လှည်းတန်းခုံးကျော်တံတားပေါ်မှ အသက်(၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ခုန်ချအဆုံးစီရင်မှုဖြစ်ပွားရာ ခြေထောက်နှင့်လည်ပင်းတွင် ထိခိုက်ဒဏ်ရာရရှိ

 43104

သန့်ဇင် (NP News) - ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတားပေါ်မှ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦး ခုန်ချအဆုံး စီရင်မှုဖြစ်ပွားရာ ခြေထောက်နှင့် လည်ပင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အနာဂါတ် အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။

အဆိုအမျိုးသမီး ယနေ့ (ဧပြီလ ၂၆ ရက်)၊ မွန်းတည့် ၁၂ နာရီ ၁ဝ မိနစ်အချိန်ခန့်က ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတား၊ M-Tower အနီးတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။


“ဖြစ်သွားတာက M-Tower နားမှာဖြစ်တာ။ ခုံးကျော်တံတားပေါ်ကနေ ခုန်ချတာပါ။ ဘာကြောင့်ခုန်ချတာလည်း တော့ မသိရဘူးပေါ့နော်။ ခုန်ချတဲ့အမျိုးသမီးက လူငယ်ပိုင်းပါပဲ” ဟု အနာဂတ် အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါအမျိုးသမီးမှာ အသက်(၁၉)နှစ်အရွယ်သာရှိသေးပြီး ခုန်ချစဉ် ဘယ်ခြေထောက်ကျိုးဒဏ်ရာနှင့် လည်ပင်းနောက် ထိခိုက်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးငယ်ကို အနာဂါတ်အလင်းတန်းပရဟိတအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version;
လွည္းတန္းခုံးေက်ာ္တံတားေပၚမွ အသက္(၁၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ခုန္ခ်အဆုံးစီရင္မႈျဖစ္ပြားရာ ေျခေထာက္ႏွင့္လည္ပင္းတြင္ ထိခိုက္ဒဏ္ရာရရွိ
သန႔္ဇင္ (NP News) - ဧၿပီ ၂၆

ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ လွည္းတန္းခုံးေက်ာ္တံတားေပၚမွ အသက္(၁၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦး ခုန္ခ်အဆုံး စီရင္မႈျဖစ္ပြားရာ ေျခေထာက္ႏွင့္ လည္ပင္းတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အနာဂါတ္ အလင္းတန္းပရဟိတအသင္းထံမွ သိရသည္။

အဆိုအမ်ိဳးသမီး ယေန႔ (ဧၿပီလ ၂၆ ရက္)၊ မြန္းတည့္ ၁၂ နာရီ ၁ဝ မိနစ္အခ်ိန္ခန႔္က ကမာ႐ြတ္ၿမိဳ႕နယ္၊ လွည္းတန္းခုံးေက်ာ္တံတား၊ M-Tower အနီးတြင္ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။


“ျဖစ္သြားတာက M-Tower နားမွာျဖစ္တာ။ ခုံးေက်ာ္တံတားေပၚကေန ခုန္ခ်တာပါ။ ဘာေၾကာင့္ခုန္ခ်တာလည္း ေတာ့ မသိရဘူးေပါ့ေနာ္။ ခုန္ခ်တဲ့အမ်ိဳးသမီးက လူငယ္ပိုင္းပါပဲ” ဟု အနာဂတ္ အလင္းတန္းပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါအမ်ိဳးသမီးမွာ အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးၿပီး ခုန္ခ်စဥ္ ဘယ္ေျခေထာက္က်ိဳးဒဏ္ရာႏွင့္ လည္ပင္းေနာက္ ထိခိုက္ဒဏ္ရာတို႔ ရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါအမ်ိဳးသမီးငယ္ကို အနာဂါတ္အလင္းတန္းပရဟိတအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.