၂၀၂၄ ခုနှစ်အတွင်း ဘယ်လို ပထဝီနိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေ ကြုံတွေ့ရနိုင်လဲ

 926

သန်းထိုက်စိုး (NP News) - ဧပြီ ၁၃

ဂလိုဘယ်လိုက်ဇေးရှင်း၊ ပထဝီစီးပွားရေးတို့နှင့် ဆယ်စုနှစ်ပေါင်းများစွာ မောင်းနှင်လာခဲ့သည့် ကမ္ဘာ ကြီးသည် ပထဝီနိုင်ငံဆိုင်ရာအကျပ်အတည်းအတွင်း အလျင်အမြန် နစ်မြုပ်လာခဲ့ပြီဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရုရှား-ယူကရိန်း ပဋိပက္ခကဲ့သို့သော အချိန်ကာလရှည်ကြာစွာဖြစ်တတ် သည့် ထိခိုက်မှုများသည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ တည်ဆောက်ပုံများနှင့် ထိတွေ့ ဆက်ဆံမှု ပုံသဏ္ဌာန်တို့ကို သိသိသာသာပြောင်းလဲ သွားစေခဲ့သည်။

အမေရိကန်နိုင်ငံသည်လည်း ၎င်း၏ အကျိုးစီးပွားအတွက် အင်အားကြီးပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ရန် ကြိုးစားလျက်ရှိရာ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများမှာလည်း မြင့်တက်လာခဲ့သည်။

စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှုသည် နိုင်ငံရေးအရဆွေးနွေးစရာကိစ္စရပ်အဖြစ် ဆက်ရှိနေဆဲ ဖြစ် သည်။ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုသည် အဆုံးအစမဲ့ စီးပွားရေးနှင့် လူမှု ရေးဆိုင်ရာ အကျိုးဆက်များနှင့်အတူ အခြားဆွေး နွေးစရာခေါင်းစဉ်တစ်ခု ဖြစ်လာနေသည်။

နိုင်ငံများသည် ထိခိုက်နာကျင်မှုများ လျော့ပါးစေရန် နည်းလမ်းရှာဖွေလာကြရာ ဂလိုဘယ်လိုက် ဇေးရှင်းကို ပြန်လည်စဉ်းစားသုံးသပ်လာခြင်းလည်း အပါအဝင်ဖြစ်သည်။ ဆိုက်ဘာတိုက်ခိုက်မှုများသည် မကြာခဏဆိုသကဲ့သို့ဖြစ်လာနေပြီး ပြင်းလည်းပြင်းထန်သည်။

ဆိုက်ဘာတိုက်ခိုက်မှုကို နိုင်ငံတော်အဆင့်က လက်နက်တစ်ခုအဖြစ် အသုံးချလာနေကြသည်။

ရုရှား-နေတိုးပဋိပက္ခ
ရုရှား-နေတိုးပဋိပက္ခသည် ၂၀၂၄ ခုနှစ်အတွင်း အရေးပါသည့်ပထဝီနိုင်ငံရေးဆိုင်ရာ အကျပ်အတည်း တစ်ခုအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။ အဆိုပါ ပဋိပက္ခသည် လူသားဆိုင်ရာအကျပ်အတည်းတစ်ခု စတင်ဖြစ် ပေါ်ခဲ့ပြီး ငွေကြေးစီးဆင်းမှု၊ ကမ္ဘာတစ်ဝန်းရှိ ကုန်သွယ်ရေးနှင့် ကုန်စည်ဈေးကွက်များအပေါ်တွင်လည်း ကြီးမားသောအကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်စေသည်။ ရုရှားနှင့်နေတိုးအဖွဲ့ကြား ပထဝီနိုင်ငံရေးဆိုင် ရာ တင်းမာမှုမှာ ရံဖန်ရံခါမြင့်တက်လာတတ်သည်။ ယူကရိန်းကို ရုရှားတို့တိုက် ခိုက်ခဲ့ခြင်းသည် စစ်အေးခေတ် ကာလနောက်ပိုင်း ရုရှား-ယူကရိန်းဆက်ဆံရေးတွင် အန္တရာယ်အကြီးဆုံး အခြေအနေတစ်ခုဖြစ်သည်။
အဆိုပါဆက်ဆံရေးကို ရုရှားအပေါ် စီးပွားရေး ဒဏ်ခတ်မှုများချမှတ်ခြင်းနှင့် ယူကရိန်းကို နေတိုးအဖွဲ့ ဝင်များက ပုံစံအမျိုးမျိုးဖြင့် ဘဏ္ဍာရေးနှင့် စစ်ရေးဆိုင်ရာအကူအညီများ ထောက်ပံ့ပေးနေခြင်းတို့ဖြင့် ဆက် လက်ဖြတ်သန်းနေသည်။
ကာလတိုအတွင်း မည်သည့်ဘက်ကမှလည်း အပြီးသတ်အနိုင်ရနိုင်ခြေမရှိသေးပါ။ အပစ်အခတ် ရပ်စဲရေး ဖြစ်လာနိုင်ခြေလည်းမမြင်ရသေးဘဲ မကြာခဏဆိုသကဲ့သို့ ပဋိပက္ခအရှိန်မြင့်လာပြီး အကျပ် အတည်းများသာ မြင်တွေ့နေရသည်။ ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ပဋိပက္ခအဆင့်ထိ ရောက်မလာသေးသော် လည်း အချိန်မရွေးဖြစ်လာနိုင်သည်။

ဆိုက်ဘာတိုက်ခိုက်မှုများ
ဆိုက်ဘာတိုက်ခိုက်မှုများသည်လည်း ပထဝီနိုင်ရေး အကျပ်အတည်းတစ်ခုဖြစ်လာနေသကဲ့သို့ ပိုမို ကြီးမားရှုပ်ထွေးပြီး မရပ်မနားဖြစ်လာနေသည်။ ဆိုက်ဘာတိုက်ခိုက်မှုသည် အဖွဲ့အစည်းတစ်ခုချင်းအတွက် ရော၊ အမျိုးသားလုံခြုံရေးအတွက်ပါ ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ အမေရိကန်နိုင်ငံသည်လည်း Malware တစ်မျိုးဖြစ်သည့် Ransomware တိုက်ခိုက်မှုကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ဥရောပပါလီမန်ဝက်ဘ် ဆိုက်မှာလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက နာရီအတော်ကြာ ကြည့်မရသည့် အခြေအနေမျိုးကြုံတွေ့ခဲ့ ရသည်။
အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ရုရှားထောက်ခံသည့်အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့ သည်။ မော်ဒိုဗာအစိုးရသည်လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလဒေတာများကို မသမာသည့်နည်းဖြင့် ရယူသွားခြင်းမျိုး ကြုံတွေ့ခဲ့ရသည်။ ဩစတြေးလျနိုင်ငံ၏ ဒုတိယအကြီးမားဆုံး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် ဥစအကျသည်လည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဒေတာများကို မသမာ သည့်နည်းလမ်းဖြင့် ရယူသွားခြင်းမျိုး ကြုံတွေ့ခဲ့ရသည်။ နိုင်ငံ၏အရေးကြီးအခြေခံ အဆောက်အအုံများ ဖြစ်ကြသည့် ဓာတ်အားလိုင်းများ၊ ရေပေးဝေရေး ကွန်ရက်များနှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို ဒီဂျစ်တယ်စနစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ရာပစ်မှတ်များ ဖြစ်လာသည်။
အဆိုပါစနစ်များကို ဆိုက်ဘာတိုက်ခိုက်မှုအောင် မြင်စွာပြုလုပ်သွားနိုင်ခဲ့ပါက အသက်အန္တရာယ်ဆုံးရှုံး ခြင်းနှင့် စီးပွားရေးအရထိခိုက်မှုအပါအဝင် ပြင်းထန်သောအကျိုးဆက်များဖြစ်နိုင်သည်။ ဆိုက်ဘာတိုက် ခိုက်မှုသည် ဘဏ္ဍာရေးဈေးကွက်များနှင့် စီးပွားရေးအပေါ်တွင်လည်း မမျှော်မှန်းနိုင်သော အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်။ အစိုးရကွန်ရက်များ၊ ပုဂ္ဂလိကကဏ္ဍကွန်ရက်များနှင့် အခြေခံအဆောက် အအုံများအားလုံး သည် တိုက်ခိုက်ရန်လွယ်ကူပြီး နိုင်ငံရေးနှင့်စစ်ရေးသတင်း အချက်အလက်များ ဖောက်ထွင်းရယူရန် လွယ်ကူ သည်။ ဆိုက်ဘာတိုက် ခိုက်မှုများကိုဖြေရှင်းရန်မှာ နိုင်ငံများကြား ရှုပ်ထွေးသောပထဝီနိုင်ငံရေးဆိုင်ရာ အဆက်အစပ်များက စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ ရုရှားနှင့်နေတိုးကဲ့သို့သော ကမ္ဘာ့အင်အားကြီး နိုင်ငံ အချို့ကြား ပထဝီနိုင်ငံ ရေးဆိုင်ရာတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဆိုက်ဘာတိုက်ခိုက်မှုကို နိုင်ငံတော်အဆင့်က ဆောင်ရွက်သည့်လက်နက်တစ်ခုအဖြစ် မကြာခဏမြင်တွေ့ လာရဖွယ်ရှိသည်။

အမေရိကန်-တရုတ် မဟာဗျူဟာ အားပြိုင်မှု
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ စစ်ရေးအင်အားကြီးထွားလာမှု၊ နည်းပညာဆိုင်ရာ တိုးတက်လာမှုများနှင့် အမေရိကန်နိုင်ငံနှင့် ဆက်လက်ဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးတင်းမာမှုများသည် ပထဝီနိုင်ငံရေးဆိုင်ရာတင်းမာမှုများ ပိုမိုမြင့်တက်လာစေသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံကြားတွင် ဘက်ပေါင်းစုံဆက်ဆံရေးရှိသော်လည်း ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့်စီးပွား ရေးမျက်နှာစာတို့ တွင် မကြာသေးမီနှစ်များအတွင်း ပိုမိုရှုပ်ထွေးလာသည်။ နှစ်နိုင်ငံကြား သံတမန်ဆက် သွယ်ရေးတွင် အဖုအထစ်များရှိသော်လည်း ကုန် သွယ်ရေးပိုင်းတွင်မူ တိုးတက်မှုရှိလာသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် တစ်နိုင်ငံ နှင့်တစ်နိုင်ငံ တာဝန်ခံမှုရှိရှိဖြင့်ယှဉ်ပြိုင်ရန် ကတိ ကဝတ်ပြုထားကြသည်။ သို့သော် တင်းမာသော ဆက်ဆံရေးကြောင့် ဖြစ်ပေါ်လာသည့်အကျပ် အတည်းများ မှာ ရှိနေဆဲဖြစ်သည်။ အမေရိကန်သည် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုလိုငွေ လျှော့ချရန် တရုတ်သွင်းကုန်များ အပေါ် အခွန်စည်းကြပ်မှု ပိုမိုချမှတ်ခဲ့ သည့် ၂၀၁၈ ခုနှစ်တွင် ကုန်သွယ်ရေးတင်းမာမှုမြင့်တက်ခဲ့သည်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေးပဋိပက္ခမြင့်တက်လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအပေါ် များစွာအကျိုးသက်ရောက်စေခဲ့သည်။ အမေရိကန်နှင့် တရုတ်တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကုန်သွယ်ရေး ညှိနှိုင်းမှုပြုလုပ်ခဲ့သည်။ သို့သော် အဆိုပါ ညှိနှိုင်းမှုမှာ ၂၀၁၉ ခုနှစ် မေလတွင်ပျက်သွားခဲ့သည်။
အမေရိကန်နိုင်ငံသည် တရုတ်ပို့ကုန်များအပေါ် တင်းကြပ်မှုအချို့ချမှတ်ခဲ့သည်။ အထူးသဖြင့် ဉာဏ မူပိုင်ခွင့်နှင့်ပတ်သက်၍ စိုးရိမ်ခြင်းကြောင့် နည်းပညာ ကဏ္ဍအပေါ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံကြား သဘာဝဓာတ်ငွေ့ရည် LNG တွင် ကုန်သွယ်မှုမြင့်တက်လာခြင်းသည်လည်း နှစ်နိုင်ငံ ဆက်ဆံရေးကို အကျိုးသက်ရောက်စေခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်သဘာဝ ဓာတ်ငွေ့ရည် LNG အများဆုံးတင်သွင်းသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ယင်းမှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိကန်၏ ကုန်သွယ်မှုလိုငွေကိုလျှော့ချရန် အထောက်အကူဖြစ်စေသည့် ကဏ္ဍလည်းဖြစ်သည်။
နိုင်ငံများတွင် အကျိုးစီးပွားနှင့်ပဋိပက္ခများ ထပ်နေသည့်နယ်ပယ်များရှိသည်။ တရုတ်နိုင်ငံသည် အမေရိကန်ငွေတိုက်စာချုပ်ဘွန်းများကို ရောင်းချရန် ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်နိုင်ငံကလည်း တရုတ် နည်းပညာကုမ္ပဏီအချို့ကို နာမည်ပျက်စာရင်း သွင်းခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုအပေါ် စိုးရိမ်မှု မြင့်တက်လာခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ ကွဲပြားမှု ထပ်မံဖြစ်လာစေနိုင်သည်။ ပဋိပက္ခတစ်ခုသည် ကမ္ဘာလုံး ဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်များကို ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နိုင်သည်။

လက်တွေ့ဝါဒ-ဂလိုဘယ်လိုက်ဇေးရှင်းမှ ဖယ်ခွာခြင်း
မကြာသေးမီနှစ်များအတွင်းက ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ လူသားအရင်းအမြစ်များ၊ အရင်း အနှီးများနှင့် နည်းပညာတို့ကို နိုင်ငံတကာအရွေ့ များအဖြစ် တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်း၏ အကျိုးကျေးဇူးကို ခံစားခဲ့ကြရခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်မှု များရှိလာသည်။ သို့ဖြစ်ရာ အမျိုးသားရေးဝါဒ၊ ကိုယ် ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် ပေါ်ပြူလစ်လှုပ်ရှားမှု များခေါင်းထောင်လာခဲ့ရာ မသေချာမရေရာမှုများ တိုးမြင့်လာပြီး ဂလိုဘယ်လိုက်ဇေးရှင်း၏အရှိန် လျော့ကျလာနိုင်ခြေဆီ ဦးတည်လာသည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာခရီးသွား လုပ်ငန်းအပေါ် ကန့်သတ်မှုများနှင့်နယ်စပ်ဂိတ်များကိုပိတ်လိုက်ခြင်းကြောင့် သွင်းကုန်ပစ္စည်းအပေါ် အလွန် အကျွံ မှီခိုနေရသည့်နိုင်ငံများ၏ အားနည်းချက်ကို ထင်သာမြင်သာဖြစ်စေခဲ့သည်။ အစိုးရများအနေဖြင့် တစ်နိုင်ငံတည်းသော မိတ်ဖက်ကုန်သွယ်ရေးအပေါ်တွင် မှီခိုနေရမှုကိုလျှော့ချရန် အကာအကွယ်ယူသည့် အနေဖြင့် သွင်းကုန်အရင်းအမြစ် မျိုးစုံမှရယူရန် စိတ်အားထက်သန်လာကြသည်။ သို့သော်လည်း လက်တွေ့ တွင်မူ နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းသည်သာ အလုပ်ဖြစ်နေဆဲဖြစ်သည်။ စူပါပါဝါအားပြိုင်မှုများ မြင့် တက်နေသည့် အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည်ပင် ၎င်းတို့၏ အားကောင်းသည့် နှစ်နိုင်ငံကုန်သွယ်ရေး ဖြင့်သာ ရှေ့ဆက်နေကြမြဲဖြစ်သည်။ Global Market Intelligence ကုန်သွယ်မှုစာရင်းများအရ ဖွံ့ဖြိုးပြီး ထိပ် တန်း(၁၀)နိုင်ငံတွင် ဘရာဇီးနိုင်ငံမှလွဲ၍ နိုင်ငံအများစု၏ နှစ်စဉ်ပို့ကုန်တန်ဖိုးတိုးတက်မှုမှာလည်း ကျဆင်း နေပါသည်။ တရုတ်နိုင်ငံသည်ပင် ကိုဗစ်-၁၉ ကပ်ရောဂါကန့်သတ်မှုများဖြေလျှော့ပေးခဲ့သည့်တိုင် ပို့ကုန်တင်ပို့ မှု သိသိသာသာ ကျဆင်းလာသည်။
ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ရေးလှုပ်ရှားမှုသည် စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံတကာ ဆက်ဆံ ရေးအပေါ် ခြိမ်းခြောက်လာသည်။ အစိုးရများသည် ၎င်းတို့၏လုပ်ငန်းများနှင့် နိုင်ငံသားများကို နိုင်ငံရပ်ခြား ယှဉ်ပြိုင်မှုများမှ အကာအကွယ်ပေးသည့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကို ကျင့်သုံးလာ နေကြပါသည်။ ဥပမာအားဖြင့် ပြည်တွင်းကုန်ထုတ် လုပ်သူများကို နိုင်ငံခြားကုန်ထုတ်လုပ်သူများထက် အခွင့်အရေးပိုပေးခြင်း နှင့်မက်လုံးပေးခြင်းတို့ကို အကောင်အထည်ဖော်လာကြပါသည်။ ပထဝီနိုင်ငံ ရေးအကျပ်အတည်းများ ရှိနေ သည့်တိုင် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒနှင့် နိုင်ငံစုံကုန်သွယ်ရေးကို ဆန့်ကျင်မှုမှာ လက်တွေ့ရှိနေဆဲ ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးပဋိပက္ခမှာ ၂၀၂၄ ခုနှစ်အတွင်း Global Trade Analytics Suite (GTAS) ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်အတွင်းမှာပင် ပြန်၍နာလန်ထူလာပြီး ရေရှည်တည်ငြိမ် ဖွံ့ဖြိုးသည့် လမ်းကြောင်းဆီ ပြန်ရောက်နိုင်သည်။

ရာသီဥတု ပြောင်းလဲမှု အကျပ်အတည်း
ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းသည်လည်း ကမ္ဘာ့နိုင်ငံရေးဆွေးနွေးစရာများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ပထဝီနိုင်ငံရေး အကျပ်အတည်းတစ်ခုဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှု အကျပ်အတည်းသည် အမျိုးသားလုံခြုံရေးနှင့် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးအပေါ်တွင်များစွာ အကျိုး သက်ရောက်မှုရှိနိုင်သည်။ ရာသီဥတု ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသည့် ရာသီဥတုအစွန်းရောက်မှုများ၊ ဇီဝမျိုးစိတ်များမျိုးတုံးခြင်း၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်ခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှု မြင့်တက်လာခြင်းစသည့် ပုံစံမျိုးစုံဖြင့် အထင်အရှားမြင်တွေ့ရနိုင် သည်။ ရာသီဥတု ပြောင်းလဲမှု၏ ရလဒ်များဖြစ်သည့် မုန်တိုင်းများ တိုက်ခတ်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် တောမီးလောင်ခြင်း စသည်တို့သည် အခြေခံအဆောက်အအုံများနှင့် ကုန်ထုတ်လုပ်မှုဖြစ်စဉ်ကိုပျက်စီးစေပြီး အရင်းအမြစ်ရှား ပါးမှုနှင့် စီးပွားရေးမတည်ငြိမ်မှု ဖြစ်စေနိုင်သည်။
ကမ္ဘာ့နေရာအချို့တွင် မျှော်လင့်မထားသည့် အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်။ တူရကီ၊ ဆီးရီးယားနှင့် အီရတ်စသည့်နိုင်ငံများကြားတွင် ပထဝီနိုင်ငံရေးတင်းမာမှုများမြင့်တက်စေသည့် ရေရှား ပါးမှုမျိုးဖြစ်စေနိုင်သည်။ အာဖရိကဦးချိုဒေသတွင် မကြာခဏမိုးခေါင်မှုများ ဖြစ်ပေါ်နေခြင်းသည် စိုက်ပျိုးရေး နှင့် သောက်သုံးရေအတွက် ရေရှိမှုလျော့ နည်းသွားနိုင်ပါသည်။ တောင်အမေရိကဒေသတွင်လည်း ရေရှားပါးမှု ကြောင့် ကုန်ထုတ်လုပ်ငန်းများ ထိခိုက်ကာ စိုက်ပျိုးမြေဧရိယာ လျော့နည်းလာခြင်း၊ အစားအစာဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။ ဘရာဇီးနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍသည် မိုးခေါင်မှုကြောင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဘီလျံအထိ ဆုံးရှုံးခဲ့ရသည်။ ရာသီဥတုပြောင်းလဲမှုကိုဖြေရှင်းရန် ကမ္ဘာလုံး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်လာစေရေး ကြိုးပမ်းရာတွင် ပထဝီနိုင်ငံရေးမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်သည်။ နိုင်ငံပေါင်း ၁၉၆ နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင်ချမှတ်ခဲ့သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားကြပါသည်။ ကမ္ဘာကြီးပူနွေးလာ မှုကိုရပ်တန့်ရန် လုံလောက်သည့် စုပေါင်းဆောင် ရွက်မှုမလုပ်နိုင်ပါက ကပ်ဘေးဖြစ်လာနိုင်သည်။
ထိုသို့ဖြစ်လာပါက အစုလိုက်အပြုံလိုက်ရွှေ့ ပြောင်းရမှုများ၊ ရေနှင့်အစားအစာ မလုံလောက်မှုများ နှင့် ပြည်တွင်းမငြိမ်သက်မှု စသည်တို့ကို ကြုံတွေ့ရ မည်ဖြစ်သည်။

စွမ်းအင်ဖူလုံရေး
စွမ်းအင်အရင်းအမြစ်များ အလွယ်တကူရရှိ နေခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အလွန်အရေးကြီးသည်။ ရာသီဥတုပြောင်းလဲမှု၊ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုနှင့် ယူကရိန်းတွင်ဖြစ်ပွားနေသည့် စစ်ပွဲတို့သည် ကမ္ဘ တစ်ဝန်း စွမ်းအင်ဖူလုံရေးအတွက် စိုးရိမ်မှုမြင့်တက် စေပြီး ၂၀၂၄ ခုနှစ် ပထဝီနိုင်ငံရေး အဓိကအကျပ်အတည်းများအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။
ဥရောပသည် အိမ်ထောင်စုများနှင့် စက်မှုလုပ် ငန်းများအတွက် ဈေးနှုန်းချိုသာသည့် ရုရှား ဓာတ်ငွေ့ ဝယ်ယူရရှိခြင်းမရှိသည့်နောက်တွင် ကြီးမားသည့်စိန် ခေါ်မှုနှင့်ရင်ဆိုင်ကြုံတွေ့နေရသည်။ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် တိုက်ခိုက်ခဲ့ချိန်မှစ၍ ဥရောပ စွမ်းအင်ဖူလုံရေးမှာ လည်း ခြိမ်းခြောက်ခံနေရခြင်းဖြစ်သည်။ ဥရောပ ဓာတ်ငွေ့ဈေးနှုန်းမှာလည်း တစ်ချိန်လုံးမြင့်မားနေ သည်။ ၂၀၂၂ ခုနှစ်က အခြေအနေများသည် နိုင်ငံအချို့ကို ယခင်က ၎င်းတို့ပိတ်ထားခဲ့သည့် သို့မဟုတ် ပိတ်မည်ဟု ရည်ရွယ်ထားသည့် ကျောက်မီးသွေးစက် ရုံများကိုပြန်ဖွင့်ရန် တာစူလာစေခဲ့သည်။ ကျောက်မီး သွေးစက်ရုံများ သည် သန့်ရှင်းသောစွမ်းအင်ဖြစ်စေရေး ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ရာသီဥတုပြောင်း လဲမှုကိုတိုက်ဖျက်ရန် ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ခြင်းသည် ရေရှည်ဆောင်ရွက်ရမည့် အာဂျင်ဒါဖြစ်ပြီး ဈေးနှုန်း သက်သာသည့် စွမ်းအင် ရရှိစေရေး ဆောင်ရွက်ပေးခြင်းသည် ကာလတိုစိန် ခေါ်မှုများကိုတုံ့ပြန်ရာတွင် နိုင်ငံများအတွက် အမြန်ဆောင်ရွက်ရမည့် ဦးစားပေးအာဂျင်ဒါတစ်ခုဖြစ် သည်။ စွမ်းအင်ကဏ္ဍကို ဒီဂျစ်တယ် စနစ် ပြုလုပ်ခြင်းသည် စွမ်းအင်အခြေခံအဆောက်အအုံများကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်နိုင်သည့် ဟာ ကွက်တစ်ခုဖြစ်စေသည်။ ထိုကဲ့သို့သောတိုက်ခိုက်မှုများသည် အရေးကြီးအခြေခံအဆောက်အအုံနှင့် စွမ်းအင် ထောက်ပံ့ ရေးစနစ်ကို အများအပြားထိခိုက်ပျက်စီးစေနိုင်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဖြစ်နိုင်ခြေ အနာဂတ်ကပ်ရောဂါများ
ကပ်ရောဂါ၏ လူမှုရေးနှင့်စီးပွားရေး အကျိုးသက်ရောက်မှာ ယနေ့အထိခံစားနေရဆဲဖြစ်သည်။ ဗိုင်းရပ်စ်အသစ်များပေါ်ပေါက်လာခြင်း၊ ရောဂါကူးစက်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစီမံ ခန့်ခွဲမှု၏ အနာဂတ်နှင့်ကုန်ထုတ်လုပ်မှုဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှုတို့မှာ ၂၀၂၄ ခုနှစ်အတွင်း သာမက နောက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပေါ် နေနိုင်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ အများအပြား သည် ၎င်းတို့၏နယ်စပ်များကို ပိတ်လိုက်ခြင်းနှင့် ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် ခရီးသွားလာမှုကို ကန့်သတ် လိုက်ခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအပေါ် သိသိသာသာ အကျိုးသက်ရောက်စေခဲ့သည်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှုဖြစ်စဉ်အပေါ် များစွာထိခိုက်စေခဲ့သည်။ ကုန်ထုတ်လုပ်မှုဖြစ်စဉ်သည် ကုန်စည် အမျိုးအစား မျိုးစုံလိုအပ်ခြင်း၊ အလုပ်သမားပြတ်လပ်မှုနှင့် ယခင်ကရှိပြီး နိုင်ငံရေးဖိအားများနှင့်ရင်ဆိုင် ကြုံတွေ့ ရသည်။ ကပ်ရောဂါသည် နိုင်ငံအချို့ကို ကိုယ်ကျိုး စီးပွားကာကွယ်ရေးစနစ် ကျင့်သုံးလာစေရန်တွန်း အားပေးသကဲ့သို့ဖြစ်စေခဲ့ပြီး ကုန်သွယ်မှု အတားအ ဆီးများနှင့် အခွန်စည်းကြပ်မှု တိုးမြှင့်ကောက်ခံခြင်း တို့ ပြုလုပ်လာစေသည်။ အဆိုပါ မူဝါဒများသည် ပထဝီနိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်စေပြီး ပထဝီ နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးကျိုးသက်ရောက်ကာ ကမ္ဘာ့ကုန်သွယ်ရေး စနစ်ကို ပို၍အကွဲကွဲအပြားပြားဖြစ်စေသည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစီမံခန့်ခွဲမှုစနစ်တွင် အားနည်းချက် များရှိနေကြောင်း လစ်ဟပြလိုက်သကဲ့သို့ ရောဂါထောက်လှမ်းရေးစနစ်များနှင့် ကာကွယ်ဆေး သုတေ သနနှင့် ဖွံ့ဖြိုးရေးတို့တွင် ရင်းနှီးမြှုပ်နှံမှု အများအပြား ပြုလုပ်ရန်လိုအပ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်း လည်းဖြစ်သည်။ နိုင်ငံအများစုသည် ကပ်ရောဂါကို ထိထိရောက်ရောက်တုံ့ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက် ရာတွင် အခက်အခဲများနှင့်ရင်ဆိုင်နေကြရသည်။ ယင်းမှာ နိုင်ငံများကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုမရှိခြင်းကြောင့်ဖြစ်ပြီး အနာဂတ်ကျန်းမာရေး အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် လည်း အခက်အခဲများနှင့် ရင်ဆိုင်ကြရဦးမည်ဖြစ်သည်။
ရှေ့လာမည့်ဖြတ်သန်းမှုများသည် အပြန်အလှန် ဆက်နွှယ်နေပြီး ကုန်သွယ်ရေးအပေါ်တွင်လည်း ကြီး မားသည့်အကျိုးသက်ရောက်မှုများရှိနိုင်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခလားရာလမ်းကြောင်းသည် ရုရှားနိုင်ငံ ကို နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့်ကုန်သွယ် ရေးအပေါ်တွင်လည်းကောင်း၊ ဈေးနှုန်းသက်သာသည့် ရုရှားဓာတ် ငွေ့များကို ကမ္ဘာ့အခြားနေရာများမှ ရရှိသုံးစွဲရေးအပေါ်တွင်လည်းကောင်း အကျိုးသက် ရောက်စေမည်ဖြစ် သည်။ နိုင်ငံတော်အဆင့်က ပြုလုပ်သည့် ဆိုက်ဘာတိုက်ခိုက်မှုများ တိုးမြှင့်ဖြစ်လာနိုင်ခြင်းကြောင့် ကမ္ဘာ တစ်ဝန်းရှိအစိုးရများနှင့် အဖွဲ့အစည်းများသည် အရေးကြီးကိစ္စအဖြစ် တပ်လှန့်နှိုး ဆော်ထားကြသည်။ ဓာတ် အားလိုင်းများနှင့် ရေပေး ဝေရေးကွန်ရက်များ စသည့် အထူးအရေးကြီးသည့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ခြင်းကြောင့် အရေးကြီးသတိပေး နှိုးဆော် ထားကြသည်။ စူပါပါဝါတို့၏ အားပြိုင်မှုမြင့်တက် လာခြင်းသည် ကမ္ဘာ့စီးပွားရေးအပေါ်များစွာ အကျိုးသက်ရောက်စေသည်။ အမေရိကန်နှ င့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးအပေါ်တွင် ထိခိုက်စေခြင်းသည် ကျွန်တော်တို့အားလုံးအပေါ် အကျိုးသက် ရောက်မှု မလွဲမသွေ ရှိလာမည်ဖြစ်သည်။
ကုန်သွယ်ရေးစစ်ပွဲနှင့် နိုင်ငံတကာတင်းမာမှု မြင့်တက်ခြင်းသည် နိုင်ငံတကာပူးပေါင်း ဆောင်ရွက် မှုနှင့်ကုန်သွယ်မှုစီးဆင်းခြင်း အရှိန်နှေးကွေးစေ မည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်လုံခြုံ ရေးစိုးရိမ်မှု၊ နိုင်ငံတော်အဆင့်ကဆောင်ရွက်သည့် ဆိုက်ဘာတိုက်ခိုက်မှုများသည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးနှင့် အမျိုးသားလုံခြုံ ရေးအပေါ် များစွာအကျိုးသက်ရောက်နိုင်ခြေရှိသည်။ သို့သော်လည်း ပွတ်တိုက်မှုရှိနေသည့်နိုင်ငံများကြား နှစ်နိုင်ငံကုန်သွယ်မှုများဆက်ရှိနေခြင်းသည် ပထဝီ နိုင်ငံရေး တင်းမာမှုများမြင့်တက်နေချိန်တွင်လည်း မိတ်ဖက်ဖြစ်မှုလည်း ဆက်ရှိနေဦးမည်ဖြစ်သည်။

zawgyi version
၂၀၂၄ ခုႏွစ္အတြင္း ဘယ္လို ပထဝီႏိုင္ငံေရးဆိုင္ရာ အက်ပ္အတည္းေတြ ႀကဳံေတြ႕ရႏိုင္လဲ
သန်းထိုက်စိုး (NP News) - ဧပြီ ၁၃
ဂလိုဘယ္လိုက္ေဇးရွင္း၊ ပထဝီစီးပြားေရးတို႔ႏွင့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေမာင္းႏွင္လာခဲ့သည့္ ကမာၻ ႀကီးသည္ ပထဝီႏိုင္ငံဆိုင္ရာအက်ပ္အတည္းအတြင္း အလ်င္အျမန္ နစ္ျမဳပ္လာခဲ့ၿပီျဖစ္သည္။
ကိုဗစ္-၁၉ ကပ္ေရာဂါႏွင့္ ႐ုရွား-ယူကရိန္း ပဋိပကၡကဲ့သို႔ေသာ အခ်ိန္ကာလရွည္ၾကာစြာျဖစ္တတ္ သည့္ ထိခိုက္မႈမ်ားသည္ ၂၀၂၄ ခုႏွစ္အတြင္း ကမာၻလုံးဆိုင္ရာ တည္ေဆာက္ပုံမ်ားႏွင့္ ထိေတြ႕ ဆက္ဆံမႈ ပုံသဏၭာန္တို႔ကို သိသိသာသာေျပာင္းလဲ သြားေစခဲ့သည္။
အေမရိကန္ႏိုင္ငံသည္လည္း ၎၏ အက်ိဳးစီးပြားအတြက္ အင္အားႀကီးၿပိဳင္ဘက္မ်ားႏွင့္ယွဥ္ၿပိဳင္ရန္ ႀကိဳးစားလ်က္ရွိရာ ပထဝီႏိုင္ငံေရးဆိုင္ရာ တင္းမာမႈမ်ားမွာလည္း ျမင့္တက္လာခဲ့သည္။
စြမ္းအင္ႏွင့္ ရာသီဥတုေျပာင္းလဲမႈသည္ ႏိုင္ငံေရးအရေဆြးေႏြးစရာကိစၥရပ္အျဖစ္ ဆက္ရွိေနဆဲ ျဖစ္ သည္။ ကိုဗစ္-၁၉ ကပ္ေရာဂါအေပၚ ကမာၻလုံးဆိုင္ရာတုံ႔ျပန္မႈသည္ အဆုံးအစမဲ့ စီးပြားေရးႏွင့္ လူမႈ ေရးဆိုင္ရာ အက်ိဳးဆက္မ်ားႏွင့္အတူ အျခားေဆြး ေႏြးစရာေခါင္းစဥ္တစ္ခု ျဖစ္လာေနသည္။
ႏိုင္ငံမ်ားသည္ ထိခိုက္နာက်င္မႈမ်ား ေလ်ာ့ပါးေစရန္ နည္းလမ္းရွာေဖြလာၾကရာ ဂလိုဘယ္လိုက္ ေဇးရွင္းကို ျပန္လည္စဥ္းစားသုံးသပ္လာျခင္းလည္း အပါအဝင္ျဖစ္သည္။ ဆိုက္ဘာတိုက္ခိုက္မႈမ်ားသည္ မၾကာခဏဆိုသကဲ့သို႔ျဖစ္လာေနၿပီး ျပင္းလည္းျပင္းထန္သည္။
ဆိုက္ဘာတိုက္ခိုက္မႈကို ႏိုင္ငံေတာ္အဆင့္က လက္နက္တစ္ခုအျဖစ္ အသုံးခ်လာေနၾကသည္။
႐ုရွား-ေနတိုးပဋိပကၡ
႐ုရွား-ေနတိုးပဋိပကၡသည္ ၂၀၂၄ ခုႏွစ္အတြင္း အေရးပါသည့္ပထဝီႏိုင္ငံေရးဆိုင္ရာ အက်ပ္အတည္း တစ္ခုအျဖစ္ ဆက္ရွိေနမည္ျဖစ္သည္။ အဆိုပါ ပဋိပကၡသည္ လူသားဆိုင္ရာအက်ပ္အတည္းတစ္ခု စတင္ျဖစ္ ေပၚခဲ့ၿပီး ေငြေၾကးစီးဆင္းမႈ၊ ကမာၻတစ္ဝန္းရွိ ကုန္သြယ္ေရးႏွင့္ ကုန္စည္ေဈးကြက္မ်ားအေပၚတြင္လည္း ႀကီးမားေသာအက်ပ္အတည္းမ်ား ဆက္လက္ျဖစ္ေပၚေစသည္။ ႐ုရွားႏွင့္ေနတိုးအဖြဲ႕ၾကား ပထဝီႏိုင္ငံေရးဆိုင္ ရာ တင္းမာမႈမွာ ရံဖန္ရံခါျမင့္တက္လာတတ္သည္။ ယူကရိန္းကို ႐ုရွားတို႔တိုက္ ခိုက္ခဲ့ျခင္းသည္ စစ္ေအးေခတ္ ကာလေနာက္ပိုင္း ႐ုရွား-ယူကရိန္းဆက္ဆံေရးတြင္ အႏၲရာယ္အႀကီးဆုံး အေျခအေနတစ္ခုျဖစ္သည္။
အဆိုပါဆက္ဆံေရးကို ႐ုရွားအေပၚ စီးပြားေရး ဒဏ္ခတ္မႈမ်ားခ်မွတ္ျခင္းႏွင့္ ယူကရိန္းကို ေနတိုးအဖြဲ႕ ဝင္မ်ားက ပုံစံအမ်ိဳးမ်ိဳးျဖင့္ ဘ႑ာေရးႏွင့္ စစ္ေရးဆိုင္ရာအကူအညီမ်ား ေထာက္ပံ့ေပးေနျခင္းတို႔ျဖင့္ ဆက္ လက္ျဖတ္သန္းေနသည္။
ကာလတိုအတြင္း မည္သည့္ဘက္ကမွလည္း အၿပီးသတ္အႏိုင္ရႏိုင္ေျခမရွိေသးပါ။ အပစ္အခတ္ ရပ္စဲေရး ျဖစ္လာႏိုင္ေျခလည္းမျမင္ရေသးဘဲ မၾကာခဏဆိုသကဲ့သို႔ ပဋိပကၡအရွိန္ျမင့္လာၿပီး အက်ပ္ အတည္းမ်ားသာ ျမင္ေတြ႕ေနရသည္။ ကမာၻလုံးဆိုင္ရာ တိုက္႐ိုက္ပဋိပကၡအဆင့္ထိ ေရာက္မလာေသးေသာ္ လည္း အခ်ိန္မေ႐ြးျဖစ္လာႏိုင္သည္။
ဆိုက္ဘာတိုက္ခိုက္မႈမ်ား
ဆိုက္ဘာတိုက္ခိုက္မႈမ်ားသည္လည္း ပထဝီႏိုင္ေရး အက်ပ္အတည္းတစ္ခုျဖစ္လာေနသကဲ့သို႔ ပိုမို ႀကီးမားရႈပ္ေထြးၿပီး မရပ္မနားျဖစ္လာေနသည္။ ဆိုက္ဘာတိုက္ခိုက္မႈသည္ အဖြဲ႕အစည္းတစ္ခုခ်င္းအတြက္ ေရာ၊ အမ်ိဳးသားလုံၿခဳံေရးအတြက္ပါ ႀကီးမားေသာၿခိမ္းေျခာက္မႈတစ္ခုျဖစ္သည္။ အေမရိကန္ႏိုင္ငံသည္လည္း Malware တစ္မ်ိဳးျဖစ္သည့္ Ransomware တိုက္ခိုက္မႈကို ရင္ဆိုင္ႀကဳံေတြ႕ေနရသည္။ ဥေရာပပါလီမန္ဝက္ဘ္ ဆိုက္မွာလည္း ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက နာရီအေတာ္ၾကာ ၾကည့္မရသည့္ အေျခအေနမ်ိဳးႀကဳံေတြ႕ခဲ့ ရသည္။
အဆိုပါတိုက္ခိုက္မႈမွာ ၎တို႔လက္ခ်က္ျဖစ္သည္ဟု ႐ုရွားေထာက္ခံသည့္အဖြဲ႕တစ္ဖြဲ႕က ထုတ္ျပန္ခဲ့ သည္။ ေမာ္ဒိုဗာအစိုးရသည္လည္း ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလေဒတာမ်ားကို မသမာသည့္နည္းျဖင့္ ရယူသြားျခင္းမ်ိဳး ႀကဳံေတြ႕ခဲ့ရသည္။ ဩစေၾတးလ်ႏိုင္ငံ၏ ဒုတိယအႀကီးမားဆုံး ဆက္သြယ္ေရးကုမၸဏီ တစ္ခုျဖစ္သည့္ ဥစအက်သည္လည္း ၂၀၂၂ ခုႏွစ္ စက္တင္ဘာလအတြင္းက ေဒတာမ်ားကို မသမာ သည့္နည္းလမ္းျဖင့္ ရယူသြားျခင္းမ်ိဳး ႀကဳံေတြ႕ခဲ့ရသည္။ ႏိုင္ငံ၏အေရးႀကီးအေျခခံ အေဆာက္အအုံမ်ား ျဖစ္ၾကသည့္ ဓာတ္အားလိုင္းမ်ား၊ ေရေပးေဝေရး ကြန္ရက္မ်ားႏွင့္ သယ္ယူပို႔ေဆာင္ေရးစနစ္မ်ားကို ဒီဂ်စ္တယ္စနစ္ျဖင့္ ျပဳလုပ္ထားျခင္းျဖစ္ရာ ဆိုက္ဘာ တိုက္ခိုက္မႈ ျပဳလုပ္ရာပစ္မွတ္မ်ား ျဖစ္လာသည္။
အဆိုပါစနစ္မ်ားကို ဆိုက္ဘာတိုက္ခိုက္မႈေအာင္ ျမင္စြာျပဳလုပ္သြားႏိုင္ခဲ့ပါက အသက္အႏၲရာယ္ဆုံးရႈံး ျခင္းႏွင့္ စီးပြားေရးအရထိခိုက္မႈအပါအဝင္ ျပင္းထန္ေသာအက်ိဳးဆက္မ်ားျဖစ္ႏိုင္သည္။ ဆိုက္ဘာတိုက္ ခိုက္မႈသည္ ဘ႑ာေရးေဈးကြက္မ်ားႏွင့္ စီးပြားေရးအေပၚတြင္လည္း မေမွ်ာ္မွန္းႏိုင္ေသာ အက်ိဳးဆက္မ်ား ျဖစ္ေပၚႏိုင္သည္။ အစိုးရကြန္ရက္မ်ား၊ ပုဂၢလိကက႑ကြန္ရက္မ်ားႏွင့္ အေျခခံအေဆာက္ အအုံမ်ားအားလုံး သည္ တိုက္ခိုက္ရန္လြယ္ကူၿပီး ႏိုင္ငံေရးႏွင့္စစ္ေရးသတင္း အခ်က္အလက္မ်ား ေဖာက္ထြင္းရယူရန္ လြယ္ကူ သည္။ ဆိုက္ဘာတိုက္ ခိုက္မႈမ်ားကိုေျဖရွင္းရန္မွာ ႏိုင္ငံမ်ားၾကား ရႈပ္ေထြးေသာပထဝီႏိုင္ငံေရးဆိုင္ရာ အဆက္အစပ္မ်ားက စိန္ေခၚမႈတစ္ခု ျဖစ္ေနသည္။ ႐ုရွားႏွင့္ေနတိုးကဲ့သို႔ေသာ ကမာၻ႔အင္အားႀကီး ႏိုင္ငံ အခ်ိဳ႕ၾကား ပထဝီႏိုင္ငံ ေရးဆိုင္ရာတင္းမာမႈမ်ား ျမင့္တက္လာျခင္းေၾကာင့္ ဆိုက္ဘာတိုက္ခိုက္မႈကို ႏိုင္ငံေတာ္အဆင့္က ေဆာင္႐ြက္သည့္လက္နက္တစ္ခုအျဖစ္ မၾကာခဏျမင္ေတြ႕ လာရဖြယ္ရွိသည္။
အေမရိကန္-တ႐ုတ္ မဟာဗ်ဴဟာ အားၿပိဳင္မႈ
ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ႏိုင္ငံ၏ စစ္ေရးအင္အားႀကီးထြားလာမႈ၊ နည္းပညာဆိုင္ရာ တိုးတက္လာမႈမ်ားႏွင့္ အေမရိကန္ႏိုင္ငံႏွင့္ ဆက္လက္ျဖစ္ေပၚေနသည့္ ကုန္သြယ္ေရးတင္းမာမႈမ်ားသည္ ပထဝီႏိုင္ငံေရးဆိုင္ရာတင္းမာမႈမ်ား ပိုမိုျမင့္တက္လာေစသည္။ အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံၾကားတြင္ ဘက္ေပါင္းစုံဆက္ဆံေရးရွိေသာ္လည္း ကုန္သြယ္ေရး၊ ကုန္ထုတ္လုပ္မႈကြင္းဆက္ႏွင့္စီးပြား ေရးမ်က္ႏွာစာတို႔ တြင္ မၾကာေသးမီႏွစ္မ်ားအတြင္း ပိုမိုရႈပ္ေထြးလာသည္။ ႏွစ္ႏိုင္ငံၾကား သံတမန္ဆက္ သြယ္ေရးတြင္ အဖုအထစ္မ်ားရွိေသာ္လည္း ကုန္ သြယ္ေရးပိုင္းတြင္မူ တိုးတက္မႈရွိလာသည္။
အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ တစ္ႏိုင္ငံ ႏွင့္တစ္ႏိုင္ငံ တာဝန္ခံမႈရွိရွိျဖင့္ယွဥ္ၿပိဳင္ရန္ ကတိ ကဝတ္ျပဳထားၾကသည္။ သို႔ေသာ္ တင္းမာေသာ ဆက္ဆံေရးေၾကာင့္ ျဖစ္ေပၚလာသည့္အက်ပ္ အတည္းမ်ား မွာ ရွိေနဆဲျဖစ္သည္။ အေမရိကန္သည္ တ႐ုတ္ႏိုင္ငံႏွင့္ကုန္သြယ္မႈလိုေငြ ေလွ်ာ့ခ်ရန္ တ႐ုတ္သြင္းကုန္မ်ား အေပၚ အခြန္စည္းၾကပ္မႈ ပိုမိုခ်မွတ္ခဲ့ သည့္ ၂၀၁၈ ခုႏွစ္တြင္ ကုန္သြယ္ေရးတင္းမာမႈျမင့္တက္ခဲ့သည္။
ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးပဋိပကၡျမင့္တက္လာျခင္းသည္ ကမာၻလုံးဆိုင္ရာကုန္သြယ္ေရးအေပၚ မ်ားစြာအက်ိဳးသက္ေရာက္ေစခဲ့သည္။ အေမရိကန္ႏွင့္ တ႐ုတ္တို႔သည္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလတြင္ ကုန္သြယ္ေရး ညႇိႏႈိင္းမႈျပဳလုပ္ခဲ့သည္။ သို႔ေသာ္ အဆိုပါ ညႇိႏႈိင္းမႈမွာ ၂၀၁၉ ခုႏွစ္ ေမလတြင္ပ်က္သြားခဲ့သည္။
အေမရိကန္ႏိုင္ငံသည္ တ႐ုတ္ပို႔ကုန္မ်ားအေပၚ တင္းၾကပ္မႈအခ်ိဳ႕ခ်မွတ္ခဲ့သည္။ အထူးသျဖင့္ ဉာဏ မူပိုင္ခြင့္ႏွင့္ပတ္သက္၍ စိုးရိမ္ျခင္းေၾကာင့္ နည္းပညာ က႑အေပၚခ်မွတ္ခဲ့ျခင္းျဖစ္သည္။ အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား သဘာဝဓာတ္ေငြ႕ရည္ LNG တြင္ ကုန္သြယ္မႈျမင့္တက္လာျခင္းသည္လည္း ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို အက်ိဳးသက္ေရာက္ေစခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္သဘာဝ ဓာတ္ေငြ႕ရည္ LNG အမ်ားဆုံးတင္သြင္းသည့္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္သည္။ ယင္းမွာ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ရာတြင္ အေမရိကန္၏ ကုန္သြယ္မႈလိုေငြကိုေလွ်ာ့ခ်ရန္ အေထာက္အကူျဖစ္ေစသည့္ က႑လည္းျဖစ္သည္။
ႏိုင္ငံမ်ားတြင္ အက်ိဳးစီးပြားႏွင့္ပဋိပကၡမ်ား ထပ္ေနသည့္နယ္ပယ္မ်ားရွိသည္။ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ေငြတိုက္စာခ်ဳပ္ဘြန္းမ်ားကို ေရာင္းခ်ရန္ ၿခိမ္းေျခာက္ခဲ့သည္။ အေမရိကန္ႏိုင္ငံကလည္း တ႐ုတ္ နည္းပညာကုမၸဏီအခ်ိဳ႕ကို နာမည္ပ်က္စာရင္း သြင္းခဲ့သည္။ ႏွစ္ႏိုင္ငံကုန္သြယ္ေရးတင္းမာမႈအေပၚ စိုးရိမ္မႈ ျမင့္တက္လာျခင္းသည္ ဘ႑ာေရးဆိုင္ရာ ကြဲျပားမႈ ထပ္မံျဖစ္လာေစႏိုင္သည္။ ပဋိပကၡတစ္ခုသည္ ကမာၻလုံး ဆိုင္ရာ ဘ႑ာေရးေဈးကြက္မ်ားကို ႀကီးမားေသာ အတားအဆီးတစ္ခု ျဖစ္ႏိုင္သည္။
လက္ေတြ႕ဝါဒ-ဂလိုဘယ္လိုက္ေဇးရွင္းမွ ဖယ္ခြာျခင္း
မၾကာေသးမီႏွစ္မ်ားအတြင္းက ကုန္စည္မ်ား၊ ဝန္ေဆာင္မႈမ်ား၊ လူသားအရင္းအျမစ္မ်ား၊ အရင္း အႏွီးမ်ားႏွင့္ နည္းပညာတို႔ကို ႏိုင္ငံတကာအေ႐ြ႕ မ်ားအျဖစ္ တိုးျမႇင့္ေဆာင္႐ြက္ခဲ့ျခင္း၏ အက်ိဳးေက်းဇူးကို ခံစားခဲ့ၾကရျခင္းႏွင့္ပတ္သက္၍ ေမးခြန္းထုတ္မႈ မ်ားရွိလာသည္။ သို႔ျဖစ္ရာ အမ်ိဳးသားေရးဝါဒ၊ ကိုယ္ က်ိဳးစီးပြားကာကြယ္ေရးဝါဒႏွင့္ ေပၚျပဴလစ္လႈပ္ရွားမႈ မ်ားေခါင္းေထာင္လာခဲ့ရာ မေသခ်ာမေရရာမႈမ်ား တိုးျမင့္လာၿပီး ဂလိုဘယ္လိုက္ေဇးရွင္း၏အရွိန္ ေလ်ာ့က်လာႏိုင္ေျခဆီ ဦးတည္လာသည္။
ကမာၻတစ္ဝန္းရွိ ႏိုင္ငံအမ်ားအျပားသည္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ႏိုင္ငံတကာခရီးသြား လုပ္ငန္းအေပၚ ကန႔္သတ္မႈမ်ားႏွင့္နယ္စပ္ဂိတ္မ်ားကိုပိတ္လိုက္ျခင္းေၾကာင့္ သြင္းကုန္ပစၥည္းအေပၚ အလြန္ အကြၽံ မွီခိုေနရသည့္ႏိုင္ငံမ်ား၏ အားနည္းခ်က္ကို ထင္သာျမင္သာျဖစ္ေစခဲ့သည္။ အစိုးရမ်ားအေနျဖင့္ တစ္ႏိုင္ငံတည္းေသာ မိတ္ဖက္ကုန္သြယ္ေရးအေပၚတြင္ မွီခိုေနရမႈကိုေလွ်ာ့ခ်ရန္ အကာအကြယ္ယူသည့္ အေနျဖင့္ သြင္းကုန္အရင္းအျမစ္ မ်ိဳးစုံမွရယူရန္ စိတ္အားထက္သန္လာၾကသည္။ သို႔ေသာ္လည္း လက္ေတြ႕ တြင္မူ နယ္စပ္ျဖတ္ေက်ာ္ စီးပြားေရးလုပ္ငန္းသည္သာ အလုပ္ျဖစ္ေနဆဲျဖစ္သည္။ စူပါပါဝါအားၿပိဳင္မႈမ်ား ျမင့္ တက္ေနသည့္ အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ပင္ ၎တို႔၏ အားေကာင္းသည့္ ႏွစ္ႏိုင္ငံကုန္သြယ္ေရး ျဖင့္သာ ေရွ႕ဆက္ေနၾကၿမဲျဖစ္သည္။ Global Market Intelligence ကုန္သြယ္မႈစာရင္းမ်ားအရ ဖြံ႕ၿဖိဳးၿပီး ထိပ္ တန္း(၁၀)ႏိုင္ငံတြင္ ဘရာဇီးႏိုင္ငံမွလြဲ၍ ႏိုင္ငံအမ်ားစု၏ ႏွစ္စဥ္ပို႔ကုန္တန္ဖိုးတိုးတက္မႈမွာလည္း က်ဆင္း ေနပါသည္။ တ႐ုတ္ႏိုင္ငံသည္ပင္ ကိုဗစ္-၁၉ ကပ္ေရာဂါကန႔္သတ္မႈမ်ားေျဖေလွ်ာ့ေပးခဲ့သည့္တိုင္ ပို႔ကုန္တင္ပို႔ မႈ သိသိသာသာ က်ဆင္းလာသည္။
ဂလိုဘယ္လိုက္ေဇးရွင္းကို ဆန႔္က်င္ေရးလႈပ္ရွားမႈသည္ စီးပြားေရးတိုးတက္မႈႏွင့္ ႏိုင္ငံတကာ ဆက္ဆံ ေရးအေပၚ ၿခိမ္းေျခာက္လာသည္။ အစိုးရမ်ားသည္ ၎တို႔၏လုပ္ငန္းမ်ားႏွင့္ ႏိုင္ငံသားမ်ားကို ႏိုင္ငံရပ္ျခား ယွဥ္ၿပိဳင္မႈမ်ားမွ အကာအကြယ္ေပးသည့္ ကိုယ္က်ိဳးစီးပြားကာကြယ္ေရး မူဝါဒကို က်င့္သုံးလာ ေနၾကပါသည္။ ဥပမာအားျဖင့္ ျပည္တြင္းကုန္ထုတ္ လုပ္သူမ်ားကို ႏိုင္ငံျခားကုန္ထုတ္လုပ္သူမ်ားထက္ အခြင့္အေရးပိုေပးျခင္း ႏွင့္မက္လုံးေပးျခင္းတို႔ကို အေကာင္အထည္ေဖာ္လာၾကပါသည္။ ပထဝီႏိုင္ငံ ေရးအက်ပ္အတည္းမ်ား ရွိေန သည့္တိုင္ ကိုယ္က်ိဳးစီးပြား ကာကြယ္ေရးမူဝါဒႏွင့္ ႏိုင္ငံစုံကုန္သြယ္ေရးကို ဆန႔္က်င္မႈမွာ လက္ေတြ႕ရွိေနဆဲ ျဖစ္သည္။ ကမာၻလုံးဆိုင္ရာ ကုန္သြယ္ေရးပဋိပကၡမွာ ၂၀၂၄ ခုႏွစ္အတြင္း Global Trade Analytics Suite (GTAS) ၏ ခန႔္မွန္းခ်က္အရ ၂၀၂၄ ခုႏွစ္အတြင္းမွာပင္ ျပန္၍နာလန္ထူလာၿပီး ေရရွည္တည္ၿငိမ္ ဖြံ႕ၿဖိဳးသည့္ လမ္းေၾကာင္းဆီ ျပန္ေရာက္ႏိုင္သည္။
ရာသီဥတု ေျပာင္းလဲမႈ အက်ပ္အတည္း
ရာသီဥတုေျပာင္းလဲမႈ အက်ပ္အတည္းသည္လည္း ကမာၻ႔ႏိုင္ငံေရးေဆြးေႏြးစရာမ်ားထဲတြင္ တစ္ခု အပါအဝင္ျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ ပထဝီႏိုင္ငံေရး အက်ပ္အတည္းတစ္ခုျဖစ္သည္။ ရာသီဥတု ေျပာင္းလဲမႈ အက်ပ္အတည္းသည္ အမ်ိဳးသားလုံၿခဳံေရးႏွင့္ ကမာၻလုံးဆိုင္ရာတည္ၿငိမ္ေရးအေပၚတြင္မ်ားစြာ အက်ိဳး သက္ေရာက္မႈရွိႏိုင္သည္။ ရာသီဥတု ေျပာင္းလဲမႈ၏ အက်ိဳးသက္ေရာက္မႈမ်ားကို မိုးေခါင္ျခင္း၊ ေရႀကီးျခင္း စသည့္ ရာသီဥတုအစြန္းေရာက္မႈမ်ား၊ ဇီဝမ်ိဳးစိတ္မ်ားမ်ိဳးတုံးျခင္း၊ ပင္လယ္ ေရမ်က္ႏွာျပင္ ျမင့္တက္ျခင္းႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ဆင္းရဲႏြမ္းပါးမႈ ျမင့္တက္လာျခင္းစသည့္ ပုံစံမ်ိဳးစုံျဖင့္ အထင္အရွားျမင္ေတြ႕ရႏိုင္ သည္။ ရာသီဥတု ေျပာင္းလဲမႈ၏ ရလဒ္မ်ားျဖစ္သည့္ မုန္တိုင္းမ်ား တိုက္ခတ္ျခင္း၊ မိုးေခါင္ျခင္း၊ ေရႀကီးျခင္းႏွင့္ ေတာမီးေလာင္ျခင္း စသည္တို႔သည္ အေျခခံအေဆာက္အအုံမ်ားႏွင့္ ကုန္ထုတ္လုပ္မႈျဖစ္စဥ္ကိုပ်က္စီးေစၿပီး အရင္းအျမစ္ရွား ပါးမႈႏွင့္ စီးပြားေရးမတည္ၿငိမ္မႈ ျဖစ္ေစႏိုင္သည္။
ကမာၻ႔ေနရာအခ်ိဳ႕တြင္ ေမွ်ာ္လင့္မထားသည့္ အေျခအေနမ်ားကို ျဖစ္ေပၚေစႏိုင္သည္။ တူရကီ၊ ဆီးရီးယားႏွင့္ အီရတ္စသည့္ႏိုင္ငံမ်ားၾကားတြင္ ပထဝီႏိုင္ငံေရးတင္းမာမႈမ်ားျမင့္တက္ေစသည့္ ေရရွား ပါးမႈမ်ိဳးျဖစ္ေစႏိုင္သည္။ အာဖရိကဦးခ်ိဳေဒသတြင္ မၾကာခဏမိုးေခါင္မႈမ်ား ျဖစ္ေပၚေနျခင္းသည္ စိုက္ပ်ိဳးေရး ႏွင့္ ေသာက္သုံးေရအတြက္ ေရရွိမႈေလ်ာ့ နည္းသြားႏိုင္ပါသည္။ ေတာင္အေမရိကေဒသတြင္လည္း ေရရွားပါးမႈ ေၾကာင့္ ကုန္ထုတ္လုပ္ငန္းမ်ား ထိခိုက္ကာ စိုက္ပ်ိဳးေျမဧရိယာ ေလ်ာ့နည္းလာျခင္း၊ အစားအစာေဈးႏႈန္းမ်ား ျမင့္တက္လာျခင္းတို႔ကို ႀကဳံေတြ႕ရႏိုင္သည္။ ဘရာဇီးႏိုင္ငံ၏ စိုက္ပ်ိဳးေရး က႑သည္ မိုးေခါင္မႈေၾကာင့္ ၂၀၂၁ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၉ ဘီလ်ံအထိ ဆုံးရႈံးခဲ့ရသည္။ ရာသီဥတုေျပာင္းလဲမႈကိုေျဖရွင္းရန္ ကမာၻလုံး ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈျဖစ္လာေစေရး ႀကိဳးပမ္းရာတြင္ ပထဝီႏိုင္ငံေရးမွာ အလြန္အေရးႀကီးသည့္ အခန္းက႑မွပါဝင္သည္။ ႏိုင္ငံေပါင္း ၁၉၆ ႏိုင္ငံသည္ ၂၀၁၅ ခုႏွစ္တြင္ခ်မွတ္ခဲ့သည့္ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ ပဲရစ္သေဘာတူညီခ်က္တြင္ လက္မွတ္ေရးထိုးထားၾကပါသည္။ ကမာၻႀကီးပူေႏြးလာ မႈကိုရပ္တန႔္ရန္ လုံေလာက္သည့္ စုေပါင္းေဆာင္ ႐ြက္မႈမလုပ္ႏိုင္ပါက ကပ္ေဘးျဖစ္လာႏိုင္သည္။
ထိုသို႔ျဖစ္လာပါက အစုလိုက္အၿပဳံလိုက္ေ႐ႊ႕ ေျပာင္းရမႈမ်ား၊ ေရႏွင့္အစားအစာ မလုံေလာက္မႈမ်ား ႏွင့္ ျပည္တြင္းမၿငိမ္သက္မႈ စသည္တို႔ကို ႀကဳံေတြ႕ရ မည္ျဖစ္သည္။
စြမ္းအင္ဖူလုံေရး
စြမ္းအင္အရင္းအျမစ္မ်ား အလြယ္တကူရရွိ ေနျခင္းသည္ ႏိုင္ငံတစ္ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္မႈအတြက္ အလြန္အေရးႀကီးသည္။ ရာသီဥတုေျပာင္းလဲမႈ၊ ဆိုက္ဘာလုံၿခဳံေရးၿခိမ္းေျခာက္မႈႏွင့္ ယူကရိန္းတြင္ျဖစ္ပြားေနသည့္ စစ္ပြဲတို႔သည္ ကမၻ တစ္ဝန္း စြမ္းအင္ဖူလုံေရးအတြက္ စိုးရိမ္မႈျမင့္တက္ ေစၿပီး ၂၀၂၄ ခုႏွစ္ ပထဝီႏိုင္ငံေရး အဓိကအက်ပ္အတည္းမ်ားအျဖစ္ ဆက္ရွိေနမည္ျဖစ္သည္။
ဥေရာပသည္ အိမ္ေထာင္စုမ်ားႏွင့္ စက္မႈလုပ္ ငန္းမ်ားအတြက္ ေဈးႏႈန္းခ်ိဳသာသည့္ ႐ုရွား ဓာတ္ေငြ႕ ဝယ္ယူရရွိျခင္းမရွိသည့္ေနာက္တြင္ ႀကီးမားသည့္စိန္ ေခၚမႈႏွင့္ရင္ဆိုင္ႀကဳံေတြ႕ေနရသည္။ ႐ုရွားႏိုင္ငံက ယူကရိန္းႏိုင္ငံကို ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တိုက္ခိုက္ခဲ့ခ်ိန္မွစ၍ ဥေရာပ စြမ္းအင္ဖူလုံေရးမွာ လည္း ၿခိမ္းေျခာက္ခံေနရျခင္းျဖစ္သည္။ ဥေရာပ ဓာတ္ေငြ႕ေဈးႏႈန္းမွာလည္း တစ္ခ်ိန္လုံးျမင့္မားေန သည္။ ၂၀၂၂ ခုႏွစ္က အေျခအေနမ်ားသည္ ႏိုင္ငံအခ်ိဳ႕ကို ယခင္က ၎တို႔ပိတ္ထားခဲ့သည့္ သို႔မဟုတ္ ပိတ္မည္ဟု ရည္႐ြယ္ထားသည့္ ေက်ာက္မီးေသြးစက္ ႐ုံမ်ားကိုျပန္ဖြင့္ရန္ တာစူလာေစခဲ့သည္။ ေက်ာက္မီး ေသြးစက္႐ုံမ်ား သည္ သန႔္ရွင္းေသာစြမ္းအင္ျဖစ္ေစေရး ၿခိမ္းေျခာက္မႈတစ္ခုျဖစ္သည္။ ရာသီဥတုေျပာင္း လဲမႈကိုတိုက္ဖ်က္ရန္ ျပဳျပင္ေျပာင္းလဲမႈကို အေကာင္အထည္ေဖာ္ျခင္းသည္ ေရရွည္ေဆာင္႐ြက္ရမည့္ အာဂ်င္ဒါျဖစ္ၿပီး ေဈးႏႈန္း သက္သာသည့္ စြမ္းအင္ ရရွိေစေရး ေဆာင္႐ြက္ေပးျခင္းသည္ ကာလတိုစိန္ ေခၚမႈမ်ားကိုတုံ႔ျပန္ရာတြင္ ႏိုင္ငံမ်ားအတြက္ အျမန္ေဆာင္႐ြက္ရမည့္ ဦးစားေပးအာဂ်င္ဒါတစ္ခုျဖစ္ သည္။ စြမ္းအင္က႑ကို ဒီဂ်စ္တယ္ စနစ္ ျပဳလုပ္ျခင္းသည္ စြမ္းအင္အေျခခံအေဆာက္အအုံမ်ားကို ဆိုက္ဘာတိုက္ခိုက္မႈျပဳလုပ္ႏိုင္သည့္ ဟာ ကြက္တစ္ခုျဖစ္ေစသည္။ ထိုကဲ့သို႔ေသာတိုက္ခိုက္မႈမ်ားသည္ အေရးႀကီးအေျခခံအေဆာက္အအုံႏွင့္ စြမ္းအင္ ေထာက္ပံ့ ေရးစနစ္ကို အမ်ားအျပားထိခိုက္ပ်က္စီးေစႏိုင္သည္။
ကိုဗစ္-၁၉ ကပ္ေရာဂါႏွင့္ ျဖစ္ႏိုင္ေျခ အနာဂတ္ကပ္ေရာဂါမ်ား
ကပ္ေရာဂါ၏ လူမႈေရးႏွင့္စီးပြားေရး အက်ိဳးသက္ေရာက္မွာ ယေန႔အထိခံစားေနရဆဲျဖစ္သည္။ ဗိုင္းရပ္စ္အသစ္မ်ားေပၚေပါက္လာျခင္း၊ ေရာဂါကူးစက္မႈမ်ား၊ ကမာၻလုံးဆိုင္ရာ က်န္းမာေရးစီမံ ခန႔္ခြဲမႈ၏ အနာဂတ္ႏွင့္ကုန္ထုတ္လုပ္မႈျဖစ္စဥ္အေပၚ အက်ိဳးသက္ေရာက္မႈတို႔မွာ ၂၀၂၄ ခုႏွစ္အတြင္း သာမက ေနာက္ပိုင္းတြင္လည္း ဆက္လက္ျဖစ္ေပၚ ေနႏိုင္သည္။ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ႏိုင္ငံ အမ်ားအျပား သည္ ၎တို႔၏နယ္စပ္မ်ားကို ပိတ္လိုက္ျခင္းႏွင့္ ဗိုင္းရပ္စ္ကူးစက္မႈထိန္းခ်ဳပ္ရန္ ခရီးသြားလာမႈကို ကန႔္သတ္ လိုက္ျခင္းတို႔ေၾကာင့္ ကမာၻလုံးဆိုင္ရာကုန္သြယ္ေရးအေပၚ သိသိသာသာ အက်ိဳးသက္ေရာက္ေစခဲ့သည္။ အထူးသျဖင့္ ကုန္ထုတ္လုပ္မႈျဖစ္စဥ္အေပၚ မ်ားစြာထိခိုက္ေစခဲ့သည္။ ကုန္ထုတ္လုပ္မႈျဖစ္စဥ္သည္ ကုန္စည္ အမ်ိဳးအစား မ်ိဳးစုံလိုအပ္ျခင္း၊ အလုပ္သမားျပတ္လပ္မႈႏွင့္ ယခင္ကရွိၿပီး ႏိုင္ငံေရးဖိအားမ်ားႏွင့္ရင္ဆိုင္ ႀကဳံေတြ႕ ရသည္။ ကပ္ေရာဂါသည္ ႏိုင္ငံအခ်ိဳ႕ကို ကိုယ္က်ိဳး စီးပြားကာကြယ္ေရးစနစ္ က်င့္သုံးလာေစရန္တြန္း အားေပးသကဲ့သို႔ျဖစ္ေစခဲ့ၿပီး ကုန္သြယ္မႈ အတားအ ဆီးမ်ားႏွင့္ အခြန္စည္းၾကပ္မႈ တိုးျမႇင့္ေကာက္ခံျခင္း တို႔ ျပဳလုပ္လာေစသည္။ အဆိုပါ မူဝါဒမ်ားသည္ ပထဝီႏိုင္ငံေရးတင္းမာမႈမ်ား ျဖစ္ေပၚေစၿပီး ပထဝီ ႏိုင္ငံေရး တည္ၿငိမ္မႈႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ဆိုးက်ိဳးသက္ေရာက္ကာ ကမာၻ႔ကုန္သြယ္ေရး စနစ္ကို ပို၍အကြဲကြဲအျပားျပားျဖစ္ေစသည္။
ကိုဗစ္-၁၉ ကပ္ေရာဂါသည္ ကမာၻလုံးဆိုင္ရာ က်န္းမာေရးစီမံခန႔္ခြဲမႈစနစ္တြင္ အားနည္းခ်က္ မ်ားရွိေနေၾကာင္း လစ္ဟျပလိုက္သကဲ့သို႔ ေရာဂါေထာက္လွမ္းေရးစနစ္မ်ားႏွင့္ ကာကြယ္ေဆး သုေတ သနႏွင့္ ဖြံ႕ၿဖိဳးေရးတို႔တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားအျပား ျပဳလုပ္ရန္လိုအပ္ေၾကာင္း မီးေမာင္းထိုးျပလိုက္ျခင္း လည္းျဖစ္သည္။ ႏိုင္ငံအမ်ားစုသည္ ကပ္ေရာဂါကို ထိထိေရာက္ေရာက္တုံ႔ျပန္ႏိုင္ေရး ညႇိႏႈိင္းေဆာင္႐ြက္ ရာတြင္ အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနၾကရသည္။ ယင္းမွာ ႏိုင္ငံမ်ားၾကား ယုံၾကည္မႈႏွင့္ ပူးေပါင္းေဆာင္ ႐ြက္မႈမရွိျခင္းေၾကာင့္ျဖစ္ၿပီး အနာဂတ္က်န္းမာေရး အက်ပ္အတည္းမ်ားကို ကိုင္တြယ္ေျဖရွင္းရာတြင္ လည္း အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ၾကရဦးမည္ျဖစ္သည္။
ေရွ႕လာမည့္ျဖတ္သန္းမႈမ်ားသည္ အျပန္အလွန္ ဆက္ႏႊယ္ေနၿပီး ကုန္သြယ္ေရးအေပၚတြင္လည္း ႀကီး မားသည့္အက်ိဳးသက္ေရာက္မႈမ်ားရွိႏိုင္သည္။ ႐ုရွား-ယူကရိန္း ပဋိပကၡလားရာလမ္းေၾကာင္းသည္ ႐ုရွားႏိုင္ငံ ကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ကုန္သြယ္ ေရးအေပၚတြင္လည္းေကာင္း၊ ေဈးႏႈန္းသက္သာသည့္ ႐ုရွားဓာတ္ ေငြ႕မ်ားကို ကမာၻ႔အျခားေနရာမ်ားမွ ရရွိသုံးစြဲေရးအေပၚတြင္လည္းေကာင္း အက်ိဳးသက္ ေရာက္ေစမည္ျဖစ္ သည္။ ႏိုင္ငံေတာ္အဆင့္က ျပဳလုပ္သည့္ ဆိုက္ဘာတိုက္ခိုက္မႈမ်ား တိုးျမႇင့္ျဖစ္လာႏိုင္ျခင္းေၾကာင့္ ကမာၻ တစ္ဝန္းရွိအစိုးရမ်ားႏွင့္ အဖြဲ႕အစည္းမ်ားသည္ အေရးႀကီးကိစၥအျဖစ္ တပ္လွန႔္ႏႈိး ေဆာ္ထားၾကသည္။ ဓာတ္ အားလိုင္းမ်ားႏွင့္ ေရေပး ေဝေရးကြန္ရက္မ်ား စသည့္ အထူးအေရးႀကီးသည့္ အေျခခံအေဆာက္အအုံမ်ားကို ပစ္မွတ္ထား တိုက္ခိုက္လာႏိုင္ျခင္းေၾကာင့္ အေရးႀကီးသတိေပး ႏႈိးေဆာ္ ထားၾကသည္။ စူပါပါဝါတို႔၏ အားၿပိဳင္မႈျမင့္တက္ လာျခင္းသည္ ကမာၻ႔စီးပြားေရးအေပၚမ်ားစြာ အက်ိဳးသက္ေရာက္ေစသည္။ အေမရိကန္ႏွ င့္ တ႐ုတ္ႏိုင္ငံၾကား ကုန္သြယ္ေရးအေပၚတြင္ ထိခိုက္ေစျခင္းသည္ ကြၽန္ေတာ္တို႔အားလုံးအေပၚ အက်ိဳးသက္ ေရာက္မႈ မလြဲမေသြ ရွိလာမည္ျဖစ္သည္။
ကုန္သြယ္ေရးစစ္ပြဲႏွင့္ ႏိုင္ငံတကာတင္းမာမႈ ျမင့္တက္ျခင္းသည္ ႏိုင္ငံတကာပူးေပါင္း ေဆာင္႐ြက္ မႈႏွင့္ကုန္သြယ္မႈစီးဆင္းျခင္း အရွိန္ေႏွးေကြးေစ မည္ျဖစ္သည္။ ရာသီဥတုေျပာင္းလဲမႈ၊ စြမ္းအင္လုံၿခဳံ ေရးစိုးရိမ္မႈ၊ ႏိုင္ငံေတာ္အဆင့္ကေဆာင္႐ြက္သည့္ ဆိုက္ဘာတိုက္ခိုက္မႈမ်ားသည္ ၂၀၂၄ ခုႏွစ္အတြင္း ကမာၻလုံးဆိုင္ရာတည္ၿငိမ္ေရးႏွင့္ အမ်ိဳးသားလုံၿခဳံ ေရးအေပၚ မ်ားစြာအက်ိဳးသက္ေရာက္ႏိုင္ေျခရွိသည္။ သို႔ေသာ္လည္း ပြတ္တိုက္မႈရွိေနသည့္ႏိုင္ငံမ်ားၾကား ႏွစ္ႏိုင္ငံကုန္သြယ္မႈမ်ားဆက္ရွိေနျခင္းသည္ ပထဝီ ႏိုင္ငံေရး တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္လည္း မိတ္ဖက္ျဖစ္မႈလည္း ဆက္ရွိေနဦးမည္ျဖစ္သည္။

Related news

© 2021. All rights reserved.