ဂါဇာစစ်ပွဲကြောင့် နေရပ်စွန့်ခွာသူတွေကို ကူညီပေးနိုင်အောင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်သမ္မတ တောင်းဆို

 360

ဂျန်ဇက် (NP News) - ဧပြီ ၂၉

အစ္စရေးအစိုးရအနေနဲ့ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းတွေ နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကြား ဆွေးနွေးချိန်အတွင်း အမေရိကန်သမ္မတ က တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ အမေရိကန်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတက ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မယ့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့အစီအစဉ်တွေ ကို ရှင်းရှင်းလင်းလင်းသိလိုကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရအဖွဲ့ဟာဝန်ကြီးချုပ်နေတန်ရာဟု နဲ့ အမေရိကန်သမ္မတကြား တွေ့ဆုံဆွေးနွေးမှုအခြေနေတွေကို သတင်းထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ခြေအနေ တွေကို သတင်းထုတ်ပြန်ခြင်းမျိုး မရှိခဲ့ကြောင်း သိရပါတယ်။

အမေရိကန်သမ္မတက ၎င်းတို့အနေနဲ့ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို ကူညီထောက်ပံ့ပေးမယ်ဆိုတဲ့ ကတိစကားတွေ ကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် အစ္စရေးဟာ လူသားချင်းဆိုင်ရာစာနာမှု အကူအညီတွေ အများအပြားကူညီပံ့ပိုးခွင့် မပေးဘဲရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုရင်တော့ အဲဒီ အစီအစဉ်ကို အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန်၊ ကာတာနဲ့ အီဂျစ်နိုင်ငံတို့ဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ကြားဝင်စေ့စပ်ပေးနေပေမယ့် လက်ရှိအချိန်ထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်း မရှိသေးပါဘူး။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စီစဉ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသရှိ လူပေါင်း ၈ဝ ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရပါတယ်။

ဂါဇာစစ္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာသူေတြကို ကူညီေပးႏိုင္ေအာင္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအဖြဲ႕ေတြနဲ႔ပူးေပါင္းေဆာင္႐ြက္ဖို႔ အေမရိကန္သမၼတ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၉

အစၥေရးအစိုးရအေနနဲ႔ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအဖြဲ႕အစည္းေတြ နဲ႔ အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္သြားဖို႔လိုအပ္ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က တိုက္တြန္းေတာင္းဆို လိုက္ပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု နဲ႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ၾကား ေဆြးေႏြးခ်ိန္အတြင္း အေမရိကန္သမၼတ က တိုက္တြန္းေတာင္းဆိုခဲ့ျခင္းျဖစ္တယ္လို႔ အေမရိကန္အစိုးရအဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။
အေမရိကန္သမၼတက ရာဖယ္ၿမိဳ႕ကို ထိုးစစ္ဆင္တိုက္ခိုက္မယ့္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုရဲ႕အစီအစဥ္ေတြ ကို ရွင္းရွင္းလင္းလင္းသိလိုေၾကာင္း ထပ္မံေျပာဆိုခဲ့ပါတယ္။ အေမရိကန္အစိုးရအဖြဲ႕ဟာဝန္ႀကီးခ်ဳပ္ေနတန္ရာဟု နဲ႔ အေမရိကန္သမၼတၾကား ေတြ႕ဆုံေဆြးေႏြးမႈအေျခေနေတြကို သတင္းထုတ္ျပန္ခဲ့ေပမယ့္ အေသးစိတ္ေျခအေန ေတြကို သတင္းထုတ္ျပန္ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္သမၼတက ၎တို႔အေနနဲ႔ အစၥေရးႏိုင္ငံရဲ႕လုံၿခဳံေရးကို ကူညီေထာက္ပံ့ေပးမယ္ဆိုတဲ့ ကတိစကားေတြ ကို ဆက္လက္ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ အစၥေရးဟာ လူသားခ်င္းဆိုင္ရာစာနာမႈ အကူအညီေတြ အမ်ားအျပားကူညီပံ့ပိုးခြင့္ မေပးဘဲရာဖယ္ၿမိဳ႕ကို ထိုးစစ္ဆင္တိုက္ခိုက္မယ္ဆိုရင္ေတာ့ အဲဒီ အစီအစဥ္ကို အားေပးေထာက္ခံမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

အေမရိကန္၊ ကာတာနဲ႔ အီဂ်စ္ႏိုင္ငံတို႔ဟာ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ႏိုင္ဖို႔ ၾကားဝင္ေစ့စပ္ေပးေနေပမယ့္ လက္ရွိအခ်ိန္ထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္း မရွိေသးပါဘူး။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ ကန႔္ကြက္မႈေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းႏိုင္ဖို႔ ရာဖယ္ၿမိဳ႕ကို ထိုးစစ္ဆင္တိုက္ခိုက္ဖို႔ စီစဥ္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ဂါဇာေဒသရွိ လူေပါင္း ၈ဝ ရာခိုင္ႏႈန္းခန႔္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.