အမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီးသေဆုံး

 1510

စော (NP News)- ဧပြီ ၂၀

နေပြည်တော်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စကားအင်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ယမန်နေ့(ဧပြီလ ၁၉ ရက်)၊ ည ၁၀ နာရီဝန်းကျင်အချိန်တွင် နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၆/၄) နှင့် (၃၃၆/၅) ကြား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်မှာ Mitsubishi Challenger အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးဖြစ်ပြီး ရေနံချောင်းမြို့မှထွက်ခွာလာစဉ် အခင်းဖြစ်ပွားရာနေရာအရောက်၌ ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“‌ရှေ့ညာဘက်ဘီး ပေါက်တာကနေပြီးတော့ လမ်းဘေးကို ဆင်းသွားတာပေါ့။ လာတာက တော့ ရေနံချောင်းကလို့တော့ သိရတယ်။ ယာဉ်မောင်းပွဲချင်းပြီး ဆုံးသွားတာပါ”ဟု စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသား (၄)ဦးနှင့် အမျိုး သမီး (၃)ဦးအနက် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ပြီး ကျန်(၆)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ကို တံတားဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အမြန်လမ်း၌ ယာဉ်တိုက်မှုပေါင်း (၄၄)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၉၂)ဦးနှင့် သေဆုံးသူ (၂၆)ဦး ရှိခဲ့ကြောင်း သိရသည်။

zawgyi version
အျမန္လမ္း၌ ကားတစ္စီး ဘီးေပါက္၍ လမ္းေဘးထိုးက် တိမ္းေမွာက္ခဲ့ရာ ယာဥ္ေမာင္းျဖစ္သူ ပြဲခ်င္းၿပီးေသဆုံး
ေစာ (NP News)- ဧၿပီ ၂၀

ေနျပည္ေတာ္-မႏၲေလးအျမန္လမ္း၌ ကားတစ္စီး ဘီးေပါက္၍ လမ္းေဘးထိုးက်တိမ္းေမွာက္ခဲ့ရာ ယာဥ္ေမာင္းျဖစ္သူ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း စကားအင္းအျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။

ယမန္ေန႔(ဧၿပီလ ၁၉ ရက္)၊ ည ၁၀ နာရီဝန္းက်င္အခ်ိန္တြင္ ေနျပည္ေတာ္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၃၃၆/၄) ႏွင့္ (၃၃၆/၅) ၾကား၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါယာဥ္မွာ Mitsubishi Challenger အမ်ိဳးအစား အျဖဴေရာင္ယာဥ္တစ္စီးျဖစ္ၿပီး ေရနံေခ်ာင္းၿမိဳ႕မွထြက္ခြာလာစဥ္ အခင္းျဖစ္ပြားရာေနရာအေရာက္၌ ယာဥ္တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“‌ေရွ႕ညာဘက္ဘီး ေပါက္တာကေနၿပီးေတာ့ လမ္းေဘးကို ဆင္းသြားတာေပါ့။ လာတာက ေတာ့ ေရနံေခ်ာင္းကလို႔ေတာ့ သိရတယ္။ ယာဥ္ေမာင္းပြဲခ်င္းၿပီး ဆုံးသြားတာပါ”ဟု စကားအင္းအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာေသာ အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳး သမီး (၃)ဦးအနက္ အမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ၿပီး က်န္(၆)ဦးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ကာ ၎တို႔ကို တံတားဦးၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္ ဇန္နဝါရီလမွ မတ္လအတြင္း အျမန္လမ္း၌ ယာဥ္တိုက္မႈေပါင္း (၄၄)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိသူ (၉၂)ဦးႏွင့္ ေသဆုံးသူ (၂၆)ဦး ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.