မေလအတွင်း အယ်လ်နီညိုအခြေအနေ ပြီးဆုံးမည်ဖြစ်သော်လည်း အပူချိန်မြင့်တက်မှုများ ဆက်လက်ရှိနေနိုင်

 3474

ယွန်း (NP News) - ဧပြီ ၂၉

လာမည့်မေလအတွင်း အယ်လ်နီညိုအခြေအနေ ပြီးဆုံးမည်ဖြစ်သော်လည်း အပူချိန်မြင့်တက်မှုများ ဆက်လက်ရှိ နေနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် ဧပြီ(၂၈)ရက်တွင် မေလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အယ်လ်နီညိုအခြေအနေသတင်း ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ မေလအတွင်း အားအနည်းငယ်ရှိ သော အယ်လ်နီညိုအခြေအနေမှာ ပုံမှန်နှစ်တစ်နှစ်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

မေလအတွင်း အယ်လ်နီညိုအခြေအနေမှာ ပြီးဆုံးနိုင်သော်လည်း ချက်ချင်း အပူချိန်လျော့ကျသွားမည်မဟုတ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“အယ်လ်နီညိုအခြေအနေနဲ့ပတ်သက်ပြီး ထုတ်တဲ့အချိန်မှာတော့ အားအနည်းငယ်ရှိသေးတာပေါ့။ မေလအတွင်း မှာတော့ အယ်လ်နီညိုမဟုတ်တော့ဘဲနဲ့ အယ်လ်နီညို၊ လာနီညာကြားထဲက ကြားနေပုံမှန်နှစ်လို ရောက်မှာပါ။ မေလအတွင်းမှာ အယ်လ်နီညိုဖြစ်စဥ်ပြီးသွားပြီ ဆိုတဲ့သဘောပေါ့။ အယ်လ်နီညိုဖြစ်တာနဲ့ ချက်ချင်း သက်ရောက်မှု မရှိဘူး။ နောက်မှလိုက်တာ။ အယ်လ်နီညိုပြီးသွားတော့လည်း သူရဲ့သက်ရောက်မှုက ရှိနေဦးမှာ။ အယ်လ်နီညိုရဲ့ အကြွင်းအကျန်လေးတွေ ရှိနေသေးတော့ ချက်ချင်းအပူလျော့သွားမယ်လို့တော့ ပြောလို့မရဘူး” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကို ပြောသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ် ကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှား ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

“အမှန်ဆိုရင် အယ်လ်နီညိုက အပူချိန်မြင့်တက်တာမဟုတ်ဘူး။ အယ်လ်နီညိုရဲ့သဘောသဘာဝက လေထုပါ လိုက်ပါပြောင်းလဲတော့ မိုးရွာသွန်းမှုဖြစ်စဥ် တွေ လျော့တာ။ အခုနွေရာသီမှာ အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှု ဖြစ်စဥ်လျော့နည်းတော့ အပူချိန်တွေကမြင့်နေတာ။ ပုံမှန်ဆိုရင် မိုးလေးရွာလိုက် အပူချိန် တက်လိုက်ဆိုတော့ အပူချိန်မြင့်တယ်လို့ မထင်ရဘူး။ အခုက အယ်လ်နီညိုထပ်ပေါင်းလိုက်တော့ မိုးရွာသွန်းမှုလျော့တော့ အပူချိန်တွေ က တက်လာတာပေါ့” ဟု ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆက်လက်ပြောသည်။

လာမည့် မေလ(၂၁)ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မုတ်သုံစတင်ဝင်ရောက်နိုင်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ပြီးခဲ့သည့်ရက်ပိုင်းက အသိပေး ထုတ်ပြန်ထားသည်။

Zawgyi Version;
ေမလအတြင္း အယ္လ္နီညိဳအေျခအေန ၿပီးဆုံးမည္ျဖစ္ေသာ္လည္း အပူခ်ိန္ျမင့္တက္မႈမ်ား ဆက္လက္ရွိေနႏိုင္
ယြန္း (NP News) - ဧၿပီ ၂၉

လာမည့္ေမလအတြင္း အယ္လ္နီညိဳအေျခအေန ၿပီးဆုံးမည္ျဖစ္ေသာ္လည္း အပူခ်ိန္ျမင့္တက္မႈမ်ား ဆက္လက္ရွိ ေနႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ၿပီးခဲ့သည့္ ဧၿပီ(၂၈)ရက္တြင္ ေမလအတြင္း ျဖစ္ေပၚလာႏိုင္သည့္ အယ္လ္နီညိဳအေျခအေနသတင္း ထုတ္ျပန္ခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။

ႏိုင္ငံတကာမိုးေလဝသဌာနမ်ား၏ သခ်ၤာပုံစံျပဳ ေမာ္ဒယ္မ်ားခန႔္မွန္းခ်က္အရ ေမလအတြင္း အားအနည္းငယ္ရွိ ေသာ အယ္လ္နီညိဳအေျခအေနမွာ ပုံမွန္ႏွစ္တစ္ႏွစ္သို႔ ျပန္လည္ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။

ေမလအတြင္း အယ္လ္နီညိဳအေျခအေနမွာ ၿပီးဆုံးႏိုင္ေသာ္လည္း ခ်က္ခ်င္း အပူခ်ိန္ေလ်ာ့က်သြားမည္မဟုတ္ ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

“အယ္လ္နီညိဳအေျခအေနနဲ႔ပတ္သက္ၿပီး ထုတ္တဲ့အခ်ိန္မွာေတာ့ အားအနည္းငယ္ရွိေသးတာေပါ့။ ေမလအတြင္း မွာေတာ့ အယ္လ္နီညိဳမဟုတ္ေတာ့ဘဲနဲ႔ အယ္လ္နီညိဳ၊ လာနီညာၾကားထဲက ၾကားေနပုံမွန္ႏွစ္လို ေရာက္မွာပါ။ ေမလအတြင္းမွာ အယ္လ္နီညိဳျဖစ္စဥ္ၿပီးသြားၿပီ ဆိုတဲ့သေဘာေပါ့။ အယ္လ္နီညိဳျဖစ္တာနဲ႔ ခ်က္ခ်င္း သက္ေရာက္မႈ မရွိဘူး။ ေနာက္မွလိုက္တာ။ အယ္လ္နီညိဳၿပီးသြားေတာ့လည္း သူရဲ႕သက္ေရာက္မႈက ရွိေနဦးမွာ။ အယ္လ္နီညိဳရဲ႕ အႂကြင္းအက်န္ေလးေတြ ရွိေနေသးေတာ့ ခ်က္ခ်င္းအပူေလ်ာ့သြားမယ္လို႔ေတာ့ ေျပာလို႔မရဘူး” ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကို ေျပာသည္။

အယ္လ္နီညိဳျဖစ္စဥ္သည္ ပစိဖိတ္သမုဒၵရာတြင္ ျဖစ္ေပၚသည့္ျဖစ္စဥ္ျဖစ္ေသာ္လည္း အဆိုပါ အယ္လ္နီညိဳျဖစ္စဥ္ ေၾကာင့္ မိုး႐ြာသြန္းမႈ မူမမွန္ျခင္း၊ ေန႔အပူခ်ိန္မ်ား ျမင့္မားျခင္း၊ မုန္တိုင္းျဖစ္ေပၚမႈမ်ား မူမမွန္ျခင္း၊ မိုးေခါင္ေရရွား ျခင္း စသည့္ အစြန္းေရာက္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။

“အမွန္ဆိုရင္ အယ္လ္နီညိဳက အပူခ်ိန္ျမင့္တက္တာမဟုတ္ဘူး။ အယ္လ္နီညိဳရဲ႕သေဘာသဘာဝက ေလထုပါ လိုက္ပါေျပာင္းလဲေတာ့ မိုး႐ြာသြန္းမႈျဖစ္စဥ္ ေတြ ေလ်ာ့တာ။ အခုေႏြရာသီမွာ အယ္လ္နီညိဳေၾကာင့္ မိုး႐ြာသြန္းမႈ ျဖစ္စဥ္ေလ်ာ့နည္းေတာ့ အပူခ်ိန္ေတြကျမင့္ေနတာ။ ပုံမွန္ဆိုရင္ မိုးေလး႐ြာလိုက္ အပူခ်ိန္ တက္လိုက္ဆိုေတာ့ အပူခ်ိန္ျမင့္တယ္လို႔ မထင္ရဘူး။ အခုက အယ္လ္နီညိဳထပ္ေပါင္းလိုက္ေတာ့ မိုး႐ြာသြန္းမႈေလ်ာ့ေတာ့ အပူခ်ိန္ေတြ က တက္လာတာေပါ့” ဟု ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ဆက္လက္ေျပာသည္။

လာမည့္ ေမလ(၂၁)ရက္ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားသို႔ မုတ္သုံစတင္ဝင္ေရာက္ႏိုင္ၿပီး တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အခ်ိဳ႕၌ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလက ၿပီးခဲ့သည့္ရက္ပိုင္းက အသိေပး ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.