ဒေါ်လာ(၄၉၀)အထိ တန်ကြေးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အီကွေဒေါချောကလက်

 930

Pika (NP News) - ဧပြီ ၁၈

အီကွေဒေါနိုင်ငံ Piedra de Plata ချိုင့်ဝှမ်းရှိ စိုက်ပျိုးရေးခြံ(၁၄)ခုမှ ရှားပါးသော Nacional ချောကလက်ပင်ဖြင့်ပြုလုပ်ထားသည့် To’ak ချောကလက်သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးချောကလက် တစ်ခုဖြစ်ကြောင်း သိရသည်။

အီကွေဒေါ ချောကလက်အမှတ်တံဆိပ် To’ak သည် ကမ္ဘာ့ဈေးအကြီးဆုံး ချောကလက်အဖြစ် ရည်ညွှန်းခံရလေ့ရှိကြောင်းလည်းသိရသည်။ ထို့ပြင် To’ak ကုမ္ပဏီ၏ သေးငယ်သော ချောကလက်တုံးများသည် (၅၀)ဂရမ်လျှင် အမေရိကန်ဒေါ်လာ (၄၉၀)အထိ တန်ဖိုးရှိကြောင်းလည်း သိရသည်။

To’ak ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဂျယ်ရီတို့တ်က“ ကျွန်တော်တို့ရဲ့ချောကလက်ကို ကမ္ဘာ့ ဈေးအကြီးဆုံး ချောကလက်တစ်ခုလို့ပြောကြပါတယ်။ ဈေးနှုန်းတွေဆိုတာ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ အရာက တန်ဖိုးကြီးတဲ့ ချောကလက်ပြားဆိုတာထက် လုံးဝထူးခြားလှပတဲ့အရာတစ်ခုကို ဖန်တီးနိုင်ဖို့ပါ ” ဟု ပြောဆိုခဲ့သည်။ ထို့ပြင် To’ak ကုမ္ပဏီသည် ၎င်း၏ရွေးချယ်ထားသော ချောကလက်ပင် စိုက်ပျိုးသူများကို အမြင့်ဆုံးနှုန်းထားများ ပေးလေ့ရှိကြောင်းလည်း သိရသည်။

အဆိုပါအချက်ကြောင့် To’ak ချောကလက်၏ဈေးနှုန်းမှာ မြင့်နေရခြင်းမျိုးဖြစ်နိုင်ကြောင်း လည်း ပြောဆိုမှုများလည်းရှိနေသည်။ ဂျယ်ရီတို့တ်က “ချောကလက်ပြားတစ်ခုအတွက် ဘယ်သူကမှ အမေရိကန်ဒေါ်လာ (၆၀)အထက်နဲ့ (၄၉၀)ဒေါ်လာအထိ ပေးချင်ကြမှာမဟုတ်ပါဘူး။ အဲဒါကြောင့်မလို့ To’ak ချောကလက်ကို စူပါ မားကက်တွေမှာတော့ ရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ အကယ်၍ ဒီချောကလက်ကို စမ်းစားကြည့်ချင်ခဲ့ တယ်ဆိုရင် တရားဝင် To’ak ဝက်ဘ်ဆိုက်က စမ်းကြည့်ဖို့အကောင်းဆုံးနေရာတစ်ခုပါပဲ “ ဟု ပြောဆိုထားသည်။

zawgyi version
ေဒၚလာ(၄၉၀)အထိ တန္ေၾကးရွိတဲ့ ကမာၻ႔ေဈးအႀကီးဆုံး အီေကြေဒါေခ်ာကလက္
Pika (NP News) - ဧၿပီ ၁၈

အီေကြေဒါႏိုင္ငံ Piedra de Plata ခ်ိဳင့္ဝွမ္းရွိ စိုက္ပ်ိဳးေရးၿခံ(၁၄)ခုမွ ရွားပါးေသာ Nacional ေခ်ာကလက္ပင္ျဖင့္ျပဳလုပ္ထားသည့္ To’ak ေခ်ာကလက္သည္ ကမာၻေပၚတြင္ ေဈးအႀကီးဆုံးေခ်ာကလက္ တစ္ခုျဖစ္ေၾကာင္း သိရသည္။

အီေကြေဒါ ေခ်ာကလက္အမွတ္တံဆိပ္ To’ak သည္ ကမာၻ႔ေဈးအႀကီးဆုံး ေခ်ာကလက္အျဖစ္ ရည္ၫႊန္းခံရေလ့ရွိေၾကာင္းလည္းသိရသည္။ ထို႔ျပင္ To’ak ကုမၸဏီ၏ ေသးငယ္ေသာ ေခ်ာကလက္တုံးမ်ားသည္ (၅၀)ဂရမ္လွ်င္ အေမရိကန္ေဒၚလာ (၄၉၀)အထိ တန္ဖိုးရွိေၾကာင္းလည္း သိရသည္။

To’ak ကုမၸဏီ ပူးတြဲတည္ေထာင္သူ ဂ်ယ္ရီတို႔တ္က“ ကြၽန္ေတာ္တို႔ရဲ႕ေခ်ာကလက္ကို ကမာၻ႔ ေဈးအႀကီးဆုံး ေခ်ာကလက္တစ္ခုလို႔ေျပာၾကပါတယ္။ ေဈးႏႈန္းေတြဆိုတာ တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းလုပ္ေဆာင္ေနတဲ့ အရာက တန္ဖိုးႀကီးတဲ့ ေခ်ာကလက္ျပားဆိုတာထက္ လုံးဝထူးျခားလွပတဲ့အရာတစ္ခုကို ဖန္တီးႏိုင္ဖို႔ပါ ” ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ To’ak ကုမၸဏီသည္ ၎၏ေ႐ြးခ်ယ္ထားေသာ ေခ်ာကလက္ပင္ စိုက္ပ်ိဳးသူမ်ားကို အျမင့္ဆုံးႏႈန္းထားမ်ား ေပးေလ့ရွိေၾကာင္းလည္း သိရသည္။

အဆိုပါအခ်က္ေၾကာင့္ To’ak ေခ်ာကလက္၏ေဈးႏႈန္းမွာ ျမင့္ေနရျခင္းမ်ိဳးျဖစ္ႏိုင္ေၾကာင္း လည္း ေျပာဆိုမႈမ်ားလည္းရွိေနသည္။ ဂ်ယ္ရီတို႔တ္က “ေခ်ာကလက္ျပားတစ္ခုအတြက္ ဘယ္သူကမွ အေမရိကန္ေဒၚလာ (၆၀)အထက္နဲ႔ (၄၉၀)ေဒၚလာအထိ ေပးခ်င္ၾကမွာမဟုတ္ပါဘူး။ အဲဒါေၾကာင့္မလို႔ To’ak ေခ်ာကလက္ကို စူပါ မားကက္ေတြမွာေတာ့ ရွာေတြ႕ႏိုင္မွာမဟုတ္ပါဘူး။ အကယ္၍ ဒီေခ်ာကလက္ကို စမ္းစားၾကည့္ခ်င္ခဲ့ တယ္ဆိုရင္ တရားဝင္ To’ak ဝက္ဘ္ဆိုက္က စမ္းၾကည့္ဖို႔အေကာင္းဆုံးေနရာတစ္ခုပါပဲ “ ဟု ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.