ထိုင်းအစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် တစ်နှစ် မပြည့်ခင် ထိုင်းအစိုးရအဖွဲ့ကို ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်မည်

 994

ဂျန်ဇက် (NP News) - ဧပြီ ၂၆

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်သည် ထိုင်းအစိုးရအဖွဲ့ကို အစားထိုးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် ဖွယ်ရှိနေကြောင်း ထိုင်းသတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်သည် ထိုင်းအစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် တစ်နှစ်မပြည့်ခင် အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင် ပြောင်းလဲမှုများလုပ်ဆောင်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အတွင်း အစားထိုးမည့်ဝန်ကြီးများစာရင်းကို အပြီးသတ်စာရင်းလုပ်ခဲ့ပြီး မကြာမီသတင်းထုတ်ပြန်ဖွယ်ရှိနေသည်ဟု ဆိုသည်။

ထိုင်းအစိုးရအဖွဲ့ကို ပြင်ဆင်ပြောင်းလဲမည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် သည် ဧပြီ ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သလို ဖြူထိုင်းပါတီ တည်ထောင်ခဲ့သူသက်ဆင် ရှင်နာဝါထရာ နှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိသည်ဟု ဆိုသည်။

ဆာရက်သာတာဗီဆင်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ နှစ်ပေါင်းများစွာ ယုံကြည်ခံရသော လူယုံတစ်ဦးဖြစ်ခဲ့ကြောင်း သိရသည်။ ဆာရက်သာတာဗီဆင်သည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီးနောက် အစိုးရ အဖွဲ့ကို ပထမဆုံးအကြိမ်ပြင်ဆင်ပြောင်းလဲမည့်စာရင်းကို ဖြူထိုင်းပါတီခေါင်းဆောင်ဟောင်း သက်ဆင် ခွင့်ပြုပေး ရန်လိုလားနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ထိုအတွက်ကြောင့် ဆာရက်သာတာဗီဆင်သည် ဖြူထိုင်းပါတီခေါင်းဆောင်ဟောင်း သက်ဆင်နှင့် နေ့လည်စာ စားရင်း တွေ့ဆုံ ဆွေးနွေးရန် စီစဉ်လာခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က အစိုးရအဖွဲ့ဝန်ကြီးစာရင်းမှ ထုတ်ပယ်မည့်သူများထဲတွင် ထိုင်းကာကွယ်ရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး နှင့် စိုက်ပျိုးရေးဝန်ကြီးတို့ ပါဝင်နေသလိုအခြား ဝန်ကြီးအချို့လည်း ပါဝင်နေကြောင်း သိရသည်။

သက်ဆင်သည် လက်ရှိအချိန်တွင် ထိုင်းဘုရင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပြီး ၎င်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းအပြင် အကျဉ်းထောင်တွင် မနေထိုင်ဘဲ ထိုင်းအထူးရဲ ဆေးရုံတွင် နေထိုင်စေ ခြင်းအပေါ် ဝေဖန်ပြစ်တင်မှုများလည်းရှိသည်။

Zawgyi Version;
ထိုင္းအစိုးရအဖြဲ႕ ဖြဲ႕စည္းၿပီးေနာက္ တစ္ႏွစ္ မျပည့္ခင္ ထိုင္းအစိုးရအဖြဲ႕ကို ျပင္ဆင္ေျပာင္းလဲမႈမ်ား ျပဳလုပ္မည္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၆

ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္သည္ ထိုင္းအစိုးရအဖြဲ႕ကို အစားထိုးျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္ေဆာင္ ဖြယ္ရွိေနေၾကာင္း ထိုင္းသတင္းမ်ားတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနေၾကာင္း သိရသည္။

ထိုင္းဝန္ႀကီးခ်ဳပ္သည္ ထိုင္းအစိုးရအဖြဲ႕ ဖြဲ႕စည္းၿပီးေနာက္ တစ္ႏွစ္မျပည့္ခင္ အစိုးရအဖြဲ႕ကို ျပန္လည္ျပင္ဆင္ ေျပာင္းလဲမႈမ်ားလုပ္ေဆာင္ရန္ စီစဥ္လာျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုင္းဝန္ႀကီးခ်ဳပ္သည္ အစိုးရအဖြဲ႕အတြင္း အစားထိုးမည့္ဝန္ႀကီးမ်ားစာရင္းကို အၿပီးသတ္စာရင္းလုပ္ခဲ့ၿပီး မၾကာမီသတင္းထုတ္ျပန္ဖြယ္ရွိေနသည္ဟု ဆိုသည္။

ထိုင္းအစိုးရအဖြဲ႕ကို ျပင္ဆင္ေျပာင္းလဲမည္ဟု သတင္းမ်ားထြက္ေပၚေနခ်ိန္တြင္ ဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ သည္ ဧၿပီ ၂၆ ရက္တြင္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္သလို ျဖဴထိုင္းပါတီ တည္ေထာင္ခဲ့သူသက္ဆင္ ရွင္နာဝါထရာ ႏွင့္ ေတြ႕ဆုံေဆြးေႏြးဖြယ္ရွိသည္ဟု ဆိုသည္။

ဆာရက္သာတာဗီဆင္သည္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္၏ ႏွစ္ေပါင္းမ်ားစြာ ယုံၾကည္ခံရေသာ လူယုံတစ္ဦးျဖစ္ခဲ့ေၾကာင္း သိရသည္။ ဆာရက္သာတာဗီဆင္သည္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူၿပီးေနာက္ အစိုးရ အဖြဲ႕ကို ပထမဆုံးအႀကိမ္ျပင္ဆင္ေျပာင္းလဲမည့္စာရင္းကို ျဖဴထိုင္းပါတီေခါင္းေဆာင္ေဟာင္း သက္ဆင္ ခြင့္ျပဳေပး ရန္လိုလားေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။

ထိုအတြက္ေၾကာင့္ ဆာရက်သာတာဗီဆင်သည် ျဖဴထိုင္းပါတီေခါင္းေဆာင္ေဟာင္း သက္ဆင္ႏွင့္ ေန႔လည္စာ စားရင္း ေတြ႕ဆုံ ေဆြးေႏြးရန္ စီစဥ္လာျခင္းျဖစ္သည္ဟု သတင္းမ်ားထြက္ေပၚေနသည္။ ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္က အစိုးရအဖြဲ႕ဝန္ႀကီးစာရင္းမွ ထုတ္ပယ္မည့္သူမ်ားထဲတြင္ ထိုင္းကာကြယ္ေရးဝန္ႀကီး၊ က်န္းမာေရးဝန္ႀကီး ႏွင့္ စိုက္ပ်ိဳးေရးဝန္ႀကီးတို႔ ပါဝင္ေနသလိုအျခား ဝန္ႀကီးအခ်ိဳ႕လည္း ပါဝင္ေနေၾကာင္း သိရသည္။

သက္ဆင္သည္ လက္ရွိအခ်ိန္တြင္ ထိုင္းဘုရင့္၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္လာခဲ့သူျဖစ္ၿပီး ၎ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးျခင္းအျပင္ အက်ဥ္းေထာင္တြင္ မေနထိုင္ဘဲ ထိုင္းအထူးရဲ ေဆး႐ုံတြင္ ေနထိုင္ေစ ျခင္းအေပၚ ေဝဖန္ျပစ္တင္မႈမ်ားလည္းရွိသည္။

Related news

© 2021. All rights reserved.