ပဲခူးနှင့် ရန်ကုန်တွင် အမျိုးသမီး(၂)ဦးကို တရုတ်မယားလုပ်ရန် စီစဉ်ဆောင်ရွက်သူများ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

109

ချယ်ရီ (NP News) - ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အသက်မပြည့်အမျိုးသမီးငယ်တစ်ဦးအပါဝင် အမျိုးသမီး(၂) ဦးကို တရုတ်မယားလုပ်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများနှင့် အမျိုးသားနှင့်အတူ ပေါင်းသင်းရန်စီစဉ်ခဲ့သူကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အသက် (၂၅)နှစ်အရွယ်ရှိ မ----- ကို တစ်ရပ်ကွက်တည်း နေထိုင်သည့် ခါကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါး(၃/ခ) ရပ်ကွက်တွင် နေထိုင်သည့် စန်းစန်းနွဲ့(ခ)စန်းစန်း (ခ)မအေးတို့က တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း (၆၀) ခန့်ရမည်၊ ကလေးတစ်ဦးမွေးပေးပြီးပါက ပြန်လာလိုလျှင် ပြန်လာ၍ရကြောင်း စည်းရုံးပြောဆိုပြီး မြစ်ကြီးနားမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောက်ျားထံရောင်းစားရန် စီစဉ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားနယ်မြေရဲစခန်းမှ (ပ) ၂၇/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅/၄၄) ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇွန်လ (၃၀) ရက်တွင် မြစ်ကြီးနားခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူ စန်းစန်းနွဲ့(ခ) စန်းစန်း(ခ)မအေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ခါကြီးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအလုပ် လုပ်ကိုင်နေသော အသက် (၁၇)နှစ်အရွယ်ရှိ မ--ကို ဆိုင်သို့ လာရောက်လေ့ရှိသူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၅)ရပ်ကွက်တွင်နေထိုင်သည့် ထွေးထွေး(ခ)ချင်းချင်း (ခ)တရုတ်မက တရုတ်အမျိုးသားတစ်ဦးနှင့် (၁)ပတ်၊ (၁၀) ရက်ခန့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ပေးပါက ငွေကျပ် သိန်း(၅၀) ခန့် ရရှိမည်၊ တရုတ်အမျိုးသား ရန်ကုန်မြို့သို့ ရောက်ရှိလာသည့်အချိန်မှသာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ပေးရမည်၊ အသက်ပြည့်ပါက တရားဝင် ငွေကျပ်သိန်း (၁၅၀) ဖြင့် တင်တောင်းပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားမည်၊ တရုတ်အမျိုးသားမှ လိုအပ်သလို ထောက်ပံ့ပေးသွားမည်ဟု စည်းရုံးပြောဆို၍ တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပဲခူးမြို့၊ အမှတ်(၃)နယ်မြေရဲစခန်း (ပ) ၂၇၃/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅/၄၄) ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်တွင် ပဲခူးခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူ ထွေးထွေး (ခ)ချင်းချင်း(ခ)တရုတ်မကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့်ထောင်ဒဏ် နှစ်(၂၀)ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နစက၏ထုတ်ပြန်ထားချက်အရ သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နှင့် နမ္မတူမြို့မှ အသက်မပြည့်အမျိုးသမီး (၃) ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ အမျိုးသမီးတစ်ဦးတို့ကို ထိုကဲ့သို့ တရုတ်မယားအဖြစ်စီစဉ်ရောင်းစားခဲ့သော ပြစ်မှုကျူးလွန်သူများကို နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ခြင်းလည်း ရှိသည်။
Zawgyi Version:
ပဲခူးႏွင့္ ရန္ကုန္တြင္ အမ်ိဳးသမီး(၂)ဦးကို တ႐ုတ္မယားလုပ္ရန္ စီစဥ္ေဆာင္႐ြက္သူမ်ား ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခံရ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၃
ပဲခူးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ အသက္မျပည့္အမ်ိဳးသမီးငယ္တစ္ဦးအပါဝင္ အမ်ိဳးသမီး(၂) ဦးကို တ႐ုတ္မယားလုပ္ရန္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္ခဲ့သူမ်ားႏွင့္ အမ်ိဳးသားႏွင့္အတူ ေပါင္းသင္းရန္စီစဥ္ခဲ့သူကို ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္ (၂၅)ႏွစ္အ႐ြယ္ရွိ မ----- ကို တစ္ရပ္ကြက္တည္း ေနထိုင္သည့္ ခါႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္၊ ဆမားဒူးဝါး(၃/ခ) ရပ္ကြက္တြင္ ေနထိုင္သည့္ စန္းစန္းႏြဲ႕(ခ)စန္းစန္း (ခ)မေအးတို႔က တ႐ုတ္ေယာက္်ားယူပါက ေငြက်ပ္ သိန္း (၆၀) ခန႔္ရမည္၊ ကေလးတစ္ဦးေမြးေပးၿပီးပါက ျပန္လာလိုလွ်င္ ျပန္လာ၍ရေၾကာင္း စည္း႐ုံးေျပာဆိုၿပီး ျမစ္ႀကီးနားၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ကာ တ႐ုတ္ေယာက္်ားထံေရာင္းစားရန္ စီစဥ္ ေဆာင္႐ြက္ခဲ့ၾကေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမစ္ႀကီးနားၿမိဳ႕နယ္၊ ျမစ္ႀကီးနားနယ္ေျမရဲစခန္းမွ (ပ) ၂၇/ ၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅/၄၄) ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး ဇြန္လ (၃၀) ရက္တြင္ ျမစ္ႀကီးနားခ႐ိုင္တရား႐ုံးမွ ျပစ္မႈက်ဴးလြန္သူ စန္းစန္းႏြဲ႕(ခ) စန္းစန္း(ခ)မေအးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၀)ႏွစ္က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး ခါႀကီးကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၈၇/ ၈၈ အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထို႔အတူ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ဆိုင္တြင္ စားပြဲထိုးအလုပ္ လုပ္ကိုင္ေနေသာ အသက္ (၁၇)ႏွစ္အ႐ြယ္ရွိ မ--ကို ဆိုင္သို႔ လာေရာက္ေလ့ရွိသူ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္ (၅)ရပ္ကြက္တြင္ေနထိုင္သည့္ ေထြးေထြး(ခ)ခ်င္းခ်င္း (ခ)တ႐ုတ္မက တ႐ုတ္အမ်ိဳးသားတစ္ဦးႏွင့္ (၁)ပတ္၊ (၁၀) ရက္ခန႔္ လင္မယားအျဖစ္ ေပါင္းသင္းေနထိုင္ေပးပါက ေငြက်ပ္ သိန္း(၅၀) ခန႔္ ရရွိမည္၊ တ႐ုတ္အမ်ိဳးသား ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာသည့္အခ်ိန္မွသာ လင္မယားအျဖစ္ ေပါင္းသင္းေနထိုင္ေပးရမည္၊ အသက္ျပည့္ပါက တရားဝင္ ေငြက်ပ္သိန္း (၁၅၀) ျဖင့္ တင္ေတာင္းၿပီး တ႐ုတ္ႏိုင္ငံသို႔ေခၚေဆာင္သြားမည္၊ တ႐ုတ္အမ်ိဳးသားမွ လိုအပ္သလို ေထာက္ပံ့ေပးသြားမည္ဟု စည္း႐ုံးေျပာဆို၍ တ႐ုတ္အမ်ိဳးသားႏွင့္ ေပါင္းသင္းေနထိုင္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပဲခူးၿမိဳ႕၊ အမွတ္(၃)နယ္ေျမရဲစခန္း (ပ) ၂၇၃/ ၂၀၂၄၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅/၄၄) ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး ၿပီးခဲ့သည့္ ဇြန္လ (၃၀) ရက္တြင္ ပဲခူးခ႐ိုင္တရား႐ုံးမွ ျပစ္မႈက်ဴးလြန္သူ ေထြးေထြး (ခ)ခ်င္းခ်င္း(ခ)တ႐ုတ္မကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္(၂၀)က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း နစက၏ထုတ္ျပန္ထားခ်က္အရ သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဇြန္လအတြင္း ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕ႏွင့္ နမၼတူၿမိဳ႕မွ အသက္မျပည့္အမ်ိဳးသမီး (၃) ဦးႏွင့္ ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးတို႔ကို ထိုကဲ့သို႔ တ႐ုတ္မယားအျဖစ္စီစဥ္ေရာင္းစားခဲ့ေသာ ျပစ္မႈက်ဴးလြန္သူမ်ားကို ႏွစ္ရွည္ေထာင္ဒဏ္အသီးသီးခ်မွတ္ခဲ့ျခင္းလည္း ရွိသည္။