ကျောက်ဖြူ စီမံကိန်း အကြွေးထောင်ချောက်နှင့် NLD လုပ်ဆောင်ခဲ့သော အတွင်းရေးအချို့ (ဖွင့်ချခြင်း)

 6792

ကျော်နု၊ ယွန်း (NP News ) - ဧပြီ ၁၂

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူလူထုကြားတွင် လွဲမှားစွာသိရှိခဲ့ရသော ဇာတ်လမ်းများစွာရှိနေပြီး NLD အစိုးရ ငါးနှစ်အတွင်းက ဆုံးဖြတ်လုပ်ကိုင်ခဲ့မှုများ၌ သံသယဖြစ်စရာ များစွာ ရှိနေသည်ကို အတွင်းရေးအခြေအနေများအရ သိလာရသည်။ နစက အစိုးရလက်ထက်တွင် အသစ်ထပ်မံ လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီဖြစ်သော စီမံကိန်း၏အခြေအနေအမှန်နှင့် လွန်ခဲ့သော ငါးနှစ်အတွင်းက အခြေအနေတို့ကို အတွင်းကျကျသိရှိထားသည့် ဒေသခံလုပ်ငန်းရှင် ဦးငြိမ်းချမ်းမောင်အား NP News က တွေ့ဆုံမေးမြန်းထားပါသည်။ ဦးငြိမ်းချမ်းမောင်သည် ကျောက်ဖြူ အထူး စီးပွားရေးဇုန်၏ ဒေသခံစီပွားရေး လုပ်ငန်းစုအဖွဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ၎င်းရှင်းပြခဲ့သော အတွင်းရေး ဇာတ်လမ်းအချို့မှာ မြန်မာနိုင်ငံ၏ တစ်စိတ် တစ်ဒေသကို အထင်သားမြင်ရမည်ဟု ယုံကြည်ပါသည်။

မေး - ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့သူ ဒေသခံလုပ်ငန်းရှင်တစ်ဦး အနေနဲ့ နောက်ခံသမိုင်းကို ရှင်းပြပေးပါဦး။
ဖြေ - ကျောက်ဖြူ SEZ က ဒီလိုလုပ်မယ်ဆိုတာကတော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရနဲ့က ဦးသန်းရွှေ လက်ထက်လောက်ကတည်းက အစီအစဉ်ရှိတယ်လို့ ထင်တယ်။ ဒါပေမဲ့ မစဖြစ်ခဲ့ဘူး။ ဒီကြားထဲမှာ မြစ်ဆုံကကြားခံသွားတယ်။ အဆင်မပြေဘူး။ အဆင်မပြေတော့ ကျောက်ဖြူကိုစဖို့လည်းပဲ နှောင့်နှေး သွားတယ်။ ၂၀၁၅ ဦးသိန်းစိန်အစိုးရလက်ထက် နောက်ဆုံးအချိန်လက်ကျန်လေးမှာ ကျောက်ဖြူအထူး စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးတော့ အတည်ပြုတင်တာ။ မဲခွဲဆုံးဖြတ် ပြီးတော့ အတည်ပြုခဲ့တယ်။ အတည်ပြုပြီးတော့ နိုင်ငံတကာတင်ဒါခေါ်တယ်။ တင်ဒါခေါ်တဲ့အချိန်မှာ CITIC ဆိုတဲ့ တရုတ်ကုမ္ပဏီကြီးကနိုင်တယ်။ အနိုင်ရတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ MOU ထိုးတယ်။ ၂၀၁၆ ကျတော့ အစိုးရက အပြောင်းအလဲဖြစ်သွားပြီ။ NLD အစိုးရဖြစ်လာတယ်။ NLD အစိုး ရဖြစ်လာတဲ့အချိန်မှာ Framework Agreementကို ဆက်ပြီးတော့ထိုးတယ်။ အဲဒီ Framework Agreement မထိုးခင် အဓိက ဆုံးဖြတ်တဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်။ သူက ကျောက်ဖြူ SEZ နဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ မရှင်းလင်းတာတွေ ပြည်သူတွေရဲ့သဘောထားတွေဆိုပြီး လေ့လာတဲ့အခါမှာ ရခိုင်ဒေသခံတွေက ဒါကိုခါးခါးသီးသီးနဲ့ငြင်းပယ်တယ်ဆိုပြီး သိရတာပေါ့။ အဲဒါနဲ့ပဲ သူက ကျောက်ဖြူ SEZ ကို ရှေ့ဆက်ပြီးတော့ လျှောက်မယ့်ခရီးတွေအတွက် မလုပ်တော့ဘူး။ မလုပ်တဲ့ အခါကျတော့ ဘယ်အချိန်မှာလုပ်ဖြစ်လဲဆိုတော့ သူ့ကို(ဒေါ်အောင်ဆန်းစုကြည်) တရုတ်သမ္မတ ကြီးက တရုတ်ပြည်ကို အလည်ဖိတ်ခေါ်တယ်။ တရုတ်သမ္မတကြီးက အလည်ဖိတ်ခေါ်လို့ သွားတဲ့အချိန် မှာ ကျောက်ဖြူအထူးစီးပွားရေး ဇုန် Framework Agreement ထိုးဖို့ကို သဘောတူခဲ့တယ်။ သဘောတူ လိုက်ပြီးတော့ သူတရုတ်ပြည်က ပြန်လာပြီးတော့ Framework Agreement ထိုးတယ်။ နောက်ဆုံး ကျန်တဲ့လုပ်ငန်းအပ်နှံတဲ့စာချုပ် အလုပ်စတင်နိုင်မယ့်စာချုပ်ကျတော့ မထိုးဘဲနဲ့ တော်တော်လေး ကြန့် ကြာတယ်။ ကြန့်ကြာနေတော့ ခုန ပြောတဲ့ဒေသခံရခိုင်တိုင်းရင်းသားတွေက ခါးခါးသီးသီးငြင်းပယ်တယ်။ မြန်မာပြည်သူ ပြည်သားတွေကလည်း မလိုလားဘူး။ နိုင်ငံတကာကလည်းပဲ မလိုလားတဲ့သတင်းတွေ ကြောင့်ဆိုပြီး နောက်ဆုံးအပြီးသတ် လက်မှတ်ထိုးမယ့်ကိစ္စတွေကို သူကရပ်ထားလိုက်တယ်။ ရပ်ထား လိုက်ပြီးတော့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို သူကနေပြီးတော့ ကျောက်ဖြူမှာကွင်းဆင်းပြီးတော့ လေ့လာဖို့လွှတ်လိုက်တယ်။ သူနဲ့တွေ့ တဲ့အခါမှာ သူကပြောတယ်။ ကျောက်ဖြူ SEZ နဲ့ပတ်သက်ပြီးတော့ ဒေသခံတွေက ခါးခါးသီးသီးနဲ့ ငြင်းပယ်နေကြတယ်ဆိုတော့ ဒါကိုရှေ့ဆက်ပြီးတော့လုပ်ဖို့အတွက်ကို လက်မှတ်ထိုးဖို့ကိစ္စတွေ အခက်အခဲရှိတယ်။ အဲဒီလိုလုပ်ဖို့ကို သူကိုယ်တိုင်လာပြီးတော့ ကြည့်တာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က သူ့ကိုပြောလိုက်တယ်။ သမ္မတကြီး ... အဲဒါဟာ ဒေသခံတွေရဲ့အသံ မဟုတ်ဘူး။ ကျွန်တော်တို့ဒေသခံတွေက ကိုယ့် ဘာသာကိုယ် ဘာဖြစ်လို့ ဆင်းရဲနေမှန်းတောင်မသိဘူး။ ကိုယ့်ဘာသာကိုယ်ဘာဖြစ်လို့ ဆင်းရဲနေမှန်းမသိတဲ့ ဒေသခံတွေက ကန့်ကွက်တာလည်း သူတို့မဟုတ် ဘူး။ ထောက်ခံတာလည်း သူတို့မဟုတ်ဘူး။ အဲဒီတော့ ကန့်ကွက်တဲ့အသံတွေက ကျောက်ဖြူ SEZ ကို မလိုလားတဲ့နိုင်ငံ၊ မလိုလားတဲ့ မီဒီယာဌာန တွေကနေပြီးတော့ အခကြေးငွေယူပြီးတော့ ပြောတဲ့လေသံ တွေပါဆိုတော့ သူက အဲဒီလိုပြောလို့တော့ စာချုပ်ချုပ်တဲ့ အဆင့်ထိမရောက်လာနိုင်ဘူး။ အဲဒီတော့ ကျွန်တော့်ကို ဒေသခံပြည်သူတွေရဲ့အသံ ထောက်ခံတဲ့အသံကျယ် ကျယ်လောင်လောင်လေး လုပ်ပေးနိုင်မလားလို့ပြောတယ်။ ကျွန်တော်ကလည်း လုပ်ပေးနိုင်ပါတယ်ပေါ့။ တစ်နိုင်ငံလုံးလည်း သိရ မယ်။ ကမ္ဘာကလည်းသိရအောင် ကျွန်တော်လုပ်မယ်ဆိုပြီးပြောလိုက်တယ်။ အဲဒါဆိုလို့ရှိရင် SEZ ကရှေ့ ဆက်လို့ရမယ်။ အဓိက က ဆွေးနွေးတာတော့အဲဒါပဲ။ ပြီးတော့ သူပြန်သွားတယ်။ အဲဒီအချိန်မှာပဲ ကျွန် တော်က အသင်းကို စဖွဲ့တယ်။ ကျောက်ဖြူခရိုင် ဒေသခံ တိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်းဆိုပြီး ဖွဲ့ တယ်။ စဖွဲ့တဲ့အချိန်မှာပဲ အင်အား(၆၀ဝဝဝ)ကျော်ရတယ်။ အခုဆိုရင် အသင်းသားအင်အား (၁၀ဝဝဝ၀) ကျော်ရှိသွားပြီ။ ကျွန်းတစ် ကျွန်းလုံးမှာမှ လူဦးရေက (၃၀ဝဝဝ၀)လောက်ပဲရှိတာ။ အပြင်ကိုထွက်သွား ကြတာနဲ့ ဘာနဲ့ပေါင်းလိုက်ရင် (၂၀ဝဝဝ၀)‌ တောင် မပြည့်တော့ဘူး။ ဒါပေမဲ့ အသင်းဝင်က (၁၀ဝဝဝ၀) ကျော်ဆိုတော့ ရာခိုင်နှုန်း (၈၀) ကျော်လောက်က ကျွန်တော်တို့ရဲ့ အသင်းဝင်ဖြစ်တယ်။ အင်အား‌ကောင်း တာပေါ့လေ။

မေး - ဒေသခံတွေကို စည်းရုံးတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ အဲဒီဇာတ်လမ်းလည်း သေချာသိချင်ပါတယ်။
ဖြေ - သူတို့ကို ဘယ်လိုစည်းရုံးရလဲဆိုတော့ ဒီတိုင်း အစည်းအဝေးခေါ်ရင် လာတဲ့သူနည်းတယ်။ အဲဒီ တော့ အဆိုတော်ဝိုင်းစုခိုင်သိန်းကိုငှားတယ်။ နေ့လယ်ဘက်မှာ SEZ ဆွေးနွေးမယ်။ ညနေဘက်မှာ အဆိုတော်နဲ့ဧည့်ခံမယ်ဆိုတော့ လူတွေအများကြီး ရောက်လာတာပေါ့။ နောက်တစ်ခါ ချမ်းမြေ့မောင်ချို နဲ့တစ်ကြိမ်ထပ်လုပ်တယ်။ ဒီအသင်းကိုဖွဲ့တော့ လုပ်စရာအလုပ်တွေရှိလာတော့ အများပိုင်ကုမ္ပဏီကိုပါ ထပ်ဖွဲ့တယ်။ အစည်းအဝေးလုပ်တဲ့အခါမှာ SEZ ဆိုတာ ဘာကိုခေါ်လဲဆိုတာ ပြည်သူတွေနားလည် လာအောင်ပြောတယ်။ SEZ ဖြစ်လာရင် တိုင်းပြည်က ဘယ်လိုဖွံ့ဖြိုးတိုးတက်သွားသလဲဆိုတာကို သူတို့ကို ရှင်းပြတယ်။ ရှင်းပြတဲ့အပြင် ဒေသအလိုက် ခေါင်းဆောင် အယောက်(၂၀)ကိုခေါ်ပြီး နိုင်ငံခြားတိုင်း ပြည်တွေကို အလည်ခေါ်ပြီးတော့ပြတယ်။ မျက်စိပွင့် နားပွင့်ဖြစ်သွားအောင်ပေါ့။ အဲဒီလိုနည်းနဲ့ ဒီအသင်းကို စည်းရုံးပြီးတော့ ဖွဲ့လာတာ။ အနှောင့်အယှက်တွေက အရမ်းစနစ်ကျတယ်။ တစ်ကမ္ဘာလုံးကို အနှောင့်အယှက်ပေးနေတဲ့ အဖွဲ့အစည်းပေါ့နော်။ အခုချိန်မှာဆို ပိုပြီးတော့ အင်အားပိုကောင်းနေပြီ။ ငွေကြေးလည်း အရမ်းသုံးစွဲနိုင်တယ်။ သူတို့တွေက ကျောက်ဖြူ SEZ ကို တရုတ်လက်ထဲမရောက်အောင် အစွမ်းကုန်ကြိုးစားမယ်။ ပျက်ပြားသွားအောင်လုပ်မှာပေါ့နော်။ ခုချိန် အထိလုပ်နေတယ်။ အဲဒီအဖွဲ့တွေက ဘယ်ကစလာလဲဆိုတော့ ရခိုင်မှာက ဂက်စ်ထွက်တယ်။ ရွှေဂက်စ် စောင့်ကြည့်ရေးအဖွဲ့ဆိုပြီး သူတို့စဖွဲ့တယ်။ အဲဒီရွှေဂက်စ်စောင့်ကြည့်ရေးအဖွဲ့ကလည်း ကျောက်ဖြူ SEZ မှာလည်း သူတို့တွေက အလိုအလျောက် ရောက်လာတယ်။ အဲဒီအဖွဲ့အစည်းတွေက ဘယ်လိုလုပ် လဲ ဆိုတော့ ငွေကုန်ကြေးကျခံပြီးတော့ ကျောက်ဖြူခရိုင်မှာရှိတဲ့ မြို့ပေါ်ရောကျေးရွာဒေသတွေမှာရှိတဲ့ ပညာတတ်လူငယ်လေးတွေကိုပါခေါ်ပြီး ရန်ကုန်မှာ သင်တန်းပေးတယ်။ ပြီးရင် ထိုင်းနိုင်ငံက အထူး စီးပွားရေးဇုန်လုပ်တဲ့နေရာရှိတယ်။ လျှပ်စစ်ကို ကျောက်မီးသွေးနဲ့ သုံးတဲ့နေရာပေါ့။ ကျွန်တော်တို့လည်း ရောက်ဖူးတယ်။ အဲဒီကိုသွားပြတော့ ရွာသားတွေက ပူပြီးတော့ ယားယံကုန်ကြတာ။ SEZ ဆိုတာ တကယ့်ကို အန္တရာယ်ဇုန်ဧရိယာကြီးဆိုတာ မြင်သွားအောင် သူတို့က ကိုယ်တိုင်ခေါ်ပြတာ။ ကျောက်ဖြူ က ကလေးတွေကကြည့်ပြီးတော့ ငါတို့ဆီမှာဒါမျိုး လက်ခံလို့မဖြစ်ဘူး ကန့်ကွက်ရမယ်ဆိုပြီး ကလေး တွေရဲ့ အတွေးတွေထဲမှာ အဲဒီလိုမျိုးတွေဝင်လာအောင် သူတို့က စနစ်တကျသင်ကြားပို့ချပေးတာ။ ကလေးတွေက သင်တန်းတွေကနေဆင်းပြီးတော့ ပြန်လာတဲ့အခါမှာ ရွာတွေမှာ၊ မြို့တွေမှာ လိုက်ပြီး တော့ SEZ ဆန့်ကျင်ရေးဗီနိုင်းစာသားတွေ ရေးတယ်။ SEZ အလို မရှိဆိုတာမျိုးတွေရေးတယ်။ အမျိုးမျိုး ရေးကြတယ်။ ဘုန်းကြီး နှစ်ပါး၊ သုံးပါးလောက်ပင့်တယ်။ ရွာသားတွေ(၃၀)၊(၄၀)လောက်ကို ထိုင် နားထောင်ခိုင်းတယ်။ စကားပြောတယ်။ ပြီးရင် ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်တယ်။ ဒေါ်လာ(၁၀ဝဝဝ) ရတယ်။ အရမ်းစီးပွားဖြစ်ကြတယ်။ ပထမက ဆယ်ဂဏန်းလောက်နဲ့ စပြီးတော့ ဖွဲ့ခဲ့တဲ့အဖွဲ့က ငွေရမှန်းသိတော့ ဥပမာ- ကျွန်တော်က အဲဒီအသင်းမှာဥက္ကဋ္ဌဆိုရင် တစ်သောင်းလောက် ရရင် ကျွန်တော်တစ်ယောက်တည်းက ငါးထောင်လောက်ယူမယ်။ ကျန်တဲ့ငါးထောင်ကို ကျွေးတာ မွေးတာတွေလုပ်တယ်ဆိုတော့ ဆယ်ယောက်စလုံးက ဥက္ကဋ္ဌတွေဖြစ်သွားပြီး‌ ဆယ်ဖွဲ့ကွဲသွားတယ်။ ပိုက်ဆံရမှန်းသိတော့ (၃၆)ဖွဲ့ အထိဖြစ်ခဲ့တယ်။ ကျွန်တော်တို့က တစ်ဖွဲ့တည်း။ သူတို့က(၃၆)ဖွဲ့။ SEZ ထောက်ခံတဲ့ အဖွဲ့က တစ်ဖွဲ့တည်းရယ်။ အင်အားကလည်း စဖွဲ့ကတည်းက (၆၀ဝဝဝ) ကျော်နဲ့ဖွဲ့ထား တာ။ ကျွန်တော်တို့ အင်အားက အရမ်းများတယ်။ သူတို့ကတော့ အခကြေးငွေနဲ့ခေါ်သလို ဖြစ်သွားတာ ပေါ့။ အဲဒီမှာဖြစ်အောင် ကြိုးစားခဲ့တဲ့အဖွဲ့နဲ့ ပျက်အောင်ကြိုးစားခဲ့တဲ့အဖွဲ့တွေမှာ ယှဉ်ပြိုင်မှုတွေ ရှိလာ တယ်။ နောက်ဆုံးမှာ သတင်းတွေက အကျယ်ကြီးတွေဖြစ်သွားတယ်။ တရုတ်ပြည်က သမ္မတကြီး ကိုယ်တိုင်လည်းပဲကြားပြီ။ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ကလည်း ကြားပြီ။ ထောက်ခံပွဲကြီးတွေ လုပ်ကြတယ်ဆိုတော့ မငြင်းသာတော့ဘူး။ ဒေသခံရခိုင်တွေကန့်ကွက်တယ်ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့က လုံးဝဖုံးလိုက်ပြီ။ အဲဒီအခါကျတော့ အပြီးသတ်စာချုပ်ချုပ် မယ်ဆိုတဲ့အခါကျတော့ တရုတ်သမ္မတကြီးကို ဖိတ်တယ်။ ဖိတ်တော့ တရုတ်သမ္မတကြီးကလည်းလာတယ်။ အဲဒီမှာ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်ပြီးတော့ လက်မှတ်ထိုးကြတယ်။ မြန်မာပြည်မှာလက်မှတ်ထိုးတယ်။ ၂၀၂၀ မှာ ထိုးတယ်ပေါ့။

မေး - လက်မှတ်ထိုးကြပြီးတဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်လဲ။ လုပ်ငန်းက ခုထိသေချာမစနိုင်ခဲ့ဘူး။ ဘာတွေဖြစ်ခဲ့တာလဲ။
ဖြေ - လက်မှတ်ထိုးပြီးတဲ့နောက်မှာ အခက်အခဲတွေက ဘာဖြစ်လဲဆိုတော့ အလုပ်တစ်ခုလုပ်တယ် ဆိုတာက လက်မှတ်ထိုးရုံနဲ့မပြီးဘူး။ အလုပ်အပ်ရတယ်။ ဥပမာ- ဒီအဆောက်အအုံကြီးဆောက်မယ့် ပိုင်ရှင်ကကျွန်တော်။ တခြားတစ်‌‌ယောက်ဆီကို အလုပ်အပ်မယ်ဆိုရင် ဒီမြေကြီးပေါ်မှာက လောလော ဆယ်က မူလပိုင်ရှင်တို့ဘာတို့ ကျူးကျော်တွေဘာတွေ ရှိရင်ရှိမှာပေါ့။ ဒါတွေအကုန်လုံးကိုဖယ်ရှား ရှင်း လင်းပြီးမှ စဆောက်လို့ရပြီလို့ပြောမှ စလုပ်ရမှာကိုး။ အဲဒီအဆင့်အထိမရောက်ခဲ့ဘူး။ မရောက်ခဲ့ဘဲနဲ့ စာချုပ်ချုပ်ပြီးတော့ သုံး၊ လေးလအကြာမှာ တရုတ်ပြည်က SEZ လုပ်မယ့်ကုမ္ပဏီက ကျောက်ဖြူကို ရောက်လာတယ်။ အလုပ်စလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ ဗြုန်းခနဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်နဲ့ စာ ထွက်တယ်။ အဲဒါက “ သူ့ခွင့်ပြုချက်မရဘဲနဲ့ မြေရာသိမ်းတဲ့အလုပ်တွေကို မလုပ်ပါနဲ့၊ ရပ်ထား ” ဆိုတဲ့ စာရောက်လာတော့ မြေမရတော့ တရုတ်ကလုပ်လို့ မရဘူး။ အဲဒီအခါကျတော့ တရုတ်တွေပြန်သွားကြ တယ်။ တိုက်ဆိုင်မှုလို့ပဲခေါ်မလား တရုတ်တွေပြန်သွားပြီးတော့ လပိုင်းအကြာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို AA တွေ ရောက်လာတယ်။ အလုံးအရင်းနဲ့ ရောက်လာတယ်။ ရခိုင်ပြည်နယ် စစ်ဖြစ် တယ်။ NLD အစိုးရလက်ထက်မှာ ချုပ်ခဲ့တဲ့စာချုပ်မှာ သက်တမ်းရှိတယ်။ စာချုပ်ရဲ့သက်တမ်းက (၁၈)လ။ (၁၈)လအတွင်းမှာ အလုပ်စလုပ်ရင်လုပ်၊ မလုပ်နိုင်ရင် အဲဒီစာချုပ်က အလိုလိုပျက်တယ်။ NLD သက်တမ်းကုန်သွားတဲ့အချိန် တပ်မတော် အစိုးရတာဝန်ယူတဲ့အချိန်မှာ ဒီသက်တမ်းက(၃)လ ကျန်သေး တယ်။ ကြားထဲမှာ တစ်ခုပြောဖို့ကျန်သေးတာက ဦးသိန်းစိန်အစိုးရလက်ထက်က SEZ တည်ဆောက်ဖို့ အတွက်ဖွဲ့ခဲ့တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ကြီးကြပ်မှုကော်မတီဆိုတာက NLD အစိုးရလက်ထက် မှာ အကုန်လုံးကိုဖျက်သိမ်းလိုက်ပြီးတော့ NLD အစိုးရက သူတို့လိုလားတဲ့သူတွေနဲ့ ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဆိုတာကိုဖွဲ့တယ်။ ဖွဲ့ပြီးတော့ မူလက အချိုးအစားဖြစ်တဲ့ မြန်မာ(၁၅)၊ တရုတ်(၈၅) ရာခိုင်နှုန်းဆိုတာကို ပြင်တယ်။ ပြင်ပြီးတော့ မြန်မာ (၃၀)၊ တရုတ်(၇၀)ဆိုတဲ့ ရာခိုင်နှုန်း ဖြစ်သွားတယ်။ ပြန်ပြောမယ်ဆိုရင် ဦးသိန်းစိန်လက်ထက်တုန်းက MOU ပဲထိုးခဲ့တာ။ စာချုပ် ချုပ်ခဲ့တာ မဟုတ်ဘူး။ အခုဒီ SEZ စာချုပ်က ဒီမိုကရေစီအစိုးရလို့ခေါ်တဲ့ NLD လက်ထက်မှာချုပ်တဲ့စာချုပ်။ တရားခြင်း၊ မတရားခြင်းထက် လုပ်သင့်လား၊ မလုပ်သင့်လား ဆိုတာက စာချုပ်ချုပ်တဲ့အစိုးရရဲ့ သဘောထားပဲ။ သူတို့ပြင်စရာရှိတာတွေကိုလည်း ပြင်ပေးခဲ့ပြီးပြီ။ (၈၅/၁၅)ကနေ (၇၀/၃၀) သူတို့ပြင် ပေးခဲ့ပြီ ဟုတ်တယ်မလား။ အဲဒီအတိုင်းပဲ စာချုပ်ချုပ်တယ်။ တရုတ်ကလည်း သဘောတူတယ်။ ဆိုလိုချင်တာက ကျောက်ဖြူ SEZ သည် ဦးသိန်းစိန်အစိုးရလက်ထက်မှာ MOU ပဲထိုးခဲ့ပြီးတော့ တကယ့်တရားဝင်စာချုပ်ချုပ်တာက NLD လက်ထက်မှာ ချုပ်တာ။ အလုပ်မဖြစ်ခဲ့ဘူး။ တပ်မတော် အစိုးရ(နစက) လက်ထက်ကို ရောက်တယ်။ ရောက်တဲ့အချိန်မှာ(၃)လပဲကျန်တယ်။ (၃)လအတွင်း မှာလည်း တပ်မတော်အစိုးရရဲ့ တာဝန်ပေးထားတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီက ပြင်ဆင်လိုတယ်ဆိုတဲ့ အချက်(၂၈)ချက်နဲ့ တိုင်းပြည်ကိုတင်ပြတယ်။ တိုင်းပြည်ကလည်းပဲ တင်ဒါအောင်တဲ့ တရုတ်ကုမ္ပဏီနဲ့ညှိတယ်။ သူတို့ကလည်း သူတို့သမ္မတကြီးကိုယ်တိုင်ရဲ့ရှေ့မှာ လက်မှတ်ထိုးထားတာဆိုတော့ ပြင်ဖို့အခက်အခဲရှိတယ်ဆိုတဲ့ အကြောင်းကိုတင်ပြရင်းနဲ့ အချိန်က(၂)နှစ် ကျော်ကျော် ကုန်သွားတယ်။ စာချုပ်ကိုမပြင်ဖြစ်ဘူး။ မပြင်ဖြစ်တဲ့အချိန်က (၂)နှစ်မနည်းကျော်သွားတဲ့ အချိန်အထိ ရောက်လာတယ်။ အဲဒီ(၂)နှစ်အတွင်းမှာလည်း တိုင်းပြည်က ဘာတွေဖြစ်လဲဆိုတာ အားလုံး သိတဲ့အတိုင်းပဲ။

မေး - ဒါဆိုရင် လက်ရှိအခြေအနေက နစကနဲ့ လက်မှတ်ထိုးတဲ့အဆင့်ဖြစ်သွားပြီ။ ကျောက်ဖြူဒေသ အခြေအနေက ဘာဆက်ဖြစ်နေလဲ။
ဖြေ - အခု နောက်ဆုံးကျတော့ ကျွန်တော်တို့ရဲ့ တောင်းဆိုမှု၊ ဒေသခံတွေရဲ့ တိုက်တွန်းမှုတွေ အများ ကြီးပါတယ်။ အစိုးရရဲ့စီးပွားရေးမူဝါဒပေါ်မှာ အားပေးမှုတွေ အများကြီးပါလာတယ်။ အဲဒီအချိန်မှာ စာချုပ်ကြီးတစ်ခုလုံးကိုမပြင်နဲ့။ နောက်ဆက်တွဲ စာချုပ်လေးတွေကိုပဲ ညှိပြီးပြင်ကြပါဆိုပြီးတော့ အဲဒီမူနဲ့ ပြင်ပြီးတော့ စာချုပ်ချုပ်လိုက်တယ်။ စာချုပ်ကတော့ ချုပ်လိုက်ပြီ။ ဆိုလိုတာက ဒီအစိုးရ လက်ထက်မှာ SEZ ကိုလုပ်ဖို့အတွက်ကို စာချုပ်ကိုလည်းပဲ နှစ်ဖက်သဘောတူ နောက်ဆက်တွဲနဲ့ ပြင်ဆင်လိုက်ပြီဆိုတော့ စလုပ်ဖို့ပဲရှိတော့တယ်။ အလုပ်စလုပ်ဖို့ရှိတယ်။ ခုထိမစနိုင်သေးဘူး။ ဘာဖြစ်လို့မလုပ်နိုင်သေးလဲဆိုတော့ တိုင်းပြည်မငြိမ်မသက်မှုကတော့ အဓိကပေါ့။ ဒါပေမဲ့ တိုင်းပြည် မငြိမ်မသက်တာက ဒီလောက်ကြီး ကျယ်တာမဟုတ်ဘူး။ တရုတ်ကလည်း ဒီဟာလောက်ကို ဖြေရှင်းနိုင် တယ်။ ကျွန်တော်တို့ကလည်း တင်ပြတယ်။ အခု တိုင်းပြည်ကသွေးထွက်လွန်နေပြီ။ အဘက်ဘက်မှာ အားနည်းချက်တွေဖြစ်နေပြီ။ အစိုးရနဲ့ တပ်မတော်တစ်ခုတည်းနဲ့တင် တိုင်းပြည်ကို ပြန်ပြီးတော့ ဆွဲတင် ဖို့အများကြီး အခက်အခဲတွေရှိနေပြီဆိုတဲ့အချိန်မှာ တစ်ချက်ခုတ် နှစ်ချက်သုံးချက်လည်း ပြတ်သွား အောင် ဒီအထူးစီးပွားရေးဇုန်ကို အလုပ်လုပ်နိုင်ဖို့အတွက် တရုတ်လက်ထဲကို အပ်လိုက်ရင် တရုတ်က သူ့ဟာသူလုံခြုံရေးကို ကျောက်ဖြူ-ကူ မင်း ရထားလမ်း၊ ကားလမ်း ဒါတွေ အကုန်လုံးကို အလို အလျောက်ထိန်းချုပ်သွားလိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီစီးပွားရေးလုပ်ငန်းကြီးကို တရုတ်လက်ထဲကို မြန်မြန်ထည့်ဖို့အတွက် မြေနေရာသိမ်းဆည်းမှု၊ လျော်ကြေးပေးမှုတွေကို အခု စာရွက်ပေါ်မှာလုပ်နေပြီ။ လက်တွေ့တော့ မလုပ်သေးဘူး။ လက်တွေ့မလုပ်သေးဘူးဆိုတာ သိတာက(၆၄)ဘီလျံလောက် အစိုး ရက ပြည်သူတွေကိုလျော်ရမယ်။ ပြည်သူတွေရဲ့ သဘောထားကိုလည်း မေးပြီးပြီ။ သဘောတူတယ် လည်းပြောပြီးပြီ။ ဘာလို့သဘောတူလဲဆိုတော့ SEZ မဖြစ်ခင်တုန်းက ဒီနေရာက မြေတစ်ဧကကို အရမ်း ကောင်းတဲ့နေရာတောင်မှ သုံးသိန်းပေးမယ့်သူမရှိဘူး။ အခုအစိုးရက တစ်ဧကကို သိန်း(၃၀ဝ) ပတ်ဝန်း ကျင် နဲ့ လျော်ကြေးပေးမယ်ဆိုတော့ အားလုံးက ပျော်ပျော်ပါးပါးနဲ့ ‌စောင့်နေကြတဲ့အချိန် အစိုးရက မလျော်နိုင်သေးဘူး။ အားလုံးကိုလည်း ကွင်းဆင်းပြီးတော့ တိုင်းထွာပြီးပြီ။ ဘယ်လောက်ထိ တိုင်းထွာ ပြီးပြီလဲဆိုရင် မြေအမျိုးအစားအပြင်ကို စားပင်သီးပင်တွေဆိုတာကို အလျော်ပေးမယ်၊ နှစ်ရှည်ပင်တွေ လည်း အလျော်ပေးမယ် အဲဒီလောက်အထိကို တွက်ချက်ထားပြီးသား အခြေအနေဖြစ်နေပြီ။ ငွေကို ကျတော့ ရွာတွေမှာ သွားပေးစရာမလိုဘူး။ ပိုင်ရှင်ကလည်း စုစုပေါင်းမှ ရာဂဏန်းပဲရှိမယ်။ သူတို့တွေကို ကျောက်ဖြူမြို့ကို အသုတ်လိုက်ခေါ်ပြီးတော့ ဝေပေးလိုက်ရင် မြေက အစိုးရလက်ထဲကိုရောက်မယ်။ ရောက်ရင် တရုတ်လက်ထဲကို မြေကိုအပ်လိုက်တာနဲ့ အလုပ်ကစဖြစ်ပြီ။

မေး - ကျောက်ဖြူစီမံကိန်းအကြောင်းပြောရင် မြေရောင်းစားပြီး အကြွေးတင်သွားပြီဆိုတာမျိုး ပြောသံ တွေက မကြာခဏထွက်တယ်။ ဘာပြန်ပြောချင်လဲ။
ဖြေ - ကျောက်ဖြူ SEZ ဆိုသည်မှာ သယံဇာတကို ရောင်းစားတာမဟုတ်ဘူး။ တရုတ်ကို မြေရောင်းလိုက် တာ မဟုတ်ဘူး။ အပြီးအပိုင်ရောင်းလိုက်တာမဟုတ်ဘူး။ အနှစ်(၅၀) BOT စနစ်။ အဲဒီတော့ အနှစ်(၅၀) BOT ပြည့်တဲ့အချိန်မှာ ဒါတွေအကုန်လုံးကို မြန်မာအစိုးရကို လွှဲပေးလိုက်ရမှာ။ ပထဝီအနေအထားကို အသုံးချတဲ့စီမံကိန်း တိုင်းပြည်ဘာမှနစ်နာစရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းက လုပ် သင့်တယ်။ ပြီးရင် အကြွေးထောင်ချောက်ဆိုတာ ရှိတယ်။ အကြွေးထောင်ချောက်ဆိုသည်မှာ အကြွေး ယူမှ အကြွေးထောင်ချောက်ကိုမိတာ။ အကြွေးမယူရင် အကြွေးထောင်ချောက်မိစရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လွှတ်တော်ကနေ (၈၅/၁၅)ကို သဘောတူရသလဲဆိုတာ အကြောင်းရှိတယ်။ (၈၅/၁၅) ပဲ ကျွန်တော်တို့က ယူမယ်ဆိုရင် အကြွေးမတင်ဘူး။ အားလုံးနားလည် အောင်ပြောမယ်ဆိုရင် ကျွန်တော်တို့ အကြွေးမတင်ဘူး။ လစဉ်နှစ်စဉ်လည်းပဲ အခွန်အခတွေကလည်း ရဦးမယ်။ မီးရထားလမ်း၊ ကားလမ်းတွေလည်း ပေါက်မယ်။ ဆိပ်ကမ်းကြီးလည်းဖြစ်မယ်။ နှစ်(၅၀) ပြည့်ရင်လည်းပဲ BOT ရဦးမယ်။ အကြွေးဆပ်စရာ အကြောင်းလည်းမရှိဘူး။ အကြွေးမတင်ဘူး။ အခု (၃၀/၇၀) ဖြစ်တဲ့အချိန်မှာ တိုးလာတဲ့(၁၅) ရာခိုင်နှုန်းအတွက် ဘယ်လောက်လိုလဲဆိုတော့ ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း(၉၁၀)ထပ်ထည့်ရမယ်။ (၁)ဘီလျံနီးပါးပဲ။ (၁၅)ရာခိုင်နှုန်းရဲ့တန်ဖိုးက အဲဒီ လောက် ရှိတယ်။ အဲဒီငွေကို NLD အစိုးရလက်ထက်မှာ အစိုးရအသိအမှတ်ပြု တိုင်းရင်းသား လုပ်ငန်း ရှင်ကြီးများဆိုပြီး ဖွဲ့ကြတယ်။ အဲဒီငွေကို သူတို့က ထည့်ရမယ်။ ထည့်မယ်ဆို သူတို့မှာ မထည့်နိုင်ဘူး။ မထည့်နိုင်တော့ တရုတ်အစိုးရဆီက သူတို့ငွေချေးတယ်။ ငွေချေးတဲ့ အချိန်မှာ တရုတ်အစိုးရကလည်း ပိုက်ဆံချေးမယ်။ ဒါပေမဲ့ မြန်မာအစိုးရက အာမခံချက်ပေးမှ ချေးမယ်ဆိုတဲ့ အချိန်မှာ မြန်မာအစိုးရ ကလည်း အာမခံချက်မပေးဘူး။ မပေးနိုင်ဘူး။ ပေးလည်း မပေးသင့်ဘူး ဒါက။ အဲဒီအခါကျတော့ တရုတ်က လိုက်လျောတယ်။ ချေးမယ် ဒါပေမဲ့ အတိုးပေးရမယ်။ အတိုးက နည်းနည်းလေးပဲ။ တစ်နှစ် ကိုမှ ၁ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိတယ်ထင်တယ်။ အဲဒီငွေနဲ့သူတို့ ချေးမယ်။ ချေးပြီးရင် အပေါင်ကို အလုပ်ကို ပေးရမယ်။ (၁၅)ရာ ခိုင်နှုန်းကို အပေါင်ပေးရမယ့်သဘော ဖြစ်နေတယ်။ မဆပ်နိုင်ရင် အဲဒီ(၁၅)ရာခိုင်နှုန်းကို တရုတ်အစိုးရက ပြန်သိမ်းသွားမယ်။ အဲဒီတော့ အကြွေးထောင်ချောက် မမိဘူးလား။ အကြွေးထောင်ချောက်ကို မိအောင် ဘယ်သူလုပ်လဲ။ မမိအောင် ဘယ်သူလုပ်လဲဆိုတော့ ကျွန်တော်တို့ပဲ။ အစိုးရက လုပ်တာမဟုတ်ဘူး လုပ်ငန်းရှင်တွေဆိုတဲ့သူတွေလုပ်တာ။ အဲဒါကို အစိုးရက သဘောတူပေးတယ်ဆိုတော့ အလိုတူ အလိုပါ ဖြစ်တာပေါ့။ အဲဒီတော့ (၁၅)ရာခိုင်နှုန်း မယူကြပါနဲ့လို့ တားတာ တားလို့မရဘူး သူတို့ယူတယ်။ အကြွေးမိတယ်ဆိုကတည်းက ပြဿနာတက်လာပြီ။ အဲဒီထက် အဆိုးဆုံးက ပထမဦးဆုံးထည့်ရမယ့် အညီအမျှ ရှယ်ယာဆိုတာရှိတယ်။ အဲဒါက အမေရိကန်ဒေါ်လာ သန်း (၆၀) လောက် ထည့်ရမယ်။ (၁၅)ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ သန်း(၆၀)လောက်ထည့်ရမယ်။ အတိအကျ တော့မဖြစ်နိုင်ဘူး အဲဒီလောက်နီးပါးပေါ့။ အဲဒီငွေကျတော့ တရုတ်ကမချေးဘူး။ အဲဒီငွေကျတော့ ခင် ဗျားတို့ ကိုယ့်ဘာသာကိုယ်ထည့်ကြပါလို့ပြောတယ်။ ပြီးရင် ဆွဲစားသွားတဲ့အခါမှာ အဲဒီငွေပါ ပါသွားမှာ။ အတိုးမပေးနိုင်လို့ သိမ်းတဲ့အခါမှာ အဲဒီအညီအမျှရှယ် ယာပါ ပါသွားမှာ။ အဲဒီမှာတင် အငြင်းပွား နေရင်းနဲ့ကို NLD အစိုးရလက်ထက်တစ်ခုလုံးမှာ အလုပ်မဖြစ်ခဲ့ဘဲနဲ့ ငါးနှစ်သက်တမ်းသာ ကုန်သွားတယ် SEZ ကို လုံးဝ မစတင်နိုင်ခဲ့ဘူး။ တရုတ်ပြည်ဆိုတာ အရင်တုန်းက ကျွန်‌တော်တို့လိုပဲ ဆင်းရဲတယ်။ ကျွန်တော်တို့ထက်တောင် ပြင်းထန်တယ်။ ဘယ်လောက်ထိဆင်းရဲလဲဆိုတော့ လူတစ်ယောက်ကို ရှင်းပစ်ဖို့(၁၀)ယွမ် ဆိုရင်ရပြီ။ တိုင်းပြည်မှာလည်း ဆင်းရဲတော့ ခွဲထွက်လိုမှု၊ ဆူပူမှုတွေ၊ မငြိမ်မသက်မှု တွေ အရမ်းကိုနာမည်ပျက်ကြီးနဲ့ တရုတ်ပြည်က ကမ္ဘာပေါ်မှာရပ်တည်နေရတဲ့အချိန်။ ၁၉၇၆ လောက်က တရုတ်ပြည်မှာ အဆိုးဆုံး ဖြစ်စဉ်တစ်ခုရှိခဲ့တယ်။ ဟောင်ကောင်ရဲ့ တစ်ဖက်ကမ်းမှာ တံငါရွာဒေသတစ်ခုရှိတယ်။ အဲဒီဒေသက လူတွေက အဲဒီကျွန်းလေးသေးသေးလေးကို တရုတ်ပြည်ဆိုတဲ့နိုင်ငံကြီးကနေ အလုအယက်နဲ့ အလုပ်ရှာသွားကြတယ်။ ဟိုက သေနတ်တွေနဲ့ပစ် ဖမ်းချုပ် မောင်းထုတ်ဖြစ်နေကြတဲ့အချိန်မှာ ဒေသမှာ မတည်မငြိမ်ဖြစ်တယ်။ အဲဒါကို သမ္မတကြီးတိန့်ရှောင်ဖိန် က ကွင်းဆင်းပြီးသွားကြည့်ခဲ့တယ်။ အဲဒါတွေက ဦးမင်းအောင်လှိုင်လာတုန်းက ကျွန်တော်ရှင်းပြခဲ့တာ ပေါ့။ အဲဒီလိုသွားကြည့်တဲ့အချိန်မှာ သမ္မတကြီး တိန့်ရှောင်ဖိန်ပြောတဲ့စကားက ရှင်းရှင်းလေးပဲ “ အခုလို ဖြစ်တာ ဘာကြောင့်လဲဆိုတာကို ငါတို့ရဲ့မူဝါဒကို ပြန်လည်သုံးသပ်ဖို့လိုပြီ ” လို့ ပြောခဲ့တယ်။ အဲဒါနဲ့ပဲ သမ္မတကြီးက စီးပွားရေးတံခါးဖွင့်မူဝါဒကြီးကို ကျင့်သုံးလိုက်တယ်။ ရေနက်ဆိပ်ကမ်းက ခုနပြောခဲ့တဲ့ တံငါရွာမှာပဲ ဆောက်လို့ရတယ်။ ခုဆို အရမ်းအောင်မြင်နေပြီ။ တရုတ်တွေ SEZ လုပ်မယ်ဆိုတော့ တစ်ကမ္ဘာလုံးက ဘယ်သူမှကူညီမယ့်သူမရှိဘူး။ တရုတ်တွေ ပေါက်တူးပေါက်ပြီးတော့ SEZ ကို စလုပ်တာ။ လွန်ခဲ့တဲ့အနှစ်(၄၀)ကျော်က။ အခုကျတော့ ကျွန်တော်တို့က ဘာမှမလုပ်ရဘဲနဲ့ SEZ ရမှာ။ တရုတ်တွေလုပ်တဲ့ SEZ က အောင်မြင်သွားတော့ ဈေးကွက်ကြီးက အကြီးကြီးပဲ။ အခုဆိုရင် တရုတ် ပြည်မှာ SEZ တွေ အများကြီးပဲ။ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့နိုင်ငံဖြစ်နေပြီ။ တစ်ချိန်က ဟောင်ကောင်မှာ အလုအယက်နဲ့သွားပြီး အလုပ်လုပ်ရတဲ့တရုတ်တွေက ဟောင်ကောင်ကိုသွားစရာမလိုတော့ဘူး။ ဟောင်ကောင်ကတရုတ်တွေက တရုတ်ပြည်မကြီးမှာလာပြီး ရင်းနှီးမြှုပ်နှံပြီးတော့ လုပ်နေရတယ်။ အလားတူ တစ်ကမ္ဘာလုံးက လာလုပ်နေကြတယ်။ SEZ ဆိုတာ အဲဒါမျိုး။ ကျွန်တော်တို့မှာ ဆောင်ပုဒ် တစ်ခုရှိတယ်။ “ လုံခြုံမှု၊ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရခိုင်တွေ အိမ်ကိုပြန်လာနိုင်ဖို့ SEZ ကို တည်ဆောက်ကြစို့ ” ။ တစ်ချိန်တုန်းက လူတစ်ယောက်ကို ရှင်းပစ်ဖို့ (၁၀)ယွမ် ပဲအဆင်ပြေတဲ့ တရုတ် တွေက အခုအချိန်မှာ အချိန်မတော် မိန်းကလေးတစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားလာလို့ ရနေပြီ။ တိုင်းပြည် လုံခြုံနေတာကို။ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဈေးကွက်ရှိနေလို့လေ။ မင်းလမ်းမုန့်တီက ရခိုင်မှာရောင်းရင် အကြွေးတင်ပြီး ပြုတ်သွားလိမ့်မယ်။ ဈေးကွက်မှမရှိတာ။ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာ စီးပွားရေးမှာ ဈေးကွက်က အဓိကပဲ။ တစ်ချိန်တုန်းက ရခိုင်ပြည်က အလကားရတဲ့တညင်းသီးကို ရန်ကုန်မှာ လာရောင်းတာရှုံးတယ်။ သယ်ယူပို့ဆောင်တာနဲ့ လမ်းမှာ ကြန့်ကြာတာနဲ့ စရိတ်စကတွေကြီးတယ်။ ဘယ်ယှဉ်နိုင်မလဲ မှော်ဘီတို့၊ တိုက်ကြီးတို့၊ မွန်ပြည်နယ် တို့ကထွက်တဲ့တညင်းသီးက ဒီကိုခဏဆိုရောက်ပြီလေ။ ရခိုင်က အဲဒီတုန်းက တံတားလည်းမထိုးရသေး ဘူး။ ကမ္ဘာပေါ်မှာ SEZ ပေါင်း (၂၀ဝဝ)ကျော် ရှိတယ်။ အောင်မြင်တဲ့ SEZ က ရာဂဏန်းပဲရှိတယ်။ ကျွန် တော်တို့ရဲ့ ကျောက်ဖြူ SEZ က ကမ္ဘာနဲ့ဆက်သွယ်မယ့် လမ်းကြောင်းကြီး။ တရုတ်ပြည်ဆိုတဲ့ အင်အား ကြီးနိုင်ငံကြီးနဲ့ အိန္ဒိယဆိုတဲ့နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းကနိုင်ငံကြီးတွေနဲ့ လူဦးရေပေါင်းလိုက်ရင် ကမ္ဘာ့ လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်မှာရှိတယ်။ အဲဒီရဲ့ ဆုံမှတ်က ကျောက်ဖြူဖြစ်တော့ ကျောက်ဖြူက ဘယ် လောက်ထိ တိုးတက်မလဲဆိုတာ အတိုင်းအဆမရှိဘူး။

မေး - ကျောက်ဖြူစီမံကိန်းက မြန်မာနိုင်ငံအတွက် တကယ်ပဲ လုပ်သင့်တဲ့စီမံကိန်းလို့ ‌ဒေသခံလုပ်ငန်း ရှင်အနေနဲ့ ယုံကြည်လား။
ဖြေ - မြန်မာတစ်နိုင်ငံလုံးရဲ့ GDP ကို ကျောက်ဖြူက ဆွဲတင်ပေးမှာ။ ဒါကြောင့်မို့လို့ လုပ်ကိုလုပ်ရမယ်။ ဘာဖြစ်လို့ ကျွန်တော်တို့တိုင်းပြည် အခုလိုဖြစ်နေရသလဲဆို ဆင်းရဲလို့ပဲ။ ဆင်းရဲလို့ဖြစ်တဲ့ရောဂါကို သေ နတ်တွေနဲ့ဝိုင်းပစ်လို့မရဘူး။ ဆင်းရဲလို့ မီးလောင်နေတဲ့တိုင်းပြည်ကို သေနတ်တွေနဲ့ဝိုင်းပစ်လို့ မရဘူး။ တိုင်းပြည်ကလည်း သွေးထွက်လွန်နေပြီ။ ဒါကို ကုစားရမယ့်ဆေးက တစ်ခုပဲရှိတယ်။ ဆင်းရဲလို့ဖြစ်တဲ့ ရောဂါကို ဆင်းရဲခြင်းကလွတ်မြောက်အောင် လုပ်ပေးရမယ်။ ကျန်တဲ့နည်းမရှိဘူး။ သေနတ်တွေနဲ့ပစ်နေ လို့ ဒီရောဂါမပျောက်ဘူး။ ပိုပြီးတော့ဆိုးမယ်။ အနာတွေကျွမ်းမယ်။ သွေးထွက်တွေလွန်မယ်။ တိုင်းပြည် ကျဆုံးမယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်က တိုင်းပြည်ကိုကုစားတဲ့ဆေးပဲ။ ဒီဆေးကို ပြည်သူတွေကို အမြန်ဆုံးကျွေးရမယ်။ ဆင်းရဲလို့ ဖြစ်တဲ့ရောဂါ။ အဲဒါနဲ့တစ်ဆက်တည်းပြောမယ်ဆိုရင် အခု တိုင်းရင်း သားလက်နက်ကိုင်တွေ အကုန်လုံးသည် ဆင်းရဲခြင်းကဆင်းသက်လာတဲ့ ခါးသီးမှုတွေချည်းပဲ။ ဘယ် ကမှ ဆင်းသက်တာမဟုတ်ဘူး သမ္မတကြီး တိန့်ရှောင်ဖိန်ပြောသလို “ ကြောင်ဖြူဖြူ မည်းမည်း ကြွက်ခုတ်တတ်ရင်ပြီးပြီ၊ ဘယ်မူဝါဒတွေ ဘာတွေနဲ့ပဲ အုပ်ချုပ် အုပ်ချုပ် ပြည်သူကိုထမင်းဝအောင် ကျွေးနိုင်ရင်ပြီးပြီ။ မကျွေးနိုင်ရင် မလုပ်နိုင်ရင် ဘယ်လိုမှ အဆင်မပြေဘူး ” ။ အဲဒီတော့ တိုင်းပြည်ကို ရောဂါပျောက်အောင် ကုမယ်။ ဒီဟာတွေအားလုံးကို ပပျောက်အောင်လုပ်မယ်ဆိုရင် ပြည်သူတွေကို ထမင်းဝအောင်ကျွေးဖို့ မခက်ဘူး။ အဓိက ဆိုလိုချင်တာက တိုင်းပြည်ကိုကုစားမယ့်ဆေးက ဒီနေ့ ကျွေးလို့ရမယ်။ ချက်ချင်း လက်ငင်းသက်သာမယ်။ ဘယ်လိုသိသာမလဲ၊ မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်း၊ အ‌ရှေ့ပိုင်း လုံးဝငြိမ်သွားမယ်။ တောင်ပိုင်းကိုလည်း ထမင်းဝအောင်ကျွေးလိုက်ရင် ငြိမ်သွားမယ်။ တောင်ပိုင်းက ငြိမ်တာနည်းနည်းလေး နောက်ကျရင်ကျမယ်။ ကျောက်ဖြူ SEZ သည် လုပ်ကိုလုပ်သင့်တယ်။

ဟုတ်ကဲ့။ အခုလို ပြည့်စုံစွာ ရှင်းပြပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

zawgyi version
ေက်ာက္ျဖဴ စီမံကိန္း အေႂကြးေထာင္ေခ်ာက္ႏွင့္ NLD လုပ္ေဆာင္ခဲ့ေသာ အတြင္းေရးအခ်ိဳ႕ (ဖြင့္ခ်ျခင္း)
ေက်ာ္ႏု၊ ယြန္း (NP News ) - ဧၿပီ ၁၂

ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္စီမံကိန္းႏွင့္ပတ္သက္၍ ျပည္သူလူထုၾကားတြင္ လြဲမွားစြာသိရွိခဲ့ရေသာ ဇာတ္လမ္းမ်ားစြာရွိေနၿပီး NLD အစိုးရ ငါးႏွစ္အတြင္းက ဆုံးျဖတ္လုပ္ကိုင္ခဲ့မႈမ်ား၌ သံသယျဖစ္စရာ မ်ားစြာ ရွိေနသည္ကို အတြင္းေရးအေျခအေနမ်ားအရ သိလာရသည္။ နစက အစိုးရလက္ထက္တြင္ အသစ္ထပ္မံ လက္မွတ္ေရးထိုးအတည္ျပဳခဲ့ၿပီျဖစ္ေသာ စီမံကိန္း၏အေျခအေနအမွန္ႏွင့္ လြန္ခဲ့ေသာ ငါးႏွစ္အတြင္းက အေျခအေနတို႔ကို အတြင္းက်က်သိရွိထားသည့္ ေဒသခံလုပ္ငန္းရွင္ ဦးၿငိမ္းခ်မ္းေမာင္အား NP News က ေတြ႕ဆုံေမးျမန္းထားပါသည္။ ဦးၿငိမ္းခ်မ္းေမာင္သည္ ေက်ာက္ျဖဴ အထူး စီးပြားေရးဇုန္၏ ေဒသခံစီပြားေရး လုပ္ငန္းစုအဖြဲ႕ ဥကၠ႒တစ္ဦးျဖစ္ၿပီး ၎ရွင္းျပခဲ့ေသာ အတြင္းေရး ဇာတ္လမ္းအခ်ိဳ႕မွာ ျမန္မာႏိုင္ငံ၏ တစ္စိတ္ တစ္ေဒသကို အထင္သားျမင္ရမည္ဟု ယုံၾကည္ပါသည္။

ေမး - ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္နဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ပါဝင္ခဲ့သူ ေဒသခံလုပ္ငန္းရွင္တစ္ဦး အေနနဲ႔ ေနာက္ခံသမိုင္းကို ရွင္းျပေပးပါဦး။
ေျဖ - ေက်ာက္ျဖဴ SEZ က ဒီလိုလုပ္မယ္ဆိုတာကေတာ့ တ႐ုတ္အစိုးရနဲ႔ ျမန္မာအစိုးရနဲ႔က ဦးသန္းေ႐ႊ လက္ထက္ေလာက္ကတည္းက အစီအစဥ္ရွိတယ္လို႔ ထင္တယ္။ ဒါေပမဲ့ မစျဖစ္ခဲ့ဘူး။ ဒီၾကားထဲမွာ ျမစ္ဆုံကၾကားခံသြားတယ္။ အဆင္မေျပဘူး။ အဆင္မေျပေတာ့ ေက်ာက္ျဖဴကိုစဖို႔လည္းပဲ ေႏွာင့္ေႏွး သြားတယ္။ ၂၀၁၅ ဦးသိန္းစိန္အစိုးရလက္ထက္ ေနာက္ဆုံးအခ်ိန္လက္က်န္ေလးမွာ ေက်ာက္ျဖဴအထူး စီးပြားေရးဇုန္နဲ႔ ပတ္သက္ၿပီးေတာ့ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ၿပီးေတာ့ အတည္ျပဳတင္တာ။ မဲခြဲဆုံးျဖတ္ ၿပီးေတာ့ အတည္ျပဳခဲ့တယ္။ အတည္ျပဳၿပီးေတာ့ ႏိုင္ငံတကာတင္ဒါေခၚတယ္။ တင္ဒါေခၚတဲ့အခ်ိန္မွာ CITIC ဆိုတဲ့ တ႐ုတ္ကုမၸဏီႀကီးကႏိုင္တယ္။ အႏိုင္ရေတာ့ ဦးသိန္းစိန္အစိုးရလက္ထက္မွာပဲ MOU ထိုးတယ္။ ၂၀၁၆ က်ေတာ့ အစိုးရက အေျပာင္းအလဲျဖစ္သြားၿပီ။ NLD အစိုးရျဖစ္လာတယ္။ NLD အစိုး ရျဖစ္လာတဲ့အခ်ိန္မွာ Framework Agreementကို ဆက္ၿပီးေတာ့ထိုးတယ္။ အဲဒီ Framework Agreement မထိုးခင္ အဓိက ဆုံးျဖတ္တဲ့သူကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ေပါ့ေနာ္။ သူက ေက်ာက္ျဖဴ SEZ နဲ႔ ပတ္သက္ၿပီးေတာ့ သူ႔အေနနဲ႔ မရွင္းလင္းတာေတြ ျပည္သူေတြရဲ႕သေဘာထားေတြဆိုၿပီး ေလ့လာတဲ့အခါမွာ ရခိုင္ေဒသခံေတြက ဒါကိုခါးခါးသီးသီးနဲ႔ျငင္းပယ္တယ္ဆိုၿပီး သိရတာေပါ့။ အဲဒါနဲ႔ပဲ သူက ေက်ာက္ျဖဴ SEZ ကို ေရွ႕ဆက္ၿပီးေတာ့ ေလွ်ာက္မယ့္ခရီးေတြအတြက္ မလုပ္ေတာ့ဘူး။ မလုပ္တဲ့ အခါက်ေတာ့ ဘယ္အခ်ိန္မွာလုပ္ျဖစ္လဲဆိုေတာ့ သူ႔ကို(ေဒၚေအာင္ဆန္းစုၾကည္) တ႐ုတ္သမၼတ ႀကီးက တ႐ုတ္ျပည္ကို အလည္ဖိတ္ေခၚတယ္။ တ႐ုတ္သမၼတႀကီးက အလည္ဖိတ္ေခၚလို႔ သြားတဲ့အခ်ိန္ မွာ ေက်ာက္ျဖဴအထူးစီးပြားေရး ဇုန္ Framework Agreement ထိုးဖို႔ကို သေဘာတူခဲ့တယ္။ သေဘာတူ လိုက္ၿပီးေတာ့ သူတ႐ုတ္ျပည္က ျပန္လာၿပီးေတာ့ Framework Agreement ထိုးတယ္။ ေနာက္ဆုံး က်န္တဲ့လုပ္ငန္းအပ္ႏွံတဲ့စာခ်ဳပ္ အလုပ္စတင္ႏိုင္မယ့္စာခ်ဳပ္က်ေတာ့ မထိုးဘဲနဲ႔ ေတာ္ေတာ္ေလး ၾကန႔္ ၾကာတယ္။ ၾကန႔္ၾကာေနေတာ့ ခုန ေျပာတဲ့ေဒသခံရခိုင္တိုင္းရင္းသားေတြက ခါးခါးသီးသီးျငင္းပယ္တယ္။ ျမန္မာျပည္သူ ျပည္သားေတြကလည္း မလိုလားဘူး။ ႏိုင္ငံတကာကလည္းပဲ မလိုလားတဲ့သတင္းေတြ ေၾကာင့္ဆိုၿပီး ေနာက္ဆုံးအၿပီးသတ္ လက္မွတ္ထိုးမယ့္ကိစၥေတြကို သူကရပ္ထားလိုက္တယ္။ ရပ္ထား လိုက္ၿပီးေတာ့ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူကို သူကေနၿပီးေတာ့ ေက်ာက္ျဖဴမွာကြင္းဆင္းၿပီးေတာ့ ေလ့လာဖို႔လႊတ္လိုက္တယ္။ သူနဲ႔ေတြ႕ တဲ့အခါမွာ သူကေျပာတယ္။ ေက်ာက္ျဖဴ SEZ နဲ႔ပတ္သက္ၿပီးေတာ့ ေဒသခံေတြက ခါးခါးသီးသီးနဲ႔ ျငင္းပယ္ေနၾကတယ္ဆိုေတာ့ ဒါကိုေရွ႕ဆက္ၿပီးေတာ့လုပ္ဖို႔အတြက္ကို လက္မွတ္ထိုးဖို႔ကိစၥေတြ အခက္အခဲရွိတယ္။ အဲဒီလိုလုပ္ဖို႔ကို သူကိုယ္တိုင္လာၿပီးေတာ့ ၾကည့္တာေပါ့။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္က သူ႔ကိုေျပာလိုက္တယ္။ သမၼတႀကီး ... အဲဒါဟာ ေဒသခံေတြရဲ႕အသံ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ေဒသခံေတြက ကိုယ့္ ဘာသာကိုယ္ ဘာျဖစ္လို႔ ဆင္းရဲေနမွန္းေတာင္မသိဘူး။ ကိုယ့္ဘာသာကိုယ္ဘာျဖစ္လို႔ ဆင္းရဲေနမွန္းမသိတဲ့ ေဒသခံေတြက ကန႔္ကြက္တာလည္း သူတို႔မဟုတ္ ဘူး။ ေထာက္ခံတာလည္း သူတို႔မဟုတ္ဘူး။ အဲဒီေတာ့ ကန႔္ကြက္တဲ့အသံေတြက ေက်ာက္ျဖဴ SEZ ကို မလိုလားတဲ့ႏိုင္ငံ၊ မလိုလားတဲ့ မီဒီယာဌာန ေတြကေနၿပီးေတာ့ အခေၾကးေငြယူၿပီးေတာ့ ေျပာတဲ့ေလသံ ေတြပါဆိုေတာ့ သူက အဲဒီလိုေျပာလို႔ေတာ့ စာခ်ဳပ္ခ်ဳပ္တဲ့ အဆင့္ထိမေရာက္လာႏိုင္ဘူး။ အဲဒီေတာ့ ကြၽန္ေတာ့္ကို ေဒသခံျပည္သူေတြရဲ႕အသံ ေထာက္ခံတဲ့အသံက်ယ္ က်ယ္ေလာင္ေလာင္ေလး လုပ္ေပးႏိုင္မလားလို႔ေျပာတယ္။ ကြၽန္ေတာ္ကလည္း လုပ္ေပးႏိုင္ပါတယ္ေပါ့။ တစ္ႏိုင္ငံလုံးလည္း သိရ မယ္။ ကမာၻကလည္းသိရေအာင္ ကြၽန္ေတာ္လုပ္မယ္ဆိုၿပီးေျပာလိုက္တယ္။ အဲဒါဆိုလို႔ရွိရင္ SEZ ကေရွ႕ ဆက္လို႔ရမယ္။ အဓိက က ေဆြးေႏြးတာေတာ့အဲဒါပဲ။ ၿပီးေတာ့ သူျပန္သြားတယ္။ အဲဒီအခ်ိန္မွာပဲ ကြၽန္ ေတာ္က အသင္းကို စဖြဲ႕တယ္။ ေက်ာက္ျဖဴခ႐ိုင္ ေဒသခံ တိုင္းရင္းသားမ်ားဖြံ႕ၿဖိဳးေရးအသင္းဆိုၿပီး ဖြဲ႕ တယ္။ စဖြဲ႕တဲ့အခ်ိန္မွာပဲ အင္အား(၆၀ဝဝဝ)ေက်ာ္ရတယ္။ အခုဆိုရင္ အသင္းသားအင္အား (၁၀ဝဝဝ၀) ေက်ာ္ရွိသြားၿပီ။ ကြၽန္းတစ္ ကြၽန္းလုံးမွာမွ လူဦးေရက (၃၀ဝဝဝ၀)ေလာက္ပဲရွိတာ။ အျပင္ကိုထြက္သြား ၾကတာနဲ႔ ဘာနဲ႔ေပါင္းလိုက္ရင္ (၂၀ဝဝဝ၀)‌ ေတာင္ မျပည့္ေတာ့ဘူး။ ဒါေပမဲ့ အသင္းဝင္က (၁၀ဝဝဝ၀) ေက်ာ္ဆိုေတာ့ ရာခိုင္ႏႈန္း (၈၀) ေက်ာ္ေလာက္က ကြၽန္ေတာ္တို႔ရဲ႕ အသင္းဝင္ျဖစ္တယ္။ အင္အား‌ေကာင္း တာေပါ့ေလ။

ေမး - ေဒသခံေတြကို စည္း႐ုံးတယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ။ အဲဒီဇာတ္လမ္းလည္း ေသခ်ာသိခ်င္ပါတယ္။
ေျဖ - သူတို႔ကို ဘယ္လိုစည္း႐ုံးရလဲဆိုေတာ့ ဒီတိုင္း အစည္းအေဝးေခၚရင္ လာတဲ့သူနည္းတယ္။ အဲဒီ ေတာ့ အဆိုေတာ္ဝိုင္းစုခိုင္သိန္းကိုငွားတယ္။ ေန႔လယ္ဘက္မွာ SEZ ေဆြးေႏြးမယ္။ ညေနဘက္မွာ အဆိုေတာ္နဲ႔ဧည့္ခံမယ္ဆိုေတာ့ လူေတြအမ်ားႀကီး ေရာက္လာတာေပါ့။ ေနာက္တစ္ခါ ခ်မ္းေျမ့ေမာင္ခ်ိဳ နဲ႔တစ္ႀကိမ္ထပ္လုပ္တယ္။ ဒီအသင္းကိုဖြဲ႕ေတာ့ လုပ္စရာအလုပ္ေတြရွိလာေတာ့ အမ်ားပိုင္ကုမၸဏီကိုပါ ထပ္ဖြဲ႕တယ္။ အစည္းအေဝးလုပ္တဲ့အခါမွာ SEZ ဆိုတာ ဘာကိုေခၚလဲဆိုတာ ျပည္သူေတြနားလည္ လာေအာင္ေျပာတယ္။ SEZ ျဖစ္လာရင္ တိုင္းျပည္က ဘယ္လိုဖြံ႕ၿဖိဳးတိုးတက္သြားသလဲဆိုတာကို သူတို႔ကို ရွင္းျပတယ္။ ရွင္းျပတဲ့အျပင္ ေဒသအလိုက္ ေခါင္းေဆာင္ အေယာက္(၂၀)ကိုေခၚၿပီး ႏိုင္ငံျခားတိုင္း ျပည္ေတြကို အလည္ေခၚၿပီးေတာ့ျပတယ္။ မ်က္စိပြင့္ နားပြင့္ျဖစ္သြားေအာင္ေပါ့။ အဲဒီလိုနည္းနဲ႔ ဒီအသင္းကို စည္း႐ုံးၿပီးေတာ့ ဖြဲ႕လာတာ။ အေႏွာင့္အယွက္ေတြက အရမ္းစနစ္က်တယ္။ တစ္ကမာၻလုံးကို အေႏွာင့္အယွက္ေပးေနတဲ့ အဖြဲ႕အစည္းေပါ့ေနာ္။ အခုခ်ိန္မွာဆို ပိုၿပီးေတာ့ အင္အားပိုေကာင္းေနၿပီ။ ေငြေၾကးလည္း အရမ္းသုံးစြဲႏိုင္တယ္။ သူတို႔ေတြက ေက်ာက္ျဖဴ SEZ ကို တ႐ုတ္လက္ထဲမေရာက္ေအာင္ အစြမ္းကုန္ႀကိဳးစားမယ္။ ပ်က္ျပားသြားေအာင္လုပ္မွာေပါ့ေနာ္။ ခုခ်ိန္ အထိလုပ္ေနတယ္။ အဲဒီအဖြဲ႕ေတြက ဘယ္ကစလာလဲဆိုေတာ့ ရခိုင္မွာက ဂက္စ္ထြက္တယ္။ ေ႐ႊဂက္စ္ ေစာင့္ၾကည့္ေရးအဖြဲ႕ဆိုၿပီး သူတို႔စဖြဲ႕တယ္။ အဲဒီေ႐ႊဂက္စ္ေစာင့္ၾကည့္ေရးအဖြဲ႕ကလည္း ေက်ာက္ျဖဴ SEZ မွာလည္း သူတို႔ေတြက အလိုအေလ်ာက္ ေရာက္လာတယ္။ အဲဒီအဖြဲ႕အစည္းေတြက ဘယ္လိုလုပ္ လဲ ဆိုေတာ့ ေငြကုန္ေၾကးက်ခံၿပီးေတာ့ ေက်ာက္ျဖဴခ႐ိုင္မွာရွိတဲ့ ၿမိဳ႕ေပၚေရာေက်း႐ြာေဒသေတြမွာရွိတဲ့ ပညာတတ္လူငယ္ေလးေတြကိုပါေခၚၿပီး ရန္ကုန္မွာ သင္တန္းေပးတယ္။ ၿပီးရင္ ထိုင္းႏိုင္ငံက အထူး စီးပြားေရးဇုန္လုပ္တဲ့ေနရာရွိတယ္။ လွ်ပ္စစ္ကို ေက်ာက္မီးေသြးနဲ႔ သုံးတဲ့ေနရာေပါ့။ ကြၽန္ေတာ္တို႔လည္း ေရာက္ဖူးတယ္။ အဲဒီကိုသြားျပေတာ့ ႐ြာသားေတြက ပူၿပီးေတာ့ ယားယံကုန္ၾကတာ။ SEZ ဆိုတာ တကယ့္ကို အႏၲရာယ္ဇုန္ဧရိယာႀကီးဆိုတာ ျမင္သြားေအာင္ သူတို႔က ကိုယ္တိုင္ေခၚျပတာ။ ေက်ာက္ျဖဴ က ကေလးေတြကၾကည့္ၿပီးေတာ့ ငါတို႔ဆီမွာဒါမ်ိဳး လက္ခံလို႔မျဖစ္ဘူး ကန႔္ကြက္ရမယ္ဆိုၿပီး ကေလး ေတြရဲ႕ အေတြးေတြထဲမွာ အဲဒီလိုမ်ိဳးေတြဝင္လာေအာင္ သူတို႔က စနစ္တက်သင္ၾကားပို႔ခ်ေပးတာ။ ကေလးေတြက သင္တန္းေတြကေနဆင္းၿပီးေတာ့ ျပန္လာတဲ့အခါမွာ ႐ြာေတြမွာ၊ ၿမိဳ႕ေတြမွာ လိုက္ၿပီး ေတာ့ SEZ ဆန႔္က်င္ေရးဗီႏိုင္းစာသားေတြ ေရးတယ္။ SEZ အလို မရွိဆိုတာမ်ိဳးေတြေရးတယ္။ အမ်ိဳးမ်ိဳး ေရးၾကတယ္။ ဘုန္းႀကီး ႏွစ္ပါး၊ သုံးပါးေလာက္ပင့္တယ္။ ႐ြာသားေတြ(၃၀)၊(၄၀)ေလာက္ကို ထိုင္ နားေထာင္ခိုင္းတယ္။ စကားေျပာတယ္။ ၿပီးရင္ ဓာတ္ပုံ႐ိုက္ၿပီး အင္တာနက္ေပၚ တင္လိုက္တယ္။ ေဒၚလာ(၁၀ဝဝဝ) ရတယ္။ အရမ္းစီးပြားျဖစ္ၾကတယ္။ ပထမက ဆယ္ဂဏန္းေလာက္နဲ႔ စၿပီးေတာ့ ဖြဲ႕ခဲ့တဲ့အဖြဲ႕က ေငြရမွန္းသိေတာ့ ဥပမာ- ကြၽန္ေတာ္က အဲဒီအသင္းမွာဥကၠ႒ဆိုရင္ တစ္ေသာင္းေလာက္ ရရင္ ကြၽန္ေတာ္တစ္ေယာက္တည္းက ငါးေထာင္ေလာက္ယူမယ္။ က်န္တဲ့ငါးေထာင္ကို ေကြၽးတာ ေမြးတာေတြလုပ္တယ္ဆိုေတာ့ ဆယ္ေယာက္စလုံးက ဥကၠ႒ေတြျဖစ္သြားၿပီး‌ ဆယ္ဖြဲ႕ကြဲသြားတယ္။ ပိုက္ဆံရမွန္းသိေတာ့ (၃၆)ဖြဲ႕ အထိျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔က တစ္ဖြဲ႕တည္း။ သူတို႔က(၃၆)ဖြဲ႕။ SEZ ေထာက္ခံတဲ့ အဖြဲ႕က တစ္ဖြဲ႕တည္းရယ္။ အင္အားကလည္း စဖြဲ႕ကတည္းက (၆၀ဝဝဝ) ေက်ာ္နဲ႔ဖြဲ႕ထား တာ။ ကြၽန္ေတာ္တို႔ အင္အားက အရမ္းမ်ားတယ္။ သူတို႔ကေတာ့ အခေၾကးေငြနဲ႔ေခၚသလို ျဖစ္သြားတာ ေပါ့။ အဲဒီမွာျဖစ္ေအာင္ ႀကိဳးစားခဲ့တဲ့အဖြဲ႕နဲ႔ ပ်က္ေအာင္ႀကိဳးစားခဲ့တဲ့အဖြဲ႕ေတြမွာ ယွဥ္ၿပိဳင္မႈေတြ ရွိလာ တယ္။ ေနာက္ဆုံးမွာ သတင္းေတြက အက်ယ္ႀကီးေတြျဖစ္သြားတယ္။ တ႐ုတ္ျပည္က သမၼတႀကီး ကိုယ္တိုင္လည္းပဲၾကားၿပီ။ ေဒၚေအာင္ဆန္းစုၾကည္တို႔ NLD ကလည္း ၾကားၿပီ။ ေထာက္ခံပြဲႀကီးေတြ လုပ္ၾကတယ္ဆိုေတာ့ မျငင္းသာေတာ့ဘူး။ ေဒသခံရခိုင္ေတြကန႔္ကြက္တယ္ဆိုတဲ့ အသုံးအႏႈန္းကို ကြၽန္ေတာ္တို႔က လုံးဝဖုံးလိုက္ၿပီ။ အဲဒီအခါက်ေတာ့ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ မယ္ဆိုတဲ့အခါက်ေတာ့ တ႐ုတ္သမၼတႀကီးကို ဖိတ္တယ္။ ဖိတ္ေတာ့ တ႐ုတ္သမၼတႀကီးကလည္းလာတယ္။ အဲဒီမွာ ေဒၚေအာင္ ဆန္းစုၾကည္ ဦးေဆာင္ၿပီးေတာ့ လက္မွတ္ထိုးၾကတယ္။ ျမန္မာျပည္မွာလက္မွတ္ထိုးတယ္။ ၂၀၂၀ မွာ ထိုးတယ္ေပါ့။

ေမး - လက္မွတ္ထိုးၾကၿပီးတဲ့ေနာက္မွာ ဘာေတြ ဆက္ျဖစ္လဲ။ လုပ္ငန္းက ခုထိေသခ်ာမစႏိုင္ခဲ့ဘူး။ ဘာေတြျဖစ္ခဲ့တာလဲ။
ေျဖ - လက္မွတ္ထိုးၿပီးတဲ့ေနာက္မွာ အခက္အခဲေတြက ဘာျဖစ္လဲဆိုေတာ့ အလုပ္တစ္ခုလုပ္တယ္ ဆိုတာက လက္မွတ္ထိုး႐ုံနဲ႔မၿပီးဘူး။ အလုပ္အပ္ရတယ္။ ဥပမာ- ဒီအေဆာက္အအုံႀကီးေဆာက္မယ့္ ပိုင္ရွင္ကကြၽန္ေတာ္။ တျခားတစ္‌‌ေယာက္ဆီကို အလုပ္အပ္မယ္ဆိုရင္ ဒီေျမႀကီးေပၚမွာက ေလာေလာ ဆယ္က မူလပိုင္ရွင္တို႔ဘာတို႔ က်ဴးေက်ာ္ေတြဘာေတြ ရွိရင္ရွိမွာေပါ့။ ဒါေတြအကုန္လုံးကိုဖယ္ရွား ရွင္း လင္းၿပီးမွ စေဆာက္လို႔ရၿပီလို႔ေျပာမွ စလုပ္ရမွာကိုး။ အဲဒီအဆင့္အထိမေရာက္ခဲ့ဘူး။ မေရာက္ခဲ့ဘဲနဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီးေတာ့ သုံး၊ ေလးလအၾကာမွာ တ႐ုတ္ျပည္က SEZ လုပ္မယ့္ကုမၸဏီက ေက်ာက္ျဖဴကို ေရာက္လာတယ္။ အလုပ္စလုပ္ဖို႔ျပင္ဆင္ေနတဲ့အခ်ိန္မွာ ျဗဳန္းခနဲ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမိန႔္နဲ႔ စာ ထြက္တယ္။ အဲဒါက “ သူ႔ခြင့္ျပဳခ်က္မရဘဲနဲ႔ ေျမရာသိမ္းတဲ့အလုပ္ေတြကို မလုပ္ပါနဲ႔၊ ရပ္ထား ” ဆိုတဲ့ စာေရာက္လာေတာ့ ေျမမရေတာ့ တ႐ုတ္ကလုပ္လို႔ မရဘူး။ အဲဒီအခါက်ေတာ့ တ႐ုတ္ေတြျပန္သြားၾက တယ္။ တိုက္ဆိုင္မႈလို႔ပဲေခၚမလား တ႐ုတ္ေတြျပန္သြားၿပီးေတာ့ လပိုင္းအၾကာမွာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို AA ေတြ ေရာက္လာတယ္။ အလုံးအရင္းနဲ႔ ေရာက္လာတယ္။ ရခိုင္ျပည္နယ္ စစ္ျဖစ္ တယ္။ NLD အစိုးရလက္ထက္မွာ ခ်ဳပ္ခဲ့တဲ့စာခ်ဳပ္မွာ သက္တမ္းရွိတယ္။ စာခ်ဳပ္ရဲ႕သက္တမ္းက (၁၈)လ။ (၁၈)လအတြင္းမွာ အလုပ္စလုပ္ရင္လုပ္၊ မလုပ္ႏိုင္ရင္ အဲဒီစာခ်ဳပ္က အလိုလိုပ်က္တယ္။ NLD သက္တမ္းကုန္သြားတဲ့အခ်ိန္ တပ္မေတာ္ အစိုးရတာဝန္ယူတဲ့အခ်ိန္မွာ ဒီသက္တမ္းက(၃)လ က်န္ေသး တယ္။ ၾကားထဲမွာ တစ္ခုေျပာဖို႔က်န္ေသးတာက ဦးသိန္းစိန္အစိုးရလက္ထက္က SEZ တည္ေဆာက္ဖို႔ အတြက္ဖြဲ႕ခဲ့တဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ႀကီးၾကပ္မႈေကာ္မတီဆိုတာက NLD အစိုးရလက္ထက္ မွာ အကုန္လုံးကိုဖ်က္သိမ္းလိုက္ၿပီးေတာ့ NLD အစိုးရက သူတို႔လိုလားတဲ့သူေတြနဲ႔ ေက်ာက္ျဖဴအထူး စီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီဆိုတာကိုဖြဲ႕တယ္။ ဖြဲ႕ၿပီးေတာ့ မူလက အခ်ိဳးအစားျဖစ္တဲ့ ျမန္မာ(၁၅)၊ တ႐ုတ္(၈၅) ရာခိုင္ႏႈန္းဆိုတာကို ျပင္တယ္။ ျပင္ၿပီးေတာ့ ျမန္မာ (၃၀)၊ တ႐ုတ္(၇၀)ဆိုတဲ့ ရာခိုင္ႏႈန္း ျဖစ္သြားတယ္။ ျပန္ေျပာမယ္ဆိုရင္ ဦးသိန္းစိန္လက္ထက္တုန္းက MOU ပဲထိုးခဲ့တာ။ စာခ်ဳပ္ ခ်ဳပ္ခဲ့တာ မဟုတ္ဘူး။ အခုဒီ SEZ စာခ်ဳပ္က ဒီမိုကေရစီအစိုးရလို႔ေခၚတဲ့ NLD လက္ထက္မွာခ်ဳပ္တဲ့စာခ်ဳပ္။ တရားျခင္း၊ မတရားျခင္းထက္ လုပ္သင့္လား၊ မလုပ္သင့္လား ဆိုတာက စာခ်ဳပ္ခ်ဳပ္တဲ့အစိုးရရဲ႕ သေဘာထားပဲ။ သူတို႔ျပင္စရာရွိတာေတြကိုလည္း ျပင္ေပးခဲ့ၿပီးၿပီ။ (၈၅/၁၅)ကေန (၇၀/၃၀) သူတို႔ျပင္ ေပးခဲ့ၿပီ ဟုတ္တယ္မလား။ အဲဒီအတိုင္းပဲ စာခ်ဳပ္ခ်ဳပ္တယ္။ တ႐ုတ္ကလည္း သေဘာတူတယ္။ ဆိုလိုခ်င္တာက ေက်ာက္ျဖဴ SEZ သည္ ဦးသိန္းစိန္အစိုးရလက္ထက္မွာ MOU ပဲထိုးခဲ့ၿပီးေတာ့ တကယ့္တရားဝင္စာခ်ဳပ္ခ်ဳပ္တာက NLD လက္ထက္မွာ ခ်ဳပ္တာ။ အလုပ္မျဖစ္ခဲ့ဘူး။ တပ္မေတာ္ အစိုးရ(နစက) လက္ထက္ကို ေရာက္တယ္။ ေရာက္တဲ့အခ်ိန္မွာ(၃)လပဲက်န္တယ္။ (၃)လအတြင္း မွာလည္း တပ္မေတာ္အစိုးရရဲ႕ တာဝန္ေပးထားတဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲေရး ေကာ္မတီက ျပင္ဆင္လိုတယ္ဆိုတဲ့ အခ်က္(၂၈)ခ်က္နဲ႔ တိုင္းျပည္ကိုတင္ျပတယ္။ တိုင္းျပည္ကလည္းပဲ တင္ဒါေအာင္တဲ့ တ႐ုတ္ကုမၸဏီနဲ႔ညႇိတယ္။ သူတို႔ကလည္း သူတို႔သမၼတႀကီးကိုယ္တိုင္ရဲ႕ေရွ႕မွာ လက္မွတ္ထိုးထားတာဆိုေတာ့ ျပင္ဖို႔အခက္အခဲရွိတယ္ဆိုတဲ့ အေၾကာင္းကိုတင္ျပရင္းနဲ႔ အခ်ိန္က(၂)ႏွစ္ ေက်ာ္ေက်ာ္ ကုန္သြားတယ္။ စာခ်ဳပ္ကိုမျပင္ျဖစ္ဘူး။ မျပင္ျဖစ္တဲ့အခ်ိန္က (၂)ႏွစ္မနည္းေက်ာ္သြားတဲ့ အခ်ိန္အထိ ေရာက္လာတယ္။ အဲဒီ(၂)ႏွစ္အတြင္းမွာလည္း တိုင္းျပည္က ဘာေတြျဖစ္လဲဆိုတာ အားလုံး သိတဲ့အတိုင္းပဲ။

ေမး - ဒါဆိုရင္ လက္ရွိအေျခအေနက နစကနဲ႔ လက္မွတ္ထိုးတဲ့အဆင့္ျဖစ္သြားၿပီ။ ေက်ာက္ျဖဴေဒသ အေျခအေနက ဘာဆက္ျဖစ္ေနလဲ။
ေျဖ - အခု ေနာက္ဆုံးက်ေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ေတာင္းဆိုမႈ၊ ေဒသခံေတြရဲ႕ တိုက္တြန္းမႈေတြ အမ်ား ႀကီးပါတယ္။ အစိုးရရဲ႕စီးပြားေရးမူဝါဒေပၚမွာ အားေပးမႈေတြ အမ်ားႀကီးပါလာတယ္။ အဲဒီအခ်ိန္မွာ စာခ်ဳပ္ႀကီးတစ္ခုလုံးကိုမျပင္နဲ႔။ ေနာက္ဆက္တြဲ စာခ်ဳပ္ေလးေတြကိုပဲ ညႇိၿပီးျပင္ၾကပါဆိုၿပီးေတာ့ အဲဒီမူနဲ႔ ျပင္ၿပီးေတာ့ စာခ်ဳပ္ခ်ဳပ္လိုက္တယ္။ စာခ်ဳပ္ကေတာ့ ခ်ဳပ္လိုက္ၿပီ။ ဆိုလိုတာက ဒီအစိုးရ လက္ထက္မွာ SEZ ကိုလုပ္ဖို႔အတြက္ကို စာခ်ဳပ္ကိုလည္းပဲ ႏွစ္ဖက္သေဘာတူ ေနာက္ဆက္တြဲနဲ႔ ျပင္ဆင္လိုက္ၿပီဆိုေတာ့ စလုပ္ဖို႔ပဲရွိေတာ့တယ္။ အလုပ္စလုပ္ဖို႔ရွိတယ္။ ခုထိမစႏိုင္ေသးဘူး။ ဘာျဖစ္လို႔မလုပ္ႏိုင္ေသးလဲဆိုေတာ့ တိုင္းျပည္မၿငိမ္မသက္မႈကေတာ့ အဓိကေပါ့။ ဒါေပမဲ့ တိုင္းျပည္ မၿငိမ္မသက္တာက ဒီေလာက္ႀကီး က်ယ္တာမဟုတ္ဘူး။ တ႐ုတ္ကလည္း ဒီဟာေလာက္ကို ေျဖရွင္းႏိုင္ တယ္။ ကြၽန္ေတာ္တို႔ကလည္း တင္ျပတယ္။ အခု တိုင္းျပည္ကေသြးထြက္လြန္ေနၿပီ။ အဘက္ဘက္မွာ အားနည္းခ်က္ေတြျဖစ္ေနၿပီ။ အစိုးရနဲ႔ တပ္မေတာ္တစ္ခုတည္းနဲ႔တင္ တိုင္းျပည္ကို ျပန္ၿပီးေတာ့ ဆြဲတင္ ဖို႔အမ်ားႀကီး အခက္အခဲေတြရွိေနၿပီဆိုတဲ့အခ်ိန္မွာ တစ္ခ်က္ခုတ္ ႏွစ္ခ်က္သုံးခ်က္လည္း ျပတ္သြား ေအာင္ ဒီအထူးစီးပြားေရးဇုန္ကို အလုပ္လုပ္ႏိုင္ဖို႔အတြက္ တ႐ုတ္လက္ထဲကို အပ္လိုက္ရင္ တ႐ုတ္က သူ႔ဟာသူလုံၿခဳံေရးကို ေက်ာက္ျဖဴ-ကူ မင္း ရထားလမ္း၊ ကားလမ္း ဒါေတြ အကုန္လုံးကို အလို အေလ်ာက္ထိန္းခ်ဳပ္သြားလိမ့္မယ္။ ဒါေၾကာင့္မို႔လို႔ ဒီစီးပြားေရးလုပ္ငန္းႀကီးကို တ႐ုတ္လက္ထဲကို ျမန္ျမန္ထည့္ဖို႔အတြက္ ေျမေနရာသိမ္းဆည္းမႈ၊ ေလ်ာ္ေၾကးေပးမႈေတြကို အခု စာ႐ြက္ေပၚမွာလုပ္ေနၿပီ။ လက္ေတြ႕ေတာ့ မလုပ္ေသးဘူး။ လက္ေတြ႕မလုပ္ေသးဘူးဆိုတာ သိတာက(၆၄)ဘီလ်ံေလာက္ အစိုး ရက ျပည္သူေတြကိုေလ်ာ္ရမယ္။ ျပည္သူေတြရဲ႕ သေဘာထားကိုလည္း ေမးၿပီးၿပီ။ သေဘာတူတယ္ လည္းေျပာၿပီးၿပီ။ ဘာလို႔သေဘာတူလဲဆိုေတာ့ SEZ မျဖစ္ခင္တုန္းက ဒီေနရာက ေျမတစ္ဧကကို အရမ္း ေကာင္းတဲ့ေနရာေတာင္မွ သုံးသိန္းေပးမယ့္သူမရွိဘူး။ အခုအစိုးရက တစ္ဧကကို သိန္း(၃၀ဝ) ပတ္ဝန္း က်င္ နဲ႔ ေလ်ာ္ေၾကးေပးမယ္ဆိုေတာ့ အားလုံးက ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ ‌ေစာင့္ေနၾကတဲ့အခ်ိန္ အစိုးရက မေလ်ာ္ႏိုင္ေသးဘူး။ အားလုံးကိုလည္း ကြင္းဆင္းၿပီးေတာ့ တိုင္းထြာၿပီးၿပီ။ ဘယ္ေလာက္ထိ တိုင္းထြာ ၿပီးၿပီလဲဆိုရင္ ေျမအမ်ိဳးအစားအျပင္ကို စားပင္သီးပင္ေတြဆိုတာကို အေလ်ာ္ေပးမယ္၊ ႏွစ္ရွည္ပင္ေတြ လည္း အေလ်ာ္ေပးမယ္ အဲဒီေလာက္အထိကို တြက္ခ်က္ထားၿပီးသား အေျခအေနျဖစ္ေနၿပီ။ ေငြကို က်ေတာ့ ႐ြာေတြမွာ သြားေပးစရာမလိုဘူး။ ပိုင္ရွင္ကလည္း စုစုေပါင္းမွ ရာဂဏန္းပဲရွိမယ္။ သူတို႔ေတြကို ေက်ာက္ျဖဴၿမိဳ႕ကို အသုတ္လိုက္ေခၚၿပီးေတာ့ ေဝေပးလိုက္ရင္ ေျမက အစိုးရလက္ထဲကိုေရာက္မယ္။ ေရာက္ရင္ တ႐ုတ္လက္ထဲကို ေျမကိုအပ္လိုက္တာနဲ႔ အလုပ္ကစျဖစ္ၿပီ။

ေမး - ေက်ာက္ျဖဴစီမံကိန္းအေၾကာင္းေျပာရင္ ေျမေရာင္းစားၿပီး အေႂကြးတင္သြားၿပီဆိုတာမ်ိဳး ေျပာသံ ေတြက မၾကာခဏထြက္တယ္။ ဘာျပန္ေျပာခ်င္လဲ။
ေျဖ - ေက်ာက္ျဖဴ SEZ ဆိုသည္မွာ သယံဇာတကို ေရာင္းစားတာမဟုတ္ဘူး။ တ႐ုတ္ကို ေျမေရာင္းလိုက္ တာ မဟုတ္ဘူး။ အၿပီးအပိုင္ေရာင္းလိုက္တာမဟုတ္ဘူး။ အႏွစ္(၅၀) BOT စနစ္။ အဲဒီေတာ့ အႏွစ္(၅၀) BOT ျပည့္တဲ့အခ်ိန္မွာ ဒါေတြအကုန္လုံးကို ျမန္မာအစိုးရကို လႊဲေပးလိုက္ရမွာ။ ပထဝီအေနအထားကို အသုံးခ်တဲ့စီမံကိန္း တိုင္းျပည္ဘာမွနစ္နာစရာ အေၾကာင္းမရွိဘူး။ ဒါေၾကာင့္မို႔လို႔ ဒီစီမံကိန္းက လုပ္ သင့္တယ္။ ၿပီးရင္ အေႂကြးေထာင္ေခ်ာက္ဆိုတာ ရွိတယ္။ အေႂကြးေထာင္ေခ်ာက္ဆိုသည္မွာ အေႂကြး ယူမွ အေႂကြးေထာင္ေခ်ာက္ကိုမိတာ။ အေႂကြးမယူရင္ အေႂကြးေထာင္ေခ်ာက္မိစရာ အေၾကာင္းမရွိဘူး။ ဘာျဖစ္လို႔ ဦးသိန္းစိန္အစိုးရလက္ထက္မွာ လႊတ္ေတာ္ကေန (၈၅/၁၅)ကို သေဘာတူရသလဲဆိုတာ အေၾကာင္းရွိတယ္။ (၈၅/၁၅) ပဲ ကြၽန္ေတာ္တို႔က ယူမယ္ဆိုရင္ အေႂကြးမတင္ဘူး။ အားလုံးနားလည္ ေအာင္ေျပာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ အေႂကြးမတင္ဘူး။ လစဥ္ႏွစ္စဥ္လည္းပဲ အခြန္အခေတြကလည္း ရဦးမယ္။ မီးရထားလမ္း၊ ကားလမ္းေတြလည္း ေပါက္မယ္။ ဆိပ္ကမ္းႀကီးလည္းျဖစ္မယ္။ ႏွစ္(၅၀) ျပည့္ရင္လည္းပဲ BOT ရဦးမယ္။ အေႂကြးဆပ္စရာ အေၾကာင္းလည္းမရွိဘူး။ အေႂကြးမတင္ဘူး။ အခု (၃၀/၇၀) ျဖစ္တဲ့အခ်ိန္မွာ တိုးလာတဲ့(၁၅) ရာခိုင္ႏႈန္းအတြက္ ဘယ္ေလာက္လိုလဲဆိုေတာ့ ခန႔္မွန္း အေမရိကန္ေဒၚလာ သန္း(၉၁၀)ထပ္ထည့္ရမယ္။ (၁)ဘီလ်ံနီးပါးပဲ။ (၁၅)ရာခိုင္ႏႈန္းရဲ႕တန္ဖိုးက အဲဒီ ေလာက္ ရွိတယ္။ အဲဒီေငြကို NLD အစိုးရလက္ထက္မွာ အစိုးရအသိအမွတ္ျပဳ တိုင္းရင္းသား လုပ္ငန္း ရွင္ႀကီးမ်ားဆိုၿပီး ဖြဲ႕ၾကတယ္။ အဲဒီေငြကို သူတို႔က ထည့္ရမယ္။ ထည့္မယ္ဆို သူတို႔မွာ မထည့္ႏိုင္ဘူး။ မထည့္ႏိုင္ေတာ့ တ႐ုတ္အစိုးရဆီက သူတို႔ေငြေခ်းတယ္။ ေငြေခ်းတဲ့ အခ်ိန္မွာ တ႐ုတ္အစိုးရကလည္း ပိုက္ဆံေခ်းမယ္။ ဒါေပမဲ့ ျမန္မာအစိုးရက အာမခံခ်က္ေပးမွ ေခ်းမယ္ဆိုတဲ့ အခ်ိန္မွာ ျမန္မာအစိုးရ ကလည္း အာမခံခ်က္မေပးဘူး။ မေပးႏိုင္ဘူး။ ေပးလည္း မေပးသင့္ဘူး ဒါက။ အဲဒီအခါက်ေတာ့ တ႐ုတ္က လိုက္ေလ်ာတယ္။ ေခ်းမယ္ ဒါေပမဲ့ အတိုးေပးရမယ္။ အတိုးက နည္းနည္းေလးပဲ။ တစ္ႏွစ္ ကိုမွ ၁ ဒသမ ၅ ရာခိုင္ႏႈန္းပဲ ရွိတယ္ထင္တယ္။ အဲဒီေငြနဲ႔သူတို႔ ေခ်းမယ္။ ေခ်းၿပီးရင္ အေပါင္ကို အလုပ္ကို ေပးရမယ္။ (၁၅)ရာ ခိုင္ႏႈန္းကို အေပါင္ေပးရမယ့္သေဘာ ျဖစ္ေနတယ္။ မဆပ္ႏိုင္ရင္ အဲဒီ(၁၅)ရာခိုင္ႏႈန္းကို တ႐ုတ္အစိုးရက ျပန္သိမ္းသြားမယ္။ အဲဒီေတာ့ အေႂကြးေထာင္ေခ်ာက္ မမိဘူးလား။ အေႂကြးေထာင္ေခ်ာက္ကို မိေအာင္ ဘယ္သူလုပ္လဲ။ မမိေအာင္ ဘယ္သူလုပ္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ပဲ။ အစိုးရက လုပ္တာမဟုတ္ဘူး လုပ္ငန္းရွင္ေတြဆိုတဲ့သူေတြလုပ္တာ။ အဲဒါကို အစိုးရက သေဘာတူေပးတယ္ဆိုေတာ့ အလိုတူ အလိုပါ ျဖစ္တာေပါ့။ အဲဒီေတာ့ (၁၅)ရာခိုင္ႏႈန္း မယူၾကပါနဲ႔လို႔ တားတာ တားလို႔မရဘူး သူတို႔ယူတယ္။ အေႂကြးမိတယ္ဆိုကတည္းက ျပႆနာတက္လာၿပီ။ အဲဒီထက္ အဆိုးဆုံးက ပထမဦးဆုံးထည့္ရမယ့္ အညီအမွ် ရွယ္ယာဆိုတာရွိတယ္။ အဲဒါက အေမရိကန္ေဒၚလာ သန္း (၆၀) ေလာက္ ထည့္ရမယ္။ (၁၅)ရာခိုင္ႏႈန္းနဲ႔ ညီမွ်တဲ့ သန္း(၆၀)ေလာက္ထည့္ရမယ္။ အတိအက် ေတာ့မျဖစ္ႏိုင္ဘူး အဲဒီေလာက္နီးပါးေပါ့။ အဲဒီေငြက်ေတာ့ တ႐ုတ္ကမေခ်းဘူး။ အဲဒီေငြက်ေတာ့ ခင္ ဗ်ားတို႔ ကိုယ့္ဘာသာကိုယ္ထည့္ၾကပါလို႔ေျပာတယ္။ ၿပီးရင္ ဆြဲစားသြားတဲ့အခါမွာ အဲဒီေငြပါ ပါသြားမွာ။ အတိုးမေပးႏိုင္လို႔ သိမ္းတဲ့အခါမွာ အဲဒီအညီအမွ်ရွယ္ ယာပါ ပါသြားမွာ။ အဲဒီမွာတင္ အျငင္းပြား ေနရင္းနဲ႔ကို NLD အစိုးရလက္ထက္တစ္ခုလုံးမွာ အလုပ္မျဖစ္ခဲ့ဘဲနဲ႔ ငါးႏွစ္သက္တမ္းသာ ကုန္သြားတယ္ SEZ ကို လုံးဝ မစတင္ႏိုင္ခဲ့ဘူး။ တ႐ုတ္ျပည္ဆိုတာ အရင္တုန္းက ကြၽန္‌ေတာ္တို႔လိုပဲ ဆင္းရဲတယ္။ ကြၽန္ေတာ္တို႔ထက္ေတာင္ ျပင္းထန္တယ္။ ဘယ္ေလာက္ထိဆင္းရဲလဲဆိုေတာ့ လူတစ္ေယာက္ကို ရွင္းပစ္ဖို႔(၁၀)ယြမ္ ဆိုရင္ရၿပီ။ တိုင္းျပည္မွာလည္း ဆင္းရဲေတာ့ ခြဲထြက္လိုမႈ၊ ဆူပူမႈေတြ၊ မၿငိမ္မသက္မႈ ေတြ အရမ္းကိုနာမည္ပ်က္ႀကီးနဲ႔ တ႐ုတ္ျပည္က ကမာၻေပၚမွာရပ္တည္ေနရတဲ့အခ်ိန္။ ၁၉၇၆ ေလာက္က တ႐ုတ္ျပည္မွာ အဆိုးဆုံး ျဖစ္စဥ္တစ္ခုရွိခဲ့တယ္။ ေဟာင္ေကာင္ရဲ႕ တစ္ဖက္ကမ္းမွာ တံငါ႐ြာေဒသတစ္ခုရွိတယ္။ အဲဒီေဒသက လူေတြက အဲဒီကြၽန္းေလးေသးေသးေလးကို တ႐ုတ္ျပည္ဆိုတဲ့ႏိုင္ငံႀကီးကေန အလုအယက္နဲ႔ အလုပ္ရွာသြားၾကတယ္။ ဟိုက ေသနတ္ေတြနဲ႔ပစ္ ဖမ္းခ်ဳပ္ ေမာင္းထုတ္ျဖစ္ေနၾကတဲ့အခ်ိန္မွာ ေဒသမွာ မတည္မၿငိမ္ျဖစ္တယ္။ အဲဒါကို သမၼတႀကီးတိန႔္ေရွာင္ဖိန္ က ကြင္းဆင္းၿပီးသြားၾကည့္ခဲ့တယ္။ အဲဒါေတြက ဦးမင္းေအာင္လႈိင္လာတုန္းက ကြၽန္ေတာ္ရွင္းျပခဲ့တာ ေပါ့။ အဲဒီလိုသြားၾကည့္တဲ့အခ်ိန္မွာ သမၼတႀကီး တိန႔္ေရွာင္ဖိန္ေျပာတဲ့စကားက ရွင္းရွင္းေလးပဲ “ အခုလို ျဖစ္တာ ဘာေၾကာင့္လဲဆိုတာကို ငါတို႔ရဲ႕မူဝါဒကို ျပန္လည္သုံးသပ္ဖို႔လိုၿပီ ” လို႔ ေျပာခဲ့တယ္။ အဲဒါနဲ႔ပဲ သမၼတႀကီးက စီးပြားေရးတံခါးဖြင့္မူဝါဒႀကီးကို က်င့္သုံးလိုက္တယ္။ ေရနက္ဆိပ္ကမ္းက ခုနေျပာခဲ့တဲ့ တံငါ႐ြာမွာပဲ ေဆာက္လို႔ရတယ္။ ခုဆို အရမ္းေအာင္ျမင္ေနၿပီ။ တ႐ုတ္ေတြ SEZ လုပ္မယ္ဆိုေတာ့ တစ္ကမာၻလုံးက ဘယ္သူမွကူညီမယ့္သူမရွိဘူး။ တ႐ုတ္ေတြ ေပါက္တူးေပါက္ၿပီးေတာ့ SEZ ကို စလုပ္တာ။ လြန္ခဲ့တဲ့အႏွစ္(၄၀)ေက်ာ္က။ အခုက်ေတာ့ ကြၽန္ေတာ္တို႔က ဘာမွမလုပ္ရဘဲနဲ႔ SEZ ရမွာ။ တ႐ုတ္ေတြလုပ္တဲ့ SEZ က ေအာင္ျမင္သြားေတာ့ ေဈးကြက္ႀကီးက အႀကီးႀကီးပဲ။ အခုဆိုရင္ တ႐ုတ္ ျပည္မွာ SEZ ေတြ အမ်ားႀကီးပဲ။ ကမာၻေပၚမွာ ခ်မ္းသာတဲ့ႏိုင္ငံျဖစ္ေနၿပီ။ တစ္ခ်ိန္က ေဟာင္ေကာင္မွာ အလုအယက္နဲ႔သြားၿပီး အလုပ္လုပ္ရတဲ့တ႐ုတ္ေတြက ေဟာင္ေကာင္ကိုသြားစရာမလိုေတာ့ဘူး။ ေဟာင္ေကာင္ကတ႐ုတ္ေတြက တ႐ုတ္ျပည္မႀကီးမွာလာၿပီး ရင္းႏွီးျမႇဳပ္ႏွံၿပီးေတာ့ လုပ္ေနရတယ္။ အလားတူ တစ္ကမာၻလုံးက လာလုပ္ေနၾကတယ္။ SEZ ဆိုတာ အဲဒါမ်ိဳး။ ကြၽန္ေတာ္တို႔မွာ ေဆာင္ပုဒ္ တစ္ခုရွိတယ္။ “ လုံၿခဳံမႈ၊ ခိုင္မာတဲ့ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္အတူ ရခိုင္ေတြ အိမ္ကိုျပန္လာႏိုင္ဖို႔ SEZ ကို တည္ေဆာက္ၾကစို႔ ” ။ တစ္ခ်ိန္တုန္းက လူတစ္ေယာက္ကို ရွင္းပစ္ဖို႔ (၁၀)ယြမ္ ပဲအဆင္ေျပတဲ့ တ႐ုတ္ ေတြက အခုအခ်ိန္မွာ အခ်ိန္မေတာ္ မိန္းကေလးတစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ သြားလာလို႔ ရေနၿပီ။ တိုင္းျပည္ လုံၿခဳံေနတာကို။ ခိုင္မာတဲ့ဖြံ႕ၿဖိဳးတိုးတက္မႈဆိုတာ ေဈးကြက္ရွိေနလို႔ေလ။ မင္းလမ္းမုန႔္တီက ရခိုင္မွာေရာင္းရင္ အေႂကြးတင္ၿပီး ျပဳတ္သြားလိမ့္မယ္။ ေဈးကြက္မွမရွိတာ။ ခိုင္မာတဲ့ဖြံ႕ၿဖိဳးတိုးတက္မႈဆိုတာ စီးပြားေရးမွာ ေဈးကြက္က အဓိကပဲ။ တစ္ခ်ိန္တုန္းက ရခိုင္ျပည္က အလကားရတဲ့တညင္းသီးကို ရန္ကုန္မွာ လာေရာင္းတာရႈံးတယ္။ သယ္ယူပို႔ေဆာင္တာနဲ႔ လမ္းမွာ ၾကန႔္ၾကာတာနဲ႔ စရိတ္စကေတြႀကီးတယ္။ ဘယ္ယွဥ္ႏိုင္မလဲ ေမွာ္ဘီတို႔၊ တိုက္ႀကီးတို႔၊ မြန္ျပည္နယ္ တို႔ကထြက္တဲ့တညင္းသီးက ဒီကိုခဏဆိုေရာက္ၿပီေလ။ ရခိုင္က အဲဒီတုန္းက တံတားလည္းမထိုးရေသး ဘူး။ ကမာၻေပၚမွာ SEZ ေပါင္း (၂၀ဝဝ)ေက်ာ္ ရွိတယ္။ ေအာင္ျမင္တဲ့ SEZ က ရာဂဏန္းပဲရွိတယ္။ ကြၽန္ ေတာ္တို႔ရဲ႕ ေက်ာက္ျဖဴ SEZ က ကမာၻနဲ႔ဆက္သြယ္မယ့္ လမ္းေၾကာင္းႀကီး။ တ႐ုတ္ျပည္ဆိုတဲ့ အင္အား ႀကီးႏိုင္ငံႀကီးနဲ႔ အိႏၵိယဆိုတဲ့ႏိုင္ငံနဲ႔ အေရွ႕အလယ္ပိုင္းကႏိုင္ငံႀကီးေတြနဲ႔ လူဦးေရေပါင္းလိုက္ရင္ ကမာၻ႔ လူဦးေရရဲ႕ သုံးပုံတစ္ပုံေက်ာ္မွာရွိတယ္။ အဲဒီရဲ႕ ဆုံမွတ္က ေက်ာက္ျဖဴျဖစ္ေတာ့ ေက်ာက္ျဖဴက ဘယ္ ေလာက္ထိ တိုးတက္မလဲဆိုတာ အတိုင္းအဆမရွိဘူး။

ေမး - ေက်ာက္ျဖဴစီမံကိန္းက ျမန္မာႏိုင္ငံအတြက္ တကယ္ပဲ လုပ္သင့္တဲ့စီမံကိန္းလို႔ ‌ေဒသခံလုပ္ငန္း ရွင္အေနနဲ႔ ယုံၾကည္လား။
ေျဖ - ျမန္မာတစ္ႏိုင္ငံလုံးရဲ႕ GDP ကို ေက်ာက္ျဖဴက ဆြဲတင္ေပးမွာ။ ဒါေၾကာင့္မို႔လို႔ လုပ္ကိုလုပ္ရမယ္။ ဘာျဖစ္လို႔ ကြၽန္ေတာ္တို႔တိုင္းျပည္ အခုလိုျဖစ္ေနရသလဲဆို ဆင္းရဲလို႔ပဲ။ ဆင္းရဲလို႔ျဖစ္တဲ့ေရာဂါကို ေသ နတ္ေတြနဲ႔ဝိုင္းပစ္လို႔မရဘူး။ ဆင္းရဲလို႔ မီးေလာင္ေနတဲ့တိုင္းျပည္ကို ေသနတ္ေတြနဲ႔ဝိုင္းပစ္လို႔ မရဘူး။ တိုင္းျပည္ကလည္း ေသြးထြက္လြန္ေနၿပီ။ ဒါကို ကုစားရမယ့္ေဆးက တစ္ခုပဲရွိတယ္။ ဆင္းရဲလို႔ျဖစ္တဲ့ ေရာဂါကို ဆင္းရဲျခင္းကလြတ္ေျမာက္ေအာင္ လုပ္ေပးရမယ္။ က်န္တဲ့နည္းမရွိဘူး။ ေသနတ္ေတြနဲ႔ပစ္ေန လို႔ ဒီေရာဂါမေပ်ာက္ဘူး။ ပိုၿပီးေတာ့ဆိုးမယ္။ အနာေတြကြၽမ္းမယ္။ ေသြးထြက္ေတြလြန္မယ္။ တိုင္းျပည္ က်ဆုံးမယ္။ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္က တိုင္းျပည္ကိုကုစားတဲ့ေဆးပဲ။ ဒီေဆးကို ျပည္သူေတြကို အျမန္ဆုံးေကြၽးရမယ္။ ဆင္းရဲလို႔ ျဖစ္တဲ့ေရာဂါ။ အဲဒါနဲ႔တစ္ဆက္တည္းေျပာမယ္ဆိုရင္ အခု တိုင္းရင္း သားလက္နက္ကိုင္ေတြ အကုန္လုံးသည္ ဆင္းရဲျခင္းကဆင္းသက္လာတဲ့ ခါးသီးမႈေတြခ်ည္းပဲ။ ဘယ္ ကမွ ဆင္းသက္တာမဟုတ္ဘူး သမၼတႀကီး တိန႔္ေရွာင္ဖိန္ေျပာသလို “ ေၾကာင္ျဖဴျဖဴ မည္းမည္း ႂကြက္ခုတ္တတ္ရင္ၿပီးၿပီ၊ ဘယ္မူဝါဒေတြ ဘာေတြနဲ႔ပဲ အုပ္ခ်ဳပ္ အုပ္ခ်ဳပ္ ျပည္သူကိုထမင္းဝေအာင္ ေကြၽးႏိုင္ရင္ၿပီးၿပီ။ မေကြၽးႏိုင္ရင္ မလုပ္ႏိုင္ရင္ ဘယ္လိုမွ အဆင္မေျပဘူး ” ။ အဲဒီေတာ့ တိုင္းျပည္ကို ေရာဂါေပ်ာက္ေအာင္ ကုမယ္။ ဒီဟာေတြအားလုံးကို ပေပ်ာက္ေအာင္လုပ္မယ္ဆိုရင္ ျပည္သူေတြကို ထမင္းဝေအာင္ေကြၽးဖို႔ မခက္ဘူး။ အဓိက ဆိုလိုခ်င္တာက တိုင္းျပည္ကိုကုစားမယ့္ေဆးက ဒီေန႔ ေကြၽးလို႔ရမယ္။ ခ်က္ခ်င္း လက္ငင္းသက္သာမယ္။ ဘယ္လိုသိသာမလဲ၊ ျမန္မာျပည္ေျမာက္ပိုင္း၊ အေနာက္ပိုင္း၊ အ‌ေရွ႕ပိုင္း လုံးဝၿငိမ္သြားမယ္။ ေတာင္ပိုင္းကိုလည္း ထမင္းဝေအာင္ေကြၽးလိုက္ရင္ ၿငိမ္သြားမယ္။ ေတာင္ပိုင္းက ၿငိမ္တာနည္းနည္းေလး ေနာက္က်ရင္က်မယ္။ ေက်ာက္ျဖဴ SEZ သည္ လုပ္ကိုလုပ္သင့္တယ္။

ဟုတ္ကဲ့။ အခုလို ျပည့္စုံစြာ ရွင္းျပေပးတဲ့အတြက္ အထူးပဲ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.