အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံး

 988

ရောင်နီ (NP News) - ဧပြီ ၂၉

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်မှာ ပြင်းထန်လေဆင်နှာမောင်း တိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စနေနေ့(ဧပြီလ ၂၇ ရက်) က အိုကလာဟိုးမား နေရာအနှံ့အပြားမှာ အလွန်အန္တရာယ်များတဲ့ လေဆင်နှာမောင်း အများအပြား တစ်ပြိုင်နက်တည်း ကျရောက်ခဲ့တယ်လို့ အမျိုးသား မိုးလေဝသဌာနက ပြောကြားပါတယ်။ ဟိုဒန်ဗေးလ် မှာ သေဆုံးမှုနှစ်ခု၊ မာရီတာအနီး တစ်ခု၊ အိုကလာဟိုးမား၊ မူရေး ကောင်တီရှိ ဆယ်လ်ဖာမြို့မှာ တစ်ခုသေဆုံးမှုများ ရှိခဲ့တယ်လို့ အိုကလာဟိုးမား အရေးပေါ်စီမံခန့်ခွဲမှုနဲ့ ပြည်တွင်းလုံခြုံရေးဌာနမှ ပြည်သူ့ ရေးရာညွှန်ကြားရေးမှူး ကဲလီကိန်း မှပြောကြားခဲ့ပါတယ်။

အိုကလာဟိုးမားပြည်နယ်၊ နော်မန် မြို့အနီးမှာလည်း လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး EF-3 အဆင့် သတ်မှတ်ချက်အရ လေတိုက်နှုန်း 136 mph (သို့မဟုတ်) အဲဒီထက်ပိုတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်း အဆောက်အဦးအချို့ ထိခိုက်ခဲ့ပြီး လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နောက်ထပ် လေဆင်နှာမောင်း တိုက်ခတ်မှုအတွက် ချက်ချင်းပြင်ဆင်ထားဖို့လည်း နော်မန် မိုးလေဝသ ဌာနက သတိပေးထားပါတယ်။
တက္ကဆက်၊ အော်စတင်၊ အိုကလာဟိုးမား၊ ကန်းဆက်၊ တိုပီကာ နေရာတွေမှာလည်း အားပြင်းလေဆင်နှာမောင်း တွေ မြင်တွေ့နိုင်တယ်လို့ ခန်ါမှန်းထားပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ အိုကလာဟိုးမားမွာ ေလဆင္ႏွာေမာင္း တိုက္ခတ္မႈေၾကာင့္ အနည္းဆုံး လူ ၄ ဦးေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၂၉

အေမရိကန္ႏိုင္ငံ၊ အိုကလာဟိုးမားျပည္နယ္မွာ ျပင္းထန္ေလဆင္ႏွာေမာင္း တိုက္ခတ္မႈနဲ႔ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ လူ ၄ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

စေနေန႔(ဧၿပီလ ၂၇ ရက္) က အိုကလာဟိုးမား ေနရာအႏွံ႔အျပားမွာ အလြန္အႏၲရာယ္မ်ားတဲ့ ေလဆင္ႏွာေမာင္း အမ်ားအျပား တစ္ၿပိဳင္နက္တည္း က်ေရာက္ခဲ့တယ္လို႔ အမ်ိဳးသား မိုးေလဝသဌာနက ေျပာၾကားပါတယ္။ ဟိုဒန္ေဗးလ္ မွာ ေသဆုံးမႈႏွစ္ခု၊ မာရီတာအနီး တစ္ခု၊ အိုကလာဟိုးမား၊ မူေရး ေကာင္တီရွိ ဆယ္လ္ဖာၿမိဳ႕မွာ တစ္ခုေသဆုံးမႈမ်ား ရွိခဲ့တယ္လို႔ အိုကလာဟိုးမား အေရးေပၚစီမံခန႔္ခြဲမႈနဲ႔ ျပည္တြင္းလုံၿခဳံေရးဌာနမွ ျပည္သူ႔ ေရးရာၫႊန္ၾကားေရးမႉး ကဲလီကိန္း မွေျပာၾကားခဲ့ပါတယ္။

အိုကလာဟိုးမားျပည္နယ္၊ ေနာ္မန္ ၿမိဳ႕အနီးမွာလည္း ေလဆင္ႏွာေမာင္း တိုက္ခတ္မႈျဖစ္ပြားခဲ့ၿပီး EF-3 အဆင့္ သတ္မွတ္ခ်က္အရ ေလတိုက္ႏႈန္း 136 mph (သို႔မဟုတ္) အဲဒီထက္ပိုတယ္လို႔ သိရပါတယ္။ စီးပြားေရးလုပ္ငန္း အေဆာက္အဦးအခ်ိဳ႕ ထိခိုက္ခဲ့ၿပီး လူ ၃၀ ခန႔္ ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ေနာက္ထပ္ ေလဆင္ႏွာေမာင္း တိုက္ခတ္မႈအတြက္ ခ်က္ခ်င္းျပင္ဆင္ထားဖို႔လည္း ေနာ္မန္ မိုးေလဝသ ဌာနက သတိေပးထားပါတယ္။
တကၠဆက္၊ ေအာ္စတင္၊ အိုကလာဟိုးမား၊ ကန္းဆက္၊ တိုပီကာ ေနရာေတြမွာလည္း အားျပင္းေလဆင္ႏွာေမာင္း ေတြ ျမင္ေတြ႕ႏိုင္တယ္လို႔ ခန္ါမွန္းထားပါတယ္။

Related news

© 2021. All rights reserved.