ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ကားတစ်စီး ဘရိတ်ရှူးအပူလွန် ကဲရာမှ မီးလောင်မှုဖြစ်ပွား

 1742

သန့်ဇင် (NP News) - မေ ၁၃

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ကားတစ်စီး ဘရိတ်ရှူးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ကားမီးလောင်မှုသည် ယနေ့(မေ ၁၃ ရက်)၊ နံနက် ၃ နာရီ ၁၀ မိနစ်အချိန်ခန့်က ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁၃/၃-၂) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တဲ့ကားက (၆)ဘီးကားပါ။ ကားပေါ်မှာက ခရမ်းချဥ်သီးတို့၊ပန်းဂေါ်ဖီတို့၊ အသီးအရွယ်အစိမ်းတွေတင်လာတဲ့ကားပေါ့။ ဘယ်လိုဖြစ်တာလဲဆိုတော့ ကားရဲ့နောက်ဘီးက ဘရိတ်ရှူးအပူလွန်ပြီး မီးထွက်ပြီးလောင်တာပါ”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ယာဉ်မီးလောင်မှုဖြစ်စဉ်တွင် ကားတစ်စီးလုံးမီးလောင်ဆုံးရှုံးသွားခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ “ကားပေါ်မှာပါတဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်(၂)ယောက်က အချိန်မီဆင်းလိုက်နိုင်လို့ ဘာမှမဖြစ်ဘူး။ ကားကတော့ တစ်စီးလုံး မီးလောင်သွားတာ။ ၂၀၂၄ ခုနှစ်အတွင်းကို အမြန်လမ်းမှာ ကားမီးလောင်တာက အခုတစ်ခါပဲရှိပါသေးတယ်။ အကြံ ပြုချင်တာကတော့ ရာသီဥတုကလည်းပူတယ်။ ပြီးတော့ လမ်းရဲ့လိုအပ် ချက်တို့ လူရဲ့လိုအပ်ချက်တွေကြောင့် ဒီလိုမျိုးတွေမဖြစ်အောင် ဂရုစိုက်စေချင်တယ်။ ပြီးတော့ ကားကြံ့ခိုင်မှုကိုလည်း စစ်ဆေးပြီးမှ မောင်းစေချင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါကားမီးလောင်မှုကို ပန်တင်အမြန်လမ်းမီးသတ်စခန်းနှင့် ပလွေးအမြန်လမ်းမီးသတ်စခန်းတို့က ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကုန္တင္ကားတစ္စီး ဘရိတ္ရႉးအပူလြန္ ကဲရာမွ မီးေလာင္မႈျဖစ္ပြား

သန႔္ဇင္ (NP News) - ေမ ၁၃

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဥတၱရသီရိၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကုန္တင္ကားတစ္စီး ဘရိတ္ရႉးအပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ ပြားခဲ့ေၾကာင္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

ကားမီးေလာင္မႈသည္ ယေန႔(ေမ ၁၃ ရက္)၊ နံနက္ ၃ နာရီ ၁၀ မိနစ္အခ်ိန္ခန႔္က ဥတၱရသီရိၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၂၁၃/၃-၂) ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တဲ့ကားက (၆)ဘီးကားပါ။ ကားေပၚမွာက ခရမ္းခ်ဥ္သီးတို႔၊ပန္းေဂၚဖီတို႔၊ အသီးအ႐ြယ္အစိမ္းေတြတင္လာတဲ့ကားေပါ့။ ဘယ္လိုျဖစ္တာလဲဆိုေတာ့ ကားရဲ႕ေနာက္ဘီးက ဘရိတ္ရႉးအပူလြန္ၿပီး မီးထြက္ၿပီးေလာင္တာပါ”ဟု အျမန္လမ္းမီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ယာဥ္မီးေလာင္မႈျဖစ္စဥ္တြင္ ကားတစ္စီးလုံးမီးေလာင္ဆုံးရႈံးသြားခဲ့ေသာ္လည္း လူထိခိုက္မႈမရွိခဲ့ေၾကာင္း သိရသည္။ “ကားေပၚမွာပါတဲ့ ယာဥ္ ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္(၂)ေယာက္က အခ်ိန္မီဆင္းလိုက္ႏိုင္လို႔ ဘာမွမျဖစ္ဘူး။ ကားကေတာ့ တစ္စီးလုံး မီးေလာင္သြားတာ။ ၂၀၂၄ ခုႏွစ္အတြင္းကို အျမန္လမ္းမွာ ကားမီးေလာင္တာက အခုတစ္ခါပဲရွိပါေသးတယ္။ အႀကံ ျပဳခ်င္တာကေတာ့ ရာသီဥတုကလည္းပူတယ္။ ၿပီးေတာ့ လမ္းရဲ႕လိုအပ္ ခ်က္တို႔ လူရဲ႕လိုအပ္ခ်က္ေတြေၾကာင့္ ဒီလိုမ်ိဳးေတြမျဖစ္ေအာင္ ဂ႐ုစိုက္ေစခ်င္တယ္။ ၿပီးေတာ့ ကားႀကံ့ခိုင္မႈကိုလည္း စစ္ေဆးၿပီးမွ ေမာင္းေစခ်င္တယ္” ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါကားမီးေလာင္မႈကို ပန္တင္အျမန္လမ္းမီးသတ္စခန္းႏွင့္ ပေလြးအျမန္လမ္းမီးသတ္စခန္းတို႔က ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.