မြစ်ကြီးနားအကျဉ်းထောင် ဆူပူမှုဖြစ်စဉ်တွင် အကျဉ်းသား (၄)ဦးသေဆုံးကာ (၈)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နစက အသိပေး

 2103

မြူနစ် (NP News) - ဧပြီ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အကျဉ်းထောင် ဆူပူမှုဖြစ်စဉ်တွင် အကျဉ်းသား (၄)ဦးသေဆုံးကာ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့သည် ယနေ့(ဧပြီ ၁၉ ရက်) ညနေပိုင်းတွင် အထက်ပါအကျဉ်းထောင်ဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာများကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့အကျဉ်းထောင်အတွင်းရှိ အမျိုးသားအပြစ်ကျဆောင် (၆)နှင့် (၇)တို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသားများက ဧပြီ ၁၈ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် ဆူပူသောင်းကျန်းမှုများ ပြုလုပ်ခဲ့ကြောင်း နစကမှ ဆိုသည်။

ထိုသို့ဆူပူသောင်းကျန်းမှုအပေါ် အကျဉ်းဦးစီးဌာနဝန်ထမ်းများက ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆိုဆူပူမှုများ ပြုလုပ်ခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဆူပူသောင်းကျန်းသည့်အကျဉ်းသားများသည် ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များကို ဖျက်ဆီးခြင်းတို့အား အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါအခြေအနေကို ထိန်းသိမ်းရန်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက်ထားရှိကာ ဆူပူနေသည့်အကျဉ်းသားများကို အကျဉ်းဦးစီးဌာနဝန်ထမ်းများက လူစုခွဲရန် ထပ်မံဖျောင်းဖျခဲ့ကြောင်း သိရသည်။

သို့သော် ဆူပူသောင်းကျန်းနေသည့်အကျဉ်းသားများသည် လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ် ပျစ်များကို ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများဖြင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများကို ရန်မူတိုက်ခိုက်လာသည့်အတွက် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ကာ တုတ်၊ ဒိုင်းများဖြင့် ထိန်းသိမ်းခဲ့သည်ဟု နစကမှ ဆိုသည်။

၎င်းဖြစ်စဉ်အတွင်း၌ အကျဉ်းသား (၄)ဦးသေဆုံးကာ အကျဉ်းသား (၈)ဦးသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော အကျဉ်းသားများကို မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိပြီး အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်နေကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။

ဧပြီ ၁၇ ရက်တွင် ကျရောက်ခဲ့သော မြန်မာနှစ်ဆန်း (၁)ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ (၃၃၀၃)ကို နစကဘက်က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

zawgyi version
ျမစ္ႀကီးနားအက်ဥ္းေထာင္ ဆူပူမႈျဖစ္စဥ္တြင္ အက်ဥ္းသား (၄)ဦးေသဆုံးကာ (၈)ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း နစက အသိေပး
ျမဴနစ္ (NP News) - ဧၿပီ ၁၉

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕အက်ဥ္းေထာင္ ဆူပူမႈျဖစ္စဥ္တြင္ အက်ဥ္းသား (၄)ဦးေသဆုံးကာ (၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕သည္ ယေန႔(ဧၿပီ ၁၉ ရက္) ညေနပိုင္းတြင္ အထက္ပါအက်ဥ္းေထာင္ဆူပူမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ မီဒီယာမ်ားကို အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမစ္ႀကီးနားၿမိဳ႕အက်ဥ္းေထာင္အတြင္းရွိ အမ်ိဳးသားအျပစ္က်ေဆာင္ (၆)ႏွင့္ (၇)တို႔တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳျခင္းႏွင့္ပတ္သက္၍ တရားမွ်တမႈမရွိဟုဆိုကာ အက်ဥ္းသားမ်ားက ဧၿပီ ၁၈ ရက္၊ ညေန ၄ နာရီအခ်ိန္ခန႔္တြင္ ဆူပူေသာင္းက်န္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထိုသို႔ဆူပူေသာင္းက်န္းမႈအေပၚ အက်ဥ္းဦးစီးဌာနဝန္ထမ္းမ်ားက ေဖ်ာင္းဖ်ေျပာဆိုခဲ့ေသာ္လည္း လိုက္နာမႈမရွိဘဲ ဆက္လက္ေအာ္ဟစ္ဆဲဆိုဆူပူမႈမ်ား ျပဳလုပ္ခဲ့သည္ဟု နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ဆူပူေသာင္းက်န္းသည့္အက်ဥ္းသားမ်ားသည္ ၎တို႔၏ အိပ္ေဆာင္မ်ားရွိ ဝန္းတံခါးမ်ားကို ဖ်က္ဆီးျခင္း၊ CCTV မ်ားကို ဖ်က္ဆီးျခင္းတို႔အား အရွိန္ျမႇင့္ေဆာင္႐ြက္ခဲ့သည္ဟုလည္း ထုတ္ျပန္ထားသည္။

အဆိုပါအေျခအေနကို ထိန္းသိမ္းရန္အတြက္ ခ႐ိုင္ရဲတပ္ဖြဲ႕မႉးဦးစီး၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ညေန ၄ နာရီခြဲအခ်ိန္ခန႔္တြင္ အက်ဥ္းေထာင္ပတ္လည္၌ လုံၿခဳံေရးေဆာင္႐ြက္ထားရွိကာ ဆူပူေနသည့္အက်ဥ္းသားမ်ားကို အက်ဥ္းဦးစီးဌာနဝန္ထမ္းမ်ားက လူစုခြဲရန္ ထပ္မံေဖ်ာင္းဖ်ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ဆူပူေသာင္းက်န္းေနသည့္အက်ဥ္းသားမ်ားသည္ လိုက္နာမႈမရွိဘဲ အိပ္ေဆာင္ကြပ္ ပ်စ္မ်ားကို ႐ိုက္ခ်ိဳးထားသည့္ သစ္သားေခ်ာင္းမ်ား၊ အုတ္နီခဲမ်ားျဖင့္ အက်ဥ္းဦးစီးဌာနဝန္ထမ္းမ်ားကို ရန္မူတိုက္ခိုက္လာသည့္အတြက္ အဓိက႐ုဏ္းႏွိမ္နင္းေရးလက္နက္မ်ားျဖင့္ ေျခာက္လွန႔္ပစ္ခတ္ကာ တုတ္၊ ဒိုင္းမ်ားျဖင့္ ထိန္းသိမ္းခဲ့သည္ဟု နစကမွ ဆိုသည္။

၎ျဖစ္စဥ္အတြင္း၌ အက်ဥ္းသား (၄)ဦးေသဆုံးကာ အက်ဥ္းသား (၈)ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္းလည္း နစက၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ အက်ဥ္းသားမ်ားကို ျမစ္ႀကီးနားၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသေပးလ်က္ရွိၿပီး အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္စိစစ္မႈမ်ား ေဆာင္႐ြက္ေနေၾကာင္းလည္း နစကမွ ထုတ္ျပန္ထားသည္။

ဧၿပီ ၁၇ ရက္တြင္ က်ေရာက္ခဲ့ေသာ ျမန္မာႏွစ္ဆန္း (၁)ရက္တြင္ တစ္ႏိုင္ငံလုံးရွိ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္အသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရသည့္ အက်ဥ္းသား/သူ (၃၃၀၃)ကို နစကဘက္က ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့သည္။

Related news

© 2021. All rights reserved.