မူဆယ်မြို့ရှိ ကာစီနိုရုံတစ်ခုသို့ လက်ပစ်ဗုံးပစ်ထည့်ခံရသည့်အတွက် ပေါက်ကွဲမှုဖြစ်ပွားကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့

 696

NP News - ဧပြီ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ကာစီနိုရုံတစ်ခုသို့ လက်ပစ်ဗုံးပစ်ထည့်ခံရသည့်အတွက် ပေါက်ကွဲမှုဖြစ်ပွား ကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်မြို့တွင်နေထိုင်သည့် ဒေသခံသတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဧပြီ ၂၇ ရက်) ည(၉)နာရီ ၃ဝ မိနစ်အချိန်ခန့်က မူဆယ်မြို့၊ မန့်ဝန်း(၂)လမ်းရှိ ကာစီနိုရုံအနီးသို့ အရပ်ဝတ်များဝတ်ဆင်ထား သူများရောက်ရှိလာပြီး အဆိုပါကာစီနိုရုံအတွင်းသို့ လက်ပစ်ဗုံးပစ်ထည့်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ကာစီနိုရုံထဲမှာ ပေါက်ကွဲမှုဖြစ်သွားတာ။ ပေါက်ကွဲမှုဖြစ်ပြီးတော့ အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ငယ်သံတွေ ကြားတယ်။ ဘယ်အဖွဲ့နဲ့ဖြစ်တာလည်းတော့ မသိရဘူး။ ဘယ်နှစ်ယောက်လာတယ်ဆိုတာလည်း သေချာတော့ မသိရသေးဘူး။ အရပ်ဝတ်တွေနဲ့လာပြီးတော့ အဲဒီကာစီနိုရုံထဲကို လက်ပစ်ဗုံးနဲ့ပစ် ထည့်လိုက်တာ” ဟု အထက်ပါ သတင်းရင်းမြစ်က NP News ကို ပြောသည်။

ပေါက်ကွဲမှုကြောင့် ကာစီနိုရုံအတွင်းရှိ ပစ္စည်းများနှင့် အ‌ဆောက်အဦးတို့ ပျက်စီးခဲ့သည့်အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသရန်အတွက် ဒေသခံပရဟိတအသင်းများက မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပေါက်ကွဲမှုဖြစ်ပြီးနောက် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

မူဆယ်မြို့တွင် လောင်းကစား နှင့် မူးယစ်ဆေးဝါးများ များစွာရှိနေပြီး လူငယ်များအနေဖြင့် လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲရန်အတွက် ဓားပြမှုနှင့် ပြန်ပေးဆွဲမှုများကို ကျူးလွန်နေသည့်ဖြစ်စဥ်များလည်းရှိနေသည်။

Zawgyi Version;
မူဆယ္ၿမိဳ႕ရွိ ကာစီႏို႐ုံတစ္ခုသို႔ လက္ပစ္ဗုံးပစ္ထည့္ခံရသည့္အတြက္ ေပါက္ကြဲမႈျဖစ္ပြားကာ ႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့
NP News - ဧၿပီ ၂၈

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ရွိ ကာစီႏို႐ုံတစ္ခုသို႔ လက္ပစ္ဗုံးပစ္ထည့္ခံရသည့္အတြက္ ေပါက္ကြဲမႈျဖစ္ပြား ကာ ႏွစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း မူဆယ္ၿမိဳ႕တြင္ေနထိုင္သည့္ ေဒသခံသတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီ ၂၇ ရက္) ည(၉)နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က မူဆယ္ၿမိဳ႕၊ မန႔္ဝန္း(၂)လမ္းရွိ ကာစီႏို႐ုံအနီးသို႔ အရပ္ဝတ္မ်ားဝတ္ဆင္ထား သူမ်ားေရာက္ရွိလာၿပီး အဆိုပါကာစီႏို႐ုံအတြင္းသို႔ လက္ပစ္ဗုံးပစ္ထည့္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

“ကာစီႏို႐ုံထဲမွာ ေပါက္ကြဲမႈျဖစ္သြားတာ။ ေပါက္ကြဲမႈျဖစ္ၿပီးေတာ့ အျပန္အလွန္ပစ္ခတ္တဲ့ လက္နက္ငယ္သံေတြ ၾကားတယ္။ ဘယ္အဖြဲ႕နဲ႔ျဖစ္တာလည္းေတာ့ မသိရဘူး။ ဘယ္ႏွစ္ေယာက္လာတယ္ဆိုတာလည္း ေသခ်ာေတာ့ မသိရေသးဘူး။ အရပ္ဝတ္ေတြနဲ႔လာၿပီးေတာ့ အဲဒီကာစီႏို႐ုံထဲကို လက္ပစ္ဗုံးနဲ႔ပစ္ ထည့္လိုက္တာ” ဟု အထက္ပါ သတင္းရင္းျမစ္က NP News ကို ေျပာသည္။

ေပါက္ကြဲမႈေၾကာင့္ ကာစီႏို႐ုံအတြင္းရွိ ပစၥည္းမ်ားႏွင့္ အ‌ေဆာက္အဦးတို႔ ပ်က္စီးခဲ့သည့္အျပင္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသရန္အတြက္ ေဒသခံပရဟိတအသင္းမ်ားက မူဆယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေပါက္ကြဲမႈျဖစ္ၿပီးေနာက္ လက္နက္ငယ္မ်ားျဖင့္ အျပန္အလွန္ပစ္ခတ္မႈမ်ားလည္းရွိခဲ့ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆက္လက္ေျပာသည္။

မူဆယ္ၿမိဳ႕တြင္ ေလာင္းကစား ႏွင့္ မူးယစ္ေဆးဝါးမ်ား မ်ားစြာရွိေနၿပီး လူငယ္မ်ားအေနျဖင့္ ေလာင္းကစားႏွင့္ မူးယစ္ေဆးဝါးသုံးစြဲရန္အတြက္ ဓားျပမႈႏွင့္ ျပန္ေပးဆြဲမႈမ်ားကို က်ဴးလြန္ေနသည့္ျဖစ္စဥ္မ်ားလည္းရွိေနသည္။

Related news

© 2021. All rights reserved.