ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ရုတ်တရက် နုတ်ထွက်

 1881

ဂျန်ဇက် (NP News) - ဧပြီ ၂၉

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ရာထူးမှ ရုတ်တရက်နုတ်ထွက်သွားသော ထိုင်းဒုတိယဝန်ကြီးချုပ် ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara နေရာတွင် မကြာမီ အစားထိုးခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဧပြီ ၂၈ ရက်တွင် ဝန်ကြီးအဖြစ်မှ နုတ်ထွက်ရန် နုတ်ထွက်စာတင်ခဲ့ပြီး ဝန်ကြီးချုပ် ဆာရက်သာ တာဗီဆင်ကလည်း လက်ခံခဲ့ကြောင်း ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦး က ပြောသည်။ ထိုင်းအစိုးရ အဖွဲ့ကို ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမည့်အစီအစဉ်များကို ဦးဆောင်မည့်အဖွဲ့အကြီးအကဲအဖြစ် မကြာသေးမီက ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာများကို ဆွေးနွေးဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် စီစဉ်နေသူဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ရာထူးမှ ထုတ်ပယ်ခံရမည့်သူစာရင်းတွင် ပါဝင်ခဲ့ခြင်းမျိုးမရှိဘဲ ရုတ်တရက် နုတ်ထွက်ခဲ့သူဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်သည် နုတ်ထွက်သွားသော ဝန်ကြီးနေရာတွင် မည့်သူနှင့် အစားထိုးမည် ဆိုသောအချက်ကို အတိအကျမပြောသော်လည်း အာဏာရပါတီဖြစ်သော ဖြူထိုင်းပါတီ၏ နိုင်ငံခြားရေးမူဝါဒများ နှင့်ကိုက်ညီသောသူကို ရွေးချယ်ခန့်အပ်သွားဖွယ်ရှိနေသည်ဟု သိရသည်။

ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က ဒုတိယဝန်ကြီးချုပ်ဖြစ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနုတ်ထွက်မည်ကို ကြိုတင် မမျှော်လင့်ခဲ့ကြောင်း ပြောသည်။ ထိုင်းဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ကို မကြာမီ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် ဖွယ်ရှိနေသည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။

Zawgyi Version;
ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္သလို ႏိုင္ငံျခားေရးဝန္ႀကီးရာထူးမွ ႐ုတ္တရက္ ႏုတ္ထြက္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၉

ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္က ရာထူးမွ ႐ုတ္တရက္ႏုတ္ထြက္သြားေသာ ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ ျဖစ္သလို ႏိုင္ငံျခားေရးဝန္ႀကီး Parnpree Bahiddha-Nukara ေနရာတြင္ မၾကာမီ အစားထိုးခန႔္အပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးသည္ ဧၿပီ ၂၈ ရက္တြင္ ဝန္ႀကီးအျဖစ္မွ ႏုတ္ထြက္ရန္ ႏုတ္ထြက္စာတင္ခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ ဆာရက္သာ တာဗီဆင္ကလည္း လက္ခံခဲ့ေၾကာင္း ထိုင္းအစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦး က ေျပာသည္။ ထိုင္းအစိုးရ အဖြဲ႕ကို ျပင္ဆင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ဖြယ္ရွိေနသည္ဟု သတင္းမ်ားထြက္ေပၚေနခ်ိန္တြင္ ထိုင္းႏိုင္ငံျခားေရး ဝန္ႀကီးက ရာထူးမွ ႏုတ္ထြက္ခဲ့ျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးသည္ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးမည့္အစီအစဥ္မ်ားကို ဦးေဆာင္မည့္အဖြဲ႕အႀကီးအကဲအျဖစ္ မၾကာေသးမီက ခန႔္အပ္ခံခဲ့ရသူျဖစ္သည္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးသည္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္ ႏိုင္ငံေရးျပႆနာမ်ားကို ေဆြးေႏြးေျဖရွင္းႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးႏိုင္ရန္ စီစဥ္ေနသူျဖစ္သည္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးသည္ ရာထူးမွ ထုတ္ပယ္ခံရမည့္သူစာရင္းတြင္ ပါဝင္ခဲ့ျခင္းမ်ိဳးမရွိဘဲ ႐ုတ္တရက္ ႏုတ္ထြက္ခဲ့သူျဖစ္သည္။ ထိုင္းဝန္ႀကီးခ်ဳပ္သည္ ႏုတ္ထြက္သြားေသာ ဝန္ႀကီးေနရာတြင္ မည့္သူႏွင့္ အစားထိုးမည္ ဆိုေသာအခ်က္ကို အတိအက်မေျပာေသာ္လည္း အာဏာရပါတီျဖစ္ေသာ ျဖဴထိုင္းပါတီ၏ ႏိုင္ငံျခားေရးမူဝါဒမ်ား ႏွင့္ကိုက္ညီေသာသူကို ေ႐ြးခ်ယ္ခန႔္အပ္သြားဖြယ္ရွိေနသည္ဟု သိရသည္။

ထိုင္းဝန္ႀကီးခ်ဳပ္ကိုယ္တိုင္က ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္သလို ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးႏုတ္ထြက္မည္ကို ႀကိဳတင္ မေမွ်ာ္လင့္ခဲ့ေၾကာင္း ေျပာသည္။ ထိုင္းဝန္ႀကီးခ်ဳပ္သည္ အစိုးရအဖြဲ႕ကို မၾကာမီ ျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္ေဆာင္ ဖြယ္ရွိေနသည္ဟု ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတင္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚခဲ့သည္။

Related news

© 2021. All rights reserved.