ဂါဇာစစ်ပွဲနှင့်ပတ်သက်သည့် ဆန္ဒပြပွဲများ ပျံ့နှံ့လာပြီးနောက် NYU ကျောင်းဝင်းအတွင်း ဆန္ဒပြသူအများအပြားဖမ်းဆီးခံရ

 1710

ALynn (NP News) - ဧပြီ ၂၄

အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုတွင် ကျောင်းသားဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် လှုပ်ရှားနေချိန်၌ နယူးယောက်တက္ကသိုလ် (NYU) ကျောင်းဝင်းအတွင်း ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁၃၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

အင်္ဂါနေ့ (ဧပြီ ၂၃ ရက်) တွင် NYU ကျောင်းသားများသည် ကျောင်းဝင်းအနှံ့ လမ်းလျှောက်ဆန္ဒပြပြီးနောက် ပြန်လာခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်၏ အကျော်ကြားဆုံး တက္ကသိုလ်အချို့တွင် ဆန္ဒပြမှုများ မြင့်မားလာခဲ့သည်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏ အသေအပျောက် ကျူးကျော်ဝင်ရောက်ပြီးနောက် အစ္စရေး၏ ဂါဇာကို လက်တုံ့ပြန်ချေမှုန်းခြင်းနှင့်ပတ်သက်၍ အခြေအတင် ဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် ဟားဗတ်၊ ယေးလ်၊ ကိုလံဘီယာ နှင့် အခြားနာမည်ကြီးတက္ကသိုလ်များတွင် လွတ်လပ်စွာ ပြောဆိုခွင့် တောင်းဆိုနေသော ကျောင်းသား များက တစ်ဖက်၊ တက္ကသိုလ်ကျောင်းများသည် ခြိမ်းခြောက်ခြင်းနှင့် အမုန်းစကားများကို အားပေးနေသည်ဟု ငြင်းခုံနေကြသောသူများကတစ်ဖက်ဖြင့် အခြေအတင်ဖြစ်နေသည်။

ယေးလ်၊ ကိုလံဘီယာတက္ကသိုလ်နှင့် အခြားကျောင်းများတွင် ဆန္ဒပြမှုများ ပြင်းထန်လာ သောကြောင့် လူပေါင်း ၁၃၃ ဦးကို NYU တွင် ဖမ်းဆီးခဲ့ပြီး တရားရုံးဆင့်ခေါ်စာ ထုတ်ပြန်ပြီးနောက် လွှတ်ပေးခဲ့ကြောင်း နယူးယောက်ရဲဌာနက AFP သို့ ပြောကြားခဲ့ပါသည်။ လူစုခွဲရန်အမိန့်ကို ငြင်းဆန်ခဲ့သော NYU ရှိ ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ရကြောင်း ရဲများက ဖော်ပြခဲ့သည်။ နယူးယောက်တက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရဲခေါ်ရန် ဆုံးဖြတ်ချက်သည် NYU နှင့် မသက်ဆိုင်သော နောက်ထပ်ဆန္ဒပြသူများသည် စခန်းပတ်ပတ်လည်တွင် တည်ဆောက် ထားသည့် အတားအဆီးများကို ရုတ်တရက် ချိုးဖျက်ဝင်ရောက်လာခြင်းကြောင့်ဟု ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်တွင် ဆန္ဒပြပွဲများ စတင်ခဲ့ပြီး “ဂါဇာ ညီညွတ်ရေး တပ်စခန်း” ဟု ခေါ်တွင်သော စခန်းတစ်ခုကို ဆန္ဒပြသူများက ကျောင်းဝင်း အတွင်းတည်ထောင်ခဲ့ကြသည်။ MIT၊ မစ်ရှီဂန်တက္ကသိုလ်၊ UC Berkeley နှင့် Yale တို့တွင် လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး လူစုခွဲရန် အမိန့်ပေးခြင်းကို ငြင်းဆန်သည့်အတွက် အနည်းဆုံး လူ ၄၇ ဦးကို တနင်္လာနေ့ (ဧပြီလ ၂၂ ရက်) တွင် ဖမ်းဆီးခဲ့သည်။

zawgyi version
ဂါဇာစစ္ပြဲႏွင့္ပတ္သက္သည့္ ဆႏၵျပပြဲမ်ား ပ်ံ႕ႏွံ႔လာၿပီးေနာက္ NYU ေက်ာင္းဝင္းအတြင္း ဆႏၵျပသူအမ်ားအျပားဖမ္းဆီးခံရ
ALynn (NP News) - ဧၿပီ ၂၄

အစၥေရး-ဟားမတ္စ္စစ္ပြဲႏွင့္ပတ္သက္၍ အေမရိကန္ျပည္ေထာင္စုတြင္ ေက်ာင္းသားဆႏၵျပပြဲမ်ား အရွိန္အဟုန္ျဖင့္ လႈပ္ရွားေနခ်ိန္၌ နယူးေယာက္တကၠသိုလ္ (NYU) ေက်ာင္းဝင္းအတြင္း ပါလက္စတိုင္းလိုလားေသာ ဆႏၵျပပြဲမ်ားအတြင္း လူေပါင္း ၁၃၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရသည္။

အဂၤါေန႔ (ဧၿပီ ၂၃ ရက္) တြင္ NYU ေက်ာင္းသားမ်ားသည္ ေက်ာင္းဝင္းအႏွံ႔ လမ္းေလွ်ာက္ဆႏၵျပၿပီးေနာက္ ျပန္လာခဲ့ၾကသည္။ ၿပီးခဲ့သည့္ သီတင္းပတ္မ်ားအတြင္း အေမရိကန္၏ အေက်ာ္ၾကားဆုံး တကၠသိုလ္အခ်ိဳ႕တြင္ ဆႏၵျပမႈမ်ား ျမင့္မားလာခဲ့သည္။

ေအာက္တိုဘာ ၇ ရက္က ဟားမတ္စ္တို႔၏ အေသအေပ်ာက္ က်ဴးေက်ာ္ဝင္ေရာက္ၿပီးေနာက္ အစၥေရး၏ ဂါဇာကို လက္တုံ႔ျပန္ေခ်မႈန္းျခင္းႏွင့္ပတ္သက္၍ အေျခအတင္ ေဆြးေႏြးမႈမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာခဲ့သည္။ အထူးသျဖင့္ ဟားဗတ္၊ ေယးလ္၊ ကိုလံဘီယာ ႏွင့္ အျခားနာမည္ႀကီးတကၠသိုလ္မ်ားတြင္ လြတ္လပ္စြာ ေျပာဆိုခြင့္ ေတာင္းဆိုေနေသာ ေက်ာင္းသား မ်ားက တစ္ဖက္၊ တကၠသိုလ္ေက်ာင္းမ်ားသည္ ၿခိမ္းေျခာက္ျခင္းႏွင့္ အမုန္းစကားမ်ားကို အားေပးေနသည္ဟု ျငင္းခုံေနၾကေသာသူမ်ားကတစ္ဖက္ျဖင့္ အေျခအတင္ျဖစ္ေနသည္။

ေယးလ္၊ ကိုလံဘီယာတကၠသိုလ္ႏွင့္ အျခားေက်ာင္းမ်ားတြင္ ဆႏၵျပမႈမ်ား ျပင္းထန္လာ ေသာေၾကာင့္ လူေပါင္း ၁၃၃ ဦးကို NYU တြင္ ဖမ္းဆီးခဲ့ၿပီး တရား႐ုံးဆင့္ေခၚစာ ထုတ္ျပန္ၿပီးေနာက္ လႊတ္ေပးခဲ့ေၾကာင္း နယူးေယာက္ရဲဌာနက AFP သို႔ ေျပာၾကားခဲ့ပါသည္။ လူစုခြဲရန္အမိန႔္ကို ျငင္းဆန္ခဲ့ေသာ NYU ရွိ ဆႏၵျပသူမ်ားကို ဖမ္းဆီးခဲ့ရေၾကာင္း ရဲမ်ားက ေဖာ္ျပခဲ့သည္။ နယူးေယာက္တကၠသိုလ္မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ရဲေခၚရန္ ဆုံးျဖတ္ခ်က္သည္ NYU ႏွင့္ မသက္ဆိုင္ေသာ ေနာက္ထပ္ဆႏၵျပသူမ်ားသည္ စခန္းပတ္ပတ္လည္တြင္ တည္ေဆာက္ ထားသည့္ အတားအဆီးမ်ားကို ႐ုတ္တရက္ ခ်ိဳးဖ်က္ဝင္ေရာက္လာျခင္းေၾကာင့္ဟု ေျပာၾကား ခဲ့သည္။

ၿပီးခဲ့သည့္ သီတင္းပတ္က နယူးေယာက္ၿမိဳ႕ရွိ ကိုလံဘီယာတကၠသိုလ္တြင္ ဆႏၵျပပြဲမ်ား စတင္ခဲ့ၿပီး “ဂါဇာ ညီၫြတ္ေရး တပ္စခန္း” ဟု ေခၚတြင္ေသာ စခန္းတစ္ခုကို ဆႏၵျပသူမ်ားက ေက်ာင္းဝင္း အတြင္းတည္ေထာင္ခဲ့ၾကသည္။ MIT၊ မစ္ရွီဂန္တကၠသိုလ္၊ UC Berkeley ႏွင့္ Yale တို႔တြင္ လည္း ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ၿပီး လူစုခြဲရန္ အမိန႔္ေပးျခင္းကို ျငင္းဆန္သည့္အတြက္ အနည္းဆုံး လူ ၄၇ ဦးကို တနလၤာေန႔ (ဧၿပီလ ၂၂ ရက္) တြင္ ဖမ္းဆီးခဲ့သည္။

Related news

© 2021. All rights reserved.