မူဆယ်မြို့မှ ဆရာဝန်ကြီးတစ်ဦးကို လက်နက်ကိုင်(၄)ဦးက ဆေးခန်းအတွင်းဝင်ရောက်ကာ ဖမ်းဆီးပြန်ပေးဆွဲ

4353

NP News - ဧပြီ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ ဆရာဝန်ကြီးတစ်ဦးကို လက်နက်ကိုင်(၄)ဦးက ဆေးခန်းအတွင်းဝင်ရောက်ကာ ဖမ်းဆီးပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့ခံတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၉ ရက်)ညနေ ၅နာရီခွဲအချိန်တွင် မူဆယ်မြို့၊ အမှတ်(၂)ရပ် ကွက်၊ စည်ပင်သာယာဈေးအနီးရှိ ဆေးခန်းတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခံရသည့် ဆရာဝန်ကြီးမှာ အသက် ၅၀ နှစ်အရွယ် ဒေါက်တာဦးမိုးကျော်အောင်ဖြစ်ပြီး လက်နက်ကိုင် (၄)ဦးက Crown အဖြူရောင်ကားတစ်စီးဖြင့်ရောက်ရှိလာကာ ဆေးခန်းအတွင်းသို့ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ "ဆက် ကြေးမပေးလို့ဆိုပြီး PDF(၄)ယောက်ကဆေးခန်းထဲဝင်လာတယ်။ သေနတ်နဲ့ခြိမ်း ခြောက်ပြီးတော့ ဆေးခန်းထဲမှာပဲ ခေါင်းကို သေနတ်တွေနဲ့ ရိုက်ပြီးတော့ ဖမ်းခေါ်သွားတယ်။ သူတစ်ယောက်တည်းကိုပဲ ဖမ်းခေါ်သွားတာပါ" ဟု မူဆယ်မြို့ခံတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် အဆိုပါဖမ်းဆီးခံခဲ့ရသည့် ဆရာဝန်ကြီးမှာပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။
"မူဆယ်မှာက ဒီလိုမျိုးဖြစ်စဉ်ကနေ့တိုင်းလိုလိုဖြစ်နေတာပေါ့နော်။ ဖမ်းဆီးခံရတဲ့လူတွေပြန်လွတ်လာလို့ပြောကြတာတော့ အဲဒီမှာ အဖမ်းခံထားရတာ လူအယောက်(၂၀)(၃၀)ရှိတယ်ပေါ့။ ငွေပေးရင်လွှတ်ပေးတယ်။ မပေးရင်လွှတ်မပေးဘူးပေါ့။ မူဆယ်မြို့က အခုအချိန်ထိ အစိုးရအုပ်ချုပ်မှုအောက်မှာပဲ ရှိနေတုန်းပေါ့နော်။ ဒီမှာက ပြည်သူ့စစ်လည်းရှိတယ်။ ရဲတပ်ဖွဲ့လည်းရှိတယ်။ တပ်မတော်လည်းရှိပေမယ့် ဘာလို့အခုလိုမျိုးတွေဖြစ်နေလည်းဆိုတာက မေးခွန်းထုတ်စရာတော့ဖြစ်နေတာပေါ့"ဟု ၎င်းကဆက်လက်ပြောသည်။
မြောက်ပိုင်း(၃)ဖွဲ့၏ (၁၀၂၇)စစ်ဆင်ရေး နောက်ပိုင်းမှစတင်ကာ မူဆယ်မြို့ရှိဒေသခံများကို လက်နက်ကိုင်အဖွဲ့များက ဆက်ကြေးကောက်ခြင်း ဖမ်းဆီးခေါ်ဆောင်ခြင်းများအား နေ့စဉ်ရက်ဆက် လုပ်ဆောင်ခဲ့ကြောင်း အထက်ပါသတင်းအရစ်မြစ်ထံမှ သိရသည်။

zawgyi version
မူဆယ္ၿမိဳ႕မွ ဆရာဝန္ႀကီးတစ္ဦးကို လက္နက္ကိုင္(၄)ဦးက ေဆးခန္းအတြင္းဝင္ေရာက္ကာ ဖမ္းဆီးျပန္ေပးဆြဲ
NP News - ဧၿပီ ၁၀
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕မွ ဆရာဝန္ႀကီးတစ္ဦးကို လက္နက္ကိုင္(၄)ဦးက ေဆးခန္းအတြင္းဝင္ေရာက္ကာ ဖမ္းဆီးျပန္ေပးဆြဲမႈျဖစ္ပြားခဲ့ေၾကာင္း မူဆယ္ၿမိဳ႕ခံတစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၉ ရက္)ညေန ၅နာရီခြဲအခ်ိန္တြင္ မူဆယ္ၿမိဳ႕၊ အမွတ္(၂)ရပ္ ကြက္၊ စည္ပင္သာယာေဈးအနီးရွိ ေဆးခန္းတစ္ခု၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဖမ္းဆီးခံရသည့္ ဆရာဝန္ႀကီးမွာ အသက္ ၅၀ ႏွစ္အ႐ြယ္ ေဒါက္တာဦးမိုးေက်ာ္ေအာင္ျဖစ္ၿပီး လက္နက္ကိုင္ (၄)ဦးက Crown အျဖဴေရာင္ကားတစ္စီးျဖင့္ေရာက္ရွိလာကာ ေဆးခန္းအတြင္းသို႔ဝင္ေရာက္ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ "ဆက္ ေၾကးမေပးလို႔ဆိုၿပီး PDF(၄)ေယာက္ကေဆးခန္းထဲဝင္လာတယ္။ ေသနတ္နဲ႔ၿခိမ္း ေျခာက္ၿပီးေတာ့ ေဆးခန္းထဲမွာပဲ ေခါင္းကို ေသနတ္ေတြနဲ႔ ႐ိုက္ၿပီးေတာ့ ဖမ္းေခၚသြားတယ္။ သူတစ္ေယာက္တည္းကိုပဲ ဖမ္းေခၚသြားတာပါ" ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။
လက္ရွိတြင္ အဆိုပါဖမ္းဆီးခံခဲ့ရသည့္ ဆရာဝန္ႀကီးမွာျပန္လည္လြတ္ေျမာက္ျခင္းမရွိေသးေၾကာင္း သိရသည္။
"မူဆယ္မွာက ဒီလိုမ်ိဳးျဖစ္စဥ္ကေန႔တိုင္းလိုလိုျဖစ္ေနတာေပါ့ေနာ္။ ဖမ္းဆီးခံရတဲ့လူေတြျပန္လြတ္လာလို႔ေျပာၾကတာေတာ့ အဲဒီမွာ အဖမ္းခံထားရတာ လူအေယာက္(၂၀)(၃၀)ရွိတယ္ေပါ့။ ေငြေပးရင္လႊတ္ေပးတယ္။ မေပးရင္လႊတ္မေပးဘူးေပါ့။ မူဆယ္ၿမိဳ႕က အခုအခ်ိန္ထိ အစိုးရအုပ္ခ်ဳပ္မႈေအာက္မွာပဲ ရွိေနတုန္းေပါ့ေနာ္။ ဒီမွာက ျပည္သူ႔စစ္လည္းရွိတယ္။ ရဲတပ္ဖြဲ႕လည္းရွိတယ္။ တပ္မေတာ္လည္းရွိေပမယ့္ ဘာလို႔အခုလိုမ်ိဳးေတြျဖစ္ေနလည္းဆိုတာက ေမးခြန္းထုတ္စရာေတာ့ျဖစ္ေနတာေပါ့"ဟု ၎ကဆက္လက္ေျပာသည္။
ေျမာက္ပိုင္း(၃)ဖြဲ႕၏ (၁၀၂၇)စစ္ဆင္ေရး ေနာက္ပိုင္းမွစတင္ကာ မူဆယ္ၿမိဳ႕ရွိေဒသခံမ်ားကို လက္နက္ကိုင္အဖြဲ႕မ်ားက ဆက္ေၾကးေကာက္ျခင္း ဖမ္းဆီးေခၚေဆာင္ျခင္းမ်ားအား ေန႔စဥ္ရက္ဆက္ လုပ္ေဆာင္ခဲ့ေၾကာင္း အထက္ပါသတင္းအရစ္ျမစ္ထံမွ သိရသည္။