သင်္ကြန်ပိတ်ရက်များတွင် အထူးရထားခရီးစဉ်များ ပြေးဆွဲမည်

 621

စော (NP News) - ဧပြီ ၉

သင်္ကြန်ပိတ်ရက်များတွင် ရန်ကုန်၊ မန္တလေး၊‌ မော်လမြိုင်၊ ပြည် အထူးရထားခရီးစဉ်များ ပြေးဆွဲ သွား မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အဆိုပါအထူးရထားခရီးစဉ်များမှာ ရန်ကုန်-မန္တလေး-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ရထားများဖြစ်ကြောင်း သိရသည်။ ပုံမှန်ပြေးဆွဲနေသည့် ရန်ကုန်-မန္တလေး-ရန်ကုန် အမှတ် (၁၁)အဆန်/အမှတ် (၁၂)အစုန် ရထားများကို နံနက် (၅)နာရီအချိန်တွင် ရန်ကုန် ဘူတာမှ စတင်ထွက်ခွာကာ နေ့စဉ်ပြေးဆွဲသွား မည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် အစုန် ။အဆန် အထူးရထားများကို ဧပြီလ ၁၂ရက်၊ ၁၉ ရက် နှင့် ၂၁ရက်များတွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

‘အထူးရထားပုံမှန်ထွက်တာက သောကြာ၊ တနင်္ဂနွေပါ။ သောကြာနေ့ ၁၂ ရက်နေ့ ထွက်မယ့်ဟာက ပုံမှန်အတိုင်းထွက်ပြီးတော့ ၁၄ ရက်နေ့ထွက်မယ့် ရထားကို နားလိုက်တာပါ။ သင်္ကြန်ရက်တွင်းဖြစ်နေလို့’ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် ပုံမှန်ပြေးဆွဲနေသည့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အမှတ် (၈၁) အဆန်/အမှတ် (၈၂)အစုန် ရထားများကို နံနက် (၆)နာရီခွဲအချိန်တွင် ရန်ကုန်မှစတင်ထွက်ခွာကာ နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားကို ဧပြီလ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ရက်၊ ၂၀ရက်၊ ၂၁ရက်နှင့် ၂၂ ရက်တို့၌ နံနက် (၇)နာရီ(၄၅)မိနစ်အချိန်တွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန်-ပြည်-ရန်ကုန် အထူးရထား အား ဧပြီလ ၁၁ ရက်၊ ၁၂ရက်၊ ၁၃ရက်၊ ၂၀ရက်၊ ၂၁ရက် နှင့် ၂၂ ရက်များ၌ပြေးဆွဲပေးမည်ဖြစ်ပြီး မွန်းလွဲ (၁)နာရီအချိန်တွင် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာမည်ဖြစ် ကြောင်းသိရသည်။

ထို့ပြင် ပုံမှန်ပြေးဆွဲနေသည့် ရန်ကုန်-ပဲခူး-ရန်ကုန် အမှတ် (၁၃)အဆန်/အမှတ် (၁၄)အစုန် ရထားများ၊ မြို့ပတ်ရထားများ၊ ရန်ကုန်-ပြည်-ရန်ကုန် အမှတ် (၇၁)အဆန်/အမှတ် (၇၂)အစုန် ရထားများကို ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ရန်ကုန်-ပုဂံ-ရန်ကုန် ခရီးစဉ်တွင် ဧပြီလ ၁၂ ရက်နေ့၌ ရန်ကုန်မှထွက်ခွာမည့် အမှတ် (၆၁)အဆန်ရထားနှင့် ဧပြီလ ၁၆ ရက်နေ့၌ ပုဂံမှ ထွက်ခွာမည့် အမှတ် (၆၂)အစုန်ရထားကို ရပ်နား မည်ဖြစ်ကြောင်းသိရသည်။

သင်္ကြန်ကာလအတွက် အထူးရထားလက်မှတ်များကို အထက်တန်းအတွက် (၃)ရက်၊ ရိုးရိုးတန်း အတွက် (၁)ရက်ကြိုတင်၍ ရောင်းချသွားမည်ဖြစ်ပြီး နေပြည်တော်မှ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မြန်မာ့မီရထား၊ စီးပွားရေးဌာန၊ ခရီးသည်ဌာနခွဲတို့တွင် လျှောက်လွှာဖြင့် ကြိုတင်ဝယ်ယူနိုင်ကြောင်း မြန်မာ့မီးရထားမှ ဆိုသည်။

zawgyi version
သၾကၤန္ပိတ္ရက္မ်ားတြင္ အထူးရထားခရီးစဥ္မ်ား ေျပးဆြဲမည္
ေစာ (NP News) - ဧၿပီ ၉

သၾကၤန္ပိတ္ရက္မ်ားတြင္ ရန္ကုန္၊ မႏၲေလး၊‌ ေမာ္လၿမိဳင္၊ ျပည္ အထူးရထားခရီးစဥ္မ်ား ေျပးဆြဲ သြား မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားထံမွ သိရသည္။

အဆိုပါအထူးရထားခရီးစဥ္မ်ားမွာ ရန္ကုန္-မႏၲေလး-ရန္ကုန္၊ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ႏွင့္ ရန္ကုန္-ျပည္-ရန္ကုန္ ရထားမ်ားျဖစ္ေၾကာင္း သိရသည္။ ပုံမွန္ေျပးဆြဲေနသည့္ ရန္ကုန္-မႏၲေလး-ရန္ကုန္ အမွတ္ (၁၁)အဆန္/အမွတ္ (၁၂)အစုန္ ရထားမ်ားကို နံနက္ (၅)နာရီအခ်ိန္တြင္ ရန္ကုန္ ဘူတာမွ စတင္ထြက္ခြာကာ ေန႔စဥ္ေျပးဆြဲသြား မည္ျဖစ္ၿပီး ရန္ကုန္-မႏၲေလး-ရန္ကုန္ အစုန္ ။အဆန္ အထူးရထားမ်ားကို ဧၿပီလ ၁၂ရက္၊ ၁၉ ရက္ ႏွင့္ ၂၁ရက္မ်ားတြင္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

‘အထူးရထားပုံမွန္ထြက္တာက ေသာၾကာ၊ တနဂၤေႏြပါ။ ေသာၾကာေန႔ ၁၂ ရက္ေန႔ ထြက္မယ့္ဟာက ပုံမွန္အတိုင္းထြက္ၿပီးေတာ့ ၁၄ ရက္ေန႔ထြက္မယ့္ ရထားကို နားလိုက္တာပါ။ သၾကၤန္ရက္တြင္းျဖစ္ေနလို႔’ဟု ရန္ကုန္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ ပုံမွန္ေျပးဆြဲေနသည့္ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ အမွတ္ (၈၁) အဆန္/အမွတ္ (၈၂)အစုန္ ရထားမ်ားကို နံနက္ (၆)နာရီခြဲအခ်ိန္တြင္ ရန္ကုန္မွစတင္ထြက္ခြာကာ ေန႔စဥ္ေျပးဆြဲသြားမည္ျဖစ္ၿပီး ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ အထူးရထားကို ဧၿပီလ ၁၁ ရက္၊ ၁၂ ရက္၊ ၁၃ရက္၊ ၂၀ရက္၊ ၂၁ရက္ႏွင့္ ၂၂ ရက္တို႔၌ နံနက္ (၇)နာရီ(၄၅)မိနစ္အခ်ိန္တြင္ ရန္ကုန္ဘူတာမွ စတင္ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ရန္ကုန္-ျပည္-ရန္ကုန္ အထူးရထား အား ဧၿပီလ ၁၁ ရက္၊ ၁၂ရက္၊ ၁၃ရက္၊ ၂၀ရက္၊ ၂၁ရက္ ႏွင့္ ၂၂ ရက္မ်ား၌ေျပးဆြဲေပးမည္ျဖစ္ၿပီး မြန္းလြဲ (၁)နာရီအခ်ိန္တြင္ ရန္ကုန္ဘူတာႀကီးမွ စတင္ထြက္ခြာမည္ျဖစ္ ေၾကာင္းသိရသည္။

ထို႔ျပင္ ပုံမွန္ေျပးဆြဲေနသည့္ ရန္ကုန္-ပဲခူး-ရန္ကုန္ အမွတ္ (၁၃)အဆန္/အမွတ္ (၁၄)အစုန္ ရထားမ်ား၊ ၿမိဳ႕ပတ္ရထားမ်ား၊ ရန္ကုန္-ျပည္-ရန္ကုန္ အမွတ္ (၇၁)အဆန္/အမွတ္ (၇၂)အစုန္ ရထားမ်ားကို ဧၿပီလ ၁၃ ရက္မွ ၁၆ ရက္ေန႔အထိ ရပ္နားသြားမည္ျဖစ္ေၾကာင္း သိရသည္။ အလားတူ ရန္ကုန္-ပုဂံ-ရန္ကုန္ ခရီးစဥ္တြင္ ဧၿပီလ ၁၂ ရက္ေန႔၌ ရန္ကုန္မွထြက္ခြာမည့္ အမွတ္ (၆၁)အဆန္ရထားႏွင့္ ဧၿပီလ ၁၆ ရက္ေန႔၌ ပုဂံမွ ထြက္ခြာမည့္ အမွတ္ (၆၂)အစုန္ရထားကို ရပ္နား မည္ျဖစ္ေၾကာင္းသိရသည္။

သၾကၤန္ကာလအတြက္ အထူးရထားလက္မွတ္မ်ားကို အထက္တန္းအတြက္ (၃)ရက္၊ ႐ိုး႐ိုးတန္း အတြက္ (၁)ရက္ႀကိဳတင္၍ ေရာင္းခ်သြားမည္ျဖစ္ၿပီး ေနျပည္ေတာ္မွ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားအေနျဖင့္ ျမန္မာ့မီရထား၊ စီးပြားေရးဌာန၊ ခရီးသည္ဌာနခြဲတို႔တြင္ ေလွ်ာက္လႊာျဖင့္ ႀကိဳတင္ဝယ္ယူႏိုင္ေၾကာင္း ျမန္မာ့မီးရထားမွ ဆိုသည္။

Related news

© 2021. All rights reserved.