အမေရိကန်က ညစ်ညမ်းမှုသံသယနဲ့ အိန္ဒိယဟင်းခတ်အမွှေးအကြိုင်ကုမ္ပဏီ MDH နဲ့ Everest ရဲ့အချက်အလက် များ ရှာဖွေနေ

 1823

ရောင်နီ (NP News) - ဧပြီ ၂၈

အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ပိုးသတ်ဆေးများ ပမာဏများစွာ ပါ၀င်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ရေးကုမ္ပဏီ MDH နဲ့ Everest ရဲ့ ထုတ်ကုန်များဆိုင်ရာအချက်အလက်တွေကို လိုက်လံ စုဆောင်းနေပါတယ်။

FDA ဟာ အစီရင်ခံစာတွေကို သတိပြုမိပြီးနောက် အခြေအနေနဲ့ပတ်သက်တဲ့ နောက်ထပ်အချက်အလက်တွေကို စုဆောင်းနေတယ်လို့ FDA မှ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့ (ဧပြီ ၂၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်မှာလည်း ယခုလအတွင်း MDH ဟင်းခတ် အမွှေးအကြိုင် သုံးမျိုးနဲ့ ငါးဟင်းအတွက် Everest အမွှေး အကြိုင်ရောင်းချမှုကို ရပ်ဆိုင်းခဲ့သလို စင်ကာပူကလည်း Everest ဟင်းခတ်အမွှေးအကြိုင်တွေ ပြန်လည် သိမ်းဆည်းဖို့ အမိန့်ထုတ်ထားပါတယ်။

အဆိုပါ ဟင်းခတ်မှုန့်တွေမှာ လူသားစားဖို့ မသင့်လျော်တဲ့ အီသလင်းအောက်ဆိုဒ်မြင့်မားစွာ ပါဝင်နေပြီး ကာရှည် သုံးစွဲမိရင် ကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။
MDH နဲ့ Everest တို့ကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

MDH နဲ့ Everest ဟင်းခတ်အမွှေးအကြိုင်တွေဟာ အိန္ဒိယနိုင်ငံမှာ ရေပန်းအစားဆုံးဖြစ်ပြီး ဥရောပ၊ အာရှနဲ့ မြောက် အမေရိကမှာလည်း အရောင်းသွက်ပါတယ်။ အိန္ဒိယ အစားအသောက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ Food Safety and Standards Authority of India (FSSAI) ကလည်း အဆိုပါ ကုမ္ပဏီနှစ်ခုရဲ့အရည်အသွေးစံနှုန်းတွေကို စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္က ညစ္ညမ္းမႈသံသယနဲ႔ အိႏၵိယဟင္းခတ္အေမႊးအႀကိဳင္ကုမၸဏီ MDH နဲ႔ Everest ရဲ႕အခ်က္အလက္ မ်ား ရွာေဖြေန
ေရာင္နီ (NP News) - ဧၿပီ ၂၈

အေမရိကန္အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာန (FDA) ဟာ ကင္ဆာျဖစ္ေစႏိုင္တဲ့ ပိုးသတ္ေဆးမ်ား ပမာဏမ်ားစြာ ပါ၀င္တယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ အိႏၵိယ ဟင္းခတ္အေမႊးအႀကိဳင္ထုတ္လုပ္ေရးကုမၸဏီ MDH နဲ႔ Everest ရဲ႕ ထုတ္ကုန္မ်ားဆိုင္ရာအခ်က္အလက္ေတြကို လိုက္လံ စုေဆာင္းေနပါတယ္။

FDA ဟာ အစီရင္ခံစာေတြကို သတိျပဳမိၿပီးေနာက္ အေျခအေနနဲ႔ပတ္သက္တဲ့ ေနာက္ထပ္အခ်က္အလက္ေတြကို စုေဆာင္းေနတယ္လို႔ FDA မွ ေျပာေရးဆိုခြင့္ရွိသူက ေသာၾကာေန႔ (ဧၿပီ ၂၆ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ေဟာင္ေကာင္မွာလည္း ယခုလအတြင္း MDH ဟင္းခတ္ အေမႊးအႀကိဳင္ သုံးမ်ိဳးနဲ႔ ငါးဟင္းအတြက္ Everest အေမႊး အႀကိဳင္ေရာင္းခ်မႈကို ရပ္ဆိုင္းခဲ့သလို စင္ကာပူကလည္း Everest ဟင္းခတ္အေမႊးအႀကိဳင္ေတြ ျပန္လည္ သိမ္းဆည္းဖို႔ အမိန႔္ထုတ္ထားပါတယ္။

အဆိုပါ ဟင္းခတ္မႈန္႔ေတြမွာ လူသားစားဖို႔ မသင့္ေလ်ာ္တဲ့ အီသလင္းေအာက္ဆိုဒ္ျမင့္မားစြာ ပါဝင္ေနၿပီး ကာရွည္ သုံးစြဲမိရင္ ကင္ဆာျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ဆိုပါတယ္။
MDH နဲ႔ Everest တို႔ကေတာ့ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။

MDH နဲ႔ Everest ဟင္းခတ္အေမႊးအႀကိဳင္ေတြဟာ အိႏၵိယႏိုင္ငံမွာ ေရပန္းအစားဆုံးျဖစ္ၿပီး ဥေရာပ၊ အာရွနဲ႔ ေျမာက္ အေမရိကမွာလည္း အေရာင္းသြက္ပါတယ္။ အိႏၵိယ အစားအေသာက္ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕၊ Food Safety and Standards Authority of India (FSSAI) ကလည္း အဆိုပါ ကုမၸဏီႏွစ္ခုရဲ႕အရည္အေသြးစံႏႈန္းေတြကို စစ္ေဆးလ်က္ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.