ပါကစ္စတန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာ အနည်းဆုံးလူ(၁ဝ)ဦး သေဆုံး

105

Pika (NP News) - အောက်တိုဘာ ၁၉
အာဖဂန်နစ္စတန်နိုင်ငံတွင်းကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး လူ(၁၀)ဦးသေဆုံးပြီး အခြားလူ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဖဂန်နစ္စတန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေနဲ့အတူ ပါကစ္စတန်အစိုးရဟာ နှစ်နိုင်ငံကြား သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့တယ်လို့လည်း အာဖဂန်နစ္စတန်အစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။
နှစ်နိုင်ငံကြား ယာယီအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ သဘောတူညီခဲ့ပြီး နောက် တစ်ရက်အကြာမှာ ယခုလိုဖြစ်ရပ်တွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ အချိန်(၄၈)နာရီကြာ ယာယီ အပစ်အခတ်ရပ်စဲရေးကြောင့် အရပ်သားပြည်သူ တစ်ဒါဇင်ကျော်သေဆုံးစေခဲ့တဲ့ နှစ်နိုင်ငံကြား နယ်စပ်တိုက်ပွဲတွေ ရပ်တန့်သွားခဲ့တယ်လို့လည်း သိရပါတယ်။
အာဖဂန်နစ္စတန်အစိုးရက “ပါကစ္စတန်အစိုးရဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး အာဖဂန်နစ္စတန်နိုင်ငံတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံးလူ(၁၀)ဦးသေဆုံးခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ပါကစ္စတန်ရဲ့တိုက်ခိုက်မှုတွေအားလုံး ကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း အာဖဂန်နစ္စတန်အစိုးရက ကတိပြုခဲ့ပါတယ်။

Zawgyi Version:
ပါကစၥတန္ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ အာဖဂန္နစၥတန္ႏိုင္ငံတြင္းမွာ အနည္းဆုံးလူ(၁ဝ)ဦး ေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၁၉
အာဖဂန္နစၥတန္ႏိုင္ငံတြင္းကို ပါကစၥတန္က ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ အနည္းဆုံး လူ(၁၀)ဦးေသဆုံးၿပီး အျခားလူ(၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဖဂန္နစၥတန္အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈေတြနဲ႔အတူ ပါကစၥတန္အစိုးရဟာ ႏွစ္ႏိုင္ငံၾကား သေဘာတူညီထားတဲ့ အပစ္အခတ္ရပ္စဲေရးကို ခ်ိဳးေဖာက္ခဲ့တယ္လို႔လည္း အာဖဂန္နစၥတန္အစိုးရက စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ႏွစ္ႏိုင္ငံၾကား ယာယီအပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ဖို႔ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္တို႔ သေဘာတူညီခဲ့ၿပီး ေနာက္ တစ္ရက္အၾကာမွာ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။ အခ်ိန္(၄၈)နာရီၾကာ ယာယီ အပစ္အခတ္ရပ္စဲေရးေၾကာင့္ အရပ္သားျပည္သူ တစ္ဒါဇင္ေက်ာ္ေသဆုံးေစခဲ့တဲ့ ႏွစ္ႏိုင္ငံၾကား နယ္စပ္တိုက္ပြဲေတြ ရပ္တန႔္သြားခဲ့တယ္လို႔လည္း သိရပါတယ္။
အာဖဂန္နစၥတန္အစိုးရက “ပါကစၥတန္အစိုးရဟာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ၿပီး အာဖဂန္နစၥတန္ႏိုင္ငံတြင္းကို ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ပါကစၥတန္ရဲ႕ တိုက္ခိုက္မႈေတြ ေၾကာင့္ အနည္းဆုံးလူ(၁၀)ဦးေသဆုံးခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ပါကစၥတန္ရဲ႕တိုက္ခိုက္မႈေတြအားလုံး ကို လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း အာဖဂန္နစၥတန္အစိုးရက ကတိျပဳခဲ့ပါတယ္။