ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရန်ကုန်-ဒွန်မောင်းလေကြောင်းလိုင်းမှ မြန်မာလုပ်သား(၂၀၀)ကျော် ပထမဆုံးအကြိမ် စေလွှတ်

 1810

ယွန်း (NP News) - ဧပြီ ၂၉

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရန်ကုန်-ဒွန်မောင်းလေကြောင်းလိုင်းမှ မြန်မာလုပ်သား(၂၀၀)ကျော်ကို ပထမဆုံး အကြိမ်စေလွှတ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

အလုပ်သမားသံအရာရှိရုံး (Myanmar Labour Attache Office) က ယနေ့(ဧပြီ ၂၉ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လေကြောင်းလိုင်းမှ ပထမအကြိမ်အဖြစ် လုပ်သားစေလွှတ်ခြင်း လုပ်ငန်းစဥ်ကို မြန်မာအေဂျင်စီများဖြစ်သည့် Hein Myint Myat Co.,Ltd၊ Human Wave Co.,Ltd၊ Moon Bean Services Co.,Ltd၊ Yun Nadi Co.,Ltd၊ Htoo Thit Zae Co.,Ltd၊ An Emissary For Myanmar Employer Agency Co.,Ltd နှင့် Pwint Phoo Aung Co.,Ltd တို့မှ ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအေဂျင်စီ(၇)ခုမှ အလုပ်သမား အမျိုးသား(၁၁၆)ဦး နှင့် အမျိုးသမီး(၁၃၀)ဦး စုစုပေါင်း (၂၄၆)ဦးကို ရန်ကုန် လေဆိပ်မှ MAI နှင့် Air Asia လေကြောင်းလိုင်းများဖြင့် စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သ်ိရသည်။

မြဝတီ-မဲဆောက်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ မြန်မာ MOU လုပ်သားများ စေလွှတ်ရာတွင် အခက်အခဲ များရှိလာသည့်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ(၁၉)ရက်မှစ၍ အဆိုပါလမ်းကြောင်းမှ MOU လုပ်သားစေလွှတ်ခြင်းကို ယာယီရပ်ဆိုင်းခဲ့ပြီး ရန်ကုန်-ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စေလွှတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၃)ရက်တွင် Video conferencing စနစ်ဖြင့် ကျင်းပခဲ့သည့် ထိုင်း-မြန်မာနှစ်နိုင်ငံ ညွှန်ကြားရေးမှူးချုပ်များအဆင့် အစည်းအဝေး၌ MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းကို ရန်ကုန်-ဒွန်မောင်း လေဆိပ်များတွင် ဆောင်ရွက်သွားလာနိုင်ရေး နှစ်နိုင်ငံ သဘောတူညီခဲ့ကြောင်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံသို႔ MOU စနစ္ျဖင့္ ရန္ကုန္-ဒြန္ေမာင္းေလေၾကာင္းလိုင္းမွ ျမန္မာလုပ္သား(၂၀၀)ေက်ာ္ ပထမဆုံးအႀကိမ္ ေစလႊတ္
ယြန္း (NP News) - ဧၿပီ ၂၉

ထိုင္းႏိုင္ငံသို႔ MOU စနစ္ျဖင့္ ရန္ကုန္-ဒြန္ေမာင္းေလေၾကာင္းလိုင္းမွ ျမန္မာလုပ္သား(၂၀၀)ေက်ာ္ကို ပထမဆုံး အႀကိမ္ေစလႊတ္ခဲ့ေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးက ထုတ္ျပန္ထားသည္။

အလုပ္သမားသံအရာရွိ႐ုံး (Myanmar Labour Attache Office) က ယေန႔(ဧၿပီ ၂၉ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ေလေၾကာင္းလိုင္းမွ ပထမအႀကိမ္အျဖစ္ လုပ္သားေစလႊတ္ျခင္း လုပ္ငန္းစဥ္ကို ျမန္မာေအဂ်င္စီမ်ားျဖစ္သည့္ Hein Myint Myat Co.,Ltd၊ Human Wave Co.,Ltd၊ Moon Bean Services Co.,Ltd၊ Yun Nadi Co.,Ltd၊ Htoo Thit Zae Co.,Ltd၊ An Emissary For Myanmar Employer Agency Co.,Ltd ႏွင့္ Pwint Phoo Aung Co.,Ltd တို႔မွ ‌ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေအဂ်င္စီ(၇)ခုမွ အလုပ္သမား အမ်ိဳးသား(၁၁၆)ဦး ႏွင့္ အမ်ိဳးသမီး(၁၃၀)ဦး စုစုေပါင္း (၂၄၆)ဦးကို ရန္ကုန္ ေလဆိပ္မွ MAI ႏွင့္ Air Asia ေလေၾကာင္းလိုင္းမ်ားျဖင့္ ေစလႊတ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သ္ိရသည္။

ျမဝတီ-မဲေဆာက္လမ္းေၾကာင္းမွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ ျမန္မာ MOU လုပ္သားမ်ား ေစလႊတ္ရာတြင္ အခက္အခဲ မ်ားရွိလာသည့္အတြက္ ၿပီးခဲ့သည့္ ဒီဇင္ဘာ(၁၉)ရက္မွစ၍ အဆိုပါလမ္းေၾကာင္းမွ MOU လုပ္သားေစလႊတ္ျခင္းကို ယာယီရပ္ဆိုင္းခဲ့ၿပီး ရန္ကုန္-ဒြန္ေမာင္းေလဆိပ္မွတစ္ဆင့္ ေစလႊတ္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလ(၃)ရက္တြင္ Video conferencing စနစ္ျဖင့္ က်င္းပခဲ့သည့္ ထိုင္း-ျမန္မာႏွစ္ႏိုင္ငံ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားအဆင့္ အစည္းအေဝး၌ MOU စနစ္ျဖင့္ အလုပ္သမားေစလႊတ္ျခင္းကို ရန္ကုန္-ဒြန္ေမာင္း ေလဆိပ္မ်ားတြင္ ေဆာင္႐ြက္သြားလာႏိုင္ေရး ႏွစ္ႏိုင္ငံ သေဘာတူညီခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.