာမရှိဘဲ သွားရောက်ချိန်မှာလည်းအပြောင်းအလဲတွေကို အခမဲ့ပံ့ပိုးပေးခဲ့တယ်။ ပြင်သစ်သမ္မတဟာ ထိုင်းနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့တယ်။ထိုင်းနဲ့ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်များကြား တွေ့ ဆုံဆွေးနွေးခဲ့တယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့်မေလမှာ ပြင်သစ် နိုင်ငံကို သွားရောက်ဆွေးနွေးမှာဖြစ်ပါတယ်။

မေး- ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာလည်း မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုး ရကို ရာထူးကဖြုတ်ချခဲ့တယ်။ အဲဒီလို အရပ်သား အစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လက်နက်ကိုင် တိုက်ခိုက်လာခဲ့တယ်။ အဲဒီလို တိုက် ခိုက်လာမှုတွေကြောင့် နေရပ်စွန့်ခွာနေထိုင်နေရသူ နှစ်သန်းကျော်ရှိလာနေပြီး လူသားချင်းဆိုင်ရာစာနာ မှု အကူညီလိုအပ်ချက်တွေလည်း တိုးမြှင့်လာနေတယ်။ အများစု အိမ်နီးချင်း ထိုင်းနိုင်ငံနယ်စပ်ဒေသကိုဖြတ်ကျော်ပြီး ဝင်ရောက်လာတာတွေလည်းရှိခဲ့ တယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ မူဝါဒက ဘာလဲ၊ ထိုင်းအစိုးရအနေနဲ့ဘာတွေကူညီပေး ဖို့ အစီအစဉ်ရှိနေသလဲ။
ဖြေ- အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးဆွေးနွေးရ မယ့်စကားလုံးကတော့ လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်သူရှိရင် ကူညီပေးဖို့ဖြစ်တယ်။ လော လောဆယ်အချိန်မှာတော့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ နေရပ်စွန့်ခွာပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်နေသူထောင်နဲ့ချီပြီး ရှိနေတယ်။ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း အပြည့်အဝရဖို့များတယ်။
ထိုင်းနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းက တစ်ရာ ခိုင်နှုန်းအောက်မှာပဲရှိနေတယ်။ မြန်မာနဲ့ကမ္ဘောဒီး ယားနိုင်ငံတို့ကအလုပ်လာရောက်လုပ်ကိုင်နေသူတွေ ထိုင်းနိုင်ငံမှာအများကြီးရှိနေတယ်။ ထိုင်းနဲ့မြန်မာနိုင် ငံတို့ဟာ နယ်စပ်ဒေသချင်း ကီလိုမီတာ ၂၀ဝ၀ အထိ ထိစပ်နေတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်း ဒါမှ မဟုတ် ပြီးခဲ့တဲ့နှစ်လကျော်က အမေရိကန်ပြည် ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေး ပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်။
အဲဒီလိုမျိုးတွေ့ဆုံဆွေးနွေးပြီးချိန်မှာ သူ တို့တွေဟာ ကျွန်တော်နဲ့လည်း ထပ်မံဆွေးနွေးခဲ့ တယ်။ အဲဒီလိုမျိုး တွေ့ဆုံဆွေးနွေးချိန်မှာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအခက်ခဲတွေကိုဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကြား ထိုင်းနိုင်ငံကို ကြားဝင်ဆောင်ရွက်ပေးဖို့ unofficially ပုံစံမျိုးနဲ့တောင်းဆိုခဲ့တယ်။ ထိုင်းအစိုး ရဟာ မြန်မာနိုင်ငံရေးပြသာနာတွေကြောင့် အလုံးစုံ ပြည်တွင်းစစ်မဖြစ်ပွားစေဖို့အခြေနေတွေကို ထိန်းသိမ်း နိုင်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ အာရုံစိုက်နေတယ်။ ထိုင်းဟာ ဘက်မလိုက်တဲ့ ကြားနေနိုင်ငံတစ်ခု အနေနဲ့ မြန်မာ့ပြဿနာမှာ တောက်လောင်နေတဲ့ စစ်မီးကို အရှိန်မမြှင့်စေဖို့ တတ်နိုင်သမျှကူညီနိုင် မယ်ဆိုတာကို နိုင်ငံအများစုက သဘောတူတယ်လို့ သူ ယူဆထားတယ်။ ပြဿနာကို ပြည်တွင်းစစ်အဖြစ် လုံးလုံးလျားလျား မကြီးထွားသွားအောင် ထိုင်းနိုင်ငံ အနေနဲ့ ဘယ်လိုကဏ္ဍကနေ ပါဝင်နိုင်သလဲဆိုတာ ကိုလည်း အာရုံစိုက်သင့်ပါတယ်။ ပြဿနာက လောလောဆယ်မှာတော့ ဒီလောက်ကြီးမားတဲ့ကိစ္စမျိုးမ ဟုတ်သေးဘူး။ လက်ရှိအချိန်မှာ ပြည်တွင်းစစ်မီး ပိုမိုမကြီးထွားအောင်လုပ်ဖို့ အာရုံစိုက်သင့်တယ်။

မေး- ထိုင်းအစိုးရဟာ အရင်တုန်းက ဆေးခြောက်ကို အံအားသင့်စရာကောင်းအောင် သုံးစွဲခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပိတ်ပင်ဖို့ လုပ်ဆောင်တာတွေလည်းရှိလာနေတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးပြောပေးပါဦး။
ဖြေ- ထိုင်းအစိုးရရဲ့မူဝါဒတွေထဲမှာ ဆေးခြောက်ကို အပန်းဖြေရာမှာအသုံးပြုခွင့်ပေးတာတွေကို ပိတ်ပင် သွားမယ်။ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကိုတရားဝင်အသုံးပြုခွင့်ပေးခြင်းတွေဟာ ထိုင်းနိုင်ငံစီးပွားရေး တစ် ခုလုံးထက် ထိုင်းပြည်သူတွေအပေါ်အနုတ်လက္ခဏာ ဆောင်တဲ့သက်ရောက်မှုတွေဖြစ်လာစေတယ်။ ဒါ ကြောင့် ဆေးခြောက်ကို အပန်းဖြေရာမှာအသုံးပြုခွင့် ပိတ်ပင်မှာပါ။ ဆေးခြောက်ပိုင်ဆိုင်မှု ပမာဏအပေါ် မူတည်ပြီး ပြစ်ဒဏ်ပေးတာမျိုးတွေလည်းလုပ်ဆောင်မှာဖြစ်ပါတယ်။

Zawgyi Version;
“ျမန္မာ့ႏိုင္ငံေရးျပႆနာကိုေျဖရွင္းေပးဖို႔ ေတာင္းဆိုခံထားရတယ္’’
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

ထိုင္းစီးပြားေရးလုပ္ငန္းရွင္ ဆာရက္သာတာဗီဆင္ဟာ ၂၀၂၃ ခုႏွစ္ ဩဂုတ္လမွာ ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ထိုင္းစစ္တပ္ရဲ႕ႏိုင္ငံေရးမွာ ၉ ႏွစ္ၾကာ လႊမ္းမိုးမႈေတြလည္း အဆုံး သတ္ခဲ့ရပါတယ္။ ဆာရက္သာတာဗီဆင္ဟာ ထိုင္းႏိုင္ငံမွာ ၉ ႏွစ္အတြင္း ဝန္ႀကီးခ်ဳပ္အျဖစ္ ပထမဆုံးတာဝန္ယူခြင့္ရတဲ့ အရပ္သား တစ္ဦးျဖစ္လာခဲ့ၿပီး ျပင္သစ္အေျခစိုက္ FRANCE 24 သတင္းဌာနနဲ႔ မတ္လ ( ၂၉ ) ရက္က အင္တာဗ်ဴးကို ေကာက္ႏုတ္ေဖာ္ျပလိုက္ပါတယ္။

ေမး- ထိုင္းႏိုင္ငံမွာ ထိုင္းစစ္တပ္က အရပ္သားအစိုးရကိုျဖဳတ္ခ်ၿပီး အာဏာကို ၉ ႏွစ္ၾကာေအာင္ ထိန္း သိမ္းခဲ့တယ္။ အခုဆိုရင္ ခင္ဗ်ားဟာ ဝန္ႀကီးခ်ဳပ္ အျဖစ္ ေျခာက္လေက်ာ္ၾကာ တာဝန္ထမ္းေဆာင္ႏိုင္ ခဲ့တယ္။ ၉ ႏွစ္ေက်ာ္ကာလအတြင္းမွာ ထိုင္းႏိုင္ငံရဲ႕ပထမဆုံးအရပ္သားဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ ရတဲ့အေပၚ ဘယ္လိုမ်ိဳးခံစားရသလဲ။
ေျဖ-ကြၽန္ေတာ္တို႔အစိုးရအဖြဲ႕တာဝန္ယူခ်ိန္ကာလအတြင္း အုပ္ခ်ဳပ္ေရးကာလ ပထမႏွစ္လအတြင္းမွာ စီးပြားေရးနဲ႔ပတ္သက္ၿပီး လ်စ္လ်ဴရႈလိုက္သလိုမ်ိဳးျဖစ္ခဲ့ရတယ္။ တ႐ုတ္ႏိုင္ငံ၊ အေမရိကန္ႏိုင္ငံတို႔အပါအ ဝင္ အေရးႀကီးဆုံးအရာျဖစ္တဲ့ ႏိုင္ငံျခားတိုက္႐ိုက္ရင္း ႏွီးျမႇဳပ္ႏွံမႈဝင္ေရာက္ျခင္းလိုမ်ိဳး ေရရွည္စီမံကိန္းခ် မွတ္ၿပီး စီးပြားေရးႏႈိးဆြမႈအစီအစဥ္ေတြကို အာ႐ုံစိုက္ သင့္ခဲ့တယ္လို႔ထင္ပါတယ္။ အစိုးရအဖြဲ႕ ဖြဲ႕စည္းၿပီး ႏွစ္လေက်ာ္ၾကာကာလအတြင္းမွာ စီးပြာေရး အစီအ စဥ္ေတြကို ဂ႐ုစိုက္သင့္တယ္။

ေမး- ခင္ဗ်ားအေနနဲ႔ ထိုင္းႏိုင္ငံရဲ႕အနာဂတ္ဟာ ဒီမို ကေရစီ ပိုမိုရရွိမယ္လို႔ ယုံၾကည္ထားသလား။
ေျဖ- ဟုတ္ကဲ့ ကြၽန္ေတာ္ယုံၾကည္ထားပါတယ္။ ကြၽန္ ေတာ္ဒီမွာထိုင္ေနေပမယ့္ ေျပာင္းလဲေနတဲ့ ဒီမိုကေရ စီေျပာင္းလဲမႈလုပ္ငန္းစဥ္ေတြကို ေ႐ြးေကာက္ပြဲတစ္ခု လိုမ်ိဳး ၿပီးေျမာက္ေအာင္လုပ္ေဆာင္လို႔မရဘူး။

ေမး- ထိုင္းႏိုင္ငံမွာ ၁၉၃၂ ခုႏွစ္ေနာက္ပိုင္းတည္းက အာဏာသိမ္းမႈ မၾကာခဏျဖစ္ပြားခဲ့တယ္။ ထိုင္းစစ္ တပ္ဟာ အရပ္သားဝန္ႀကီးခ်ဳပ္အသီးသီးကို ရာထူး ကျဖဳတ္ခ်ၿပီး အာဏာသိမ္းမႈ ၁၂ ႀကိမ္လုပ္ေဆာင္ခဲ့ ကာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ေျပာင္းလဲမႈ အႀကိမ္ ၂၀ လုပ္ေဆာင္ခဲ့တယ္။ ခင္ဗ်ားအေနနဲ႔ေကာ လက္ရွိအ ခ်ိန္မွာ ထိုင္းစစ္တပ္က အာဏာသိမ္းခံရမွာ ဒါမွမဟုတ္ ျဖဳတ္ခ်ခံရတာမ်ိဳး ရင္ဆိုင္ရမွာ မစိုးရိမ္ဘူးလား။
ေျဖ-ကြၽန္ေတာ့္အေနနဲ႔ ႀကိဳတင္မသိႏိုင္တဲ့အရာေတြ အတြက္ မစိုးရိမ္ဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္ဟာ လက္ ရွိအခ်ိန္မွာ သိျမင္ထိန္းသိမ္းလို႔ရမယ့္အရာရာတိုင္းကို အာ႐ုံစိုက္ေနတယ္။
ဒါ့ျပင္ လက္ရွိအခ်ိန္မွာအရင္အစိုးရေတြ တုန္းကလုပ္ေဆာင္ခဲ့တဲ့အမွားေတြကို ေလ့လာသင္ ယူေနၿပီး အရာရာတိုင္းကို ထိန္းထိန္းသိမ္းသိမ္းနဲ႔ လုပ္ကိုင္ႏိုင္ဖို႔ အာ႐ုံစိုက္ထားတယ္။ ကြၽန္ေတာ္ရဲ႕ ရည္မွန္းခ်က္က အရမ္း႐ိုးရွင္းပါတယ္။ အဲဒါကေတာ့ ျပည္သူေတြရဲ႕ဘဝရွင္သန္ေနထိုင္မႈေတြကို ပိုမို ေကာင္းမြန္ေအာင္ လုပ္ေဆာင္ဖို႔ျဖစ္ပါတယ္။

ေမး - ခင္ဗ်ားဟာ အရင္တုန္းက အရမ္းေအာင္ျမင္
တဲ့ စီးပြားေရးသမားတစ္ေယာက္ျဖစ္ခဲ့သလို ႏွစ္ေပါင္း မ်ားစြာ အိမ္ၿခံေျမသူေဌးႀကီးလည္းျဖစ္ခဲ့တယ္။ ခင္ ဗ်ားဟာ ၂၀၂၂ ခုႏွစ္မွာ ထိုင္းအာဏာရပါတီျဖစ္တဲ့ ျဖဴထိုင္းပါတီကို ဝင္ေရာက္မႈနဲ႔အတူ ႏိုင္ငံေရးသမားပထမဆုံးျဖစ္လာခဲ့တယ္။ အဲဒီလိုမ်ိဳး ႏိုင္ငံေရးသမား ျဖစ္လာခဲ့ၿပီးေနာက္ ခင္ဗ်ားဟာ ကမာၻမွာအခက္ခဲဆုံး အလုပ္ျဖစ္တဲ့ အလုပ္ကိုလုပ္ကိုင္ခဲ့တယ္။ အဲဒီအ ေျခအေနေတြနဲ႔ပတ္သက္ၿပီး ေျပာေပးပါဦး။
ေျဖ- ဟုတ္ကဲ့ ဝန္ႀကီးခ်ဳပ္ရာထူးဟာ ကမာၻမွာအခက္ ခဲဆုံးအလုပ္တစ္ခုျဖစ္တယ္လို႔ ထင္ပါတယ္။ ႏိုင္ငံ ေရးသမားတစ္ဦးရဲ႕ထိပ္ဆုံးမွာရွိေနျခင္းရဟာ တာဝန္ ယူျခင္းတာဝန္ခံျခင္း အမ်ားႀကီးရွိေနတယ္လို႔ ဆိုလို ခ်င္တာပါ။ ပုဂၢလိကကုမၸဏီႀကီးေတြရဲ႕စီအီးအိုျဖစ္ခဲ့တုန္းက ရွယ္ယာရွင္ေတြ၊ ေဖာက္သည္ေတြအတြက္ လူမူေရးဆိုင္ရာတာဝန္ယူျခင္း တာဝန္ခံျခင္းေတြရွိခဲ့ တယ္။ လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္ ျဖစ္လာေတာ့ ဆက္ႏႊယ္လုပ္ကိုင္ရသူအမ်ားႀကီးရွိ လာၿပီး တာဝန္ခံျခင္းေတြနဲ႔ တာဝန္ယူျခင္းေတြအမ်ား ႀကီးရွိလာခဲ့တယ္။ ဒီအလုပ္က အလြန္ႀကီးမားတဲ့ အလုပ္တစ္ခုပါ၊

ေမး- မၾကာေသးခင္က ခင္ဗ်ားေျပာခဲ့ဖူးတယ္။ ထိုင္း ဝန္ႀကီးခ်ဳပ္ရဲ႕ပါဝါက ကန႔္သတ္ခံရသလိုမ်ိဳး ရွိေန တယ္လို႔ေျပာခဲ့တယ္။ ဝန္ႀကီးခ်ဳပ္ရဲ႕လုပ္ပိုင္ခြင့္ပါဝါ ကန႔္သတ္ခံရတယ္ဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီး အံ အားသင့္မိလို႔ ေက်းဇူးျပဳၿပီးရွင္းျပေပးပါဦး။
ေျဖ- ေတြ႕ႀကဳံရတဲ့ကန႔္သတ္ခ်က္ေတြကိုေျပာပါရေစ၊ ကြၽန္ေတာ္ရရွိတဲ့ ဝန္ႀကီးခ်ဳပ္ရဲ႕ပါဝါ လုပ္ပိုင္ခြင့္ ပမာဏကိုအံဩမိတယ္။ ဒါေပမဲ့ အမ်ားစုကေတာ့ ဝန္ႀကီးခ်ဳပ္ျဖစ္ခြင့္မရွိတာ အံ့ဩစရာပါပဲ။ ဝန္ႀကီးခ်ဳပ္ က အရမ္းအားေကာင္းတဲ့ရာထူးတစ္ခုျဖစ္ၿပီး တခ်ိဳ႕ ကိစၥေတြမွာ လုပ္ပိုင္ခြင့္ပါဝါအမ်ားႀကီးရွိတယ္လို႔ခံ စားမိေပမယ့္ တခ်ိဳ႕ကိစၥေတြ အထူးသျဖင့္ စည္းမ်ဥ္း ဥပေဒအသစ္ထုတ္ျပန္ေရးနဲ႔ပတ္သက္ၿပီးေတာ့ လုပ္ ပိုင္ခြင့္ပါဝါ ကန႔္သတ္ခံရတာမ်ိဳးေတြရွိတယ္လို႔ ခံစားမိတယ္။

ေမး-ခင္ဗ်ားဟာ ၿပီးခဲ့တဲ့မတ္လတုန္းက ျပင္သစ္ကို ေရာက္ရွိခဲ့တယ္။ ျပင္သစ္ေရာက္တာ အခ်ိန္ပိုၾကာတယ္လို႔လည္းေျပာခဲ့တယ္။ ျပင္သစ္သမၼတနဲ႔ ေတြ႕ဆုံေဆြးေႏြးတဲ့ အေျခအေနေတြကို ေျပာေပး ပါဦး။
ေျဖ- ျပင္သစ္သမၼတနဲ႔ ဧည့္ခန္းထဲမွာထိုင္ေနရတာ ထက္ ပိုႀကီးမားတဲ့ ရည္မွန္းခ်က္ရွိေနခဲ့တယ္။ ျပင္ သစ္သမၼတေျပာေနတာေတြက ကမာၻႀကီးကိုအရမ္းဂ႐ုစိုက္ေနတာသိသာပါတယ္။ အဲဒီေဆြးေႏြးမႈအတြင္း ထိုင္းႏိုင္ငံနဲ႔ ျပင္သစ္ႏိုင္ငံၾကားဆက္ဆံေရး အေၾကာင္း ေတြေျပာျဖစ္ခဲ့တယ္။
ျပင္သစ္ဟာ ႏွစ္ေပါင္း ၃၀ဝ ေက်ာ္အတြင္း မွာ ထိုင္းႏိုင္ငံအတြက္ အခ်ိန္အၾကာဆုံး ကုန္သြယ္ ဖက္ႏိုင္ငံတစ္ႏိုင္ငံပါ။ ျပင္သစ္ႏိုင္ငံဟာ ဥေရာပကို ဗီဇာမရွိဘဲ သြားေရာက္ခ်ိန္မွာလည္းအေျပာင္းအလဲေတြကို အခမဲ့ပံ့ပိုးေပးခဲ့တယ္။ ျပင္သစ္သမၼတဟာ ထိုင္းႏိုင္ငံသားေတြကို ဗီဇာကင္းလြတ္ခြင့္ေပးခဲ့တယ္။ထိုင္းနဲ႔ ျပင္သစ္စီးပြားေရးလုပ္ငန္းရွင္မ်ားၾကား ေတြ႕ ဆုံေဆြးေႏြးခဲ့တယ္။ ထိုင္းစီးပြားေရးလုပ္ငန္းရွင္မ်ားကိုယ္စားလွယ္အဖြဲ႕ဟာ လာမယ့္ေမလမွာ ျပင္သစ္ ႏိုင္ငံကို သြားေရာက္ေဆြးေႏြးမွာျဖစ္ပါတယ္။

ေမး- ျပည္တြင္းစစ္ျဖစ္ပြားေနတဲ့ ျမန္မာႏိုင္ငံမွာလည္း ျမန္မာစစ္တပ္က ၂၀၂၁ ခုႏွစ္မွာ ေ႐ြးေကာက္ခံအစိုး ရကို ရာထူးကျဖဳတ္ခ်ခဲ့တယ္။ အဲဒီလို အရပ္သား အစိုးရကို ျဖဳတ္ခ်ခဲ့ၿပီးေနာက္ပိုင္းမွာ လူငယ္ေတြဟာ လက္နက္ကိုင္ တိုက္ခိုက္လာခဲ့တယ္။ အဲဒီလို တိုက္ ခိုက္လာမႈေတြေၾကာင့္ ေနရပ္စြန႔္ခြာေနထိုင္ေနရသူ ႏွစ္သန္းေက်ာ္ရွိလာေနၿပီး လူသားခ်င္းဆိုင္ရာစာနာ မႈ အကူညီလိုအပ္ခ်က္ေတြလည္း တိုးျမႇင့္လာေနတယ္။ အမ်ားစု အိမ္နီးခ်င္း ထိုင္းႏိုင္ငံနယ္စပ္ေဒသကိုျဖတ္ေက်ာ္ၿပီး ဝင္ေရာက္လာတာေတြလည္းရွိခဲ့ တယ္။ အဲဒီကိစၥေတြနဲ႔ပတ္သက္ၿပီး ထိုင္းအစိုးရရဲ႕ မူဝါဒက ဘာလဲ၊ ထိုင္းအစိုးရအေနနဲ႔ဘာေတြကူညီေပး ဖို႔ အစီအစဥ္ရွိေနသလဲ။
ေျဖ- အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ပထမဆုံးေဆြးေႏြးရ မယ့္စကားလုံးကေတာ့ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီလိုအပ္သူရွိရင္ ကူညီေပးဖို႔ျဖစ္တယ္။ ေလာ ေလာဆယ္အခ်ိန္မွာေတာ့ ထိုင္းႏိုင္ငံဘက္ျခမ္းမွာ ေနရပ္စြန႔္ခြာၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီ လိုအပ္ေနသူေထာင္နဲ႔ခ်ီၿပီး ရွိေနတယ္။ ထိုင္းႏိုင္ငံမွာ အလုပ္အကိုင္အခြင့္အလမ္း အျပည့္အဝရဖို႔မ်ားတယ္။
ထိုင္းႏိုင္ငံရဲ႕အလုပ္လက္မဲ့ႏႈန္းက တစ္ရာ ခိုင္ႏႈန္းေအာက္မွာပဲရွိေနတယ္။ ျမန္မာနဲ႔ကေမာၻဒီး ယားႏိုင္ငံတို႔ကအလုပ္လာေရာက္လုပ္ကိုင္ေနသူေတြ ထိုင္းႏိုင္ငံမွာအမ်ားႀကီးရွိေနတယ္။ ထိုင္းနဲ႔ျမန္မာႏိုင္ ငံတို႔ဟာ နယ္စပ္ေဒသခ်င္း ကီလိုမီတာ ၂၀ဝ၀ အထိ ထိစပ္ေနတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလေနာက္ပိုင္း ဒါမွ မဟုတ္ ၿပီးခဲ့တဲ့ႏွစ္လေက်ာ္က အေမရိကန္ျပည္ ေထာင္စုရဲ႕ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အႀကံေပး ပုဂၢိဳလ္ ဂ်ိတ္ဆူလီဗန္နဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့တယ္။
အဲဒီလိုမ်ိဳးေတြ႕ဆုံေဆြးေႏြးၿပီးခ်ိန္မွာ သူ တို႔ေတြဟာ ကြၽန္ေတာ္နဲ႔လည္း ထပ္မံေဆြးေႏြးခဲ့ တယ္။ အဲဒီလိုမ်ိဳး ေတြ႕ဆုံေဆြးေႏြးခ်ိန္မွာ ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ ႏိုင္ငံေရးအခက္ခဲေတြကိုေျဖရွင္းႏိုင္ေအာင္ ျမန္မာႏိုင္ငံေရးမွာပါဝင္ေနတဲ့အဖြဲ႕အစည္းေတြၾကား ထိုင္းႏိုင္ငံကို ၾကားဝင္ေဆာင္႐ြက္ေပးဖို႔ unofficially ပုံစံမ်ိဳးနဲ႔ေတာင္းဆိုခဲ့တယ္။ ထိုင္းအစိုး ရဟာ ျမန္မာႏိုင္ငံေရးျပသာနာေတြေၾကာင့္ အလုံးစုံ ျပည္တြင္းစစ္မျဖစ္ပြားေစဖို႔အေျခေနေတြကို ထိန္းသိမ္း ႏိုင္ေအာင္ ၾကားဝင္ေဆာင္႐ြက္ေပးဖို႔ အာ႐ုံစိုက္ေနတယ္။ ထိုင္းဟာ ဘက္မလိုက္တဲ့ ၾကားေနႏိုင္ငံတစ္ခု အေနနဲ႔ ျမန္မာ့ျပႆနာမွာ ေတာက္ေလာင္ေနတဲ့ စစ္မီးကို အရွိန္မျမႇင့္ေစဖို႔ တတ္ႏိုင္သမွ်ကူညီႏိုင္ မယ္ဆိုတာကို ႏိုင္ငံအမ်ားစုက သေဘာတူတယ္လို႔ သူ ယူဆထားတယ္။ ျပႆနာကို ျပည္တြင္းစစ္အျဖစ္ လုံးလုံးလ်ားလ်ား မႀကီးထြားသြားေအာင္ ထိုင္းႏိုင္ငံ အေနနဲ႔ ဘယ္လိုက႑ကေန ပါဝင္ႏိုင္သလဲဆိုတာ ကိုလည္း အာ႐ုံစိုက္သင့္ပါတယ္။ ျပႆနာက ေလာေလာဆယ္မွာေတာ့ ဒီေလာက္ႀကီးမားတဲ့ကိစၥမ်ိဳးမ ဟုတ္ေသးဘူး။ လက္ရွိအခ်ိန္မွာ ျပည္တြင္းစစ္မီး ပိုမိုမႀကီးထြားေအာင္လုပ္ဖို႔ အာ႐ုံစိုက္သင့္တယ္။

ေမး- ထိုင္းအစိုးရဟာ အရင္တုန္းက ေဆးေျခာက္ကို အံအားသင့္စရာေကာင္းေအာင္ သုံးစြဲခြင့္ေပးခဲ့တယ္။ ဒါေပမဲ့ ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက ပိတ္ပင္ဖို႔ လုပ္ေဆာင္တာေတြလည္းရွိလာေနတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီးေျပာေပးပါဦး။
ေျဖ- ထိုင္းအစိုးရရဲ႕မူဝါဒေတြထဲမွာ ေဆးေျခာက္ကို အပန္းေျဖရာမွာအသုံးျပဳခြင့္ေပးတာေတြကို ပိတ္ပင္ သြားမယ္။ ထိုင္းႏိုင္ငံမွာ ေဆးေျခာက္ကိုတရားဝင္အသုံးျပဳခြင့္ေပးျခင္းေတြဟာ ထိုင္းႏိုင္ငံစီးပြားေရး တစ္ ခုလုံးထက္ ထိုင္းျပည္သူေတြအေပၚအႏုတ္လကၡဏာ ေဆာင္တဲ့သက္ေရာက္မႈေတြျဖစ္လာေစတယ္။ ဒါ ေၾကာင့္ ေဆးေျခာက္ကို အပန္းေျဖရာမွာအသုံးျပဳခြင့္ ပိတ္ပင္မွာပါ။ ေဆးေျခာက္ပိုင္ဆိုင္မႈ ပမာဏအေပၚ မူတည္ၿပီး ျပစ္ဒဏ္ေပးတာမ်ိဳးေတြလည္းလုပ္ေဆာင္မွာျဖစ္ပါတယ္။

Picture

09425296423

09/04/2024 05:22

သတင်းတင်တဲ့သူ ကိုယ့်သတင်းကို ကိုယ်ပြန်စစ်ရောစစ်ရဲ့လား။ မင်းတင်တဲ့သတင်းခေါင်းစဥ်နဲ့ အောက်ကသတင်းအကြောင်းအရာ တူလားလို့ပြန်ဖတ်ကြည့်ပါဦးကွာ။

Related news

© 2021. All rights reserved.