ပြည်မြို့တွင် အမျိုးသားတစ်ဦး တရုတ်နှီးဖြင့် ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

 1191

သန့်ဇင် (NP News) - ဧပြီ ၂၂

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့တွင် အမျိုးသားတစ်ဦး တရုတ်နှီးဖြင့် ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၂၁ ရက်)၊ ည ၈နာရီခွဲအချိန်ခန့်တွင် ပြည်မြို့၊ တရုတ်စုရပ်ကွက်၊ ရထားလမ်းဘေးရှိနေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သတ်သေတဲ့လူက မိသားစု ဖိအားတစ်ခုခုကြောင့်လို့သိရပါတယ်။ အိမ်ပေါ်မှာပဲ ကော်တရုတ်နှီးနဲ့လည်ပင်းကိုကြိုးဆွဲချပြီး သတ်သေသွားတာပါ။ ကျွန်တော်တို့အလောင်းသွားသယ်တော့တောင် လည်ပင်းမှာကြိုးရာတွေ့ခဲ့တယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါသေဆုံးသူအမျိုသားမှာ အသက်(၂၅)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး နေအိမ်ပေါ်တွင် တရုတ်နှီးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီက ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် အေးငြိမ်းရာသုသာန်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး တ႐ုတ္ႏွီးျဖင့္ ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဧၿပီ ၂၂

ပဲခူးတိုင္း(အေနာက္ပိုင္း)၊ ျပည္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး တ႐ုတ္ႏွီးျဖင့္ ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၂၁ ရက္)၊ ည ၈နာရီခြဲအခ်ိန္ခန႔္တြင္ ျပည္ၿမိဳ႕၊ တ႐ုတ္စုရပ္ကြက္၊ ရထားလမ္းေဘးရွိေနအိမ္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သတ္ေသတဲ့လူက မိသားစု ဖိအားတစ္ခုခုေၾကာင့္လို႔သိရပါတယ္။ အိမ္ေပၚမွာပဲ ေကာ္တ႐ုတ္ႏွီးနဲ႔လည္ပင္းကိုႀကိဳးဆြဲခ်ၿပီး သတ္ေသသြားတာပါ။ ကြၽန္ေတာ္တို႔အေလာင္းသြားသယ္ေတာ့ေတာင္ လည္ပင္းမွာႀကိဳးရာေတြ႕ခဲ့တယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေသဆုံးသူအမ်ိဳသားမွာ အသက္(၂၅)ႏွစ္ဝန္းက်င္အ႐ြယ္ျဖစ္ၿပီး ေနအိမ္ေပၚတြင္ တ႐ုတ္ႏွီးျဖင့္ မိမိကိုယ္ကို ႀကိဳးဆြဲခ် အဆုံးစီရင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီက ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၿပီး ယေန႔ေန႔လည္ပိုင္းတြင္ ေအးၿငိမ္းရာသုသာန္တြင္ သၿဂႋဳလ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.