မန္တလေးမြို့တွင် လုယက်မှုဖြစ်စဉ်အများစုကို ကျူးလွန်သူများမှာ မူးယစ်ဆေးသုံးစွဲသူများဖြစ်နေ

 1983

သန့်ဇင် (NP News) ဧပြီ - ၁၁

မန္တလေးမြို့တွင် လုယက်မှုဖြစ်စဉ်အများစုကို ကျူးလွန်သူများမှာ မူးယစ်ဆေးသုံးစွဲသူများဖြစ် ကြောင်း ဒေသခံပရဟိတအသင်းများထံမှ သိရသည်။

မန္တလေးမြို့တွင် တစ်လအတွင်း လုယက်မှု(၁၅)ကြိမ်ထက်မနည်းဖြစ်ပွားလျက်ရှိပြီး ပြည်ကြီးတံခွန်မြို့ နယ်နှင့် ချမ်းမြသာစည်မြို့နယ်များ၌ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

" လုယက်တဲ့ဖြစ်စဉ်တွေက မန္တလေးမှာ နေ့တိုင်း လိုလိုဖြစ်နေတာပါ။ တချို့အရာတွေဆို ထုတ်မပြလို့ လူတွေမသိတာတွေရှိတယ်။ လုယက်တဲ့ဖြစ်စဉ်တွေ ကတော့ မူးယစ်သမားတွေက ငွေလိုလို့လုပ်ကြတာ ပေါ့။ အဓိကကတော့ မူးယစ်ဆေးပြဿနာပါ။ တချို့ ဆို ပစ္စည်းယူတာတင်မကပဲ လူတွေကိုပါ ရန်ရှာတာ တွေရှိတယ်။ တစ်လောတုန်းကဆို ကျွန်တော့်မိတ် ဆွေတစ်ယောက် လမ်းမှာဆိုင်ကယ်နဲ့ ပြန်လာတာကို ဝိုင်းပြီးဆိုင်ကယ်လုကြတာ။ သူကလည်း လူကိုတော့ မလုပ်ပါနဲ့ ပစ္စည်းယူသွားပါပြောတာကို ဓားနဲ့ထိုးသွား သေးတယ်"ဟု ဒေသခံပရဟိတအသင်းမှ တာဝန်ရှိ သူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ လုယက်မှုကျူးလွန်သူများသည် အနည်းဆုံးလူ(၃)ဦးဖြင့် အုပ်စုဖွဲ့ကာ တန်ဖိုးကြီး ဆိုင်ကယ်အများစုကို အဓိကထားလုယက်ခဲ့ကြပြီး လူသတ်ထိုးကြိတ်သည်အထိ အကြမ်းဖက်မှုများ လုပ်ဆောင်ကြောင်း သိရသည်။

" အရင်တုန်းကတော့ စားဝတ်နေရေးကြောင့် လုယက်တာတွေများတယ်။ အခုနောက်ပိုင်းမှာတော့ မူးယစ်ဆေးသုံးစွဲဖို့ ငွေလို လို့လုပ်လာကြတယ်။ လုတဲ့လူတွေအများစုကလည်း လူလတ်ပိုင်းအရွယ်တွေလုပ်ကြတာ။ လူနည်းတဲ့ နေရာတွေမှာလုကြသလို တချို့ဆို လူစည်ကားတဲ့ နေရာတွေမှာပါအတင့်ရဲပြီး လုကြတယ်။ အဲဒီလိုလုယက်ခံရရင်လည်း လူသတ်ခံရတဲ့အထိလုပ်ကြတယ်။ သူတို့ အဓိကပစ်မှတ်ထားပြီး လုကြတာတော့ Click နဲ့ Scoopy ဆိုင်ကယ်တွေကို လုကြတယ်။ အခုနောက် ပိုင်းဆို အိုးဝေတွေကိုပါလုလာကြတယ်။ ကျူးလွန် သူတွေကို မိတာလည်းရှိသလို မမိတာတွေလည်းရှိ တယ်။ အဲဒါကြောင့် ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နယ်မြေခံရဲတွေက ဖိအားပေးခံနေရတယ်လို့တော့ ကြားမိတယ်"ဟု ဒေသခံပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

ထိုသို့ လုယက်မှုများဖြစ်ပွားနေသည့်အတွက် မန္တလေးမြို့အတွင်း လူသွားလူလာပြတ်သည့်နေရာ များသို့ သွားလာခြင်းများကို အတက်နိုင်ဆုံးရှောင်ကြဉ် ကြရန် အထက်ပါလူမှုကူညီရေးအသင်းများက အကြံ ပြုပြောဆိုထားသည်။ အလားတူ မန္တလေးမြို့တွင် ဧပြီ လ ၁ ရက်တည်းတွင် အုပ်စုဖွဲ့လုယက်မှု(၂)ကြိမ် ဖြစ် ပွားခဲ့ကာ အမျိုးသမီးတစ်ဦးနှင့် ဝအမျိုးသားနှစ်ဦး သည် ထိုးကြိတ်ရိုက်နှက်ခံခဲ့ရပြီး ဆိုင်ကယ်များ လုယက်ခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

zawgyi version
မႏၲေလးၿမိဳ႕တြင္ လုယက္မႈျဖစ္စဥ္အမ်ားစုကို က်ဴးလြန္သူမ်ားမွာ မူးယစ္ေဆးသုံးစြဲသူမ်ားျဖစ္ေန
သန႔္ဇင္ (NP News) ဧၿပီ - ၁၁

မႏၲေလးၿမိဳ႕တြင္ လုယက္မႈျဖစ္စဥ္အမ်ားစုကို က်ဴးလြန္သူမ်ားမွာ မူးယစ္ေဆးသုံးစြဲသူမ်ားျဖစ္ ေၾကာင္း ေဒသခံပရဟိတအသင္းမ်ားထံမွ သိရသည္။

မႏၲေလးၿမိဳ႕တြင္ တစ္လအတြင္း လုယက္မႈ(၁၅)ႀကိမ္ထက္မနည္းျဖစ္ပြားလ်က္ရွိၿပီး ျပည္ႀကီးတံခြန္ၿမိဳ႕ နယ္ႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္မ်ား၌ အမ်ားဆုံးျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

" လုယက္တဲ့ျဖစ္စဥ္ေတြက မႏၲေလးမွာ ေန႔တိုင္း လိုလိုျဖစ္ေနတာပါ။ တခ်ိဳ႕အရာေတြဆို ထုတ္မျပလို႔ လူေတြမသိတာေတြရွိတယ္။ လုယက္တဲ့ျဖစ္စဥ္ေတြ ကေတာ့ မူးယစ္သမားေတြက ေငြလိုလို႔လုပ္ၾကတာ ေပါ့။ အဓိကကေတာ့ မူးယစ္ေဆးျပႆနာပါ။ တခ်ိဳ႕ ဆို ပစၥည္းယူတာတင္မကပဲ လူေတြကိုပါ ရန္ရွာတာ ေတြရွိတယ္။ တစ္ေလာတုန္းကဆို ကြၽန္ေတာ့္မိတ္ ေဆြတစ္ေယာက္ လမ္းမွာဆိုင္ကယ္နဲ႔ ျပန္လာတာကို ဝိုင္းၿပီးဆိုင္ကယ္လုၾကတာ။ သူကလည္း လူကိုေတာ့ မလုပ္ပါနဲ႔ ပစၥည္းယူသြားပါေျပာတာကို ဓားနဲ႔ထိုးသြား ေသးတယ္"ဟု ေဒသခံပရဟိတအသင္းမွ တာဝန္ရွိ သူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ လုယက္မႈက်ဴးလြန္သူမ်ားသည္ အနည္းဆုံးလူ(၃)ဦးျဖင့္ အုပ္စုဖြဲ႕ကာ တန္ဖိုးႀကီး ဆိုင္ကယ္အမ်ားစုကို အဓိကထားလုယက္ခဲ့ၾကၿပီး လူသတ္ထိုးႀကိတ္သည္အထိ အၾကမ္းဖက္မႈမ်ား လုပ္ေဆာင္ေၾကာင္း သိရသည္။

" အရင္တုန္းကေတာ့ စားဝတ္ေနေရးေၾကာင့္ လုယက္တာေတြမ်ားတယ္။ အခုေနာက္ပိုင္းမွာေတာ့ မူးယစ္ေဆးသုံးစြဲဖို႔ ေငြလို လို႔လုပ္လာၾကတယ္။ လုတဲ့လူေတြအမ်ားစုကလည္း လူလတ္ပိုင္းအ႐ြယ္ေတြလုပ္ၾကတာ။ လူနည္းတဲ့ ေနရာေတြမွာလုၾကသလို တခ်ိဳ႕ဆို လူစည္ကားတဲ့ ေနရာေတြမွာပါအတင့္ရဲၿပီး လုၾကတယ္။ အဲဒီလိုလုယက္ခံရရင္လည္း လူသတ္ခံရတဲ့အထိလုပ္ၾကတယ္။ သူတို႔ အဓိကပစ္မွတ္ထားၿပီး လုၾကတာေတာ့ Click နဲ႔ Scoopy ဆိုင္ကယ္ေတြကို လုၾကတယ္။ အခုေနာက္ ပိုင္းဆို အိုးေဝေတြကိုပါလုလာၾကတယ္။ က်ဴးလြန္ သူေတြကို မိတာလည္းရွိသလို မမိတာေတြလည္းရွိ တယ္။ အဲဒါေၾကာင့္ ဒီျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး နယ္ေျမခံရဲေတြက ဖိအားေပးခံေနရတယ္လို႔ေတာ့ ၾကားမိတယ္"ဟု ေဒသခံပရဟိတအသင္းတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ဆက္လက္ေျပာသည္။

ထိုသို႔ လုယက္မႈမ်ားျဖစ္ပြားေနသည့္အတြက္ မႏၲေလးၿမိဳ႕အတြင္း လူသြားလူလာျပတ္သည့္ေနရာ မ်ားသို႔ သြားလာျခင္းမ်ားကို အတက္ႏိုင္ဆုံးေရွာင္ၾကဥ္ ၾကရန္ အထက္ပါလူမႈကူညီေရးအသင္းမ်ားက အႀကံ ျပဳေျပာဆိုထားသည္။ အလားတူ မႏၲေလးၿမိဳ႕တြင္ ဧၿပီ လ ၁ ရက္တည္းတြင္ အုပ္စုဖြဲ႕လုယက္မႈ(၂)ႀကိမ္ ျဖစ္ ပြားခဲ့ကာ အမ်ိဳးသမီးတစ္ဦးႏွင့္ ဝအမ်ိဳးသားႏွစ္ဦး သည္ ထိုးႀကိတ္႐ိုက္ႏွက္ခံခဲ့ရၿပီး ဆိုင္ကယ္မ်ား လုယက္ခံခဲ့ရသည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.