Apple ကုမ္ပဏီက အိန္ဒိယနိုင်ငံရှိ ၎င်း၏အလုပ်သမားများအတွက် နေအိမ်အလုံးရေ (၇၈၀၀၀) ဝန်းကျင် ဆောက်လုပ်ပေးရန် စီစဉ်နေ

 917

Pika (NP News) - ဧပြီ ၉

Apple ကုမ္ပဏီသည် အိန္ဒိယနိုင်ငံရှိ ၎င်း၏အလုပ်သမားများအတွက် နေအိမ်ပေါင်း (၇၈၀၀၀) ဝန်းကျင်ကို ဆောက်လုပ်ပေးရန်စီစဉ်နေကြောင်း Economic Times သတင်းစာက ဧပြီလ(၈)ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါပရောဂျက်ကို အိန္ဒိယအစိုးရက တစ်စိတ်တစ်ပိုင်း ရန်ပုံငွေထောက်ပံ့ပေးမည်ဖြစ်ပြီး အိန္ဒိယအခြေစိုက် Tata ကုမ္ပဏီ၊ ထိုင်ဝမ်အခြေစိုက် Foxconn ကုမ္ပဏီ နှင့် ဖင်လန်အခြေစိုက် Salcomp ကုမ္ပဏီတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် Apple ကုမ္ပဏီ၏ အကြီးဆုံးထောက်ပံ့ပေးသွင်းသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော Foxconn ကုမ္ပဏီသည် Tamil Nadu ပြည်နယ် Sriperumbudur မြို့ရှိ ၎င်း၏စက်ရုံတွင် လုပ်ကိုင်နေသော အလုပ်သမားများအတွက် နေအိမ်(၃၅၀၀၀)နီးပါးဆောက်လုပ်ပေးရန် အဆိုပါပရောဂျက်တွင် အမေရိကန်ဒေါ်လာ(၁ ဒသမ ၅)ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့သည်။

Tata ကုမ္ပဏီသည် Apple ကုမ္ပဏီ၏ အလုပ်သမားများအတွက် နေအိမ်အလုံးပေါင်း(၁၁၀၀၀)ကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း Economic Times ကဖော်ပြခဲ့သည်။ ထို့ပြင် အိမ်ယာဖွံ့ဖြိုးတိုးတက်မှုသည် လူသစ်စုဆောင်းမှုနှင့် ထုတ်လုပ်မှုကို ပိုမိုတိုးတက်စေမည်ဟု Tata ကုမ္ပဏီက မျှော်လင့်ထားကြောင်းသိရသည်။ လက်ရှိအချိန်တွင် iPhone အများစုကို တရုတ်နိုင်ငံတွင် ထုတ်လုပ်နေသော်လည်း iPhone မော်ဒယ်အဟောင်းများကို အိန္ဒိယနှင့် ဗီယက်နမ်တို့တွင် ထုတ်လုပ်နေဆဲဖြစ်သည်။ Apple ကုမ္ပဏီသည် ၎င်း၏အထင်ကရဖုန်းများကို အိန္ဒိယနိုင်ငံတွင် ပိုမိုထုတ်လုပ်ရန်စီစဉ်နေကြောင်းလည်း သိရသည်။

zawgyi version
Apple ကုမၸဏီက အိႏၵိယႏိုင္ငံရွိ ၎၏အလုပ္သမားမ်ားအတြက္ ေနအိမ္အလုံးေရ (၇၈၀၀၀) ဝန္းက်င္ ေဆာက္လုပ္ေပးရန္ စီစဥ္ေန
Pika (NP News) - ဧၿပီ ၉

Apple ကုမၸဏီသည္ အိႏၵိယႏိုင္ငံရွိ ၎၏အလုပ္သမားမ်ားအတြက္ ေနအိမ္ေပါင္း (၇၈၀၀၀) ဝန္းက်င္ကို ေဆာက္လုပ္ေပးရန္စီစဥ္ေနေၾကာင္း Economic Times သတင္းစာက ဧၿပီလ(၈)ရက္ေန႔တြင္ ေရးသားေဖာ္ျပခဲ့သည္။

အဆိုပါပေရာဂ်က္ကို အိႏၵိယအစိုးရက တစ္စိတ္တစ္ပိုင္း ရန္ပုံေငြေထာက္ပံ့ေပးမည္ျဖစ္ၿပီး အိႏၵိယအေျခစိုက္ Tata ကုမၸဏီ၊ ထိုင္ဝမ္အေျခစိုက္ Foxconn ကုမၸဏီ ႏွင့္ ဖင္လန္အေျခစိုက္ Salcomp ကုမၸဏီတို႔ ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ႏွစ္တြင္ Apple ကုမၸဏီ၏ အႀကီးဆုံးေထာက္ပံ့ေပးသြင္းသည့္ ကုမၸဏီမ်ားထဲမွ တစ္ခုျဖစ္ေသာ Foxconn ကုမၸဏီသည္ Tamil Nadu ျပည္နယ္ Sriperumbudur ၿမိဳ႕ရွိ ၎၏စက္႐ုံတြင္ လုပ္ကိုင္ေနေသာ အလုပ္သမားမ်ားအတြက္ ေနအိမ္(၃၅၀၀၀)နီးပါးေဆာက္လုပ္ေပးရန္ အဆိုပါပေရာဂ်က္တြင္ အေမရိကန္ေဒၚလာ(၁ ဒသမ ၅)ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံမည္ဟု ကတိျပဳခဲ့သည္။

Tata ကုမၸဏီသည္ Apple ကုမၸဏီ၏ အလုပ္သမားမ်ားအတြက္ ေနအိမ္အလုံးေပါင္း(၁၁၀၀၀)ကို တည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း Economic Times ကေဖာ္ျပခဲ့သည္။ ထို႔ျပင္ အိမ္ယာဖြံ႕ၿဖိဳးတိုးတက္မႈသည္ လူသစ္စုေဆာင္းမႈႏွင့္ ထုတ္လုပ္မႈကို ပိုမိုတိုးတက္ေစမည္ဟု Tata ကုမၸဏီက ေမွ်ာ္လင့္ထားေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ iPhone အမ်ားစုကို တ႐ုတ္ႏိုင္ငံတြင္ ထုတ္လုပ္ေနေသာ္လည္း iPhone ေမာ္ဒယ္အေဟာင္းမ်ားကို အိႏၵိယႏွင့္ ဗီယက္နမ္တို႔တြင္ ထုတ္လုပ္ေနဆဲျဖစ္သည္။ Apple ကုမၸဏီသည္ ၎၏အထင္ကရဖုန္းမ်ားကို အိႏၵိယႏိုင္ငံတြင္ ပိုမိုထုတ္လုပ္ရန္စီစဥ္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.