မြင်းခြံမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီးနောက် ၎င်း၏ ဖခင်ကို ဖမ်းဆီးသွား

 376

Pearl (NP News) - ဇူလိုင် ၃
မြင်းခြံမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီးနောက် ၎င်း၏ ဖခင်ကို ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သင်္ဘောတင်ကျေးရွာသို့ PDF အဖွဲ့ အင်အား(စိစစ်ဆဲ)က စက်လှေ တစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာခဲ့ပြီး အဆိုပါ ကျေးရွာနေ ကိုငြိမ်းဇော်ဦး(ခ)ချက်ကြီး(၂၅)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ၎င်း၏ဖခင်ဖြစ်သူ ဦးမောင်ပို(၅၂)နှစ်အား ဖမ်းဆီးခေါ်ဆောင်၍ ပတ္တာ(အနောက်)ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
ျမင္းၿခံၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ပစ္သတ္ၿပီးေနာက္ ၎၏ ဖခင္ကို ဖမ္းဆီးသြား
Pearl (NP News) - ဇူလိုင္ ၃
ျမင္းၿခံၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ပစ္သတ္ၿပီးေနာက္ ၎၏ ဖခင္ကို ဖမ္းဆီးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္ ၁ ရက္ မြန္းလြဲ ၂ နာရီ ၃၀ မိနစ္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္၊ သေဘၤာတင္ေက်း႐ြာသို႔ PDF အဖြဲ႕ အင္အား(စိစစ္ဆဲ)က စက္ေလွ တစ္စီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေရာက္ရွိလာခဲ့ၿပီး အဆိုပါ ေက်း႐ြာေန ကိုၿငိမ္းေဇာ္ဦး(ခ)ခ်က္ႀကီး(၂၅)ႏွစ္အား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ကာ ၎၏ဖခင္ျဖစ္သူ ဦးေမာင္ပို(၅၂)ႏွစ္အား ဖမ္းဆီးေခၚေဆာင္၍ ပတၱာ(အေနာက္)ေက်း႐ြာဘက္သို႔ ျပန္လည္ထြက္ခြာခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ထိုသို႔ ဖမ္းဆီးေခၚေဆာင္သြားသူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.