လက်ဘနွန်ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေး-ဟစ်ဇ်ဘိုလာပဋိပက္ခ တင်းမာမှုများကို တားဆီးရန် ကြိုးပမ်း

 162

Alynn (NP News) - ဧပြီ ၂၈

ပြင်သစ်သည် တင်းမာမှုများဖြေလျှော့ရန် နှစ်ဘက်စလုံးလက်ခံနိုင်သည့်လမ်းပြမြေပုံကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေသည့်အားလျော်စွာ အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ကြား စစ်ပွဲဖြစ်နိုင်ချေ ကို တားဆီးနိုင်ရေး အဆိုပြုချက်ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၂၈ ရက် (တနင်္ဂနွေနေ့)၊ လက်ဘနွန် ခရီးစဉ်အတွင်း တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်သည်။

ပြင်သစ်သည် လက်ဘနွန်နှင့် သမိုင်းဝင် ဆက်ဆံရေးရှိပြီး ယခုနှစ်အစောပိုင်းတွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Stephane Sejourne က အစ္စရေးဘက်က လက်ဘနွန်တောင်ပိုင်းတွင် တိုက်ခိုက်မှုများကို ရပ်တန့်သွားပါက ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် အစ္စရေးနယ်စပ်မှ ၁၀ ကီလိုမီတာအကွာသို့ ပြန်လည်ဆုတ်ခွာပေးရန် အဆိုပြုခဲ့သည်။

၎င်းတို့နှစ်ဖက်သည် အစောပိုင်းကတည်းက အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အီရန် တော်လှန်ရေးအဖွဲ့ဝင်များ သေဆုံးခဲ့သည့် ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်ရှိ အီရန်သံရုံးအား အစ္စရေး၏ သံသယရှိဖွယ်တိုက်ခိုက်ခဲ့မှုအပြီးတွင်မူ နှစ်ဖက်တင်းမာမှုများက ပိုမိုမြင့်မားလာခဲ့သည်။

မိတ်ဖက်များ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးထားသည့် ပြင်သစ်၏ အဆိုပြုချက်သည် ယခုထိ အရာမထင်သေးသော်လည်း ပြင်သစ်က ဆွေးနွေးပွဲများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လိုပြီး လက်ဘနွန်တောင်ပိုင်းတွင် ဖြစ်ပွားနေသော အစ္စရေး၏ စစ်ဆင်ရေးများအပေါ် အလေးအနက်ထားသင့်ကြောင်း လက်ဘနွန်အရာရှိများအား အလေးအနက် ဖော်ပြလိုသည်။
အစ္စရေးနှင့် ဟားမတ်စ် စစ်သွေးကြွအဖွဲ့တို့ကြား စစ်ပွဲသည် ခြောက်လမြောက် ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး မရမချင်း မည်သည့်ဆွေးနွေးပွဲကိုမျှ ပါဝင်သွားမည် မဟုတ်ကြောင်း ဟစ်ဇ်ဘိုလာက ပြောကြားခဲ့သည်။ အစ္စရေးက ၎င်း၏ မြောက်ပိုင်းနယ်စပ်တွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရန် လိုလား ကြောင်း ပြောကြားခဲ့ပြီး သို့မှသာ ထောင်နှင့်ချီသော အစ္စရေးပြည်သူတို့အနေဖြင့် စိုးရိမ်ထိတ်လန့်မှုမရှိဘဲ ထိုဒေသ သို့ ပြန်လည်ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခုလအစောပိုင်းတွင် လက်ဘနွန်ဝန်ကြီးချုပ် Najib Nikati နှင့် လက်ဘနွန်စစ်တပ်အကြီးအကဲ Joseph Aoun တို့သည် ပြင်သစ်သမ္မတ Emmanuel Macron နှင့် တွေ့ဆုံခဲ့ပြီး ပြင်သစ်၏ အဆိုပြုချက်ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မတ်လက ဘေရွတ်မြို့ရှိ ပြင်သစ်သံရုံးသို့ ပေးပို့သော စာတွင် လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်၏ ကြိုးပမ်းဆောင်ရွက်မှုသည် လက်ဘနွန်နှင့်တကွ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် ယုံကြည်ပါကြောင်း ဖော်ပြထားသည်။

ပြင်သစ်က လက်ဘနွန်၏ နိုင်ငံရေးအကျပ်အတည်းများကိုလည်း အမြန်ဆုံးဖြေရှင်းစေလိုသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် Michel Aoun ၏ သမ္မတသက်တမ်း ကုန်ဆုံးပြီးကတည်းက လက်ဘနွန်တွင် နိုင်ငံ့ခေါင်းဆောင် (သို့မဟုတ်) အပြည့်အဝ သြဇာအာဏာရှိသော ဝန်ကြီးအဖွဲ့ ဟူ၍ မရှိတော့ပါ။ အင်အား ၁၀,၀၀၀ ရှိသော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းတပ်ဖွဲ့များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ဘနွန် တောင်ပိုင်းတွင် အခြေစိုက်ထားသည့် ပြင်သစ်တပ်ဖွဲ့ဝင် ၇၀၀ ရှိသည်။ ကုလသမဂ္ဂတပ်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို ထမ်းဆောင်နိုင်ခြင်း မရှိသေး ကြောင်းနှင့် ပြင်သစ်၏ အဆိုပြုချက်သည် လက်ဘနွန်စစ်တပ်ကို အားကောင်းလာစေရုံသာရှိကြောင်း တာဝန်ရှိသူများက သုံးသပ်ထားသည်။

Zawgyi Version;
လက္ဘႏြန္ခရီးစဥ္အတြင္း ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးက အစၥေရး-ဟစ္ဇ္ဘိုလာပဋိပကၡ တင္းမာမႈမ်ားကို တားဆီးရန္ ႀကိဳးပမ္း
Alynn (NP News) - ဧၿပီ ၂၈

ျပင္သစ္သည္ တင္းမာမႈမ်ားေျဖေလွ်ာ့ရန္ ႏွစ္ဘက္စလုံးလက္ခံႏိုင္သည့္လမ္းျပေျမပုံကို ျပန္လည္ျပင္ဆင္ရန္ ႀကိဳးပမ္းေနသည့္အားေလ်ာ္စြာ အစၥေရးႏွင့္ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟစ္ဇ္ဘိုလာတို႔ၾကား စစ္ပြဲျဖစ္ႏိုင္ေခ် ကို တားဆီးႏိုင္ေရး အဆိုျပဳခ်က္ကို ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးက ဧၿပီလ ၂၈ ရက္ (တနဂၤေႏြေန႔)၊ လက္ဘႏြန္ ခရီးစဥ္အတြင္း တြန္းအားေပး လုပ္ေဆာင္သြားမည္ျဖစ္သည္။

ျပင္သစ္သည္ လက္ဘႏြန္ႏွင့္ သမိုင္းဝင္ ဆက္ဆံေရးရွိၿပီး ယခုႏွစ္အေစာပိုင္းတြင္ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Stephane Sejourne က အစၥေရးဘက္က လက္ဘႏြန္ေတာင္ပိုင္းတြင္ တိုက္ခိုက္မႈမ်ားကို ရပ္တန႔္သြားပါက ဟစ္ဇ္ဘိုလာအဖြဲ႕အေနျဖင့္ အစၥေရးနယ္စပ္မွ ၁၀ ကီလိုမီတာအကြာသို႔ ျပန္လည္ဆုတ္ခြာေပးရန္ အဆိုျပဳခဲ့သည္။

၎တို႔ႏွစ္ဖက္သည္ အေစာပိုင္းကတည္းက အျပန္အလွန္တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ၾကေသာ္လည္း အီရန္ ေတာ္လွန္ေရးအဖြဲ႕ဝင္မ်ား ေသဆုံးခဲ့သည့္ ဆီးရီးယားႏိုင္ငံၿမိဳ႕ေတာ္ ဒမတ္စကတ္ရွိ အီရန္သံ႐ုံးအား အစၥေရး၏ သံသယရွိဖြယ္တိုက္ခိုက္ခဲ့မႈအၿပီးတြင္မူ ႏွစ္ဖက္တင္းမာမႈမ်ားက ပိုမိုျမင့္မားလာခဲ့သည္။

မိတ္ဖက္မ်ား အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုႏွင့္ ေဆြးေႏြးထားသည့္ ျပင္သစ္၏ အဆိုျပဳခ်က္သည္ ယခုထိ အရာမထင္ေသးေသာ္လည္း ျပင္သစ္က ေဆြးေႏြးပြဲမ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္လိုၿပီး လက္ဘႏြန္ေတာင္ပိုင္းတြင္ ျဖစ္ပြားေနေသာ အစၥေရး၏ စစ္ဆင္ေရးမ်ားအေပၚ အေလးအနက္ထားသင့္ေၾကာင္း လက္ဘႏြန္အရာရွိမ်ားအား အေလးအနက္ ေဖာ္ျပလိုသည္။
အစၥေရးႏွင့္ ဟားမတ္စ္ စစ္ေသြးႂကြအဖြဲ႕တို႔ၾကား စစ္ပြဲသည္ ေျခာက္လေျမာက္ ဝင္ေရာက္လာခဲ့ၿပီျဖစ္ၿပီး ဂါဇာတြင္ အပစ္အခတ္ရပ္စဲေရး မရမခ်င္း မည္သည့္ေဆြးေႏြးပြဲကိုမွ် ပါဝင္သြားမည္ မဟုတ္ေၾကာင္း ဟစ္ဇ္ဘိုလာက ေျပာၾကားခဲ့သည္။ အစၥေရးက ၎၏ ေျမာက္ပိုင္းနယ္စပ္တြင္ တည္ၿငိမ္ေအးခ်မ္းမႈ ျပန္လည္ရရွိရန္ လိုလား ေၾကာင္း ေျပာၾကားခဲ့ၿပီး သို႔မွသာ ေထာင္ႏွင့္ခ်ီေသာ အစၥေရးျပည္သူတို႔အေနျဖင့္ စိုးရိမ္ထိတ္လန႔္မႈမရွိဘဲ ထိုေဒသ သို႔ ျပန္လည္ဝင္ေရာက္လာႏိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

ယခုလအေစာပိုင္းတြင္ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ Najib Nikati ႏွင့္ လက္ဘႏြန္စစ္တပ္အႀကီးအကဲ Joseph Aoun တို႔သည္ ျပင္သစ္သမၼတ Emmanuel Macron ႏွင့္ ေတြ႕ဆုံခဲ့ၿပီး ျပင္သစ္၏ အဆိုျပဳခ်က္ကို ေဆြးေႏြးခဲ့ၾကသည္။ ထို႔ျပင္ မတ္လက ေဘ႐ြတ္ၿမိဳ႕ရွိ ျပင္သစ္သံ႐ုံးသို႔ ေပးပို႔ေသာ စာတြင္ လက္ဘႏြန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပင္သစ္၏ ႀကိဳးပမ္းေဆာင္႐ြက္မႈသည္ လက္ဘႏြန္ႏွင့္တကြ ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးအတြက္ အေရးပါေသာ ေျခလွမ္းတစ္ခုအျဖစ္ ယုံၾကည္ပါေၾကာင္း ေဖာ္ျပထားသည္။

ျပင္သစ္က လက္ဘႏြန္၏ ႏိုင္ငံေရးအက်ပ္အတည္းမ်ားကိုလည္း အျမန္ဆုံးေျဖရွင္းေစလိုသည္။ ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလတြင္ Michel Aoun ၏ သမၼတသက္တမ္း ကုန္ဆုံးၿပီးကတည္းက လက္ဘႏြန္တြင္ ႏိုင္ငံ့ေခါင္းေဆာင္ (သို႔မဟုတ္) အျပည့္အဝ ၾသဇာအာဏာရွိေသာ ဝန္ႀကီးအဖြဲ႕ ဟူ၍ မရွိေတာ့ပါ။ အင္အား ၁၀,၀၀၀ ရွိေသာ ကုလသမဂၢ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းတပ္ဖြဲ႕မ်ား၏ တစ္စိတ္တစ္ပိုင္းအျဖစ္ လက္ဘႏြန္ ေတာင္ပိုင္းတြင္ အေျခစိုက္ထားသည့္ ျပင္သစ္တပ္ဖြဲ႕ဝင္ ၇၀၀ ရွိသည္။ ကုလသမဂၢတပ္မ်ားသည္ ၎တို႔၏ လုပ္ပိုင္ခြင့္ကို ထမ္းေဆာင္ႏိုင္ျခင္း မရွိေသး ေၾကာင္းႏွင့္ ျပင္သစ္၏ အဆိုျပဳခ်က္သည္ လက္ဘႏြန္စစ္တပ္ကို အားေကာင္းလာေစ႐ုံသာရွိေၾကာင္း တာဝန္ရွိသူမ်ားက သုံးသပ္ထားသည္။

Related news

© 2021. All rights reserved.