ငါန်းဇွန်မြို့နယ်တွင် အသက်(၈၀)ဝန်းကျင်အဖွားအိုတစ်ဦးကို PDF(၆) ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 894

NP News - ဧပြီ ၂၈

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၈၀)ဝန်းကျင် အဖွားအိုတစ်ဦးကို PDF(၆) ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၈ ရက်)၊ နံနက် ၉ နာရီအချိန်ခန့်က ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောကျေးရွာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် နေထိုင်သည့် အသက်(၇၆)နှစ်အရွယ် ဒေါ်ဝိုင်းသည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၆)ဦးက ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဒေါ်ဝိုင်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နစကအစိုးရအာဏာရယူခဲ့သည့် (၃)နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်း၌ ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း နိုင်ငံရေးပါတီဝင်နှင့် အရပ်သား စုစုပေါင်း (၆၈၀၀)နီးပါး အကြမ်းဖက်သတ်ဖြတ်ခံထားရသည်။

Zawgyi Version;
ငါန္းဇြန္ၿမိဳ႕နယ္တြင္ အသက္(၈၀)ဝန္းက်င္အဖြားအိုတစ္ဦးကို PDF(၆) ဦးက ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
NP News - ဧၿပီ ၂၈

မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္တြင္ အသက္(၈၀)ဝန္းက်င္ အဖြားအိုတစ္ဦးကို PDF(၆) ဦးက ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၂၈ ရက္)၊ နံနက္ ၉ နာရီအခ်ိန္ခန႔္က ငါန္းဇြန္ၿမိဳ႕နယ္၊ ေဖာင္းကေတာေက်း႐ြာတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာတြင္ ေနထိုင္သည့္ အသက္(၇၆)ႏွစ္အ႐ြယ္ ေဒၚဝိုင္းသည္ ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္(၆)ဦးက ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ေဒၚဝိုင္းတြင္က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

နစကအစိုးရအာဏာရယူခဲ့သည့္ (၃)ႏွစ္ေက်ာ္ကာလအတြင္း ႏိုင္ငံတစ္ဝွမ္း၌ ရဟန္းသံဃာ၊ ႏိုင္ငံ့ဝန္ထမ္း ႏိုင္ငံေရးပါတီဝင္ႏွင့္ အရပ္သား စုစုေပါင္း (၆၈၀၀)နီးပါး အၾကမ္းဖက္သတ္ျဖတ္ခံထားရသည္။

Related news

© 2021. All rights reserved.