အာရူ နာချယ်ပရာဒက်ရှပြည်နယ် အိမ်နီးချင်း နှစ်နိုင်ငံထိပ်တိုက်တွေ့မှုနှင့် တရုတ်၏ စစ်ထောက်လှမ်းရေးဆိုင်ရာ စွမ်းရည်မြင့်စစ်နည်းဗျူဟာ

 873

Htay Oung (NP News) - ဧပြီ ၂၃

အိန္ဒိယနိုင်ငံဟာ သူရဲ့ 'ဘရာမို့စ်' အသံထက်မြန် ခရု့ဇ်ဒုံးကျည်များကို ဖိလစ်ပိုင်ထံပေးပို့ရန် ပြင်ဆင်နေပါတယ်။ အဲဒီအချိန်မှာပဲ တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်ရဲ့ WZ-7 အမြင့်ပျံ တာဝေးထောက်လှမ်းရေး ဒရုန်းကို ဖိလစ်ပိုင်နိုင်ငံအနီးမှာ ပျံသန်းနေကြောင်း တွေ့မြင်ရတယ်လို့ နယူးဒေလီအခြေစိုက် အိန္ဒိယ-ကနေဒါ အကျိုးတူပူးပေါင်းမှု “ယူရေးရှားတိုင်းမ်” နိုင်ငံတကာရေးရာနဲ့ ကာကွယ်ရေးဆိုင်ရာ ပုဂ္ဂလိက လွတ်လပ် သော ဒစ်ဂျစ်တယ် သတင်းစာက ဧပြီ ၂၀-ရက်နေ့မှာ ရေးသားပါတယ်။

တောင်တရုတ်ပင်လယ်ရဲ့ အနောက်မြောက်ဘက် ဖိလစ်ပိုင်ကျွန်းစုရဲ့ အနောက်ဘက်မှာ ပျံသန်းသွားတဲ့ မောင်းသူမဲ့ လေယာဉ်ဟာ တောင်ပံပုံသဏ္ဍာန် ထူးခြားတဲ့အတွက် တရုတ်နိုင်ငံက လွှတ်တင်လိုက်တဲ့ “WZ-7 နဂါးမာန်” ထောက်လှမ်းရေးဒရုန်းဖြစ်ကြောင်း ချက်ချင်း အလွယ်တကူ သိရှိနိုင်တယ်လို့ မနီလာ ဂျီအမ်အေ သတင်းကွန်ရက်နဲ့ ရုပ်သံဌာနက ဖော်ပြပါတယ်။

တောင်တရုတ်ပင်လယ်ရှိ “စက္ကင်းသောမတ်ရှိုး နဲ့ စကားဘရော့ရှိုး” ရေတိမ်စည်းခုံများ ပိုင်ဆိုင်မှုနဲ့ ပတ်သက် ပြီး တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား တင်းမာမှုများ ပြင်းထန်လာပြီးနောက် ယခုလို WZ-7 မောင်းသူမဲ့ လေယာဉ် ကို တွေ့ရှိရခြင်းမှာ ထူးခြားနေပါတယ်။ အလားတူ အိန္ဒိယထံမှ ဘရာမို့စ် ဒုံးကျည်များ ဝယ်ယူခြင်းဟာ ရန်လို တဲ့ တရုတ်နိုင်ငံကို ရင်ဆိုင်ဖို့အတွက် စွမ်းရည်တည်ဆောက်ခြင်းတစ်ခုဖြစ်ကြောင်း မနီလာက အမွှမ်းတင်‌နေ ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အနောက်ဖိလစ်ပိုင်ပင်လယ်ပြင်မှာ တင်းမာမှုများ ပြင်းထန်လာခြင်းကြောင့် ဖိလစ်ပိုင်စစ်တပ်ကို ခေတ်မီစေရန် ရည်ရွယ်ထားတဲ့ “ဟော်ရိုက်ဇွန်” ဦးစားပေး ပရောဂျက်များရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ု အိန္ဒိယထံမှ ဘရာမို့စ် ဒုံး ကျည်စနစ်ကို ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည် ပထမအသုတ်ကို အိန္ဒိယလေတပ်မှ အမေရိကန်လုပ် “စီ-၁၇ ဂလုပ်မာစတာ” နဲ့ ဆိုဗီယက်ခေတ်ဒီဇိုင်း “အိုင်အယ်လ်-၇၆” စစ်သုံး အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်များနဲ့ တင်ဆောင်ပေးပို့မှာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အမှန်တကယ်ပေးပို့တာက တမြန်နေ့ ဧပြီ ၁၉ ရက်မှာ ဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။ ဘရာမို့စ် ဒုံးကျည်များရောင်းချခြင်းကို G2G အစိုးရချင်း သဘောတူညီချက်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒုံးကျည် ယူနစ် ၃-ခုပေးပို့ခြင်း၊ အော်ပရေတာများ၊ ထိန်းသိမ်းသူများအတွက် လေ့ကျင့်ပေးခြင်းနဲ့ လိုအပ်တဲ့ ပေါင်းစပ်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များ ပါဝင်ပါတယ်။ အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်တဲ့ ဒုံးကျည်ယူနစ်တစ်ခုစီမှာ များသောအားဖြင့် ခြေရာခံစနစ်များနဲ့ ဒုံးကျည်ပစ် ပြောင်းနှစ်ခု သို့မဟုတ် သုံးခုစီပါ အလိုအလျောက်ပစ်စင်များ ပါရှိပါတယ်။

အိန္ဒိယ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်များက ဒုံးကျည်များကို သယ်ဆောင်ပျံသန်းလာချိန်မှာ တ ရုတ်ရဲ့ WZ-7 ထောက်လှမ်းရေးဒရုန်းကို မြင်တွေ့ရခြင်းဟာ စိတ်ဝင်စားဖွယ် တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ မနီလာနဲ့ အမေရိကန်တို့ရဲ့ “ဘာလီကာတန်-၂၀၂၄“ စစ်ရေးလေ့ကျင့်မှု မစတင်မီ တရုတ် ဒရုန်းပျံဝဲလာခြင်း ဟာ သိသာတဲ့ ထူးခြားချက်လည်း ဖြစ်ပါတယ်။

အများစိတ်ဝင်စားနေကြတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပစ်မှတ်သင်္ဘောတစ်စင်းကို နစ် မြုပ်လိုက်တဲ့ တပ်ဖွဲ့များက ကျွန်းတစ်ကျွန်းကို ပြန်လည်ရယူပြီး တောင်တရုတ်ပင်လယ်နဲ့ဆက်စပ်ရေပြင်မှာ ခုတ်မောင်းလှုပ်ရှားကြပုံကို လေ့ကျင့်ကြပါလိမ့်မယ်။ ဖိလစ်ပိုင်မြောက်ပိုင်း လူဇုံကျွန်းပေါ်မှာ တိုင်ဖွန်းအ မျိုး အစား မြေပြင်ဒုံးကျည်စနစ်သစ်ကို အမေရိကန်က တပ်ဖြန့်ချထားခြင်းဟာ တရုတ်အတွက် အတော်စိတ်မသက် သာစရာကိစ္စ ဖြစ်ပါလိမ့်မယ်။

တရုတ်ရဲ့ WZ-7 နဂါးမာန်ဟာ အမြင့်ပေတစ်ခုမှာ တာဝေးပျံသန်းနိုင်တဲ့ မောင်းသူမဲ့လေယာဉ် (UAV) အမျိုး အစားဖြစ်ပြီး ဂျပန်နိုင်ငံအတွက် အမေရိကန်က ဆောင်ရွက်ပေးနေတဲ့ RQ-4B ဂလိုဘယ်ဟော့ HALE အ တန်းအစား ဒရုန်းများနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ် (PLAAF) နဲ့ ရေတပ် (PLAN) တို့ရဲ့ WZ-7 မောင်းသူမဲ့ လေယာဉ်ဟာ ဂျက်အင်ဂျင်တပ်ဆင်ထားပြီး အမြင့်ပေ ၆၀,၀၀၀ ကျော်မှ အကွာအဝေး ၄,၃၅၀ မိုင် ခရီးကို မနားတမ်းပျံသန်းနိုင်ပါတယ်။ လက်လှမ်းမီသရွေ့အချက်အလက်များအရ အနည်းဆုံး ၁၀ နာရီ တစ်ဆက်တည်း ပျံသန်းနိုင်ကြောင်း သိရှိရပေမယ့် အမှန်တကယ် အဲဒီထက် ပိုကြာနိုင်ပါတယ်။

ဒေါင်လိုက်အမြီးရင်း ရှေ့နားမှာ ထောင့်ချွန်းပုံစံအတောင်ပံများပါရှိနေခြင်းဟာ WZ-7 ဒရုန်းရဲ့ ထူးခြာချက်ဖြစ် နေပါတယ်။ စစ်ရေး လေ့လာစောင့်ကြည့်သူများသာမက အများပြည်သူ ဘယ်သူမဆို အလွယ်တကူ ခွဲခြား နိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။

ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများ မြင့်တက်နေခိုက် ၂၀၂၂- ခုနှစ် စက်တင်ဘာလ ထိုင်ဝမ်ကျွန်းအနီးမှာ ပျံ သန်းနေတဲ့ WZ-7 ကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရဖူးပါတယ်။ လအနည်းငယ်ကြာပြီးနောက် အရှေ့တရုတ် ပင်လယ် ပေကျင်းရဲ့ စစ်ဆင်ရေးများမှာ WZ-7 တို့ကို မမျှော်လင့်ပဲ အလုံးအရင်းနဲ့တွေ့မြင်ရခြင်းဟာ ကမ္ဘာ့ ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။ ဒေသတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ စစ်ရေးလှုပ် ရှားမှု တိုးပွားလာခြင်းနဲ့အတူ ထိုင်ဝမ်အနေနဲ့ အဲ့ဒီဒရုန်းများကို အကြိမ်ပေါင်းများစွာ တွေ့မြင်လာရပါတယ်။

ဟိမဝန္တာ နယ်စပ်တစ်လျောက် အိန္ဒိယနိုင်ငံကို စူးစမ်းလေ့လာဖို့အတွက် WZ-7 ကို တိဗက်ဒေသရှိ တရုတ် ပြည်သူု့လွတ်မြောက်ရေး တပ်မတော် (လေတပ်) က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပြီး အလားတူ မြောက်ကို ရီးယားနယ်စပ်အနီးရှိ တရုတ်ရဲ့ အရေးပါတဲ့ “ရီရွှန်းတန်” လေတပ်အခြေစိုက်စခန်းမှာလည်း အဲ့ဒီဒရုန်းများ ပျံသန်းနေပါတယ်။

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ “ရှီဂတ်စ် အခြေစိုက်စခန်း” ရဲ့ ကောင်းကင် ဂြိုလ်တုဓာတ်ပုံကို ဆန်ဖရန်စစ္စကို အခြေစိုက် ကမ္ဘာမြေ ပုံရိပ်ဖမ်း “ပလန်းနက် စူးစမ်းလေ့လာရေးဌာန“ က လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲ့ဒီမှာ အမြင့်ပျံ တာဝေးထောက်လှမ်းရေး WZ-7 ဒရုန်းလေယာဉ်ကို တွေမြင်ရြုပီး (မြန်မာနိုင်ငံ ကချင်ပြည်နယ် အနောက်ပိုင်းနဲ့ ထိစပ်နေတဲ့) အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် တာဝမ်းနယ် မြေ မှာ တရုတ်နဲ့ အိန္ဒိယစစ်သားတို့အကြား ပဋိပက္ခဖြစ်ပွားအပြီး ၂ ရက်အကြာမှာ ဖြစ်ပါတယ်။

ယခင်နဲ့ ယခုထိ ဖော်ပြချက်များအရ အဲ့ဒီ ဒရုန်းရဲ့ စွမ်းရည်ဟာ တရုတ်ရဲ့ “စစ်ဖက်ထောက်လှမ်းရေးဆိုင်ရာ စွမ်းရည်မြင့် စစ်နည်းဗျူဟာ” အယူအဆနဲ့ ကိုက်ညီနေပါတယ်။ အီလက်ထရွန်းနစ်စစ်ပွဲအမျိုးအစားသစ်မှာ WZ-7 နဲ့ J-16D တို့လို စတုတ္ထမျိုးဆက် အင်ဂျင်နှစ်လုံးတပ် ဂျက်တိုက်လေယာဉ်များကို ပေါင်းစပ် အသုံးပြု ဖွယ်ရှိတယ်လို့ လေ့လာသူအချို့က ခန့်မှန်းကြပါတယ်။ WZ-7 က ထောက်လှမ်းတွေ့ရှိသမျှကို J-16D တိုက် လေယာဉ်က တပြိုင်နက်တည်း မျှဝေအသုံးချတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

လောလောဆယ် အဲဒီ မောင်းသူမဲ့ထောက်လှမ်းရေး လေယာဉ်ကို ဂျပန်ပင်လယ်ပြင်မှာလည်း ပထမဆုံး အကြိမ် တွေ့မြင်လာရပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန (MoD) အနေနဲ့ တိုက်လေယာဉ်များကို ပျံတက်စေပြီး မောင်းထုတ်ဖို့အထိ ဆောင်ရွက်ခဲ့ရပါတယ်။ အဲ့ဒီ ဒရုန်းဟာ ဂျပန်ပင်လယ်ကိုဖြတ်ပြီး ပျံသန်း ခြင်းမပြုမီ မြောက်ကိုရီးယား သို့မဟုတ် ရုရှားရဲ့ လေပိုင်နက်ကို ဖြတ်သွားခဲ့ကြောင်း ဂျပန်ဝန်ကြီးဌာနက အရိပ်အမြွက် ဖော်ပြပါတယ်။

စစ်ရေးလေ့လာစောင့်ကြည့်သူ အတော်များများတို့ကတော့ အဲ့ဒီဒရုန်းရဲ့ စွမ်းရည်တွေဟာ တရုတ်ရဲ့ အချိန်နဲ့ တပြေးညီ ထောက်လှမ်းရေးဆိုင်ရာအချက်အလက်စုဆောင်းနိုင်မှုနဲ့ ရေကြောင်းသွားလာမှုတို့ကို ကျယ်ကျယ် ပြန့်ပြန်ု့ သိရှိနားလည်နိုင်မှုစွမ်းရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်ကြောင်း သုံးသပ်ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနီး တရုတ်ရဲ့ နဂါးမာန်ဒရုန်းကို တွေ့မြင်ရကြောင်း သတင်းနဲ့ပတ်သက်ပြီး အဲ့ဒီ ထောက်လှမ်း ရေးဒရုန်းဟာ ခုမှ မဟုတ်ပဲ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက အဲ့ဒီဒေသမှာ ပျံဝဲနေခဲ့ပြီးဖြစ်လိမ့်မယ်လို့ ထင် ကြေးပေးမှုများလည်း ထွက်ပေါ်နေပါတယ်။ တောင်တရုတ်ပင်လယ် မြောက်ဘက်မှာရှိတဲ့ ကန်ုတုန်ပြည်နယ် အရှေ့တောင်ဘက်မှ အနောက်ဘက်ကို ပျံသန်းသွားတဲ့ WZ-7 ကို တွေမြင်ရခြင်းလည်း အပါအဝင်ဖြစ်ပါ တယ်။ (ဆိုလိုတာ ကုန်းတွင်းပိုင်း ဗီယက်နမ်၊ လော၊ မြန်မာနိုင်ငံတို့ဘက်ကိုလို့ ခန့်မှန်းရပါတယ်။)

(Eurasia Times., 20 April 2024,” Chinese WZ-7 Soaring Dragon Hovers Near Philippines Ahead Of BrahMos Delivery, Balikatan Drills With USA” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အာ႐ူ နာခ်ယ္ပရာဒက္ရွျပည္နယ္ အိမ္နီးခ်င္း ႏွစ္ႏိုင္ငံထိပ္တိုက္ေတြ႕မႈႏွင့္ တ႐ုတ္၏ စစ္ေထာက္လွမ္းေရးဆိုင္ရာ စြမ္းရည္ျမင့္စစ္နည္းဗ်ဴဟာ
Htay Oung (NP News) - ဧၿပီ ၂၃

အိႏၵိယႏိုင္ငံဟာ သူရဲ႕ 'ဘရာမို႔စ္' အသံထက္ျမန္ ခ႐ု႕ဇ္ဒုံးက်ည္မ်ားကို ဖိလစ္ပိုင္ထံေပးပို႔ရန္ ျပင္ဆင္ေနပါတယ္။ အဲဒီအခ်ိန္မွာပဲ တ႐ုတ္ျပည္သူ႔လြတ္ ေျမာက္ေရး တပ္မေတာ္ရဲ႕ WZ-7 အျမင့္ပ်ံ တာေဝးေထာက္လွမ္းေရး ဒ႐ုန္းကို ဖိလစ္ပိုင္ႏိုင္ငံအနီးမွာ ပ်ံသန္းေနေၾကာင္း ေတြ႕ျမင္ရတယ္လို႔ နယူးေဒလီအေျခစိုက္ အိႏၵိယ-ကေနဒါ အက်ိဳးတူပူးေပါင္းမႈ “ယူေရးရွားတိုင္းမ္” ႏိုင္ငံတကာေရးရာနဲ႔ ကာကြယ္ေရးဆိုင္ရာ ပုဂၢလိက လြတ္လပ္ ေသာ ဒစ္ဂ်စ္တယ္ သတင္းစာက ဧၿပီ ၂၀-ရက္ေန႔မွာ ေရးသားပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ရဲ႕ အေနာက္ေျမာက္ဘက္ ဖိလစ္ပိုင္ကြၽန္းစုရဲ႕ အေနာက္ဘက္မွာ ပ်ံသန္းသြားတဲ့ ေမာင္းသူမဲ့ ေလယာဥ္ဟာ ေတာင္ပံပုံသ႑ာန္ ထူးျခားတဲ့အတြက္ တ႐ုတ္ႏိုင္ငံက လႊတ္တင္လိုက္တဲ့ “WZ-7 နဂါးမာန္” ေထာက္လွမ္းေရးဒ႐ုန္းျဖစ္ေၾကာင္း ခ်က္ခ်င္း အလြယ္တကူ သိရွိႏိုင္တယ္လို႔ မနီလာ ဂ်ီအမ္ေအ သတင္းကြန္ရက္နဲ႔ ႐ုပ္သံဌာနက ေဖာ္ျပပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ရွိ “စကၠင္းေသာမတ္ရႈိး နဲ႔ စကားဘေရာ့ရႈိး” ေရတိမ္စည္းခုံမ်ား ပိုင္ဆိုင္မႈနဲ႔ ပတ္သက္ ၿပီး တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔အၾကား တင္းမာမႈမ်ား ျပင္းထန္လာၿပီးေနာက္ ယခုလို WZ-7 ေမာင္းသူမဲ့ ေလယာဥ္ ကို ေတြ႕ရွိရျခင္းမွာ ထူးျခားေနပါတယ္။ အလားတူ အိႏၵိယထံမွ ဘရာမို႔စ္ ဒုံးက်ည္မ်ား ဝယ္ယူျခင္းဟာ ရန္လို တဲ့ တ႐ုတ္ႏိုင္ငံကို ရင္ဆိုင္ဖို႔အတြက္ စြမ္းရည္တည္ေဆာက္ျခင္းတစ္ခုျဖစ္ေၾကာင္း မနီလာက အမႊမ္းတင္‌ေန ခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။

အေနာက္ဖိလစ္ပိုင္ပင္လယ္ျပင္မွာ တင္းမာမႈမ်ား ျပင္းထန္လာျခင္းေၾကာင့္ ဖိလစ္ပိုင္စစ္တပ္ကို ေခတ္မီေစရန္ ရည္႐ြယ္ထားတဲ့ “ေဟာ္႐ိုက္ဇြန္” ဦးစားေပး ပေရာဂ်က္မ်ားရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ု အိႏၵိယထံမွ ဘရာမို႔စ္ ဒုံး က်ည္စနစ္ကို ဝယ္ယူခဲ့တယ္လို႔ ဆိုပါတယ္။

ဒုံးက်ည္ ပထမအသုတ္ကို အိႏၵိယေလတပ္မွ အေမရိကန္လုပ္ “စီ-၁၇ ဂလုပ္မာစတာ” နဲ႔ ဆိုဗီယက္ေခတ္ဒီဇိုင္း “အိုင္အယ္လ္-၇၆” စစ္သုံး အႀကီးစားသယ္ယူပို႔ေဆာင္ေရးေလယာဥ္မ်ားနဲ႔ တင္ေဆာင္ေပးပို႔မွာျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။ အမွန္တကယ္ေပးပို႔တာက တျမန္ေန႔ ဧၿပီ ၁၉ ရက္မွာ ျဖစ္ေၾကာင္း ေတြ႕ရွိရ ပါတယ္။ ဘရာမို႔စ္ ဒုံးက်ည္မ်ားေရာင္းခ်ျခင္းကို G2G အစိုးရခ်င္း သေဘာတူညီခ်က္အရ ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒုံးက်ည္ ယူနစ္ ၃-ခုေပးပို႔ျခင္း၊ ေအာ္ပေရတာမ်ား၊ ထိန္းသိမ္းသူမ်ားအတြက္ ေလ့က်င့္ေပးျခင္းနဲ႔ လိုအပ္တဲ့ ေပါင္းစပ္ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာ အစီအစဥ္မ်ား ပါဝင္ပါတယ္။ အလြယ္တကူ သယ္ယူေ႐ႊ႕ေျပာင္းႏိုင္တဲ့ ဒုံးက်ည္ယူနစ္တစ္ခုစီမွာ မ်ားေသာအားျဖင့္ ေျခရာခံစနစ္မ်ားနဲ႔ ဒုံးက်ည္ပစ္ ေျပာင္းႏွစ္ခု သို႔မဟုတ္ သုံးခုစီပါ အလိုအေလ်ာက္ပစ္စင္မ်ား ပါရွိပါတယ္။

အိႏၵိယ စစ္ဘက္သယ္ယူပို႔ေဆာင္ေရး ေလယာဥ္မ်ားက ဒုံးက်ည္မ်ားကို သယ္ေဆာင္ပ်ံသန္းလာခ်ိန္မွာ တ ႐ုတ္ရဲ႕ WZ-7 ေထာက္လွမ္းေရးဒ႐ုန္းကို ျမင္ေတြ႕ရျခင္းဟာ စိတ္ဝင္စားဖြယ္ တိုက္ဆိုင္မႈတစ္ခု ျဖစ္ႏိုင္ပါတယ္။ မနီလာနဲ႔ အေမရိကန္တို႔ရဲ႕ “ဘာလီကာတန္-၂၀၂၄“ စစ္ေရးေလ့က်င့္မႈ မစတင္မီ တ႐ုတ္ ဒ႐ုန္းပ်ံဝဲလာျခင္း ဟာ သိသာတဲ့ ထူးျခားခ်က္လည္း ျဖစ္ပါတယ္။

အမ်ားစိတ္ဝင္စားေနၾကတဲ့ အဲဒီ စစ္ေရးေလ့က်င့္မႈရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ပစ္မွတ္သေဘၤာတစ္စင္းကို နစ္ ျမဳပ္လိုက္တဲ့ တပ္ဖြဲ႕မ်ားက ကြၽန္းတစ္ကြၽန္းကို ျပန္လည္ရယူၿပီး ေတာင္တ႐ုတ္ပင္လယ္နဲ႔ဆက္စပ္ေရျပင္မွာ ခုတ္ေမာင္းလႈပ္ရွားၾကပုံကို ေလ့က်င့္ၾကပါလိမ့္မယ္။ ဖိလစ္ပိုင္ေျမာက္ပိုင္း လူဇုံကြၽန္းေပၚမွာ တိုင္ဖြန္းအ မ်ိဳး အစား ေျမျပင္ဒုံးက်ည္စနစ္သစ္ကို အေမရိကန္က တပ္ျဖန႔္ခ်ထားျခင္းဟာ တ႐ုတ္အတြက္ အေတာ္စိတ္မသက္ သာစရာကိစၥ ျဖစ္ပါလိမ့္မယ္။

တ႐ုတ္ရဲ႕ WZ-7 နဂါးမာန္ဟာ အျမင့္ေပတစ္ခုမွာ တာေဝးပ်ံသန္းႏိုင္တဲ့ ေမာင္းသူမဲ့ေလယာဥ္ (UAV) အမ်ိဳး အစားျဖစ္ၿပီး ဂ်ပန္ႏိုင္ငံအတြက္ အေမရိကန္က ေဆာင္႐ြက္ေပးေနတဲ့ RQ-4B ဂလိုဘယ္ေဟာ့ HALE အ တန္းအစား ဒ႐ုန္းမ်ားနဲ႔ ယွဥ္ၿပိဳင္ႏိုင္ပါတယ္။

တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရး တပ္မေတာ္ ေလတပ္ (PLAAF) နဲ႔ ေရတပ္ (PLAN) တို႔ရဲ႕ WZ-7 ေမာင္းသူမဲ့ ေလယာဥ္ဟာ ဂ်က္အင္ဂ်င္တပ္ဆင္ထားၿပီး အျမင့္ေပ ၆၀,၀၀၀ ေက်ာ္မွ အကြာအေဝး ၄,၃၅၀ မိုင္ ခရီးကို မနားတမ္းပ်ံသန္းႏိုင္ပါတယ္။ လက္လွမ္းမီသေ႐ြ႕အခ်က္အလက္မ်ားအရ အနည္းဆုံး ၁၀ နာရီ တစ္ဆက္တည္း ပ်ံသန္းႏိုင္ေၾကာင္း သိရွိရေပမယ့္ အမွန္တကယ္ အဲဒီထက္ ပိုၾကာႏိုင္ပါတယ္။

ေဒါင္လိုက္အၿမီးရင္း ေရွ႕နားမွာ ေထာင့္ခြၽန္းပုံစံအေတာင္ပံမ်ားပါရွိေနျခင္းဟာ WZ-7 ဒ႐ုန္းရဲ႕ ထူးျခာခ်က္ျဖစ္ ေနပါတယ္။ စစ္ေရး ေလ့လာေစာင့္ၾကည့္သူမ်ားသာမက အမ်ားျပည္သူ ဘယ္သူမဆို အလြယ္တကူ ခြဲျခား ႏိုင္တဲ့ အေၾကာင္းရင္းတစ္ခုျဖစ္ေနပါတယ္။

ထိုင္ဝမ္ေရလက္ၾကား တင္းမာမႈမ်ား ျမင့္တက္ေနခိုက္ ၂၀၂၂- ခုႏွစ္ စက္တင္ဘာလ ထိုင္ဝမ္ကြၽန္းအနီးမွာ ပ်ံ သန္းေနတဲ့ WZ-7 ကို ပထမဆုံးအႀကိမ္ ေတြ႕ျမင္ခဲ့ရဖူးပါတယ္။ လအနည္းငယ္ၾကာၿပီးေနာက္ အေရွ႕တ႐ုတ္ ပင္လယ္ ေပက်င္းရဲ႕ စစ္ဆင္ေရးမ်ားမွာ WZ-7 တို႔ကို မေမွ်ာ္လင့္ပဲ အလုံးအရင္းနဲ႔ေတြ႕ျမင္ရျခင္းဟာ ကမာၻ႔ ထိပ္တန္းသတင္း ျဖစ္လာခဲ့ပါတယ္။ ေဒသတြင္း တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ရဲ႕ စစ္ေရးလႈပ္ ရွားမႈ တိုးပြားလာျခင္းနဲ႔အတူ ထိုင္ဝမ္အေနနဲ႔ အဲ့ဒီဒ႐ုန္းမ်ားကို အႀကိမ္ေပါင္းမ်ားစြာ ေတြ႕ျမင္လာရပါတယ္။

ဟိမဝႏၲာ နယ္စပ္တစ္ေလ်ာက္ အိႏၵိယႏိုင္ငံကို စူးစမ္းေလ့လာဖို႔အတြက္ WZ-7 ကို တိဗက္ေဒသရွိ တ႐ုတ္ ျပည္သူု႔လြတ္ေျမာက္ေရး တပ္မေတာ္ (ေလတပ္) က က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳခဲ့ၿပီး အလားတူ ေျမာက္ကို ရီးယားနယ္စပ္အနီးရွိ တ႐ုတ္ရဲ႕ အေရးပါတဲ့ “ရီ႐ႊန္းတန္” ေလတပ္အေျခစိုက္စခန္းမွာလည္း အဲ့ဒီဒ႐ုန္းမ်ား ပ်ံသန္းေနပါတယ္။

တ႐ုတ္ႏိုင္ငံ တိဗက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ “ရွီဂတ္စ္ အေျခစိုက္စခန္း” ရဲ႕ ေကာင္းကင္ ၿဂိဳလ္တုဓာတ္ပုံကို ဆန္ဖရန္စစၥကို အေျခစိုက္ ကမာၻေျမ ပုံရိပ္ဖမ္း “ပလန္းနက္ စူးစမ္းေလ့လာေရးဌာန“ က လြန္ခဲ့တဲ့ ၂၀၂၂ ခုႏွစ္ မွာ ထုတ္ျပန္ခဲ့ဖူးပါတယ္။ အဲ့ဒီမွာ အျမင့္ပ်ံ တာေဝးေထာက္လွမ္းေရး WZ-7 ဒ႐ုန္းေလယာဥ္ကို ေတြျမင္ျရဳပီး (ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္ အေနာက္ပိုင္းနဲ႔ ထိစပ္ေနတဲ့) အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ တာဝမ္းနယ္ ေျမ မွာ တ႐ုတ္နဲ႔ အိႏၵိယစစ္သားတို႔အၾကား ပဋိပကၡျဖစ္ပြားအၿပီး ၂ ရက္အၾကာမွာ ျဖစ္ပါတယ္။

ယခင္နဲ႔ ယခုထိ ေဖာ္ျပခ်က္မ်ားအရ အဲ့ဒီ ဒ႐ုန္းရဲ႕ စြမ္းရည္ဟာ တ႐ုတ္ရဲ႕ “စစ္ဖက္ေထာက္လွမ္းေရးဆိုင္ရာ စြမ္းရည္ျမင့္ စစ္နည္းဗ်ဴဟာ” အယူအဆနဲ႔ ကိုက္ညီေနပါတယ္။ အီလက္ထ႐ြန္းနစ္စစ္ပြဲအမ်ိဳးအစားသစ္မွာ WZ-7 နဲ႔ J-16D တို႔လို စတုတၳမ်ိဳးဆက္ အင္ဂ်င္ႏွစ္လုံးတပ္ ဂ်က္တိုက္ေလယာဥ္မ်ားကို ေပါင္းစပ္ အသုံးျပဳ ဖြယ္ရွိတယ္လို႔ ေလ့လာသူအခ်ိဳ႕က ခန႔္မွန္းၾကပါတယ္။ WZ-7 က ေထာက္လွမ္းေတြ႕ရွိသမွ်ကို J-16D တိုက္ ေလယာဥ္က တၿပိဳင္နက္တည္း မွ်ေဝအသုံးခ်တဲ့ ပုံစံမ်ိဳး ျဖစ္ပါတယ္။

ေလာေလာဆယ္ အဲဒီ ေမာင္းသူမဲ့ေထာက္လွမ္းေရး ေလယာဥ္ကို ဂ်ပန္ပင္လယ္ျပင္မွာလည္း ပထမဆုံး အႀကိမ္ ေတြ႕ျမင္လာရပါတယ္။ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာန (MoD) အေနနဲ႔ တိုက္ေလယာဥ္မ်ားကို ပ်ံတက္ေစၿပီး ေမာင္းထုတ္ဖို႔အထိ ေဆာင္႐ြက္ခဲ့ရပါတယ္။ အဲ့ဒီ ဒ႐ုန္းဟာ ဂ်ပန္ပင္လယ္ကိုျဖတ္ၿပီး ပ်ံသန္း ျခင္းမျပဳမီ ေျမာက္ကိုရီးယား သို႔မဟုတ္ ႐ုရွားရဲ႕ ေလပိုင္နက္ကို ျဖတ္သြားခဲ့ေၾကာင္း ဂ်ပန္ဝန္ႀကီးဌာနက အရိပ္အႁမြက္ ေဖာ္ျပပါတယ္။

စစ္ေရးေလ့လာေစာင့္ၾကည့္သူ အေတာ္မ်ားမ်ားတို႔ကေတာ့ အဲ့ဒီဒ႐ုန္းရဲ႕ စြမ္းရည္ေတြဟာ တ႐ုတ္ရဲ႕ အခ်ိန္နဲ႔ တေျပးညီ ေထာက္လွမ္းေရးဆိုင္ရာအခ်က္အလက္စုေဆာင္းႏိုင္မႈနဲ႔ ေရေၾကာင္းသြားလာမႈတို႔ကို က်ယ္က်ယ္ ျပန႔္ျပႏ္ု႔ သိရွိနားလည္ႏိုင္မႈစြမ္းရည္ကို သိသိသာသာျမႇင့္တင္ေပးႏိုင္ေၾကာင္း သုံးသပ္ၾကပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံအနီး တ႐ုတ္ရဲ႕ နဂါးမာန္ဒ႐ုန္းကို ေတြ႕ျမင္ရေၾကာင္း သတင္းနဲ႔ပတ္သက္ၿပီး အဲ့ဒီ ေထာက္လွမ္း ေရးဒ႐ုန္းဟာ ခုမွ မဟုတ္ပဲ လြန္ခဲ့တဲ့ ၂၀၂၂ ခုႏွစ္ကတည္းက အဲ့ဒီေဒသမွာ ပ်ံဝဲေနခဲ့ၿပီးျဖစ္လိမ့္မယ္လို႔ ထင္ ေၾကးေပးမႈမ်ားလည္း ထြက္ေပၚေနပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ ေျမာက္ဘက္မွာရွိတဲ့ ကႏ္ုတုန္ျပည္နယ္ အေရွ႕ေတာင္ဘက္မွ အေနာက္ဘက္ကို ပ်ံသန္းသြားတဲ့ WZ-7 ကို ေတြျမင္ရျခင္းလည္း အပါအဝင္ျဖစ္ပါ တယ္။ (ဆိုလိုတာ ကုန္းတြင္းပိုင္း ဗီယက္နမ္၊ ေလာ၊ ျမန္မာႏိုင္ငံတို႔ဘက္ကိုလို႔ ခန႔္မွန္းရပါတယ္။)

(Eurasia Times., 20 April 2024,” Chinese WZ-7 Soaring Dragon Hovers Near Philippines Ahead Of BrahMos Delivery, Balikatan Drills With USA” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.