အလက်စကာပြည်နယ် ဒဲနာလီအမျိုးသားဥယျာဉ်ရှိ ပေ ၁၀၀၀ အမြင့်ရှိ တောင်ပေါ်မှာ တောင်တက် သမားတစ်ဦး ပြုတ်ကျသေဆုံး

 265

ရောင်နီ (NP News) - ဧပြီ ၂၈

အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်ရှိ ဒဲနာလီ အမျိုးသားဥယျာဉ်မှာ ကြာသပတေးနေ့(ဧပြီလ ၁၈ ရက်) က တောင်တက်သမားတစ်ဦး အမြင့်ပေ ၁၀၀၀ ရှိတဲ့ ဂျွန်ဆန် တောင်ပေါ်မှ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။

ကြိုးမဲ့တောင်တက်သမား နှစ်ဦးဟာ မတ်စောက်တဲ့ ကျောက်ဆောင်၊ ရေခဲနဲ့ ဆီးနှင်းများ ရောနှောကာ မတ်စောက်လွန်းတဲ့ ဂျွန်ဆန်တောင် တောင်ထွတ်ရဲ့ အရှေ့တောင်ဘက်မျက်နှာစာကို ကြိုးစား တက်ခဲ့ကြရာကနေ ပြုတ်ကျခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။

ဒီဖြစ်ရပ်ကို အဲဒီနေရာ တောင်တက်လမ်းကြောင်းပေါ်မှာရှိတဲ့ အခြားတောင်တက်အဖွဲ့က တွေ့ပြီး အလာစကာဒေသဆိုင်ရာ ဆက်သွယ်ရေးစင်တာကို ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ သတိပေးခဲ့တာဖြစ်ပါတယ်။

တာဝန်ရှိသူတွေရောက်လာတဲ့အချိန်မှာ တောင်တက်သမားတစ်ဦး ပြုတ်ကျသေဆုံးနေပြီဖြစ်ပြီး၊ အခြားတောင်တက်သမားတစ်ဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ ၎င်းတို့ကို တဲကီနာပြည်နယ်လေဆိပ်ရှိ LifeMed လေကြောင်း လူနာတင်ယာဉ်နဲ့ ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဂျွန်ဆန်တောင်ဟာ အလက်စကာပြည်နယ်၊ ဒဲနာလီ အမျိုးသားဥယျာဉ်မှာ တည်ရှိပြီး တောင်တက်သမားတွေကြား နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Zawgyi Version;
အလက္စကာျပည္နယ္ ဒဲနာလီအမ်ိဳးသားဥယ်ာဥ္ရွိ ေပ ၁၀၀၀ အျမင့္ရွိ ေတာင္ေပၚမွာ ေတာင္တက္ သမားတစ္ဦး ျပဳတ္က်ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၂၈

အေမရိကန္ႏိုင္ငံ၊ အလက္စကာျပည္နယ္ရွိ ဒဲနာလီ အမ်ိဳးသားဥယ်ာဥ္မွာ ၾကာသပေတးေန႔(ဧၿပီလ ၁၈ ရက္) က ေတာင္တက္သမားတစ္ဦး အျမင့္ေပ ၁၀၀၀ ရွိတဲ့ ဂြၽန္ဆန္ ေတာင္ေပၚမွ ျပဳတ္က်ၿပီး ေသဆုံးခဲ့ပါတယ္။

ႀကိဳးမဲ့ေတာင္တက္သမား ႏွစ္ဦးဟာ မတ္ေစာက္တဲ့ ေက်ာက္ေဆာင္၊ ေရခဲနဲ႔ ဆီးႏွင္းမ်ား ေရာေႏွာကာ မတ္ေစာက္လြန္းတဲ့ ဂြၽန္ဆန္ေတာင္ ေတာင္ထြတ္ရဲ႕ အေရွ႕ေတာင္ဘက္မ်က္ႏွာစာကို ႀကိဳးစား တက္ခဲ့ၾကရာကေန ျပဳတ္က်ခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္တစ္ခုအရ သိရပါတယ္။

ဒီျဖစ္ရပ္ကို အဲဒီေနရာ ေတာင္တက္လမ္းေၾကာင္းေပၚမွာရွိတဲ့ အျခားေတာင္တက္အဖြဲ႕က ေတြ႕ၿပီး အလာစကာေဒသဆိုင္ရာ ဆက္သြယ္ေရးစင္တာကို ည ၁၀ နာရီ ၄၅ မိနစ္ခန႔္မွာ သတိေပးခဲ့တာျဖစ္ပါတယ္။

တာဝန္ရွိသူေတြေရာက္လာတဲ့အခ်ိန္မွာ ေတာင္တက္သမားတစ္ဦး ျပဳတ္က်ေသဆုံးေနၿပီျဖစ္ၿပီး၊ အျခားေတာင္တက္သမားတစ္ဦးကေတာ့ ဒဏ္ရာျပင္းျပင္းထန္ထန္ ရခဲ့ပါတယ္။ ၎တို႔ကို တဲကီနာျပည္နယ္ေလဆိပ္ရွိ LifeMed ေလေၾကာင္း လူနာတင္ယာဥ္နဲ႔ ေဆး႐ုံပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဂြၽန္ဆန္ေတာင္ဟာ အလက္စကာျပည္နယ္၊ ဒဲနာလီ အမ်ိဳးသားဥယ်ာဥ္မွာ တည္ရွိၿပီး ေတာင္တက္သမားေတြၾကား နာမည္ႀကီးတဲ့ေနရာတစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.